Slime - Chapter 366
Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က
Vol 12
စစ်ပွဲကြီး၏အစ
အပိုင်း(၃၆၆)...ဝင်္ကပါပိုင်ရှင်နတ်သမီး
Yuukiဆိုလိုချင်တာကအဲ့ဒိအကြောင်းပြချက်ကိုဝင်္ကပါထဲမှာတွေ့အောင်ရှာခိုင်းမှာဖြစ်ပြီး မဟုတ်ရင်လည်း သူတို့ကတစ်ခုထားပေးရမယ်ဆိုတဲ့သဘောပါ။အဲ့အကြောင်းပြချက်ကကြောင့် အင်ပါယာစစ်တပ်ကအလုပ်ရှုပ်နေတုန်းမှာ Yuukiကမြို့တော်ကိုသိမ်းပိုက်မှာပါ။Shinjiနဲ့သူ့လူတွေဒါကိုကြားကြပြီးနောက်အံ့အားသင့်သွားကြပါတယ်။အဲ့လိုပုန်ကန်မှုလုပ်မယ်လို့သူတို့ထင်ထားကြပေမယ့်လည်း အသေးစိတ်သူတို့ကိုပြောပြတာဒါပထမဆုံးကြားဖူးတာပါ။နောက်ပြီး ဘေးမှာGadraလည်းရှိနေပါတယ်။စကားပြောနေရကြရင်း သူတို့ကြိတ်ကြံနေတဲ့အကြောင်းကိုချပြလိုက်သလိုဖြစ်သွားလို့ပါ။စကားလုံးတစ်လုံးမှားထွက်တာနဲ့တင် သူတို့အစီအစဉ်ကပေါ်သွားနိုင်လို့ပါပဲ။
"ခဏ... Yuuki-san"
Shinjiအလောတကြီးသူ့ကိုတားလိုက်ပေမယ့် Yuukiကမချိပြုံးပြုံးလိုက်ပြီး...
"အာ၊စိတ်မပူပါနဲ့။ဆရာGadraလည်းငါ့အစီအစဉ်ကိုသိထားပါတယ်"
"ဘယ်လို"
"ဟက်ဟက်ဟက်ဟက်၊မင်းတို့ကဘယ်လိုထင်ထားကြလို့လဲ။ဧကရာဇ်မင်းမြတ်ကိုအကြွေးတင်ထားတယ်ဆိုပေမယ့်လည်း အင်ပါယာကြီးဘာပဲဖြစ်သွားးသွားငါဂရုမစိုက်ပါဘူး။ငါ့ရည်ရွယ်ချက်က Luminismကိုဖျက်စီးပစ်ဖို့ပဲ။နတ်ဘုရားLuminusဆိုတာ မိစ္ောဘုရင်မLuminus Valentineဆိုတဲ့အချက်ကိုတော့ငါမမြင်နိုင်ခဲ့ဘူး။သူမကိုယုံကြည်သူတွေဘာပဲဖြစ်သွားသွား ဂရုမစိုက်ဘူး။ဒါပေမယ့် ငါ့သူငယ်ချင်းကိုသတ်သွားတဲ့အယုတ်တမာတွေကိုမှငါ့လက်နဲ့မြေမမြှုပ်နိုင်ရင် ငါငြိမ်းချမ်းရမှာမဟုတ်ဘူး။အရင်ဆုံး မိစ္ဆာဘုရင်မLuminusနဲ့ခင်မင်တယ်ဆိုတဲ့ ဒီRimuruကိုအရင်ဖယ်ရှားရမယ်။ဒါကြောင့် မင်းတို့ရဲ့ဝင်္ကပါကိုအနိုင်ယူမယ့်အစီအစဉ်မှာ ဝင်ပါပေးတာ"
အဲ့တာပြီးရင်တော့ ဘာပဲဖြစ်ကြကြ ဂရုမစိုက်တော့ဘူး
Gadraစိတ်ထဲကနေအဲ့လိုပြောလိုက်ပြီး ရူးသွပ်စွာပြုံးလိုက်ပါတယ်။သေချာပေါက် Gadraလည်းမိစ္ဆာဘုရင်Rimuruရဲ့ကောလဟာလတွေကိုကြားထားပါတယ်။လွန်ခဲ့တဲ့နှစ်တွေက Farmusနိုင်ငံတော် မုန်တိုင်းနဂါးVeldoraရဲ့ဒေါသကိုသွားဆွပြီးတဲ့အချိန်မှာ ပျက်သုန်းခြင်းအတိရောက်ခဲ့ရပါတယ်။နောက် အဲ့ကြမ်းတမ်းတဲ့မုန်တိုင်းနဂါးအားကုန်သွားမှ မိစ္ဆာဘုရင်Rimuruကယဉ်ပါးအောင်လုပ်လိုက်တယ်။သူယဉ်ပါးအောင်ထိန်းကျောင်းလိုက်တာလား၊အစကတည်းကမိတ်ဆွေတွေလားတော့မသိပေမယ့် အဲ့ကတည်းကစပြီး မုန်တိုင်းနဂါးVeldoraကဘယ်နေရာမှာမှထကြွမသောင်းကြမ်းတော့သလို သူ့ရဲ့ကြောက်လန့်စရာyoukiတွေကိုတောင်မလွှတ်ထားတတ်တော့ပါဘူ။ဒါကြောင့်ပဲ ဒိကောလဟာလတွေကအတိုင်းအတာတစ်ခုအထိတော့မှန်ရမယ်လို့ Gadraယုံကြည်ထားတာပါ။
ဒါ့အပြင် မိစ္ဆာဘုရင်တွေကြားမှာလည်း ဆူပူမှုတွေရှိခဲ့ပါသေးတယ်။ပြောကြတာတော့ မိစ္ဆာဘုရင်အချို့က နှုတ်ထွက်သွားကြတာကြောင့် ကြီးမြတ်သောမိစ္ဆာဘုရင်၁၀ပါးကနေ Octagramအဖြစ်ပြောင်းလဲသွားပါတယ်။လူ့အသိုင်းအဝိုင်းကိုလည်းဒီကိစ္စအကြောင်းသတိပေးထားလိုက်ကြပြီး ဒါတွေရဲ့အရင်းအမြစ်က မိစ္ဆာဘုရင်Rimuruဆိုတာဘယ်သူမှငြင်းလို့မရပါဘူး။အရင်လူClaymanပျောက်ကွယ်သွားပြီး Rimuruကရာထူးအသစ်ရသွားတယ်ဆိုကတည်းက RimuruကClaymanထက်ပိုသန်မာတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။Claymanကကောက်ကျစ်ပြီးသန်မာတဲ့မိစ္ဆာဘုရင်ဆိုပေမယ့် Rimuruရဲ့အန္တရာယ်ကပိုကြီးပါတယ်။နောက်ပြီး မိစ္ဆာဘုရင်Rimuruလူသားတွေနဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားပြီး အနောက်ဘက်ကောင်စီကိုထိန်းချုပ်နေပါတယ်တဲ့။အနောက်ဘက်နိုင်ငံတွေဘယ်လိုတွေးနေကြလဲမသိပေမယ့် Rimuruဆိုတဲ့မိစ္ဆာဘုရင်ကိုရန်သွားစတာ အန္တရာယ်များတယ်ဆိုတာတော့သူသိနေပါတယ်။နောက်ပြီး သူမတင်မကျဖြစ်နေတဲ့အချက်တစ်ချက်ရှိနေပါသေးတယ်။Farmusစစ်တပ်ရဲ့ကျူးကျော်မှုမှာ စစ်သည်၂၀၀၀၀ပျောက်ကွယ်သွားပြီး လူ၃ယောက်သာအသက်ရှင်ခဲ့တဲ့ကိစ္စပါ။ဒီ၃ယောက်မှာ၁ယောက်ကအသတ်ခံလိုက်ရပြီး နောက်၂ယောက်က အရင်ဘုရင်နဲ့ Gadraရဲ့တပည့်ဟောင်း Razenတို့ပါပဲ။
ကြည့်ရတာ ဒိအကြောင်းRazenကိုတိုက်ရိုက်မေးမှထင်တယ်။ဒီမိစ္ဆာဘုရင်Rimuruနဲ့ပတ်သက်ပြီးငါမသိသေးတာတွေအများကြီးရှိသေးတယ်
Gadraသူ့ကိုယ်သူသတိထားနေဖို့သတိပေးလိုက်ပါတယ်။ပြသနာက Farmusစစ်တပ်ကို မုန်တိုင်းနဂါးဖျက်စီးလိုက်တယ်လို့ သက်သေမရှိတာပါပဲ။စစ်တိုက်ရင် ကိုယ့်စစ်တပ်ရဲ့၃၀ရာခိုင်နှုန်းလောက်ဆုံးရှုံးလိုက်ရပြီဆိုတာနဲ့ ကျူးကျော်မှုကျရှုံးတယ်လို့သတ်မှတ်လိုက်ရပြီး မလွှဲမသွေလက်နက်ချတော့မှာပါပဲ။ဒါပေမယ့် Farmusစစ်တပ်ကအဲ့လိုလုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းမရှိပါဘူး။သေချာပေါက် တခြားသူတွေကလည်း မုန်တိုင်းနဂါးကသုံ့ပန့်တွေ၊လက်နက်ချတာတွေလက်မခံခဲ့လို့လည်းပြောနေကြပါသေးတယ်။
ဒါပေမယ့် Gadraကတော့သံယသရှိနေပါသေးတယ်။ဘာလို့ဆို အရင်တိုက်ခိုက်မှုမှာတုန်းက သူတစ်ယောက်သာအသက်ရှင်ခဲ့လို့ဖြစ်ပြီး Veldoraဘယ်လိုလုပ်တတ်လဲသိထားလို့ဖြစ်ပါတယ်။မုန်တိုင်းနဂါးကထွက်ပြေးတဲ့သူတွေကိုလိုက်တိုက်ခိုက်တတ်သူမဟုတ်ပါဘူး။အဲ့လိုလုပ်ရင်လည်း ထိခိုက်မှုတွေအများကြီးဖြစ်ကုန်မှာပါ။သူကသူ့မြင်ကွင်းထဲရှိနေတဲ့သူတွေကိုပဲတိုက်ခိုက်တာပါ။ဒါကိုသိထားတာကြောင့် စစ်သည်၂၀၀၀၀လုံးကို Veldoraကတစ်ယောက်မကျန်လိုက်သတ်တယ်ဆိုတာ Gadraအတွက်မယုံကြည်လောက်အောင်ဖြစ်နေပါတယ်။
ဒီလိုဆိုရင် ဒါမိစ္ဆာဘုရင်Rimuruရဲ့လက်ချက်ပဲဖြစ်ရမယ်
ဒါပေမယ့် လက်ရှိသူ့စရိုက်ကိုသွားကြည့်ပြန်တော့လည်း ဒါကမဖြစ်နိုင်တော့ပြန်ပါဘူး။သူ့ပုံစံကလက်နက်ချတဲ့သူတွေကိုတိုက်ခိုက်တတ်တာမျိုးမပေါ်ပါဘူး။ဒါပေမယ့် တင်ပြမှုတွေအရ အသက်ရှင်ကျန်ရစ်သူမရှိတော့ပါဘူး။
သူတို့တောင်လက်နက်မချလိုက်ရခင် Veldoraကအရင်ပြာချလိုက်တယ်လို့ပဲယူဆရတော့မယ်ထင်တယ်
Gadraတော်တော်လေးလန့်နေပါတယ်။အဲ့တာကြောင့်ပဲ Veldoraနဲ့ထိပ်တိုက်တိုက်ခိုက်တာကိုအတတ်နိုင်ဆုံးရှောင်ကြည်ရတာပါ။ကံကောင်းတာက အဲ့အခြေအနေအတွက်ကြိုတင်စီစဉ်ထားပြီးတာကြောင့်ပါပဲ။သတင်းဆိုးက မိစ္ဆာဘုရင်Rimuruပါ။ဒါပေမယ့် ဒီတစ်ခေါက်စုံစမ်းကြည့်ပြီးရင်တော့ သူတို့သိထားတာတွေအပေါ်မူတည်ပြီး ပြန်တုံ့ပြန်ချက်တွေဆွဲရမှာပါပဲ။အဲ့တာကြောင့် Gadraသူ့အနေအထားကိုပြန်လည်သုံးသပ်ကြည့်လိုက်ပါတယ်။အမှန်တိုင်းပြောရရင် သူနဲ့မိစ္ဆာဘုရင်Rimuruကြားမှာ ဘာရန်ညှိုးမှမရှိပါဘူး။ဒါပေမယ့် သုကLuminusရဲ့မဟာမိတ်ဆိုတော့ သူ့ရန်သူအဖြစ်သတ်မှတ်လို့ရသွားပါပြီ။Gadraကသူ့ရန်သူတွေကိုအနိုင်ယူချင်တယ်ဆိုပေမယ့်လည်း လက်လွတ်စပယ်လုပ်တတ်တဲ့အထဲမှာတော့မပါပါဘူး။အင်ပါယာလက်ထဲမှာအနောက်ဘက်နိုင်ငံတွေကျရှုံးရအောင် သူနှစ်ပေါင်းများစွာပြင်ဆင်လာခဲ့တာပါ။အခု သူ့ပန်းတိုင်ကလက်တစ်ကမ်းအလိုရောက်နေပြီဖြစ်တာကြောင့် သတိလွတ်လို့မဖြစ်တော့ပါဘူး။Yuukiနဲ့Gadraတို့ကစိတ်ကူးတူနေတာကြောင့် သူ့တို့အစီအစဉ်တွေကိုတိုင်ပင်ကြည့်လိုက်တဲ့နောက်မှာ သွေးသောက်ညီအစ်ကိုအဖြစ်မဟာမိတ်ဖွဲ့ထားလိုက်ကြတာပါပဲ။
Shinjiနဲ့တခြားသူတွေက ရုတ်တရက်သိလိုက်ရတဲ့အချက်တွေကြောင့် ငုတ်တုတ်မေ့သွားကြပါတယ်။ဒီကိစ္စကိုလက်ခံဖို့အချိန်ယူနေရတဲ့သူတို့ကို သွားအပြစ်တင်လို့လည်းမရဘူးလေ။
ဒီ..ဒိမစ်ရှင်မှာ...ငါတို့တစ်ခုခုလေးလွဲသွားတာနဲ့ သွားပြီပဲ
Shinjiမရူးသေးပါဘူး၊သူတို့ကသူတို့အဖွဲ့ကိုမယုံမှန်းသိပေမယ့်လည်း စတေးခံနယ်ရုပ်တွေလိုအသုံးချနေတာလို့တော့မခံစားရေသးပါဘူး။သူတို့ကသူတို့ကိုစမ်းသပ်နေတယ်လို့ပဲခံစားမိပါတယ်။Markနဲ့Xinတို့လည်း တူတူပါပဲ။
"နားလည်ပါပြီ။ကျွန်တော်တို့ခြေရာလက်ရာလုံးဝမကျန်ခဲ့စေရပါဘူး"
"ကျွန်တော်တို့ကအဘိုးကြီးကိုစိတ်ပျက်အောင်လုပ်မယ့်သူတွေမဟုတ်ဘူးဆိုတော့ ယုံကြည်ထားလိုက်ပါလေ"
"အကောင်းဆုံး လုပ်ပါ့မယ်"
သူတို့မစ်ရှင်ရဲ့အရေးကြီးမှုက နည်းနည်းနောနောမဟုတ်ပါဘူး။သူတို့သာအောင်မြင်ခဲ့ရင်...မဟုတ်သေးဘူး။မအောင်မြင်ခဲ့ရင်တောင် သူတို့အသက်ရှင်ဖို့ဆိုရင် တစ်ခုခုလုပ်ကြံဖန်တီးပြရမှာပါ။
"ဒီလိုဆိုရင် မင်းတို့ကိုမေးပါရစေဦး၊မိစ္ဆာဘုရင်ဘယ်နှစ်ယောက်ရှိမှန်းသိကြလား"
"ဟုတ်ကဲ့။၈ယောက်မဟုတ်လား"
Shinjiပြန်ဖြေလိုက်ပါတယ်။
"ဘယ်လို?"
Markအံ့ဩသွားပြီး....
"၁၀ယောက်ရှိတာမဟုတ်ဘူးလား။တစ်ယောက်တိုးလာတော့ ၁၁ယောက်ဖြစ်သွားပြီလေ"
"Mark,အရင်နှစ်ကပဲပြောင်းလဲသွားတယ်လေကွာ"
Gadraသက်ပြင်းချလိုက်ပြီး ဆူငေါက်လိုက်ပါတယ်။
"Shinji...အဲ့အရူးကိုသတင်းမှန်တွေပြောလိုက်ပါဦး။သတင်းအချက်အလက်မှန်ကိုမသိတဲ့စစ်သားတွေက သေတတ်တယ်နော်"
စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီးမှ သူစရှင်းပြလိုက်ပါတယ်။
"မိစ္ဆာဘုရင်၈ယောက်ရှိတယ်။သူတို့ကိုယ်သူတို့ Octagramလို့ခေါ်ကြတယ်။သူတို့ကိုယ်သူတို့ကြယ်ထောင့်တွေလိုယူဆထားကြပုံပေါ်ပြီး မှားတော့လည်းမမှားပါဘူး။ဒီအကြောင်းကိုပြောတယ်ဆိုတာက ငါတို့ရန်သူ အသစ်လေးRimuruက Octagramအဖွဲ့ဝင်ဖြစ်နေလို့ပဲ။သူ့အနားမှာလုံးဝသတိလက်လွတ်နေလို့မရဘူးဆိုပေမယ့်အဲ့တာအသာထားလိုက်ပါဦး။အဓိကအကြောင်းအရာက မိစ္ဆာဘုရင်တွေထဲတစ်ယောက်ကို ဝင်္ကပါပိုင်ရှင်နတ်သမီး လို့ခေါ်ကြတယ်။ငါပြောချင်တာကိုနားလည်ကြလား"
၃ယောက်သားGadraစကားတွေကြောင့်အံ့ဩသွားပါတယ်။Yuukiတောင်အံ့ဩသွားပြီး Gadraကိုကြည့်လိုက်မိပါတယ်။
"ဝင်္ကပါကြောင့်လား"
Shinjiကြောက်လန့်တကြားနဲ့ပြန်ဖြေလိုက်ပါတယ်။Gadraခေါင်းညိမ့်လိုက်ပြီး စာအုပ်တစ်အုပ်ကိုသူတို့ရှေ့မှာချလိုက်ပါတယ်။အနောက်ဘက်က Ulgraciaနိုင်ငံတော်အနားမှာ Spiritတို့ရဲ့ဌာနီဆိုတဲ့ ဝင်္ကပါတစ်ခုရှိပါတယ်။အဲ့တာကို မြေအောက်ဝင်္ကပါ(သို့) လေပေါ်ဝင်္ကပါလို့သတ်မှတ်ထားကြပေမယ့် အမှန်တရားကတော့တခြားဆီပါပဲ။အဲ့ဒီဖော်ပြချက်တွေကမှန်လည်းမှန်သလို မှားလည်းမှားကြတယ်။စာအုပ်ထဲမှာရေးထားတာက Spiritတို့ရဲ့ဌာနီမှာ spiritတွေပဲရှိကြတာမဟုတ်ပဲ spiritကနေနတ်သမီးအဖြစ်ကိုပြောင်းသွားတဲ့ သူတို့ဘုရင်မလည်းနေနေပါတယ်တဲ့။
"အဲ့ဘုရင်မဆိုတာ ဝင်္ကပါပိုင်ရှင်နတ်သမီးRamirisပဲ....ရှေးဟောင်းမိစ္ဆာဘုရင်တွေထဲကတစ်ယောက်"
Gadraစကားကြောင့် သုံးယောက်သားဝန်ပိသွားသလိုခံစားလိုက်ကြပါတယ်။အဲ့နောက် သူတို့ကို သူကိစ္စအကြီးကြီးတစ်ခုအကြောင်းပြောပြလိုက်ပါတယ်။
"Urgrသဘာဝဥယျာဉ်မှာရှ်ိတဲ့ဝင်္ကပါဝင်ပေါက်ကမရှိတော့ဘူး။ငါပြောတာယုံ၊ငါကိုယ်တိုင်သွားစစ်ကြည့်ပြီးပြီ၊ဘာမှကိုမရှိတော့တာ။အဲ့ဝင်္ကပါပျောက်သွားတဲ့အချိန်ကRimuruသူ့ကိုယ်သူမိစ္ဆာဘုရင်အဖြစ်ကြေညာတဲ့အချိန်လောက်မှာဖြစ်ပြီး အဲ့နောက်မှာမှသူ့တိုင်းပြည်ကDungeonကိုပြည်သူလူထုအရှေ့ချပြတော့တာပဲ"
"ဆိုတော့ ဒါကသေချာသွားပြီပေါ့လေ။အဲ့ဝင်္ကပါကြီးကိုသူဘယ်လိုဖန်တီးခဲ့လဲစဉ်းစားနေခဲ့တာ လက်စသတ်တော့ မိစ္ဆာဘုရင်မRamirisရဲ့လက်ချက်ပဲကိုး။ပြောရရင် မိစ္ဆာဘုရင်Rimuruနဲ့ မိစ္ဆာဘုရင်မRamirisတို့ငမဟာမိတ်တွေပဲ"
Yuukiနားရွက်ပါးစပ်တက်ချိတ်မတတ်ပြုံးလိုက်ပြီး ယုံကြည်ချက်ရှိစွာဖြေလိုက်ပါတယ်။Shinjiနဲ့အဖွဲ့လည်းမမှားဘူးလို့ယူဆထားကြပါတယ်။ဆန့်ကျင်ဘက်အနေနဲ့ သူတို့စစ်ဆင်ရေးခက်ပြီးရင်ခက်လာတာကြောင့် စိတ်ညစ်လာရပါတယ်။
"မင်းတို့ကိုအားကိုးနေမယ်"
"နိုးနိုးကြားကြားနေကြပါ"
Rimuruရဲ့မိစ္ဆာဘုရင်အဖြစ်အုပ်ချုပ်နေတဲ့ပိုင်နက်အကြောင်းရှင်းပြအပြီးမှာတော့ Yuuki ၃ယောက်သားကိုပြန်လွှတ်လိုက်ပါတယ်။
......
သူတို့Yuukiနဲ့Gadraနဲ့တွေ့ဆုံအပြီးနောက် ၃ယောက်သားကိုTemepztမြို့စွန်အထိKagaliလိုက်ပို့ပေးခဲ့ပါတယ်။၁၀ရက်အကြာမှာတော့ Gadraလည်းတစ်နေရာကိုသူ့သဘောနဲ့သူထွက်သွားပါတော့တယ်။Yuukiခြောက်လိုက်တဲ့၃ယောက်ကို Gadraကနဦးစူံစမ်းမှုတွေလုပ်ခိုင်းထားလိုက်ပါတယ်။Yuukiသူတို့ကိုနယ်ရုပ်တွေလိုမမြင်ပါဘူး။သူခြိမ်းခြောက်လိုက်တယ်ဆိုတာကလည်းပါးပါးလေးဖြစ်ပြီး သူတို့အလုပ်ကိုသေချာလေးလုပ်ကြစေချင်လို့ပါ။
ဟမ်၊ငါ့အထင်Yuuki-donoကလည်းသိပ်မရိုးသားဘူးပဲ။သူ့ကိုယ်သူအရည်အချင်းရှိတယ်ထင်လို့ တခြားသူတွေလည်းသူ့လိုထင်နေတာနေမယ်
Gadraအဲ့လိုသုံးသပ်ထားပါတယ်။ဒါပေမယ့် သူလည်းအတူတူပါပဲ။သူ့တပည့်တွေကိုလည်းသေစေနိုင်လောက်အောင်ပစ်ထားမှာမဟုတ်တာကြောင့် အရေးကြုံရင်သူတို့ကိုကူညီခဲ့ဖို့အသင့်ပေးတာပဲ။တခြားသူတွေကသူ့ကိုကြောက်ကြတယ်ဆိုတာက သူကဒီလိုအတွေးတွေကိုမဖော်ထုတ်ပြပဲ ဘေးနားကလူတွေကိုအမြဲရှိန်အောင်လုပ်နေလို့ပါပဲ။ဒိအချက်ကိုသိသာတဲ့ Gadra Farmusနိုင်ငံတော်ဟောင်းကိုသွားလိူက်ပါတယ်။သူ့ရဲ့အရင်တပည့်ကအဲ့မှာနေနေတာဖြစ်ပြီး မိစ္ဆာဘုရင်Rimuruအကြောင်းတွေကိုသူ့ဆီကစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။Gadra Farmusနိုင်ငံတော်ရဲ့မြို့တော်ဟောင်းMalisဆီကိုသွားလိုက်ပြီး တော်ဝင်နန်းတော်ဆီသွားလိုက်ပါတယ်။
......
Razenသူ့ရုံးခန်းထဲမှာအလုပ်ရှုပ်နေတုန်း ထိုင်နေရာကနေထခုန်လိုက်ပါတယ်။သူသေပြီလို့ထင်နေတဲ့ ဆရာကြီးGadraရဲ့တည်ရှိမှုကိုခံစားလိုက်ရလို့ပါ။
"မယုံကြည်နိုင်စရာပဲ၊သူအသက်ရှင်နေတုန်းပါပဲ"
မကောင်းတဲ့ကိစ္စတစ်ခုလို သူရေရွတ်လိုက်ပါတယ်။Gadraဘာကိစ္စနဲ့လာလဲသူမသိပေမယ့် သူ့ကိုလာတွေ့တာဖြစ်ဖို့များပါတယ်။အရင်ကမိတ်ဆွေသူငယ်ချင်းဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့တွေဘာတွေမဟုတ်ဘူးလို့ပဲမျှော်လင့်ရတာပါပဲ။ပြသနာက Farmenasစစ်သားတွေကGadraကိုမသိကြတာပါပဲ။အဲ့လိုသာဆိုရင် Gadraနဲ့နန်းတော်ဝင်ပေါက်မှအကျယ်ကျယ်ဖြစ်ပြီး သူ့စိတ်ကိုသွားဆွမိရင် သူတို့အသက်ရှည်ရေးအတွက်ကောင်းမှာမဟုတ်ပါဘူး။သူတို့သာသူ့ကိုတိုက်ခိုက်မိရင်တော့....ဘုရားသခင်ခွင့်လွှတ်ပါ။
အဲ့လိုသာဖြစ်မယ်ဆိုရင် ငါGadra-samaကိုဖြောင်းဖြနိုင်တော့မှာမဟုတ်တော့ဘူး
Razenအလျင်အမြန်လှုပ်ရှားလိုက်ပါတယ်။လက်တလောသူ့တပည့်ဖြစ်လာတဲ့လူတစ်ယောက်ကို မှော်ဆက်သွယ်ရေးနဲ့ဆက်သွယ်လိုက်ပါတယ်။
<ငါပြောတာကြားရလား>
<ကျစ်၊ရုတ်တရက်ကြီးကျွန်တော့်ကိုအဲ့လိုမခေါ်နဲ့လေဗျာ>
<မင်းလည်းအခြေအနေကိုသဘောပေါက်လောက်မှာပါ>
<ဟုတ်ကဲ့။Grigoriကတော့သတိမထားမိပေမယ့် ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုကိုခံစားမိရပါတယ်။အဲ့လူက ဝင်ပေါက်ကိုမကြာခင်ရောက်လာလိမ့်မယ်>
<မင်းအဲ့လောက်တောင်သိထားတယ်ဆိုရင် ငါတို့မှာဖြုန်းစရာအချိန်မရှိဘူး။မင်းတို့ကောင်တွေလည်းဂိတ်ဝကိုလာခဲ့ကြဦး>
<ကောင်းပါပြီ။ကျွန်တ်ောလည်းခင်ဗျားအပေါ်အကြွေးတင်နေတာကိုး>
အဲ့နောက် သူမှော်ကွန်ရက်ကိုဖြတ်တောက်လိုက်ပါတယ်။သူ့မှာအခုတပည့်အသစ်၂ယောက်ရှိပါတယ်။Saareနဲ့Grigoriတို့ပါ။သူတို့က အရင်တိုက်ခိုက်ရေးပညာရှိတွေဖြစ်ပြီး မြင့်မြတ်အင်ပါယာLubeliusရဲ့ဘုရားကျောင်းသူရဲကောင်းတွေအတွက်ပါပဲ။ဒီနိုင်ငံကိုစုံစမ်းရေးအတွက်သူတို့ရောက်လာတဲ့အခါ Razenကသူတို့ကိုလမ်းပြပေးခဲ့ပါတယ်။သူတို့သေစေလောက်တဲ့အမှားကြီးတစ်ခုကိုကျူးလွန်ပြီးနောက် ဘုရားကျောင်းကိုပြန်လို့မရတော့တာကြောင့် Razenကသူတို့ကိုတပည့်အဖြစ်ထားထားလိုက်ပါတယ်။သူကကြင်နာတတ်လို့မဟုတ်ပေမယ့် သူတို့ကိုစာနာသနားမိတာကြောင့်ပါ။သူတို့ရဲ့ရှုံးနိမ့်မှုအကြောင်းသူကြားထားပြီး အထူးသဖြင့် ဂျာနယ်လစ်တွေအများကြီးရှေ့မှာပဲ Saareနဲ့သူ့လူတွေရှူံးနိမ့်သွားတယ်ဆိုတဲ့သတင်းပါ။သူတို့ရန်သူကDiabloမှန်းသိသွားတာကြောင့် သူစာနာသနားသွားပါတယ်။Saareကခေါင်းမာတယ်ဆိုပေမယ့်လည်း Razenကိုတော့ဆရာအဖြစ်သတ်မှတ်ထားပါတယ်။နောက်ပြီး တိရစ္ဆာန်တွေကြောက်စိတ်ဝင်သွားတဲ့ Grigoriကလည်း အရင်လိုသတ္တိကင်းတဲ့စိတ်ဓတ်ကိုပြန်ရောက်သွားပါတယ်။ဒီ၂ယောက်ကခွန်အားအရာမှာပြိုင်ဖက်ကင်းတာကြောင့် Razenသူတို့ကိုသေချာလေ့ကျင့်ထားလိုက်ပြီး Farmenasနိုင်ငံတော်ရဲ့နောက်ကွယ်မှာအလုပ်လုပ်ခိုင်းထားလိုက်ပါတယ်။ဒီလိုမျိုးအခြေအနေတွေကိုတုံ့ပြန်ဖို့အတွက်လည်းပါပါတယ်။
ဒီတော့ ငါ၊Saareနဲ့Grigoriတို့ပဲရှိပါတယ်။နောက်ပြီး Grucius-donoပါအချိန်မှီရောက်လာရင် ငါတို့Gadra-samaကိုထိန်းထားလို့ရမှာပါ
စစ်သားတွေက အရမ်းစွမ်းအားကောင်းတဲ့သူနဲ့တွေ့ရင်ဘာမှအသုံးဝင်ကြမှာမဟုတ်တော့ပါဘူး။လောလောဆယ် Farmenasနိုင်ငံတော်မှာ ချန်ပီယံအဆင့်စစ်သည်တော်တွေမရှိတော့ပါဘူး။အရင်က Razenကိုယ်တိုင်ဦးစီးခဲ့တဲ့ Folgenခေါင်းဆောင်တဲ့ အရင်Farmusသူရဲကောင်းအဖွဲ့ကလည်း အတိတ်မှာကျန်ခဲ့ပါပြီ။အဲ့လိုပဲ တခြားအဆင့်မြင့်တဲ့စစ်သည်တော်တွေလည်းအတူတူပါပဲ။သူတို့ကိုအစားထိုးဖို့ အရည်အချင်းရှိတဲ့သူတွေကိုရှာရတာလည်း Farmenasရဲ့ပြသနာပါပဲ။သူ့ရဲ့ပြသနာကိုသိပ်အလေးမထားမှုကြောင့် အခုRazenအကျိုးဆက်ကိုခံစားနေရပါပြီ။
သူနန်းတော်ဝင်ပေါက်ကိုရောက်တဲ့အချိန်မှာပဲ တခြား၂ယောက်ကအရင်ကိုရောက်သွားပြီး Gadraနဲ့ရင်ဆိုင်နေကြပါပြီ။
"ဟေ့လူ၊ခင်ဗျားဘယ်သူလဲတော့မသိပေမယ့် ကျုပ်တို့ကဒီနန်းတော်ကိုစောင့်ရှောက်နေကြတဲ့သူတွေပဲ။ဘယ်သူမှန်းမသိတဲ့သူကို နန်းတော်ထဲဝင်ခွင့်မပြုတာကိုတော့သိတယ်မလား"
"သူပြောတာခင်ဗျားကြားတယ်မဟုတ်လား အဘိုးကြီး။ကျုပ်ဆိုးဆိုးရွားရွားတွေမပြောခင် ခင်ဗျားဒီကနေထွက်သွားတာကောင်းလိမ့်မယ်နော် အဘိုးကြီး။တစ်ယောက်ယောက်နဲ့တွေ့မယ်ဆိုရင် ဧည့်ကြိုဌာနမှာ အရင်အချိန်းအချက်လုပ်ထား။ရက်အနည်းငယ်ကြာရင် အဖြေပြန်ရမယ်"
သူတို့၂ယောက်က Gadraကိုဝင်လို့မရအောင်လမ်းမှာပိတ်ဆို့ထားကြပါတယ်။ဒါပေမယ့် Razenအမြင်မှာတော့ သူတို့၂ယောက်ကကိုယ့်သေတွင်းကိုယ်တူးနေကြတာပါပဲ။
"ရပ်ကြစမ်း၊သူ့ကိုဝင်ခွင့်ပေးလိုက်"
"ဟမ်?ကျွန်တော်တိူ့ကသူ့ကိုတားထားရမှာမဟုတ်ဘူးလား"
"ဒါနဲ့များ ခင်ဗျားဘာလို့ကျွန်တော်တို့ကိုခေါ်ထားသေးလဲ"
သူတို့အမိန့်ကြောင့် အူတူတူဖြစ်သွားကြပေမယ့်လည်း Razenကကြိုးစားစရာတစ်ခုရှိပါသေးတယ်။
"မတွေ့ရတာကြာပြီပဲ အရှင်Gadra။အရှင့်ကိုစောစောစီးစီးလာမနှုတ်ဆက်မိတာခွင့်လွှတ်ပါ။အရှင်အသက်ရှင်နေသေးမှန်းသတိမထားမိလိုက်လို့ပါ"
Razen Gadraအရှေ့မှာဒူးထောက်ချရင်းပြောလိုက်ပါတယ်။
Razen Gadraကိုမဆန့်ကျင်ရဲပါဘူး။အဆိုးဆုံးအခြေအနေဆိုရင်တော့ သူအစွမ်းကုန်ထုတ်သုံးရမှာဆိုပေမယ့် အဲ့လိုဆိုလည်းဘာမှဖြစ်မှာမဟုတ်လောက်တော့ပါဘူး။
"မတွေ့ရတာကြာပြီပဲ Razen။ငါမှတ်မိသလောက်မင်းကဒီလိုပုံမဟုတ်သလိုပဲ၊ဘာပဲဖြစ်ဖြစ် မင်းဆိုတာတော့သေချာပါတယ်"
"ဟုတ်ပါတယ်၊အရှင့်လိုမဟုတ်ပဲ ကျွန်တော်လူသားအချင်းချင်းဝိဉာဉ်လဲထားကြတာပါ"
"ငါမင်းကိုအပြစ်မတင်ပါဘူး"
Gadraပြန်ဖြေလိုက်ပြီး...
"အရမ်းကိုယ့်ကိုယ်ကိုနှိမ့်ချမနေနဲ့။ငါဒီကိုလာရတာမင်းကိုမေးစရာရှိလို့။နောက်ပြီး ဟိုမှာပုန်းနေတဲ့သားရဲလူသားကိုလည်း သိပ်ပြီးသတိထားနေစရာမလိူပါဘူး။ငါသာပြသနာရှာဖို့ဆိုရင် တစ်ယောက်တည်းတောင်လာနေမှာမဟုတ်ဘူး"
တင်းကြပ်မှုတွေပြေလျော့သွားပါတယ်။ဘာပဲဖြစ်ဖြစ် သူတို့သတိမလွတ်ရဲပဲ Gadraကိုခေါ်သွားလိုက်ပါတယ်။
.
Next
Next
#crd_to_Fuse
#Dva