- Chapter 30

 That time I got Reincarnated as a Slime

Vol 2

တောအုပ်ဆူပူခြင်းအပိုင်း

Chapter 30…သံတမန်ရေးရာ

Gabilတစ်ယောက် အလွယ်တကူပဲ မှင်စာရွာတွေရဲ့ထောက်ပံ့မှုကိုရခဲ့ပါတယ်။

ငါတို့အစွမ်းတောင်မပြရသေးပဲ ငါ့ကိုဒီမှင်စာတွေအလွယ်လေးကျွန်ခံလိုက်ကြတာပါတကား။နောက်ဆုံးတော့ ဒီကောင်တွေကငကြောက်တွေသက်သက်ပါပဲကွာ။ငါ့အမိန့်မနာခံတဲ့ကောင်မျိုးတွေနဲ့တွေ့ရင်တော့ အတင်းနာခံခိုင်းရမှာပဲလေ။

Gabilအနေနဲ့ အကြီးအကဲရဲ့စကားကိုလုံးဝမေ့သွားခဲ့ပါပြီ။သူရွာတိုင်းဆီက ရိက္ခာတွေထုတ်ခိုင်းခဲ့ပြီး ရှိသမျှစစ်သည်တွေကိုလိုက်စုပါတယ်။အခု မှင်စာစစ်သည်အရေအတွက်က ၇၀၀၀လောက်ရှိနေပါပြီ။သူတို့က စစ်ပွဲသုံးသားရေချပ်၀တ်တွေ၀တ်ထားပြီး ကျောက်တုံးလှံတွေကိုင်ထားပါတယ်။မပြည့်စုံတဲ့တိုက်ခိုက်ရေးအဖွဲ့ဖြစ်ပေမယ့် လုံလောက်ပါပြီလေ။မတိုက်ရဲတဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြလေရဲ့။

“မျိုးနွယ်စုအကြီးအကဲ...ဒီမှာတခြားရွာတွေရှိသေးလား?”

မျိုးနွယ်စုအကြီးအကဲတစ်ချက်ကြည့်လိုက်ပြီး တုန်တုန်ရီရီနဲ့ဖြေလိုက်ပါတယ်။

“မရှိတော့ပါဘူး..ရွာတော့မဟုတ်ပေမယ့် အစည်းအရုံးတစ်ခုတော့ရှိ‌နေပါသေးတယ်”

ဘာလဲဟ?သူ့မေးခွန်းကိုအင်တင်တင်လုပ်နေတာက Gabilကို ကလိကလိဖြစ်စေပါတယ်။သူဒီထက်ပိုမေးလိုက်တော့ ဗရမ်းဗတာဇတ်လမ်းတစ်ပုဒ်ထွက်လာလေရဲ့။အဲ့မှာ Fang၀ံပုလွေတွေကိုစီးတဲ့ မှင်စာတွေရှိနေတယ်တဲ့။ဒါပေမယ့်..

“အဓိပ္ပာယ်မရှိတာ”

အဲ့လိုတွေးမိလိုက်ပါတယ်။Fang၀ံပုလွေတွေဆိုတာ အုပ်နဲ့ကျင်းနဲ့လှုပ်ရှားကြတဲ့ စွမ်းအားကြီးမကောင်းဆိုး၀ါးတွေ။လွင်ပြင်တွေကိုစိုးမိုးသူများလို့တောင် အခေါ်ခံရကြပြီး Lizardmanတွေရဲ့နယ်ပယ်ချဲ့ထွင်မှုတွေကိုလည်း အမျိုးမျိုးဆန့်ကျင်ကြတဲ့သူတွေ။သူတို့က အဆင့်နိမ့်မှင်စာတွေကိုခစားကြတယ်ဆိုတော့....မဖြစ်နိုင်တာ။နောက်ပြီး သူတို့က တကယ့်အကြောင်ဆုံးစကားတစ်ခွန်းတောင်ပြောလိုက်သေး။ဘာတဲ့...

သူတို့က slimeတစ်ကောင်ကို ခစားကြတယ်တဲ့။

Slime..အဆင့်အနိမ့်ဆုံးမ‌ကောင်းဆိုး၀ါး...ဘယ်လို ၀ံပုလွေ၊မှင်စာမျိုးက ဒီလိုအမှိုက်ကိုခစားကြတာပါလိမ့်?

သူတို့ပြောတာကို သွားစစ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီမှာ လှည့်ကွက်တစ်ချက်တော့ရှိရမယ်လို့ သူတွေးလိုက်ပါတယ်။သူသာကောင်းကောင်းကိုင်တွယ်နိုင်ရင် သူ့အနေနဲ့Fang၀ံပုလွေတွေကိုပါထိန်းချုပ်ခွင့်ရသွားမယ်လေ။

Gabilသူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေအတွက်...ဆုံးဖြတ်လိုက်ပါတယ်။သူပြောတဲ့နေရာမှာ ရွာမရှိခဲ့ပါဘူး။ဒေါသတစ်ချက်ထွက်သွားပေမယ့် စိတ်ရှည်ရမယ်လေ။၀ံပုလွေတွေကိုလွှမ်းမိုးနိုင်ဖို့ဆိုရင် သူဒီထက်စိတ်ရှည်မှရမယ်။လက်ရှိအကြီးအကဲကိုကျော်ချင်တဲ့ သူ့ရဲ့ဆန္ဒပြည့်ဖို့ဆိုရင် ဒီ့ထက်ပိုပြီး သူကောင်းကောင်းထိန်းနိုင်မှဖြစ်မယ်။ဒါကြောင့် သူ့ရည်မှန်းချက်တွေအတွက် စိတ်ရှည်ရှည်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။

Gabilအနေနဲ့ သူ့ရဲ့အကြံမှာ လိုနေတာတစ်ချက်ပဲရှိပါတယ်...စစ်တပ်ရှိမနေခြင်းပါ။သူသာ ၀ံပုလွေတွေကိုအမိန့်ပေးနိုင်ရင် တခြားLizardmanတွေလည်း သူ့အနောက်လိုက်လာမှာပဲလို့ထင်နေတယ်။ဒါဆို လွင်ပြင်တွေကိုစိုးမိုးသူတွေနဲ့ စိမ့်မြေတွေကိုစိုးမိုးသူတွေကိုသာ တစ်ပေါင်းတစ်စည်းထဲအုပ်ချုပ်လိုက်ရင် ဟိုအဆင့်နိမ့်Orcတွေကိုကြောက်စရာ ဘာလိုတော့မှာလဲ?Gabilတစ်ချက်က‌လေးမှမစဥ်းစားပဲ အဲ့လိုယုံကြည်ထားပါတယ်။Orcတွေကိုမောင်းထုတ်ပြီး သူတို့ဒီJuraတောအုပ်ရဲ့ စစ်မှန်တဲ့အုပ်ချုပ်သူတွေဖြစ်လာကြမယ်။ဒီလိုနဲ့ Gelmud-samaက သူတို့ကိုအမှုထမ်းဖို့လာခေါ်လိုက်မယ်။အဲ့ကြီးမားတဲ့ အိပ်မက်ကြီးအတွက် သူလိုအပ်သလောက်တော့စောင့်လိုက်ပါဦးမယ်လေ။Shisuရေကန်ကိုပြန်ပို့ထားတဲ့ အဓိက စစ်တပ်ကြီးကို အသင့်စောင့်ခိုင်းထားပါတယ်။သူတို့မှာ ရွေးချယ်စရာများများစားစားမရှိတော့ တတ်နိုင်သလောက်မြန်မြန်လုပ်ထားရမယ်။အချိန်က ရပ်နေတာမဟုတ်ဘူးလေ။

လမ်းစတွေ့ပြီဆိုတဲ့သတင်းလည်းကြား‌ကော သူအမိန့်တွေစပေးလိုက်ပါတယ်။သူအပါအ၀င် လက်ရွေးစင် ၁၀ယောက်ကိုရွေးလိုက်ပြီး ဖွတ်တွေစီးကာ သူတို့လိုရာအရပ်ဆီထွက်လာခဲ့လိုက်ပါတယ်။၀ံပုလွေတွေကကြောက်စရာမဟုတ်တော့ဘူး...သူတို့စွမ်းအားကြီးတာမှန်ပေမယ့် အဆင့်နိမ့်မှင်စာတွေကိုတောင်ခစားနေရတယ်ဆိုတော့ သင်းကွဲတွေလားမှမသိပဲ။

“သူတို့ကိုငါကိုယ်တိုင် ထိန်းကျောင်းပြီး အရင်စွမ်းအားတွေကိုပြန်ပေးဦးမှပါ”

အိုး...သူ့အရှေ့မှာရှိနေတာဘာကြီးမှန်း သူတစ်စက်ကလေးမှမတွေးခဲ့မိဘူးထင်ပါရဲ့...သူ့ခေါင်းထဲမှာ Juraတောအုပ်ကိုအုပ်ချုပ်ပြီး Gelmud-sama ကိုခစားဖို့နဲ့ပဲ ပြည့်နေလို့ထင်ပါတယ်လေ။

.

Lizardman တွေရဲ့သံတမန်နဲ့တွေ့ဖို့ ကျွန်တော်မြို့ထဲကို ၀င်လာလိုက်ပါတယ်။အဲ့မှာ ကျွန်တော်တို့အစောင့်တွေနေဖို့ဆောက်ထားတဲ့ တဲလေးတစ်ခုထဲကို၀င်လိုက်ပါတယ်။တက်ရောက်တဲ့အဖွဲ့၀င်တွေကတော့ ကျွန်တော်ရယ်၊Rigurdရယ်၊Benimaruရယ်၊Hakurouရယ်၊Shionရယ်ပေါ့။Shionကိုလက်ဖက်ရည်ဖျော်ခိုင်းလိုက်ပေမယ့်လည်း နောင်တရတာပဲအဖက်တင်ခဲ့ပါတယ်။ဒင်းလေးက နူးနူးညံ့ညံ့လုပ်ရမယ့်အပိုင်းတွေ၊သဘာ၀ရဲ့ကောင်းချီးတွေ ဘာမှနားလည်တဲ့ဟာလေးမဟုတ်ဘူးဗျ။သူလုပ်တတ်တာက သူ့ခွန်အားနဲ့၀ုန်းဒိုင်းကြဲတတ်တာပဲရှိတာ။

“ခွန်အားက အခရာပဲ”

အဲ့လိုကြီးအော်ပြီးတော့ပေါ့။သန့်ရှင်းရေးလုပ်ရင်လည်း ‘အကုန်လုံးရှင်းထုတ်ရမယ်’ဆိုပြီး အဆောက်အအုံတွေအားလုံးကိုဖျက်စီးဖို့ကြိုးစားတယ်။ကံကောင်းလို့ သူ့ကိုအချိန်မှီတားလိုက်ပြီး ပြန်ဆောက်စရာမလိုတော့တာ။

“ကျွန်မ အရှင့်ဆီကခွင့်လွှတ်မှုကို အနူးအညွတ်တောင်းခံပါတယ်ရှင်”

အဲ့လိုမျိုးစိတ်ဓတ်ကျတဲ့အသံနဲ့ပြောပေမယ့်လည်း သူနဲ့ပတ်သက်ပြီးသတိလွတ်လို့တော့မရဘူးဗျ။သူမက ပြသနာတွေကိုခွန်အားသုံးပြီးဖြေရှင်းဖို့ပဲသိတာဆိုတော့ သူမကိုကျွန်တော့်မျက်စိအောက်ကနေကိုအပျောက်ခံလို့မရဘူး။ဒါပေမယ့်လည်း သူမကိုလက်ဖက်ရည်ဖျော်ခိုင်းတော့ ကျေနပ်နေကောပဲဗျ။တလွဲမလုပ်လာဖို့ပဲဆုတောင်းနေရတယ်။ပြီးတော့ ထင်ထားတဲ့အတိုင်းပဲ လက်ဖက်ရည်က ဆိုးရွားချက်။အဲ့တာ လက်ဖက်ရည်မှဟုတ်ရဲ့လားဟ!?

ကျွန်တော်ကတော့ ထူးထူးဆန်းဆန်း Wakameနဲ့တူတဲ့ မြက်တွေပေါလောပေါ်နေတာပဲမြင်တယ်။တိုတိုပြောရရင် ခင်ဗျား‌သောက်ချင်တဲ့ဟာတော့ဟုတ်ပုံမရဘူး။Rigurdကတော့ ‘ဒါကြီးက ဘာကြီးလဲ?...ငါ့ကိုရှင်းပြပါဦး’လို့ ကျွန်တော်မေးမှာကိုကြောက်နေရင်း ဟိုဘက်လှည့်နေတယ်။တကယ့်လူဗျာ....Benimaruကတော့ သေရေးရှင်ရေးဖြစ်နေတဲ့အတိုင်းမျက်စိကြီးကိုမှိတ်ထားရင် ဒီဘက်ကိုလှည့်တောင်မကြည့်ဘူးဗျ။

မင်းတို့ကောင်တွေကွာ....

နောက်ပြီး ပြသနာထဲကအကြီးဆုံးကတော့ ချီးကျူးခံချင်နေတဲ့ Shion။နေပါဦး?ဘယ်နားကို ငါကချီးကျူးရမှာတုန်းဟ? ရှိသမျှဘုရားစာတွေ အကုန်ရွတ်လိုက်ပြီး လက်ဖက်ရည်ခွက်နားကပ်လိုက်စဥ်မှာပဲ...

“အာ...လက်ဖက်ရည်လား?ရေဆာနေတာနဲ့အတော်ပဲဟေ့”

အခုမှရောက်လာတဲ့Gobtaက လက်ဖက်ရည်ကိုအကုန်မော့လိုက်ပြီး သောက်ချလိုက်ပါတယ်။

*ဖလူးးးးးးးဖူးးးဖူးးးးးးး*

တော်တယ်ကွာ။ရင်ထဲအသည်းထဲကနေ ကျေးဇူးတင်သွားပြီ။Shionရဲ့မျက်နှာကတော့ အပြုသဘောဆောင်တဲ့အချက်တစ်ချက်မှမပါတဲ့ အပြုံးမျက်နှားကြီးကိုပြောင်းသွားလေရဲ့။ဒါကို Gobtaတစ်‌ယောက်သတိမထားမိပါဘူး...အဲ...သတိမထားနိုင်တာပဲပြောရမလား။

*ဂလု*ကနဲ ပါးစပ်ကနေနောက်ဆုံးထွက်သွားပြီး အမြှုပ်တွေထွက်လာပါတယ်။နောက် ‘ဘိုင်းး’ကနဲ ကြမ်းပြင်ပေါ်ကိုလဲကျသွားပါတယ်။ကပ်သီးလေးပဲဟေ့.....သူသာမလာရင် အဲ့နားမှာလဲနေတာ ကျွန်တော်ဖြစ်သွားမှာ။သူမမျက်နှာကတော့ အံ့သြမှုကြောင့်အရောင်ပြောင်းသွားပြီး ခေါင်းကိုမဆိုစလောက်လေးငုံ့ပြလိုက်ပါတယ်။ဒါပေမယ့် တစ်ခါပဲရမယ်လေ။ဒင်းကို ဟင်းမချက်ဖို့ ပြင်းပြင်းထန်ထန်တားမြစ်ထားမှပါ။

“အာ...Shionရေ...နောက်တစ်ခါသောက်စရာဖြစ်ဖြစ်၊စားစရာဖြစ်ဖြစ်လုပ်မယ်ဆိုရင် Benimaruကိုအရင်မြည်းခိုင်းနော်”

သူမနားလည်အောင်လုပ်ထားရတာပေါ့။Benimaruရုတ်တရက် နင်သွားပြီး ကျွန်တော့်ကိုအလန့်တကြားလှမ်းကြည့်တယ်။

“မရဘူး...အခုသူက မင်းပြသနာဖြစ်သွားပြီ။မင်းကိုလွှဲထားလိုက်ပြီ”

သူ့ကိုမျက်လုံးနဲ့လှမ်းပြောလိုက်ပါတယ်။၂‌ယောက်စလုံးစိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ကျသွားပါတယ်။အခုကစပြီး ခံရတဲ့သူတွေနည်းပါစေကွာ....။

အချက်ပေးအသံမြည်ကတည်းကစလို့ တစ်နာရီလောက်ကြာသွားပါတယ်။နောက်ဆုံးတော့ သံတမန်တွေလည်းရောက်လာခဲ့ပါပြီ။အဲ့မှာ နည်းနည်းကြောင်တောင်တောင်အနေအထားနဲ့ ဧရာမဖွတ်ကြီးကိုစီးလာတဲ့ Lizardmanတစ်ယောက်။သူက....ခေါင်းဆောင်များလား?

“ငါ့ကိုကြိုဆိုတာ မဆိုးကြဘူးပဲကွ။ငါ့ဆီမှာအခစားပြုခိုင်းလိုက်ပြီ။ဂုဏ်ယူကြလော့....”

အိပ်မက်မက်ပြီးယောင်နေတာလားဟ?ကျွန်တော် အကြောင်းအချို့ကြောင့် စွန့်အသွားပါတယ်။ဒီသောက်ရူးဘာတွေပြောနေပါလိမ့်?

“ဟမ့်...မင်းတို့မကြားကြဘူးလား?Orcစစ်တပ်ကြီး ချီတက်လာပြီတဲ့။မင်းတို့ရဲ့မဖြစ်စလောက်လေးကိုကယ်တင်ပေးနိုင်မယ့်သူက ငါပဲကွ”

ဒါဆိုOrcတွေက တစ်ကယ်လာနေတာပေါ့။Soueiအစီအရင်ခံတာကို စောင့်နေတာဆိုတော့ ထင်ထားတဲ့အတိုင်းပါပဲ။ကျွန်တော်ထင်တာတော့ သူတို့ကိုတွန်းလှန်ဖို့မဟာမိတ်ဖွဲ့ရမယ်ဆိုပေမယ့်....

“အိုး..ဟုတ်သား။မင်းတို့ထဲမှာFang၀ံပုလွေတွေကို ယဥ်သွားအောင်လုပ်ခဲ့တဲ့သူရှိတယ်ဆို။သူ့ကိုခေါ်ခဲ့ကွာ...ငါ့အမှုထမ်းခန့်မလို့”

အန်....တူတူတိုက်ပွဲ၀င်တာက ကောင်းပေမယ့် ကိုယ့်မဟာမိတ်က ဒီလိုငကြောင်ဖြစ်နေတာကတော့....။မပြည့်စုံတဲ့မိတ်ဆွေက သန်မာတဲ့ရန်သူထက်ပိုကြောက်ဖို့ကောင်းတယ်တဲ့။ဆိုရိုးတောင်ရှိသေးတာကို...Rigurdကိုတစ်ချက်ကြည့်လိုက်တော့ ပါးစပ်အဟောင်းသား။Benimaruက‌တော့ ကျွန်တော့်ဘက်ကိုလှည့်ပြီး...’သူ့ကိုသတ်လို့ရမလား?’လို့မေးနေတဲ့ပုံပဲ။’သတ်စေဗျာ’ အဲ့လိုတောင်ပြန်ပြောလိုက်ချင်သေး။ဒါပေမယ့် ငြင်းလိုက်ပါ့မယ်။Shionရဲ့အချက်အပြုတ်ကိုမဟုတ်ဘူး...သူတောင်းဆိုတာကိုပါ။Hakurouကတော့ အေးအေးဆေးဆေးလက်ပိုက်ထားပြီး မျက်စိမှိတ်နေလေရဲ့...ဒါမှမဟုတ်...သူအိပ်ပျော်နေတာလားဟ?Shion ကျွန်တော်လက်မောင်းကိုဖက်ထားတဲ့သူက သူ့လက်ကိုညှစ်နေလေရဲ့။

ရပ်...ငါကျိုးကုန်တော့မယ်ဟ....

ဒါ‌ပေမယ့် သူကျွန်တော့်ဝေဒနာကိုလည်းမြင်ရော နည်းနည်းလေးဖြေလျော့လိုက်ပါတယ်။Slimeခန္ဓာကိုယ်နဲ့အဖက်ခံရရင်အဆင်ပြေပေမယ့် ဒီလိုကတော့အန္တရာယ်များတယ်လေကွယ်။ကျွန်တော်သတိလွတ်မိတာ။အဖက်ခံရရင်းသေသွားရင် ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်တော့မယ်။ကြည့်ရတာ သူ့ခွန်အားတွေကို မထိန်းချုပ်နိုင်တဲ့ပုံပဲ။ဘာပဲဖြစ်ဖြစ် ဒါကပြသနာပဲ။ဘယ်သူက သံတမန်ဆိုတာ ငကြောင်တစ်ကောင်ဖြစ်နေမယ်လို့ ထင်မိမှာလဲ။

“အန်....Fang၀ံပုလွေတွေကိုယဥ်အောင်လုပ်တဲ့သူ...သူတို့ကိုခစားခိုင်းတဲ့သူက ကျွန်တော်ပါ”

စကားဆက်ရအောင်။

“ဟမ်?နိမ့်ကျတဲ့slimeကလေ?ဒါဆို သူ့ကိုဆင့်ခေါ်ပြ။မင်းလုပ်နိုင်မယ်ဆိုရင် ယုံလိုက်မယ်”

တော်တော်သွေးနားထင်ရောက်နေတာပဲကိုး....။အခု နည်းနည်းသောက်မြင်ကပ်လာပြီ။ဒီငနဲ...ကျွန်တော်တို့ကို အဖက်ကိုမလုပ်ပဲ...လိုချင်တာပဲတွေးနေတာဗျ။အထင်သေးတာ နည်းနည်းများနေပြီ။ကျွန်တော်လည်း နိုင်ငံရေးသမားတွေ၊အလုပ်သမားတွေတော်တော်များများနဲ့ တွေ့ဖူးပါတယ်ဗျာ...ဒီဘဲလောက်အောက်ခြေလွတ်နေတဲ့ကောင်မျိုးကို တစ်ခါမှမကြုံဖူးသေးတာပါ။ဒီလိုငကြောင်တစ်ကောင်အတွက် စည်းမျဥ်းစည်းကမ်းတွေကို ခဏလောက်မေ့ထားလိုက်ရအောင်။နောက်ပြီး ဒီလိုလူကို မဟာမိတ်ဖွဲ့လည်း ဘာမှကောင်းကျိုးဖြစ်မှာမဟုတ်။ချဥ်းကပ်ပုံကိုပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။

“Ranga”

“ဟုတ်..အမိန့်နာခံလျက်ပါ”

Rangaကျွန်‌တော့်အရိပ်ထဲကထွက်လာတယ်။ဘေးနားမှာသူအမြဲရှိနေတတ်တာက အကျင့်ဖြစ်နေပြီဗျ။

“အိုး..ကြည့်ရတာ မင်းနဲ့ငါလုပ်စရာတော့ရှိနေပြီကွာ။စကားပြောခွင့်ပေးတယ်”

ဒီကိစ္စကို တခြားသူတွေကိုပဲလွှဲထားတော့မယ်။ဒီလိုလူတွေကို ကိုင်တွယ်နိုင်တာ ကျွန်တော့်ထက်ကောင်းတဲ့သူတွေရှိမှာပဲ။ဒါပေမယ့် တကယ်ကလေ...ကျွန်တော်slimeပုံပြောင်းတာက အမှိုက်လိုမဆက်ဆံဖူးတဲ့သူဆိုလို့ Rigurdပဲရှိတယ်။အင်း...ဒီလူ့ကိုစိတ်ထဲချဥ်လာတာတော့ မတတ်နိုင်ဘူးဗျာ။နောက်ပြီးစကားမစပ် ကျွန်တော့်အရှိန်အ၀ါတွေသာလွှတ်ထားရင် အကုန်လုံးသတိပြုမိမယ်ဆိုပေမယ့် ဒီငကြောင်ကတော့....ဟင့်အင်း။ကျွန်တော်တွေးဖို့လိုနေလို့ဗျ။ကျွန်တော်မကျေမနပ်ဖြစ်နေတာကို သတိထားမိသွားတဲ့Rangaက...

“ငါ့သခင်က ငါ့ကိုကိုယ်စားစကားပြောဖို့အမိန့်ပေးလိုက်တယ်။ငါနားထောင်နေတယ်။ပြော”

Lizardmanတွေကိုကြည့်လိုက်ပြီး သံတမန်ကိုမေးလိုက်ပါတယ်။တစ်ချက် ကြောက်သွားပုံပေါ်ပေမယ့် အိန္ဒြေပြန်ထိန်းလိုက်ပြီး...

“ဟုတ်...ဟုတ်ပါပြီ။ဒီတော့ ခင်ဗျားကFang၀ံပုလွေပေါ့လေ။ကျွန်တော်က Lizardmanတပ်ဖွဲ့ခေါင်းဆောင် Gabilပါ။တွေ့ရတာ ၀မ်းသာပါတယ်။ကျွန်‌တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်နာမည်ရထားပါတယ်။ဒီတော့ အဲ့slime ကိုခစားမယ့်အစား ကျွန်တော့်ဆီပါခစားလို့မရဘူးလား?”

မျက်နှာပြောင်တိုက်ချက်ဗျာ....ကျွန်တော်ဒင်းကို‌ဆော်မိတော့မယ်....နေဦး...နေဦး...ရင့်ကျက်နေတဲ့မကောင်းဆိုး၀ါးလိုနေရမယ်။ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ့မယ်။ကျွန်တော်က လူကြီးလေဗျာ...စိတ်လျှော့။ဒါပေမယ့် ကိုယ့်ကိုယ်ကိုထက် Shionကိုပိုစိတ်လျှော့စေချင်တယ်။နေဦး...အဲ့ထက်အားပြင်းလာရင် ငါ......။ကျွန်တော်တွန့်လိမ်နေတာကိုမြင်မှ ပုခုံးကိုပုတ်လိုက်ပြီးတောင်းပန်လိုက်ပါတယ်။စိတ်လျှော့စမ်းပါဟ...ဒါပေမယ့် ဖွတ်တစ်ကောင်အနေနဲ့ တော်တော်ကြီးဘ၀င်လေဟပ်နေတာမဟုတ်ဘူးလား။Rangaလည်း သူ့ကိုအမှုန့်ချေချင်နေတယ်နဲ့တူပါရဲ့။

“ဂူး...ဒီအဆင့်နိမ့်ဖွတ်ကောင်ကတော့....။ငါကFang၀ံပုလွေမဟုတ်တော့ဘူးကွ။ဒီလောက်တောင်နားမလည်ဘူးလား..မ‌လောက်လေးမလောက်စားအိမ်မြှောင်ရဲ့...”

Ranga သူ့သွားကို တင်းတင်းစိထားရင်း မျက်လုံးတောင် ဒေါသကြောင့် အနီ‌ရောင်တောက်လာပါတယ်။သူ့ဒေါသကိုထိန်းနေတာဗျ။Ranga-sanရေ...သိပ်မကြမ်းနဲ့နော်။ဒီအိမ်မြှောင်ကောင်ကို ချမ်းသာပေးလိုက်ပါကွာ။သူသာ တမန်တော်မဟုတ်ရင် သူ့တုံးအမှုကြောင့် အပိုင်းပိုင်းဖြဲခံရတာကို ရယ်ချင်ပေမယ့်...

“ကောင်းပါပြီ။ကျွန်တော့်အစွမ်းပြပါ့မယ်။ဘယ်သူ ကျွန်တော်နဲ့ချချင်သလဲ?”

‌ဝေ့...‌ဝေ့...ဟာသမလုပ်ကောင်းဘူးနော် ကိုအိမ်မြှောင်ရေ။အခြေအနေကိုကြည့်ပါဦး...မင်းကအားအနည်းဆုံးနော်ဒီမှာ။သူ့အနေနဲ့ အများဆုံးRigurdထက်ပဲ စွမ်းမှာပါ။မဟုတ်သေးပါဘူး...Rigurdတောင် B အဆင့်စွမ်းရည်တွေရထားတာ။သူက မှင်စာဘုရင်လေ...မှင်စာတွေထဲမှာအစွမ်းဆုံးပဲနော်။သာမန်Hobgoblinက C+ဆိုတော့ သူကအဲ့ထက်သန်တာအမှန်ပဲ။ဒါတောင် သူ့လက်နက်တန်ဆာတွေထည့်မတွက်သေးဘူး။သေချာ‌ပေါက် ဒီဖွတ်ကနာမည်ရှိတော့ သူတို့ထဲမှာအစွမ်းဆုံးဆိုပေမယ့် ဒီမှာကတော့မတူဘူးနော်။

မင်းရဲ့ ကွန်ဖီးဒန့် လယ်ဗယ် တွေဘယ်ကရောက်လာတာတုန်းဟေ?

ကျွန်‌တော်တို့တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပါတယ်။ဘယ်သူ သူနဲ့ချမလဲပေါ့...။

“ဟင်းဟင်းဟင်း...ဒါဆို မင်းငါရဲ့မုန်တိုင်း၀ံပုလွေတစ်ကောင်နဲ့ချကြည့်စမ်းပါ။မင်းသူ့ကိုနိုင်ရင် ငါမင်းပြောတာနားထောင်ပေးမယ်”

Ranga စကားဆက်ပြောလိုက်ပါတယ်။တော်သေးတာပေါ့..ဘယ်သူသူ့ကိုချမလဲဒီမှာရွေးလို့မပြီးသေးလို့။အကုန်လုံး ဒီဘဲကိုသေအောင်ရိုက်ထုတ်ချင်တာ...သူတို့မျက်လုံးတွေကြည့်တာနဲ့ အန္တရာယ်အငွေ့အသက်တွေချည်းပဲ။ဒါပေမယ့် ဒီလိုမျိုးဖြစ်နေတာက ကျွန်တော့်ကို စိတ်သက်သာရာရမိတယ်။တစ်ယောက်က ပေါက်ကွဲပြီးထကြမ်းလိုက်မှ ကျွန်တော်တို့ကျေနပ်မှာလေ။ဒီလိုကောင်မျိုးနဲတွေ့ရင် ကျွန်တော်တောင် သွေးပူမိမှာပဲ...ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါလေ....

“အဆင်ပြေပါ့မလား?ကျွန်တော်က ခင်ဗျားနဲ့ချချင်နေတာ....တကယ်လို့ခင်ဗျားသာရှုံးရင် ခင်ဗျားတပည့်တွေကို ကျွန်တော့်ဆီများပေးမလားလို့”

အူး၀ူးးးးးးး

Rangaအူလိုက်တယ်။သေလိုက်တော့....ဒီဖွတ်ကောင် ကျွန်တော်တို့ဒေါသကိုဆွနေပြန်ပြီ။Ranga ကတော့ တည်တည်ငြိမ်ငြိမ်ပဲ သူ့ကောင်ကိုဆင့်ခေါ်လိုက်ပါတယ်။သူ ဒီလိုskillမျိုးရထားတယ်မထင်ထားဘူး။‌နောက်ပြီး သူ့နားကနေ ၀ံပုလွေနက်တစ်ကောင်ပေါ်လာတာကိုတော့ ကျွန်တော်တော်တော်ကျေနပ်သွားတယ်။

“ဂူး...ဒီအိမ်မြှောင် ပါးစပ်ကိုပိတ်‌ပေးစမ်း”

“ဂူးးး(ဟုတ်)”

နောက်ပြီး ဖွတ်ကောင်ကိုကြည့်ပြီး...

“မင်းငါ့အစွမ်းတွေလိုချင်ရင် မင်းအစွမ်းတွေအရင်ပြစမ်း”

Rangaအော်ထည့်လိုက်ပါတယ်။သူ့အသံအဆုံးမှာပဲ တိုက်ပွဲစတင်ခဲ့ပါတယ်။ဖွတ်ကောင်...မဟုတ်သေးပါဘူး..Gabil က သူ့သုံးခွလှံကိုအသင့်ပြင်လိုက်ပြီး ၀ံပုလွေရဲ့လှုပ်ရှားမှုတွေကို ဂရုတစိုက်စောင့်ကြည့်နေပါတယ်။တစ်ဖက်မှာ ၀ံပုလွေကတော့ ငြိမ်ငြိမ်လေးရပ်နေလေရဲ့။

*ဖတ်*

မြေကြီးကိုတစ်ချက်ကန်ခုန်လိုက်ပြီး သူ့ရန်သူဆီကိုတစ်ချက်တည်းနဲ့ရောက်သွားပါတယ်။Gabil ရဲ့သိမြင်အစွမ်းတွေကို ‌ကျော်လွန်းတဲ့ဧရာမ အရှိန်နှုန်း။ဘာမှကိုမလုပ်လိုက်နိုင်ဘဲ Gabil သူ့ဆီကိုဘာရောက်လာမှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး။စက္ကန့်ပိုင်းအတွင်းမှာပဲ ရင်ဘတ်ကိုခေါင်းနဲ့တိုက်လိုက်ပြီး သူ့ဘေးမှာလှည့်ပတ်ကာ ပါးစပ်နဲ့လှမ်းကိုက်လိုက်ရင် ချီလိုက်ပါတယ်။လေထဲကိုတစ်ချက်မြှောက်တင်လိုက်ပြီး မြေကြီးနဲ့ ကိုက်ဆောင့်လိုက်ပါတယ်။အဲ့တာတွေအားလုံး မျက်စိတစ်မှိတ်အတွင်းမှာပဲဖြစ်သွားတာပါ။Rangaမဟုတ်ပေမယ့် သာမန်မုန်တိုင်း၀ံပုလွေတစ်ကောင်က B အဆင့်ရှိတဲ့ တိုက်ခိုက်ရေးခေါင်းဆောင်Gabil ကိုအသာလေးအနိုင်ယူသွားခဲ့တာပါ။Rangaအနေနဲ့ အခုတလော သန်မာလာတာတော့သိပေမယ့် တခြား၀ံပုလွေတွေ ဒီလောက်ထိသန်မာလာလိမ့်မယ်လို့တော့ လုံးဝကိုမထင်ထားတာ။

တိုက်ခိုက်မှုရဲ့အကျိုးဆက်ကြောင့် Gabilရဲ့ချပ်၀တ်တွေတစ်စဆီဖြစ်သွားပြီး ကိုအိမ်မြှောင်လည်း သတိလစ်သွားပါလေကော။စောစောက Gabilကိုအားပေးနေတဲ့ သူ့တပည့်တွေလည်း ကြောင်တောင်တောင်ကြီးနဲ့ရပ်နေလေရဲ့။ဘာဖြစ်သွားလဲဆိုတာ နားမလည်နိုင်ဘူးထင်ပါတယ်။

“ဟွေ့...အနိုင်အရှုံးကိုဆုံးဖြတ်ပြီးပြီနော်။မင်းတို့တောင်းဆိုချက်ကို ငါငြင်းတယ်။မင်းတို့အနေနဲ့Orcတွေကို ကူတိုက်ပေးဖို့လာကမ်းလှမ်းရင်တော့ ငါတို့စဥ်းစားကောင်းစဥ်းစားပေးနိုင်ပေမယ့် ဒီနေ့အတွက်ကတော့ အဲ့တာကိုင့ါမျက်စိရှေ့ကနေယူသွားကြ”

ကျွန်တော်ပြောတာလည်းကြားကော Lizardmanတွေထွက်ခွာသွားကြပါတယ်။ဒီလိုနဲ့ပဲ ပြသနာအိုး Lizardmanသံတမန်အဖွဲ့ကတော့ ထွက်သွားလေရဲ့။ဒါပေမယ့်လည်း...Orcတွေကတော့ ချီတက်နေတုန်းပဲ။ခုထိလည်း ရေရေရာရာစီစဥ်ထားတာမရှိသေးဘူး။နောက်ပြီး ခုလေးတင်မဟာမိတ်ဖွဲ့တဲ့နေရာမှာ ‘Lizardman’ ဆိုတဲ့ခေါင်းကိုက်စရာကောင်တွေကလည်း ရောက်လာသေးတယ်။ဒီအကြောင်းတွေကို ရေးရေးတွေးလေ ကျွန်တော်ကတော့စုံးစုံးမြုပ်လေဖြစ်နေပါပြီဗျာ....။

Recommendation

Discussion