- Chapter 375

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၇၅)...Wight King

ပြင်းထန်တဲ့တိုက်ပွဲကမစခင်ပဲပြိးသွားခဲ့ပါတော့တယ်...လို့ပြောချင်ပေမယ့် ပြီးဆုံးသွားတဲ့ပုံကအရမ်းကိုမြန်ဆန်လွန်းတာကြောင့် ကျွန်တော်ဘာပြောရမှန်းတောင်မသိတော့ပါဘူး။သူတို့တိုက်တာကိုကြည့်ရင်းပျင်းလာရင် ဆော့ရအောင်ထုတ်ထားတဲ့ဖဲချပ်တွေကိုလည်း နည်းနည်းလေးတောင်မသုံးလိုက်ရပါဘူး။Adalmannတစ်ယောက် ကျူးကျော်သူတွေကိုအမှောက်သိပ်လိုက်တာနဲ့ တိုက်ပွဲကအဆူံးသတ်သွားပါတော့တယ်။လုံးဝကိုပြတ်ပြတ်သားသကြီးအနိုင်ယူသွားတာပါ။ကျူးကျော်သူတွေကလည်းပျော့ညံ့သူတွေလည်းမဟုတ်ကြပါဘူး၊နေမကောင်းကြတာလည်းမဟုတ်သလို ဒဏ်ရာလည်းမရထားကြပါဘူး။တကယ်က သူတို့ရုပ်ပိုင်းဆိုင်ရာအခြေအနေကအမြင့်ဆုံးမှာရှိနေပြီး အားလုံးကလည်းတက်တက်ကြွကြွရှိနေကြတယ်ဆိုပေမယ့် Adalmannနဲ့သူ့လူတွေကသာပြတ်ပြတ်သားသားအနိုင်ယူပြသွားတာပါ။ဒီတစ်ကြိမ်ရောက်လာတဲ့စိန်ခေါ်သူတွေကလည်း တော်တော်သန်မာကြသူတွေပါပဲ။အားလုံးကိုကျွန်တော်စိစစ်အကဲခတ်ကြည့်လိုက်ပြီးနောက်မှာတော့ သူတို့အားလုံးကAdalmannထက်သန်မာကြကာ အဆင့်Aအထက်မှာရှိနေကြပြီး အားလုံးမှာလည်းပြိုင်ဘက်ကင်းskillတစ်ခုဆီရှိနေကြပါတယ်။

Shinjiမှာ [Healer]လို့ခေါ်တဲ့ပြိုင်ဘက်ကင်းskillတစ်ခုရှိပြီး ပိုးမွှားတွေကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိပါတယ်။သက်ရှိတွေနဲ့တိုက်ခိုက်တဲ့အခါ သူ့ကြည့်ရတာရန်သူကိုအတွင်းထဲကနေတိုက်ခိုက်တဲ့ပုံပါပဲ။သူ့မှာ Viral poisonလို့ခေါ်တဲ့လေထဲကပိုးမွှားတွေကိုလိုသလိုစုစည်းထိန်းချုပ်ပြီးတိုက်ခိုက်နိုင်စွမ်းလည်းရှိပါသေးတယ်။ပြောရရင် တော်တော်ထူးခြား‌တဲ့အစွမ်းတစ်ခုပါ။အဲ့လိုသာဆို သက်ရှိအချင်းချင်းတိုက်ရင် သူ့ကိုဘယ်သူကနိုင်တော့မှာလဲ။မျက်လုံးကိုချည်းအားကိုးမယ်ဆိုရင် Viral Poisonကိုမျက်စိနဲ့မမြင်နိုင်တာကြောင့် Shinjiကိုအနိုင်ယူလို့မရနိုင်ပါဘူး။သေချာပေါက် ဒီပိုးမွှားတွေကိုကုသ‌တဲ့နေရာမှာလည်းသုံးလိူ့ရပါသေးတယ်။ဆေးပညာရဲ့နာနိုစက်လေးတွေလိုပါပဲ။တော်တော်လေးကျယ်ပြန့်ပြီးအသုံးဝင်တဲ့skillတစ်ခုပါ။

နောက်တစ်ယောက်က Markနဲ့ သူ့ပြိုင်ဘက်ကင်းskill [Thrower]ပါ။သူ့လက်ထဲမှာရှိတာဘာကိုမဆိုပစ်လို့ရနိုင်အောင်လုပ်ပေးတဲ့skillဖြစ်ပြီး မွန်းစတားတွေနဲ့တောင်ပစ်ပေါက်နိုင်တာကိုကြည့်ရရင် သူ့skillကမလို့ရတာမှန်သမျှအကျုံးဝင်တဲ့ပုံပါပဲ။မြေဆွဲအားထိန်းချုပ်မှော်နဲ့သာပေါင်းစပ်လိုက်ရင် သူ့ပစ်အားကသာမန်တွေ့နေကြပစ်အားတွေထက်ပိုအားကောင်းသွားပါတော့တယ်။တစ်ယောက်ချင်းဆီကိုထက် အများနဲ့ရင်ဆိုင်တဲ့နေရာမှာပိုထိရောက်ပါတယ်။နောက်ဆုံးကတော့ Xinရဲ့အဘက်ဘက်ကအသူံးဝင်တဲ့skillပါ။ပြိုင်ဘက်ကင်းskill [Observer]မှာ 'Instinctual Avoidance','Danger Detection','Trap Detection','Monster Detection' နဲ့ 'Presene Detection' တို့ပါ။ကြည့်ရတာ Shinjiရဲ့viral Poisonကိုတောင်မြင်နိုင်တဲ့သဘောပါပဲ။သူ့ရဲ့တိုက်ရည်ခိုက်ရည်နဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာ တိုက်ပွဲအတွင်းအသက်ရှင်နိုင်စွမ်းကအရမ်းမြင့်မားသွားပါပြီ။သူကသွက်လက်ပြီးထောင်ချောက်တွေကိုလည်းမြင်နိုင်စွမ်းရှိတာကြောင့် သူကဝင်္ကပါတွေရဲ့သဘာဝရန်သူတွေလိုပါပဲ။

ဒါကတော့ကျွန်တော်သိသလောက်ပေါ့။အဲ့ဒီမိုက်မယ့်ပုံပေါ်တဲ့skillတွေကိုနောက်ကြရင် အခြေခံအဖြစ်အသုံးချရမယ်။သူတို့၃ယောက်ကတစ်ယောက်ချင်းဆီတိုင်းကအစွမ်းထက်ကြပေမယ့် ၃‌ယောက်သားပူးပေါင်းလိုက်မယ်ဆိုရင် တိုက်ရည်ခိုက်ရည်ကပိုမြင့်မားလာပါလိမ့်မယ်။သူတို့သာAdalmannကိုနိုင်သွားလည်း အံ့ဩစရာမရှိဘူးလို့တောင်ကျွန်တော်ထင်ထားမိခဲ့ပါသေးတယ်။တစ်ဖက်မှာတော့....Adalmannကလွန်ခဲ့တဲ့လအနည်းငယ်အတွင်းအရင်ကထက်တောင်ပိုသန်မာလာပါ‌သေးတယ်။အသိဉာဏ်မရှိတဲ့မွန်းစတားတွေရဲ့တိုက်ပွဲမှာတော့ ဒီလိုတိုးတက်မှုတွေကိုမမြင်ရနိုင်ပါဘူး။သူတို့ရာစုနှစ်နဲ့ချီရှင်သန်လာကြရင်တော့မပြောတတ်ပေမယ့် နှစ်အနည်းငယ်အတွင်းပြောင်းလဲတတ်တာမျိုးမဟုတ်တာသေချာပါတယ်။ဒါပေမယ့် Adalmannနဲ့Albertတို့ကြတော့...

"အမ်၊ဘာတွေဖြစ်နေတာလဲ။အဲ့၂ယောက်ကဘာလို့အဲ့လောက်တောင်သန်မာနေရတာလဲ"

နောက် အဲ့နဂါးကြီးကဘာကြီးလဲ။Adalmann,Albertနဲ့ ကျွန်တော်တစ်ခါမှမမြင်ဖူးသေးတဲ့မိစ္ဆာနဂါးကြီးတို့က ဘော့စ်အခန်းထဲမှာရပ်နေကြပါတယ်။၁၀မီတာလောက်ရှည်လျားပြီး မိစ္ဆာအငွေ့အသက်တွေလည်းဖြာထွက်နေပါတယ်။

ဘယ်ကနေဘယ်လိုဒီအကောင်ကြီးကိုရလာတာ....

ကျွန်တော့်အလုပ်ကိစ္စနဲ့ခရီးထွက်နေတုန်းဘာတွေဖြစ်သွားမှန်းတောင်မသိရတော့ပါဘူး။

"ဟီးဟီးဟီး၊နင်အံ့ဩသွားတယ်မလား။တကယ်က ငါလျို့ဝှက်ထားချင်ပေမယ့် နင်သူတို့ကိုချပ်ဝတ်တွေပေးထားလိုက်သေးတယ်မလား။အဲ့တာကြောင့် သူတို့အရမ်းပျော်သွားကြပြီး ကြိုးကြိုးစားစားလေ့ကျင့်နေခဲ့ကြတာ။ဪဪ၊ဝင်္ကပါထဲမှာmagiculesသိပ်သည်းစအရမ်းမြင့်တာကိုလည်းသိတယ်ဟုတ်?အဲ့magiculesတွေကိုစုပ်ယူပြီး Adalmannနဲ့Albertတို့အရင်အစွမ်းတွေကိုပြန်ရသွားကြတယ်"

Ramisrisကအောင်အောင်မြင်မြင်နောက်လိုက်နိုင်သူရဲ့လေသံမျိုးနဲ့ ဝံ့ကြွားစွာပြောလိုက်ပါတယ်။သူမပြောတာလည်းမှန်ပါတယ်။ဘာလိူ့ဆို Adalmannကိုအနီးကပ်စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သူ့အနေနဲ့WightကနေWight Kingအဖြစ်ကိုပြန်ပြောင်းလဲသွားမှန်းသိလိုက်ရပါတယ်။သူ့ပုံစံကအရင်လိုတောက်တောက်ပြောင်ပြောက်တွေဝတ်ထားတဲ့အရိုးပဒေသာလိုကြီးပဲဖြစ်နေတာကြောင့်သူ့မှော်အစွမ်းတွေကြီးကြီးမားမားမြင့်တက်သွားတာကိုကျွန်တော်သတိမထားလိုက်မိတာပါပဲ။အဲ့အချိန် Albertကတော့Death Knightအဆင့်ကိုတောင်ကျော်ချသွားပြီး အဆင့်မြင့်မွန်းစတားတစ်မျိုးဖြစ်တဲ့ Death Paladinအထိဆင့်ကဲပြောင်းလဲသွားပါတော့တယ်။

"Wight Kingတွေနဲ့Death Paladinတွေဆိုတာ နတ်ဆိုးထိပ်ခေါင်တွေနီးပါး magiculesများပြားတယ်"

"ဂါးဟားဟားဟား။ငါ့ကောင်လေးတွေက သူတို့နည်းသူတို့ဟန်နဲ့အသုံးဝင်နိုင်အောင်ကြိုးစားနေကြတာပဲကိုး"

သူတို့ကလွယ်လွယ်နဲ့ဆင့်ကဲပြောင်းလဲသွားကြတယ်ဆိုပေမယ့် ကျွန်တော်ထင်ထားတာထက်ပိုအစွမ်းထက်လာကြတာတော့အမှန်ပါပဲ။

"ဒါဆို အဲ့နဂါးကဘာကြီးလဲ"

"ဘာ၊နင်မသိဘူးလား။အဲ့တာ Adalmannရဲ့အိမ်မွေးတိရစ္ဆာန်ဆိုတာလေ"

သူ့အိမ်မွေးတိရစ္ဆာန်?ဟမ်း...ပြောကာမှ Adalmannတစ်ယောက်အိမ်မွေးတိရစ္ဆာန်မွေးချင်တဲ့အကြောင်း ကျွန်တော့်ကိုပြောဖူးသလိုပဲ။ဒီလိုကြောက်စရာနဂါးကြီးဖြစ်နေမယ်လို့မှန်းသာမသိရတာ

နဂါးကတော့ သေပြီးသားမွန်းစတားတွေနဲ့ဖွဲ့စည်းထားတဲ့ Death Dragonပါ။Shunaနဲ့တခြားသူတွေကရင်းနှီးနေကြတာကြောင့် သူတို့ကကျွန်တော်သိပြိးလောက်ပြီထင်နေကြတာပါ။ကျွန်တော့်အမှားပဲဆိုရမှာပေါ့။ReCoCo(Report,Communicate,Consult)တို့ကဘယ်လောက်အရေးကြီးလဲတဖန်ပြန်လည်နားလည်သွားရပြန်ပါတယ်။

ဆိုတော့ အဓိကအချက်ကိုသွားရအောင်။တိုက်ပွဲဘယ်လိုဖြစ်သွားသလဲဆိုတာပေါ့။ပြောစရာများများစားစားတော့မရှိပါဘူး။Adalmannကသူ့ပလ္လင်အပေါ်မှာကျကျနနထိုင်နေပြီး Death Dragonကဘယ်ဘက်မှာလှဲလျောင်းနေပါတယ်။Albertတစ်ယောက်သာရှေ့ထွက်လာပြီး အားလုံးကိုအနိုင်ပိုင်းပစ်လိုက်တာပါ။Markဆိုရင် Mino's Bardicheရဲ့အစွမ်းအစစ်တွေကိုတောင်ပြဖို့အချိန်မရှိလိုက်ရပါဘူး။Albertကအဆင့်တူလက်နက်ဖြစ်တဲ့ ပြိုင်ဘက်ကင်းအဆင့် ကျိန်စာဓားနဲ့ကာလိုက်ပြီး သူ့ကိုထက်ပိုင်းခုတ်ချလိုက်ပစ်တာပါ။ဒါကိုမြင်လိုက်ရတဲ့Xinကြောင်သွားတာကြောင့် စက္ကန့်ပိုင်းလောက်သတိလွတ်သွားပါတယ်Albertကအဲ့လိုအခွင့်အရေးမျိုးကိုလက်လွတ်မခံတဲ့သူဖြစ်တာကြောင့် နေရာကနေဝါးပြီးပျောက်သွားသလို လျှပ်စီးအရှိန်နဲ့တိုက်ခိုက်လိုက်ပါတယ်။အဲ့လိုပဲ Xinလည်းMarkလိုအလွယ်တကရှုံးနိမ့်သွားပါတော့တယ်။

"ဟမ်?!!"

မနေနိုင်ပဲ Shinjiထအော်လိုက်ပြီး Albertကိုမြင့်မြတ်မှော်တစ်မျိုးဖြစ်တဲ့ Holy Cannonနဲ့ဆက်တိုက်ပစ်လိုက်ပါတယ်။မြင့်မြတ်သူရဲကောင်းတွေကအဲ့လိုမှော်တွေကိုသူံးတဲ့နေရာမှာကျွမ်းကျင်ကြပါတယ်၊ဒါပေမယ့်လူတိုင်းက‌‌တော့သူတို့လောက်မသူံးနိုင်ကြပါဘူး။သူစာရင်းပေးတုန်းကဒါကိုထည့်သွင်းမဖော်ပြခဲ့တာကြောင့်ဒါကသူ့ရဲ့ဝှက်ဖဲဖြစ်ပါလိမ့်မယ်။ဒိမန္တန်ကအမြန်ပစ်နိုင်တဲ့အစွမ်းအပေါ်အခြေခံထားတာကြောင့် သူ့ပစ်ချက်ကAlbertအပေါ်တိုက်ရိုက်ထိသွားပါတယ်။ရှောင်ရင်လွတ်နိုင်တာကြောင့် ALBERTပေါ့လျော့သွားတယ်လို့ထင်ခဲ့မိပေမယ့် မှားသွားခဲ့ရပြန်ပါပြီ။Albertမရှောင်တာကနဂိုကတည်းကရှောင်ဖို့ကိုမလိုအပ်လို့ပါပဲ။

"မဖြစ်နိုင်ဘူးးးး"

Shinjiအော်လိုက်ချိန်မှာပဲ Albertရဲ့ဓားက၂ပိုင်းဖြတ်လိုက်ပါတော့တယ်။တိုက်ပွဲကဒီနေရာမှာတင်ပြီးသွားခဲ့ပါတယ်။

နေစမ်းပါဦး၊Albertကမသေမျိုးလေ၊မြင့်မြတ်အစွမ်းကိုသူကြောက်ရမှာမဟုတ်ဘူးလား

သူများတွေလည်းကျွန်တော့်လိုပဲတွေးကြမှာပါပဲ။ကျွန်တော်တို့‌‌တွေးတာလည်းမှားမှမမှကြတာ၊ဒါဆို ဘာလို့Albertကဘာမှမဖြစ်ရတာလဲ။အဖြေကတော့ Adalmannရဲ့ဝှက်ဖဲ အပိုskill[Holy-Demonic Reversal]ကြောင့်ပါပဲ။

<တင်ပြချက်...'Holy-Demonic Reversal'ဆိတာ ပုဂ္ဂိုလ်Adalmannဖန်တီးထားတဲ့skillတစ်ခုပါပဲ။ဒီskillရဲ့အစွမ်းနဲ့ မြင့်မြတ်မှော်နဲ့မိစ္ဆာမှော်တို့ရဲ့သက်ရောက်မှုတို့ကိုနေရာပြောင်းနိုင်ပါတယ်>

အဲ့skillကိုသုံးလိုက်တာကြောင့် Albertကနတ်ဆိုးမှော်အစွမ်းကနေမြင့်မြတ်ဂုဏ်သတ္တိအဖြစ်ပြောင်းသွားပါတယ်။သူ့ချပ်ဝတ်တွေကနည်းနည်းလေးမှမပြောင်းလဲသွားသလို သူကမသေမျိုးဖြစ်တယ်ဆိုတဲ့အချက်ကလည်းမပြောင်းလဲသွားပါဘူး။ဒါကြောင့် ချပ်ဝတ်အတွက်လည်းစုပ်ယူစရာအသက်စွမ်းအင်တွေမပေါ်လာတော့ပါဘူး။ဒီလိုဂုဏ်သတ္တိတွေကိုလိုသလိုပြောင်းလဲနိုင်တာ တော်တော်မိုက်ပြီးလန်ထွက်နေတဲ့skillပဲ။နောက်ပြီး ကိုယ့်ဘက်ကလူကိုပစ်မှတ်ထားသုံးတာကြောင့် သူ့skillကိုပြန်တန်ပြန်မှာကိုလည်း Adalmannစိတ်ပူနေဖို့မလိုတော့ပါဘူး။"မြင့်မြတ်မသေမျိုး" ဆိုတာဟာသကြီးလို့ထင်ခဲ့မိပေမယ့် Adalmannရဲ့"Holy-Demonic Reversal"ကအဲ့လိုမဟုတ်ကြောင်းသက်သေပြနေခဲ့ပါတယ်။Adalmannနဲ့သူ့လူတွေကသေပြီးရုပ်ကြွင်းတွေဖြစ်တာကြောင့် ဂုဏ်သတ္တိတိုက်ခိုက်မှုတွေက်ုခံနိုင်ရည်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာတိုက်ကွက်တွေကလည်း သူတို့အပေါ်မသက်ရောက်ပါဘူး။အခုဆို သူတို့ကအကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့ မြင့်မြတ်သတ္တိကိုတောင်အံတူနိုင်သွားပါပြီ။ဒီလောက်ဆိုသာမန်စိန်ခေါ်သူတစ်ယောက် မကိုင်တွယ်နိုင်တဲ့အခြေအနေကိုရောက်သွားပါပြီ။ကျွန်တော်သူတို့ကိုသင်ပေးထားတဲ့မှော်ကိုတောင်သုံးဖို့မလိုပဲ Adalmannတို့နိုင်သွားကြပါတယ်။အဲ့လောက်ထိလွယ်လွယ်လေး Shinjiနဲ့သူ့လူတွေအနိုင်ပိုင်းခံလိုက်ရပြီး အလင်းမှုန်တွေအဖြစ်နဲ့ပျောက်ကွယ်သွားကြပါတော့တယ်။

.

Next

#crd_to_Fuse

#Dva


Recommendation

Discussion