- Chapter 376

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၇၆)...၃ယောက်သားရဲ့အတွေးများ

Shinjiဖိအားတွေပျောက်သွားအောင်အသက်ကိုတစ်ဝရှူလိုက်ပြီးမှ Markနဲ့Xinတို့ကသူ့ကိုခေါ်လိုက်ကြပါတယ်။

“ပြီးပြီလား”

“တော်တယ်”

“အင်း၊တင်ပြတာတော့ပြီးသွားပြီ။ဆရာGadraရောက်မလာခင်အထိ ပေါ့ပေါ့ပါးပါးပဲနေကြတာပေါ့”

“အေးပါ။ဘာပဲဖြစ်ဖြစ် မင်းကသွေးစွန်းကမ်းခြေအဖြစ်အပျက်ရဲ့အသက်ရှင်ကျန်သူတစ်ယောက်ပဲလေ”

“မင်းအသက်ရှင်ခဲ့တာပဲငါခုထိဝမ်းသာနေတုန်းပဲ”

“အင်း၊ဒီလိုလေ..အဲ့တုန်းကငါလုပ်ခဲ့တာဆိုလို့သေချင်ယောင်ဆောင်ခဲ့တာပဲရှိတာ။ဒါကြောင့်လွတ်သွားတာပေါ့။ဒါပေမယ့် ငါ့လုပ်ရပ်ကပီပြင်တယ်လို့ပြောရမယ်”

“ဘယ်ကသာ၊ဘယ်ကသာ။အသက်ရှင်လျက်ပြန်လာခဲ့တာနဲ့တင် တော်တော်အံ့သြဖို့ကောင်းနေပြီ။အဲ့မစ်ရှင်ကနေပြန်လာတဲ့သူတွေက ၃၀ရာခိုင်နှုန်း‌လောက်ပဲရှိတာမလား”

“အေး။နောက်ထပ်အဲ့လိုမျိုးကိစ္စမျိုးတွေဆိုရင်ငါမသွား‌တော့ဘူး။နောက်ပြီး အဲ့မှာ ဆေးသမားဖြစ်တဲ့ငါလည်းဘာမှအသုံးမဝင်ခဲ့ဘူးလေ”

“အယ်?”

“အေးလေ၊အားလုံးကချက်ချင်းသေကုန်ကြတော့ ငါ့မှာပြုစုကုသဖို့တောင်အချိန်မရလိုက်ရဘူး။ဒါကြောင့် င့ါဦးစားပေးက အဲ့ကနေအမြန်ဆုံးထွက်သွားဖို့ပဲလေ”

“တော်တော်ဆိုးတာပဲ။နတ်ဆိုးထိပ်ခေါင်တွေကအဲ့လောက်တောင်အန္တရာယ်များတာလား”

“ငါမြင်ခဲ့တဲ့နတ်ဆိုးအတွက်တော့ အန္တရာယ်များတယ်ဆိုတဲ့စကားလုံးကတော့လုံလောက်လောက်မယ်မထင်ဘူး။ဘာလို့ဆို ငါတို့မျက်လုံးချင်ဆုံခဲ့သေးတယ်၊ကြည့်ရတာ သူငါ့ကိုလွှတ်ပေးလိုက်ပုံပဲ။အဲ့ဒီနီရဲနေတဲ့မျက်လုံးတွေ.....ပြန်တွေးကြည့်တာနဲ့တင် ကြောက်သေးထွက်ချင်လာပြီ”

Shinjiသူတို့အံ့သြနေတာကိုရယ်သလိုမောသလိုနဲ့ ပြန်ရှင်းပြလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ဟိုကြောက်စရာအရိုးစုကြီးကအဲ့နတ်ဆိုးထိပ်ခေါင်နဲ့အဆင့်တူတူပဲဆိုရင် ငါတို့ချည်းသက်သက်အနိုင်ယူနိုင်မှာတော့မဟုတ်ဘူး”

“သူတို့ကတကယ်အဆင့်တူတူပဲလား”

“သူတို့ရဲ့magiculesပမာဏ‌ကတော့အတူတူပဲ။ဆိုရိုးအရ နတ်ဆိုးဆိုတာသက်တမ်းကြာလေ၊အစွမ်းကြီးလေတဲ့။ငါတွေ့ခဲ့တဲ့သူကလည်း အသက်ကြီးတဲ့သူဖြစ်ရမယ်”

မဟုတ်ရင် အင်ပါယာရဲ့ရာထူးကြီးတွေက အဲ့လောက်အသည်းအသန်ကိုင်တွယ်ကြမှာမဟုတ်ဘူး

Shinjiအဲ့လိုပြောချင်ပေမယ့်လည်း မပြောတော့ပါဘူး။

“အင်း..”

Shinjiဆက်ပြောလိုက်ပြီး...

“အဲ့ကိစ္စကိုစိတ်ပူနေရုံနဲ့ဘာမှမထူးဘူး။ငါကြားတာ တခြားသူတွေရဲ့စွမ်းအားကိုတိုင်းတာနိုင်တဲ့စက်တီထွင်နေတယ်လို့ကြားပေမယ့် ဘာမှထူးမယ်မထင်ဘူး။အဲ့Albertဆိုတဲ့သူရဲကောင်းက သူ့ရဲ့magiculesအရေအတွက်နဲ့တောင်မကိုက်ပဲ အရမ်းသန်မာလွန်းတယ်။နောက်ပြီး မင်းတို့၂ယောက်၊ငါတို့ကျောင်းမှာသင်ခဲ့တဲ့သင်ခန်းစာတွေကိုမှတ်မိသေးလား။တိုက်ပွဲမှာအရေးပါတာက ရုပ်ခွန်အားသက်သက်ပဲမဟုတ်ဘူးဆိုတာ မှတ်မိလား”

“မင်းပြောတာငါနားလည်သလိုပဲ”

“အင်း”

“ငါဆိုလိုချင်တာအဲ့တာပဲ။နတ်ဆိုးတွေထဲမှာ တိုင်းတာလို့မရတဲ့စွမ်းအားပိုင်ရှင်တွေရှိတယ်။ဒါကိုပဲမင်းနားလည်ဖို့လိုအပ်တယ်”

Shinjiပြောသလိုပဲ တခြား၂ယောက်လည်းအဲ့ကိစ္စကိုဒီတိုင်းထားလိုက်ကြပါတော့တယ်။

.......

အကြောင်းအရာပြောင်းလိုက်ပြီး ၃ယောက်သားညဘက်ပိတ်တဲ့ လွတ်လပ်သူများအဖွဲ့အစည်းရုံးခွဲကိုသွားလိုက်ကြပါတယ်။သူတို့မှော်သလင်းကျောက်တွေနဲ့ ပိုနေတဲ့ပစ္စည်းတွေကို သိုလှောင်ရေးဌာနဆီရောင်းဖို့ပါပဲ။

“ဟေ့..ဟေ့...ဒါကအောက်ထပ်တွေမှာတွေ့ရတဲ့မှော်သလင်းကျောက်တွေမဟုတ်လား။အရည်အသွေးကလုံးဝထူးခြားတယ်”

“အို...နောက်ထပ်အပေါက်ပါတဲ့လက်နက်တွေပဲလား။မှော်သံရိုင်းသန့်သန့်နဲ့လုပ်ထားတဲ့ဒီလိုလက်နက်တွေကို ဒီနိုင်ငံမှာပဲတွေ့နိုင်တာနော်”

အဖွဲ့အစည်းလုပ်သားတွေက အောက်ထပ်ကရတဲ့ပစ္စည်းတွေကြောင့်ပျော်ရွှင်နေကြပြီး ၃ယောက်သားရှာတွေ့ကြတဲ့ပစ္စည်းတွေအကြောင်းဆွေးနွေးနေကြပါတယ်။ဝယ်ယူသူတွေကိုသေချာ‌ရွေးမယ်ဆိုရင် အကျိုးအမြတ်တွေပိုရနိုင်ပါတယ်။ဒါပေမယ့် ၃ယောက်သားရဲ့တာဝန်က စုံစမ်းထောက်လှမ်းဖို့တာဝန်ဖြစ်တာကြောင့် လိုအပ်သည်ထက်ပိုတဲ့မိတ်ဆွေတွေမဖွဲ့ချင်ပါဘူး။နောက်ပြီး သူတို့အဖွဲ့အစည်းမှာရောင်းချမှုကလည်းတော်တော်များပါတယ်။သူတို့စုံစမ်းမှုက အဆုံးသတ်သွားပြီဆိုပေမယ့်ရတဲ့အကျိုးကတော့တော်တော်လေးကောင်းပါတယ်။လွန်ခဲ့တဲ့ရက်တွေကတည်းက သူတို့တော်တော်လေးပိုက်ဆံတွေရခဲ့လိုပါ။

စစ်မှုထမ်းတွေကပုံမှန်လစာရတတ်ကြပြီး လစာကိုကြိုတင်ပေးထားကြတာပါ။ဒါကြောင့် ရာထူးတိုးပြီဆိုရင် ပိုများတဲ့လစာကိုနောက်နှစ်မှပဲရတော့မှာပါ။ပိုက်ဆံမရှိတဲ့သူတွေတောင် စစ်တပ်ထဲဝင်တာနဲ့လစာကြိုထုတ်ထားလို့ရပါတယ်။နှစ်တစ်နှစ်ရဲ့ကျန်သေးတဲ့ရက်တွေကိုတွက်ချက်ပြီး ဒါကလစာသဘောမျိုးနဲ့ပေးထားတာပါ။ပြောရရင် စစ်ထဲဝင်လို့ဘာမှအရှုံးမရှိပါဘူး။စစ်သားတစ်ယောက် စစ်မြေပြင်မှာသေသွားခဲ့ရင်တောင် ကြိုတင်ပေးထားတဲ့လစာကိုမဖြတ်ပဲ အလျော်အစားသဘောမျိုးနဲ့သတ်မှတ်ထားလိုက်ပါတယ်။သာမန်စစ်သား....ပရိုင်းဗိတ်တွေက တစ်နှစ်ကိုရွှေပြား၁၀ပြားရပါတယ်၊ဂျပန်ယန်းနဲ့တွက်ရင် ယန်း၁သန်းပါ။စစ်တပ်က အဝတ်အစား၊အစားအသောက်၊နေထိုင်စရာကိုပါစီစဥ်ပေးတာကြောင့် ဆင်းရဲသားတွေအတွက်တော့ စစ်တပ်ထဲဝင်မှသာချောင်လည်တတ်တဲ့သဘောပါ။ဒါ့အပြင် အပိုဆုအမျိုးမျိုး၊အဆင့်အပေါ်လိုက်ပြီး ဘောနပ်စ်...ဒါ့အပြင် စစ်ပြင်ဆင်စရိတ်တွေအားလုံးကိုလည်း ရနိုင်ကြပါသေးတယ်။Markနဲ့Xinတို့က လက်ဖ်တင်နင်အဆင့်မှာရှိပြီး Shinjiကတော့ စစ်ဘက်ဆရာဝန်အဆင့်သတ်မှတ်ချက်အရ ဗိုလ်ကြီးအဆင့်မှာရှိပါတယ်။သူတို့မှာတခြားသူတွေကိုအမိန့်ပေးခွင့်မရှိပေမယ့် ရာထူးအရရတဲ့အကျိုးခံစားခွင့်‌တွေက မနည်းပါဘူး။အင်ပါယာအတွင်းမှာ ကမ္ဘာကူးခရီးသည်တွေဆိုရင် ထူးခြားတဲ့ဝန်ဆောင်မှုတွေပေးပါတယ်။အနည်းဆုံး သူတို့ကို ဒု-ဗိုလ်လေးတစ်ယောက်လိုဆက်ဆံကြပေမယ့် Shinjiရတဲ့ဝန်ဆောင်မှုကတော့ တခြားသူတွေနဲ့မတူပါဘူး။ဒါကြောင့် ၃ယောက်သားရဲ့လစာက သာမန်စစ်သားတစ်ယောက်ရဲ့လစာထက်မြင့်ပါတယ်။ဗိုလ်လေးတစ်ယောက်ကိုပေးတဲ့အပိုဆုက ရွှေပြား၃၆ပြားပါ။ဗိုလ်ကြီးတစ်ယောက်ကိုပေးတဲ့အပိုဆုက ရွှေပြား၄၄ပြားပါ။အဆင့်တစ်ခါတက်တိုင်း ရမယ့်အပိုဆုထဲမှာ ရွှေပြား၄ပြားတိုးတိုးသွားပါတယ်။Markနဲ့Xinတို့ရဲ့ပုံမှန်လစာက ရွှေပြား၅၀ပြားဆီရှိပြီး Shinjiက‌တော့ရ၇၀ပြည့်လုနီးနီးပါပဲ။စစ်သားတွေကပြည်သူတွေထက်ဝင်ငွေကောင်းကြတယ်ဆိုပေမယ့် သူတို့ဇိမ်ခံပြီးတော့မနေနိုင်သေးပါဘူး။မြို့စွန်လောက်မှာဆိုရင် ချမ်းသာနေနိုင်ပေမယ့် အင်ပါယာအတွင်းမှာဆိုရင် နေစရိတ်မြင့်ပါတယ်။ဒါပေမယ့် စစ်ထဲကထွက်ပြီးတစ်ကိုယ်တော်နေထိုင်မယ်ဆိုရင်တော့ လောကကြီးရဲ့ရက်စက်တဲ့အမှန်တရားကိုခါးစီးခံရပါမယ်။တည်ငြိမ်တဲ့ဘဝကိုနေရတာနဲ့တင် တင်းတိမ်နေရမှာပါ။

ဒါပေမယ့် ဒီနေ့သူတို့နောက်ထပ်အကြောင်းတစ်ခုကိုသိခဲ့ရပါတယ်။၃ယောက်သားအနေနဲ့ စစ်တပ်ထဲကထွက်ပြီး ဝင်္ကပါမြို့တော်မှာပဲအသက်မွေးဝမ်းကြောင်းပြုချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်နေကြပါတယ်။သူတို့နောက်ဆုံးရောင်းရငွေနဲ့တင် ရွှေပြား၃၀၀ရထားပြီး ဒါတောင် အဖွဲ့အစည်းကရတာတစ်ခုပဲရှိပါသေးတယ်။သူတို့ရဲ့တိုတောင်းတဲ့မစ်ရှင်ကနေတောင် ဒီလောက်အထိရစေရင် ၃ယောက်သားတစ်နှစ်လောက်ကြိုးစားလိုက်ရင် ဘယ်လောက်ရနိုင်မလဲဘယ်သူမှမသိနိုင်ပါဘူး။ဒါ့အပြင်အင်ပါယာကထောက်ပံ့တဲ့ ပြိုင်ဘက်ကင်းလက်နက်ကိုမက်စရာမလိုပဲ ကိုယ်ပိုင်ပြိုင်ဘက်ကင်းလက်နက်ကိုပိုင်ဆိုင်နေနိုင်ပါပြီ။ပြောရရင် ဒီမစ်ရှင်နဲ့တင်တော်တော်မြတ်နေတာပါ။အားလူံးကအမှန်တရားကိုနားလည်နေကြပေမယ့် ဘယ်သူမှထုတ်မပြောရဲကြပါဘူး။သူတို့ဘာစကားမှမပြောပဲလမ်းလျှောက်နေကြရင်း မြို့တော်Rimuruရဲ့အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှာ တစ်ခုခုစားဖို့ဝင်နားလိုက်ကြပါတယ်။သူတို့ဇိမ်မခံရတာအတော်ကြာခဲ့ပါပြီ။

“ဒါအကြံကောင်းလို့မင်းတို့ထင်ကြလို့လား။ငါတို့သဘောနဲ့ငါတို့လက်နက်တွေရောင်းပစ်တာကလေ”

နည်းနည်းရှိန်နေတဲ့Xin စိတ်လှုပ်ရှားစွာမေးလိုက်ပါတယ်။

“လုံးဝအဆင်ပြေတာပေါ့”

Shinjiသူ့ကိုနှစ်သိမ့်လိုက်ပြီး...

“ငါတို့အကုန်လုံးကိုရောင်းပစ်လိုက်တာမှမဟုတ်ပဲ။ငါတို့မှာ နမူနာတွေကျန်ပါသေးတယ်ကွ”

“နောက်ပြီး ဘာပဲဖြစ်ဖြစ် ငါတို့နဲ့အတူအကုန်လုံးကိုလည်းသယ်ဿွားလို့မရဘူးလေ”

Markကလည်းထည့်ပြောလိုက်ပြီး...

“ဒီတော့ အရည်အသွေးကောင်းတာတွေပဲရွေးယူလာရင် သူတို့ဘာပြောလို့ရမှာလဲ”

စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုအတွက်ပစ္စည်းတွေအားလုံးက စစ်တပ်ကပဲပိုင်ဆိုင်တာပါ။ရံဖန်ရံခါလိုအပ်မှသာစစ်သားတွေကိုထုတ်ပေးတတ်ပါတယ်။အဲ့တာကြောင့် သူတို့ဆီကပစ္စည်းတွေကိုယူသွားရင်တောင် သူတို့ဘာမှစောဒကတက်လို့မရပါဘူး။ဒါပေမယ့် Shinjiတို့အဖွဲ့က စွန့်စားသူတွေလိုဟန်ဆောင်ရင်း dungeonကိုစစ်ဆေးဖို့တာဝန်ကျနေတဲ့သူတွေပါ။ဒါကြောင့် သဏ္ဍာန်လုပ်၊သရုပ်တူအောင်ဆိုတဲ့စကားလိုမျိုးဆောင်ထားမှရမှာပေါ့။ဒါကိုလည်း ဒီအလုပ်ရဲ့အကျိုးအမြတ်တစ်ခုလို့ပြောနိုင်ပါတယ်။နောက်ပြီး သူတို့ယူလာတဲ့ပစ္စည်းတွေကို Yuukiကလည်းပြန်တောင်းမှာမဟုတ်ပါဘူး။ဒါကြောင့် သူတို့မစ်ရှင်အတွက်ပြန်အပ်ရမယ့်ပစ္စည်းတွေကလွဲလို့ ကျန်တာအားလုံးကို ၃ယောက်သားလုပ်ချင်တာလုပ်လို့ရပါတယ်။

“ဒါပေမယ့် သိလား ငါတို့ရထားတဲ့ပိုက်ဆံတွေအားလုံးကိုသူတို့ယူသွားမယ်ဆိုရင်တော့ ငါတို့ဒီမှာပဲခိုလှုံသင့်ပြီမဟုတ်လား”

Shinjiပြောလိုက်တော့ ၂ယောက်ကအားရပါးရသဘောတူကြပါတယ်။ရွှေ၁ပြားက ယန်း၁သိန်းနဲ့ညီမျှပါတယ်။အင်ပါယာအတွင်းမှာလည်းအတူတူပါပဲ။လူပုတိုင်းပြည်ကထုတ်လုပ်တဲ့‌ရွှေပြားတွေကို အနယ်နယ်အရပ်ရပ်ကိုပြန့်နှံ့နေတာကြောင့် အင်ပါယာကတောင်တရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားတာပါ။သူတို့ရထားတဲ့ရွှေပြားတွေကအသုံးဝင်နေဆဲဖြစ်တာကြောင့် အိမ်ပြန်ရောက်ရင်လည်းအသုံးပြုလို့ရနေပါသေးတယ်။

“ငါတို့အဲ့လိုလုပ်သင့်တယ်လို့ထင်တယ်”

“အေး။စောစောက ငါစလိုက်တာဆိုပေမယ့် ငါတို့အကောင်းဆုံးကြိုးစားမယ်ဆိုရင် ဒီမှာအပူအပင်ကင်းကင်းနေနိုင်မယ်ထင်ပါတယ်”

Shinjiကမလေးနက်သလို၊လေးနက်သလိုပြောနေတာဆိုပေမယ့် Markနဲ့Xinတို့ကတော်တော်လေးစိတ်ဝင်စားနေကြပါတယ်။အင်ပါယာက စက်သွားပစ္စည်းနည်းပညာသိုက်ကြီးဆိုတာအမှန်ဖြစ်ပြီး ခေတ်မှီတဲ့ယဥ်ကျေးမှုကိုပိုင်ဆိုင်ထားတဲ့အပြင် မြို့ကလည်းတော်တော်လေးတိုးတက်ပါတယ်။အစားအသောက်တွေကလည်းအရသာရှိပြီး နေထိုင်မှုအဆင့်ကလည်းမြးင့်ပါတယ်။သူတိုမှာသာပိုက်ဆံရှိရင် အရင်လောကမှာတုန်းကလို ဇိမ်ခံပြီးနေလို့ရနိုင်ပါတယ်။ဒါပေမယ့် ၃ယောက်သားကစစ်တပ်ရဲ့တာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေဖြစ်ာကြောင့် သေခြင်းတရားကသူတို့ကိုအမြဲတမ်းပတ်ချောင်းနေတယ်လို့ပြောရင် မှားနိုင်စရာအကြောင်းမရှီပါဘူး။အဲ့နေရာမှာ dungeonကသူတို့အတွက်ကောင်းချီးတစ်ခုလိုပါပဲ။ဘာလို့ဆို အဲ့ထဲမှာဆိုရင် သေခြင်းတရားကိုကြောက်နေဖို့ကိုမလိုပါဘူး။အစကတော့သူတို့သံသယဖြစ်ခဲ့ကြပေမယ့် သူတို့ဘာသာခံစားခဲ့ပြီးပြန်လည်ရှင်သန်လာကြတဲံအချိန်မှာ သူတို့သံသယတွေလုံးဝပျောက်ကွယ်သွားကြပါတယ်။သူတို့သေမှာကိုစိတ်ပူဖို့မလိုဘူးဆိုရင် ဖြစ်နိုင်သလောက်ပိုက်ဆံရှာလို့ရပြီး ဘဝကိုနေ့တိုင်းအပြည့်စုံဆုံးနေထိုင်နိုင်နေပါပြီ။Shinjiနဲ့တခြားသူတွေအတွက်တော့ တော်တော်သဘာဝကျတဲ့ရွေးချယ်မှုပါပဲ။ဒါပေမယ့် ပိုက်ဆံလုံလုံလောက်လောက်ရှိရင်တောင် ဖြုန်းစရာနေရာမရှိဘူးဆိုရင်အသုံးဝင်ဦးမှာမဟုတ်သေးပါဘူး။ဒါကလည်း ဖျော်ဖြေမှုဘဏ်တိုက်ကြီးလိုဖြစ်နေတဲ့Tempestမှာဆိုရင် ဒီကိစ္စကိုစိတ်ပူဖို့မလိုအပ်ပါဘူး။ဒီနေရာမှာ Colosseumရှိပါတယ်၊အထဲမှာဘာကစားပွဲမှမကျင်းပတဲ့နေ့မျိုးမှာဆိုရင် ပြည်သူလူထုအတွက်ဖွင့်ပေးထားပါတယ်။အဲ့နေ့မျိုးမှာဆို မြို့သားတွေအနေနဲ့ဒီကိုရောက်လာကြပြီး ကစားကြပါတယ်။ဘောလုံး၊ဘေ့စ်ဘောနဲ့ Tempestမှာနာမည်ကြီးတဲ့တခြားအားကစားနည်းတွေအားလုံးကို လာကစားနိုင်ကြသလို ဝင်္ကပါကိုစိန်ခေါ်တဲ့သူတွေအတွက်လည်းအဆင်ပြေကြပါတယ်။ဒ့ါအပြင် ရေပူစမ်းတွေနဲ့ပြဇတ်ရုံတွေလည်းရှိနေပါသေးတယ်။ပြဇတ်တွေကလည်း စင်မြင့်ပေါ်မှာကပြနေတကြတာကြောင့် သူတို့စုံစမ်းမှုအရဆိုရင် အမြဲတမ်းလူပြည့်နေတာပါပဲ။

၃ယောက်သားသိခဲ့ရတာက ဒီကအစားအသောက်တွေက အင်ပါယာထက်မကောင်းရင်တောင် အင်ပါယာအောက်လောက်မနိမ့်ဘူးလို့ယူဆထားကြပါတယ်။Shinjiနေ့တိုင်းလွမ်းနေတဲ့ဂျပန်အစားအစာတွေ၊အချိုပွဲမျိုးစုံနဲ့အရက်မျိုးစုံလည်းရပါသေးတယ်။ဒီလောကမှာမရှိသင့်တဲ့အစားအသောက်တွေတောင် ဒီမှာပြန်ဖန်တီးထားပါတယ်။ကမ္ဘာပေါ်ကလူတစ်ယောက်အတွက် Shinjiရဲ့နှလုံးသားက ဒီနေရာကိုအရမ်းတမ်းတနေပါပြီ။နောက်ပြီး သူတို့ကYuukiအပေါ်သာသစ္စာခံထားကြတာဆိုပေမယ့် Yuukiကလည်းမိစ္ဆာဘုရင်Rimuruကိုလောလောဆယ်ရန်လိုချင်သေးပုံမရပါဘူး။ဒီတော့ Shinjiနဲ့သူ့လူတွေဒီနေရာကိုပြောင်းလာကြရင်တောင် သူတို့သစ္စာဖောက်လို့သတ်မှတ်ခံရမှာမဟုတ်ပါဘူး။

“ရန်သူ့လက်အောက်ကိုခိုဝင်တာ စစ်စည်းကမ်းအရသေဒဏ်ဆိုတာသေချာနေပေမယ့်ပေ့ါ။နောက်ပြီး ငါတို့ကစစ်ပွဲကြီးရဲ့အစမှာပဲရှိတာ။စစ်လည်းတကယ်ဖြစ်သေးတာမှမဟုတ်တာ”

“ငါလည်း အတူတူပဲတွေးနေတာ Shinji။စစ်တပ်ကနေထွက်စာတင်လို့ရသေးတယ်လေ”

“အားလုံးက Yuuki-sanအပေါ်မှာမူတည်နေမယ်ထင်တယ်”

စစ်သာဖြစ်ရင် ရန်သူ့သစ္စာခံတာဖြစ်သွားမယ်ဆိုပေမယ့် ကံကောင်းတာက လောလောဆယ်အခြေအနေဟာငြိမ်းချမ်းနေပါသေးတယ်။ဘယ်လိုဖြစ်လာမလဲအပေါ်မူတည်ပြီး စစ်တပ်ကထွက်ပြီးအငြိမ်းစားယူဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်သေးပါဘူး။

“ပြသနာကစစ်ပွဲပဲ”

Markညည်းညူလိုက်ပါတယ်။ဒါကြောင့်ပဲ သူတို့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုမချနိုင်ကြသေးတာပါ။စစ်ပွဲစတော့မယ်ဆိုတာသေချာသလောက်ရှိနေပြီဖြစ်ပြီး ဒီနေရာကလည်းစစ်တလင်းဖြစ်လာနိုင်ခြေများပါတယ်။အဲ့လိုသာမဟုတ်ရင် သူတို့ပြည်ဝင်ခွင့်ခိုလှုံပြီးနေတာကြာပပြီ။

“ဘယ်ဘက်ကနိုင်လောက်မယ်ထင်လဲ”

“အဲ့တာထက် ငါတို့ကိုဒီမြို့ကိုတိုက်ခိုက်ဖို့အမိန့်ပေးလာရင် ဘာဆက်လုပ်ကြမလဲ”

၃ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပါတယ်။သူတို့စောစောကအရသာခံစားနေကြတဲ့အစားအသော်ကတွေတောင် စားမကောင်းတော့သလိုဖြစ်သွားကြပါတယ်။သူတို့အဲ့လိုမလုပ်နိုင်ရတာ အကြောင်းပြချက်၂ချက်ရှိပါတယ်။သူတို့ဒီမြို့မှာ အနည်းငယ်ပဲနေသွားတာဆိုပေမယ့် ဒီမြို့ကိုတော်တော်လေးခင်တွယ်လာမိပါပြီ။ဒီမြို့ကြီးပျောက်ကွယ်သွားရင်ဆိုတဲ့အတွေးက သူတို့ကိုနာကျင်စေပါတယ်။နောက်ထပ်အကြောင်းပြချက်တစ်ခုရှိပါသေးတယ်။ဝင်္ကပါထဲကဘော့စ်တွေကိုကြည့်တာနဲ့ ဒီမြို့အတွင်းမှာအရမ်းသန်မာတဲ့သူတွေရှိနေတယ်ဆိုတာသိနိုင်ပါသေးတယ်။

“သဘာဝအရ အရေးကြီးတဲ့ဌာနတွေကိုကာကွယ်နေတဲ့အစောင့်အရှောက်တွေက သေချာပေါက်သန်မာနေရမှာမဟုတ်လား။ဒါပေမယ့် ဒီတိုင်းပြည်ရဲ့စစ်အင်အားက အင်ပါယာရဲ့စစ်အင်အားထက်နိမ့်လို့လား။အဲ့တာကိုသေချာလေး‌တွေးယူရမယ်”

Shinjiအကြောင်းပြလိုက်ပါတယ်။

“ငါတွေးနေတာလည်းအဲ့တာပဲ။မိစ္ဆာဘုရင်Rimuruနဲ့တင် တခြားအဆင့်ကိုရောက်နေမှာ”

Markသဘောတူသလိုညည်းလိုက်ပြီး...

“အရင်တုန်းက မိစ္ဆာနဂါးကြီးတစ်နိုင်ငံလုံးကိုပြာချဖူးတယ်ဆိုတာ ကောလဟာလ‌တော့မဖြစ်နိုင်ဘူး။Wight Kingတောင်အဲ့လိုလုပ်နိုင်စွမ်းရှိမယ်ထင်တယ်”

Shinjiခေါင်းညိမ့်လိုက်ပါတယ်။အရိုးသားဆုံးပြောရရင် ဒီနိုင်ငံကမွန်းစတားတွေကလည်း အလားတူကပ်ဘေးတွေစိုက်သွားနိုင်အောင်လုပ်နိုင်ပါတယ်။

“ငါ့ယူဆချက်သက်သက်ဆိုပေမယ့် နတ်ဆိုးထိပ်ခေါင်တွေကလည်း နျူကလီးယားမှော်တွေသုံးနိုင်တယ်ထင်တယ်၊နောက်ပြီး အဲ့အစွမ်းကငါတို့ကမ္ဘာပေါ်က နျူကလီးယားလက်နက်တွေလောက်စွမ်းအားပြင်းလောက်မယ်”

“ငါလည်းအဲ့လိုပဲထင်တယ်။ငါတို့သိထားတာ စစ်ပွဲဆိုတာအရေအတွက်ပေါ်မှာမူတည်တယ် လို့ဆိုကြပေမယ့် ဘော့စ်တွေကိုအရေအတွက်များတိုင်းလည်းနိုင်တာမှမဟုတ်ပဲ”

“ငါတို့နဲ့အဆင့်တူတဲံစစ်သည်တော်တွေ ဒါဇင်နဲ့ချီရှိနေရင်တောင် နိုင်ဖို့မသေချာသေးဘူး”

သူတို့အားလုံးစိတ်ပူပင်တဲ့အကြည့်တွေနဲ့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြန်ပါတယ်။အဲ့အချိန်မှာပဲ Gadraသူတို့ကိုအတွေးကွန်ရက်ကနေဆက်သွယ်လာပါတော့တယ်။

.

Next>>>>>

#crd_to_Fuse

#Dva


Recommendation

Discussion