ဗီလိန်ပေမဲ့ မင်းသမီးတွေက ငါ့ဘက်မှာ
8.0

ဗီလိန်ပေမဲ့ မင်းသမီးတွေက ငါ့ဘက်မှာ

That time I got reincarnated as a slime

ဗီလိန်ပေမဲ့ မင်းသမီးတွေက ငါ့ဘက်မှာ

------ အညွှန်း ------

စုမင်ယွမ်ဟာ ခေတ်ပေါ်ဝတ္ထုတစ်ခုထဲမှာ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့တယ်။သူက ဗီလိန်ရဲ့ ပုံစံအတိုင်း သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပြီးစီးအောင် လုပ်နိုင်မယ်ဆိုရင် ဗီလိန်အမှတ်တွေ ရနိုင်မယ်။အမှတ်တစ်သိန်း ပြည့်သွားရင်တော့ ကမ္ဘာမြေဆီ ပြန်လို့ရမယ်။ 

မမျှော်လင့်ဘဲနဲ့ အမှတ်လုံလုံလောက်လောက် စုပြီးသွားတဲ့ စုမင်ယွမ်ဟာ ကမ္ဘာ‌မြေဆီ ပြန်နေတုန်း အချိန်နဲ့အာသာသ နှောင့်ယှက်မှုစီးကြောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ဗီလိန် ပထမဆုံးလုပ်ရတဲ့ နေ့ရက်ဆီကို ပြန်ရောက်လာခဲ့တယ်။

အရာအားလုံးကို အစကနေ ပြန်စရမယ်။ 

“ အစကနေ စရုံပါပဲ။လိုနေတဲ့ ဗီလိန်အမှတ်ကလည်း အရင်တစ်ခေါက်ကထက် တစ်ဝက်နည်းသွားပြီ။ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း အရင်ကထက် သိသိသာသာ တိုးတက်သွားပြီ။ငါပိုပြီး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီးတော့ ဗီလိန် အမှတ်တွေကို ပိုပိုပြီး မြန်မြန် ရနိုင်မှာပဲ.....”

စုမင်ယွမ်က အကောင်းမြင်ပြီး ယုံကြည်ချက် ရှိနေခဲ့တယ်။ 

“ ကြည့်ရအောင်။ဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးတွေ ငါ့ကို မုန်းအောင် အကောင်းဆုံး မချိမခံသာဖြစ်အောင် လုပ်မယ်။ပြီးရင် သူတို့တွေ ငါ့ကို မျက်ခွက်ရိုက်တာ ခံမယ်။ ”

“ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတွေ ငါ့ကို မုန်းတီးပြီးတော့ ငါ့မျက်နှာကို ရူးရူးမိုက်မိုက် ရိုက်နှက်ပြီးတော့ တက်နင်းမလား ဆိုတာ ကြည့်နေလိုက်‌တော့။ ”

“ ဗီလိန်အနေနဲ့ သရုပ်ဆောင်တဲ့နေရာမှာ ငါက ကျွမ်းကျင်အဆင့်ပဲ။ ”

အရင်ဆုံးအနေနဲ့ ပထမအဆင့်က ဇာတ်လိုက်မင်းသားရဲ့ ညီမကို နှောင့်ယှက်ဖို့ကြိုးစားပြီးတော့ ငါ့ကို သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် မနှစ်သက်အောင် လုပ်ရမယ်။ 

ဟေး။မင်းလို မင်းသမီးက ဘာတွေဖြစ်နေတာလဲ။ 

မင်းက မခုခံတဲ့အပြင်ကို ဘာလို့ ....ပျော်နေသလို ဖြစ်နေရတာလဲ။ 

တကယ်ကြီးလား။ 

ငါက ဗီလိန်လေ။ 

နေပါဦး.....နေဦး။ 

ဘာလို့ မင်းကလွဲပြီးတော့ တခြား ဇာတ်ဆောင် မင်းသမီးတွေ ငါ့ကိုကြည့်တဲ့ပုံစံက တစ်ခုခု မှားနေသလိုပဲ။ 

သူတို့ တစ်ယောက်ချင်းလာပြီးတော့..... ငါ့ကို စားချင်နေကြသလိုပဲ။

Recommendation

Discussion