- Chapter 374

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၇၄)... Immortal King

ဒီလိုနဲ့ ၃ရက်ကြာသွားခဲ့ပါတယ်။Veldora, Ramirisနဲ့ကျွန်တော်တို့က Shinjiနဲ့သူ့အဖွဲ့ရဲ့တိုးတက်မှုတွေကိုပျော်ပျော်ကြီးစောင့်ကြည့်နေကြပါတယ်။မဟုတ်ဘူးနော်၊သူတို့စွမ်းဆောင်ရည်အပေါ်အခြေခံပြီး ဝင်္ကပါကိုပြန်ပြုပြင်ဖို့မဟုတ်ဘူးနော် သိရဲ့လား။သူတို့ကိုကြည့်လေ၊သူတို့တိုက်ခိုက်တာကိုအားကျရုံပဲရှိတာပါ။Diabloကတော့အခန်းထောင့်မှာစာဖတ်နေရင်း Shionကတော့Shunaဆီကနေအချိုပွဲလုပ်နည်းကိုသင်နေပါတယ်။Shunaကကျွန်တော်တို့ကိုလက်ဖက်ရည်တွေငှဲ့ပေးလိုက်ပါတယ်။ဒီနေ့ ကျွန်တော်တို့ပန်းသီးအရသာလေးရောထားတဲ့ black teaကိုသောက်နေကြတာပါ။

"စကားမစပ် Rimuru...မင်းပြောတော့ ဟို၃ယောက်ကငါးစာဟပ်သွားတာဆို?အဲ့တာဘာအဓိပ္ပာယ်လဲ"

ရုတ်တရက်ကြီး Veldoraထမေးလာပါတယ်။

အင်း...ဘာများပါလိမ့်။ဪ၊လွန်ခဲ့တဲ့၃ရက်တုန်းကပြောခဲ့တာပဲ။လျစ်လျူမရှုလိုက်ချင်ပေမယ့်လည်း မေးနေတဲ့သူကVeldoraဖြစ်နေတော့လည်း...

"စိတ်မပူစမ်းပါနဲ့"

"အဲ့လိုကြီးငါ့ကိုအေးစက်စက်ကြီးမလုပ်ပါနဲ့ကွ၊ပြောပြစမ်းပါ"

ဒိလိုကိစ္စမျိုးကသူ့အတွက်တော့အများအားဖြင့် တစ်ဖက်နားကဝင်၊တစ်ဖက်နားကထွက်ဖြစ်တတ်ပေမယ့် ဒီနေ့တော့ထူးထူးဆန်းဆန်းအတင်းတွေဖြစ်နေပါ့လား။အာ၊ထားပါတော့လေ။

"အို၊ငါမင်းကိုပြောပြမယ်၊တကယ်က..."

ကျွန်တော်Veldoraကိုရှင်းပြလိုက်ပါတော့တယ်။

"ငါးစာဟပ်တယ်"ဆိုတာတင်စားပြောတာကော၊တကယ်ဖြစ်နေတာကောပါပဲ။ကျွန်တော်တို့အရေးပေါ်အခြေအနေလေ့ကျင့်ခန်းတွေလုပ်ခဲ့ပါတယ်။အကြံကတော့ မဖြစ်နိုင်တဲ့ကိစ္စဖြစ်တဲ့ မြို့တစ်မြို့လူံးကို Dungeonထဲထည့်ဖျောက်ထားဖို့ပဲဖြစ်ပါတယ်။Ramirisရဲ့ကိုယ်ပိုင်skill [Mazecraft]ကတကယ်အံ့ဩဖို့ကောင်းတဲ့အစွမ်းပါ။အထပ်တွေကိုရှင်းလို့ရတာတော့သိပေမယ့် မြေပြင်ပေါ်ကမြို့ကြီးတစ်မြို့လုံးကိုတောင် အထပ်တစ်ထပ်ထဲမှာထည့်ဖျောက်လို့ရတာကတော့အတော်အံ့ဩဖို့ကောင်းပါတယ်။တစ်ခါထည့်ဖျောက်ပြီးရင် နောက်ထပ်၂၄နာရီအတွင်းပြန်ပေါ်လာအောင်လုပ်လို့မရဘူးဆိုပေမယ့် ရေနဲ့လေအတွက်တော့စိတ်ပူစရာမရှိပါဘူး။တကယ်က နေရောင်ခြည်တောင်ရနေပါသေးတယ်။မြို့နေလူထုတွေအတွက် စိတ်ဖိအားတွေလည်းသက်ရောက်မှုရပုံမပေါ်ကြပါဘူး။သေချာပေါက် ဒီလိုလုပ်ဖို့စွမ်းအင်အရင်းအမြစ်တွေအရမ်းလိုတယ်ဆိုပေမယ့် ဒီနေရာမှာမျက်နှာပွင့်လန်းမယ့်သူကတော့ Veldora-sanပါပဲ။အဲ့တာကြောင့်ပဲ စစ်ပွဲဖြစ်ရင်မြို့ကိုထည့်ဖျောက်ထားချင်တာပါ။ကျွန်တော်တို့မကြာခဏလေ့ကျင့်ဖြစ်ကြပြီး ဒီကိစ္စကအံ့ဩဖို့ကောင်းလောက်အောင်စပိုင်တွေကိုဆွဲဆောင်နိုင်မှန်းသိခဲ့ပါတော့တယ်။မြေပြင်ပေါ်မှာ ဝင်္ကပါထဲကိုဝင်တဲ့တံခါးပေါက်ကြီးတစ်ခုပဲကျန်ခဲ့တာကြောင့် မျက်ခုံးပင့်ချင်စရာတွေဖြစ်သွားတယ်ပေါ့ဗျာ။သေချာပေါက် သူတို့စူံစမ်းရေးလုပ်ကြမှာပဲလေ။ဒါကBenimaruအပါအဝင်တခြားသူတွေနဲ့အစည်းအဝေးလုပ်ပြီးမှ ရလာတဲ့အကြံပါပဲ။

"ဟုတ်တယ်နော်။ဆရာကြောင့်ပဲ ငါလည်းအစွမ်းတွေတိုးလာရတာ။အကူအညီဖြစ်လို့ဝမ်းသာပါတယ်ရှင်"

"ဟူးဟူးဟူး၊ဒီလိုကိုး။ငါ့ကျေးဇူးကြောင့်ပေါ့လေ"

Veldoraရယ်လိုက်ပြီး ချီးမွမ်းခံချင်တဲ့အခါသူလုပ်လေ့ရှိတဲ့ခွေးပေါက်လေးတွေလိုမျက်လုံး‌တွေနဲ့ကျွန်တော့်ကိုကြည့်လိုက်ပါတယ်။နည်းနည်းတော့ခံပြင်းမိပေမယ့် သူသာမပါရင်လည်း ကျွန်တော်တို့ဒါတွေလုပ်နိုင်မှာမဟုတ်ဘူးလေ။

"အင်း၊မင်းတော်တော်လေးအကူအညီဖြစ်ခဲ့ပါတယ် Veldora-san"

"ဂါးဟားဟားဟားဟား၊ဟုတ်တယ်မလား။မင်းတို့အားလုံးကြားတယ်ဟုတ်။ဒါဆိုရင် အဲ့ကိတ်လေးငါ့ကိုပေးပါလား"

ဘာလို့ပေးရမှာလဲ။ဒါငါနောက်ကျမှအေးဆေးစားဖို့သိမ်းထားတာကွ

"ကျွန်တော့်ကိတ်ကိုစားလိုက်ပါ"

အိုး...ကျေးဇူးတင်လိုက်တာ Diabloရယ်

"တောင်းပန်တယ်ကွာ"

ကျွန်တော်တောင်းပန်လိုက်ပါတယ်။

"မဟုတ်တာ၊မဟုတ်တာပါပဲ။အနည်းဆုံးအရှင့်အတွက် ကျွန်တော်လုပ်ပေးနိုင်တာလေးပါ အရှင်Rimuru"

Diabloကျွန်တော့်ကိုဖြောင်းဖြလိုက်ပါတယ်။အရမ်းအားကိုးရတာပဲ၊သူ့ကြင်နာတတ်မှုကိုမှတ်ထားရဦးမယ်

ကိတ်ကိုစားသုံးရင်း ကျွန်တော်ဖန်သားပြင်ကိုကြည့်လိုက်ပါတယ်။စိန်ခေါ်သူတွေအထပ်၆၀မြောက်ကိုစိန်ခေါ်ဖို့ပြင်‌နေကြပါတယ်။

"သူတို့ကစပိုင်တွေမှန်းသိထားတော့ ဖမ်းထားလိုက်တာမကောင်းဘူးလား"

"နေဦး၊သူတို့ဘယ်လောက်သန်မာကြလဲငါသိချင်သေးတယ်။ဘယ်အထိသွားနိုင်ကြလဲဆိုတာကိုပေါ့။သူတို့ကို‌ဆုချရတာတော့နည်းနည်းမကျေနပ်ပေမယ့် တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတာကြောင့် လွှတ်ထား‌သေးလို့ရလောက်ဦးမှာပါ"

အဆိုးဆုံးအခြေအနေရောက်လာရင်တော့ သူတို့ကိုဖမ်းပြီးပိုက်ဆံတွေပြန်တောင်းရမှာပါ။သူတို့ကိူရက်ရက်ရောရောပေးထားတယ်လို့အထင်ရောက်စေပြီးမှ အဲ့အချက်ကိုအခွင့်ကောင်းပြန်ယူမှာပါ။

"မင်းကတော့အမြဲတမ်းအံ့ဩဖို့ကောင်းနေတာပဲ Rimuru"

"ညစ်ပတ်ပေမယ့် ဉာဏ်ကောင်းတယ်လို့ပြောရမယ်"

Veldoraနဲ့Ramirisတို့ကျွန်တော့်ကိုချီးကျူးလိုက်ကြပေမယ့် ဘာလို့မှန်းမသိကျွန်တော်ပျော်မနေခဲ့ပါဘူး။Shunaကတော့ကျွန်တော်တို့ကိုကြည့်နေပါတယ်။

"ဒါပေမယ့် ကြည့်ရတာငါတို့ရှုံးသွားတဲ့ပုံပဲ။စစချင်းမှာတင် Mino's Bardicheကပေါ်လာလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။မြင့်မြတ်လက်နက်ဆိုတော့ မသေမျိုးတွေသတိထားဖို့တော့လိုအပ်လိမ့်မယ်"

"ပထမကျိန်းသေကျမယ်လို့မထင်ထားခဲ့တာ ငါတို့တစ်ကွက်လိူသွားတာပဲပေ့ါ"

အထပ်၆၀ရဲ့ဘော့စ်ကAdalmannပါ။သူWight Kingဘဝတုန်းကလိုမျိုးလာစိန်ခေါ်တဲ့သူတွေကို ပြန်တိုက်ခိုက်နိုင်အောင် သူ့ကို"Immortal King"ဂုဏ်ပုဒ်ပေးထားပါတယ်။Adalmannရဲ့စွမ်းအားတွေက စစ်တပ်ကိုဦးစီးတဲ့အခါမှာပိုတောက်ပလာတတ်ပါတယ်။သူတစ်ယောက်တည်းသာဆိုရင် Bovixနဲ့Equixတို့ထက်တောင် အားနည်းပါ‌‌သေးတယ်။ဒီတစ်ကြိမ်တော့စိတ်ပျက်စရာတွေဖြစ်လာတော့မယ်လို့ခံစားနေရပါတယ်။နောက်ပြီး Adalmannကwightဖြစ်တာကြောင့် မြင့်မြတ်နဲ့အလင်းဒြပ်တွေကိုကြောက်ရပါသေးတယ်။Markသာ Mino's Bardicheကိုသုံးနေသရွေ့ Adalmannရဲ့နိုင်နိုင်ခြေကအရမ်းနိမ့်ပါးနေပါတယ်။ဒါပေမယ့် သူ့ကိုတော့ကျွန်တော်အကြံတွေအများကြီးပေးထားပါတယ်၊ပြောရရင်အဲ့အထပ်တစ်ခုလူံးက ထောင်ချောက်တွေနဲ့ပြည့်နှက်နေတာပါ။ဘော့စ်ရဲ့တစ်ကိုယ်တော်အစွမ်းကသိပ်မကောင်းတာကြောင့် သူတို့ကြောက်တဲ့လက်နက်မျိုးကို စိန်ခေါ်သူတွေဆီပေးထားလည်းဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားမိခဲ့တာပါ။Adalmannကိုချောက်ချသလိုဖြစ်သွားတာပဲ။ဝမ်းနည်းစရာကောင်းတာက သူတောင်၃ယောက်သားကိုမတားဆီးနိုင်တော့ဘူးပေါ့လေ။အင်း၊ကျွန်တော့်အမှားဆိုပေမယ့် သူခွင့်လွှတ်ပေးနိုင်ပါစေ လို့ပဲမျှော်လင့်ရတော့မှာပါပဲ။ဒီတစ်ကြိမ်တော့ ကျွန်တော့်မျှော်လင့်ချက်တွေကိုဖယ်လိုက်ပြီး အထပ်၇၀ဘော့စ်ကိုတိုက်တဲ့နေရာကိုပဲ အားကိုးလိုက်ကြ‌တာပေါ့။

......

"Immortal King" Adalmannသူ့ပိုင်နက်ထဲကျူးကျော်သူတွေဝင်လာတာကိုသတိထားမိလိုက်တာကြောင့် သူ့ရဲ့အသားမရှိတဲ့နှုတ်ခမ်းတွေကနေအပြုံးတစ်ပွင့်ပေါ်လာပါတယ်။မေးရိုးတွေတင်းကြပ်သွားပြီး သွားအချင်းချင်းထိမိသွားတာကြောင့် ဂျွတ်ကနဲအသံတိုးတိုးလေးတစ်ခုကိုကြားရနိုင်ပါတယ်။ပြောရခက်ပေမယ့် အခုသူ့အရိုးခေါင်းခွံကြီးက တောက်ပစွာပြုံးနေသလိုပါပဲ။

"ပျော်နေတဲ့ပုံပဲ Adalmannအရှင်"

ဒီအသံပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ရာစုနှစ်တွေမှာကတည်းကသူယုံကြည်ရထားရတဲ့ paladinဟောင်း Albertပါပဲ။သူတို့အတူတူထောင်ချောက်ထဲရောက်ပြီးမသေခင်ကတည်းက Albertကသူ့ကိုခစားလာခဲ့တာပါ။Adalmann Rimuruရဲ့အနိမ့်ဆုံးရာထူးအဆင့်ကိုဝင်တုန်းက Albertကလည်းအဆင့်နိမ့်မွန်းစတားအရိုးခြောက်ဓားသမားတစ်ယောက်အဖြစ်ဝင်ပါခဲ့ပါတယ်။အဲ့လောက်သေးနုပ်တဲ့ဖြစ်တည်မှုကိုရောက်သွားပေမယ့် ပျောက်ကွယ်သွားတာထက်တော့ပိုကောင်းပါသေးတယ်။ပုံမှန်ဆို အဲ့လိုမျိုးမွန်းစတားတွေက စကားမပြောနိုင်ကြပါဘူး။ဒါပေမယ့် အခုAlbertက စကားကိုကြေညက်စွာစကားပြောနေပါတယ်၊ဘာကြောင့်လဲ။အကြောင်းပြချက်ကရှင်းရှင်းလေးပါ။အခု Albertကအရိုးခြောက်ဓားသမားလည်းမဟုတ်တော့သလို မရဏသူရဲကောင်းလည်းမဟုတ်တော့ပါဘူး။Death Paladinလို့ခေါ်တဲ့ပိုမြင့်တဲ့အဆင့်ကိုရောက်နေပါပြီ။သူကသေပြီးသားရုပ်ကြွင်းဖြစ်နေပြီး ရုပ်ခန္ဓာကိုယ်လည်းမရှိပါဘူး။ဒါပေမယ့် သူအသက်ရှင်နေတုန်းကနဲ့ဘာမှမကွာခြားသွားပါဘူး။သူ့အနားမှာပတ်ဝဲနေတဲ့အပြာရောင်Will-o-wispမီးတောက်တွေနဲ့ သာမန်ထက်ဖြူလျော့နေတဲ့အသားအရည်ကြောင့်သာ သူကသက်ရှိလူသားမဟုတ်တော့မှန်းခွဲခြားနေနိုင်ရတာပါ။Adalmannကတော့အရင်လူ့ဘဝတုန်းကခန္ဓာကိုယ်ကိုတပ်မက်နေခြင်းမရှိတော့ပဲ အခုအရိုးစုခန္ဓာကိုယ်ကိုပဲသဘောကျနေပါတယ်။Albertကတော့အဲ့လိုမဟုတ်တာကြောင့် ဘယ်လိုDeath Knightမျိုးထက်ပိုစွမ်းတဲ့ သူအသစ်ရထားတဲ့စွမ်းအားကိုသုံးပြီးmagiculesတွေနဲ့အတူ ရုပ်ခန္ဓာကိူယ်ကိုပြန်တည်ဆောက်လိုက်ပါတယ်။အရင်ဘဝတုန်းက သူ့လူပုံအပေါ်တပ်မက်စိတ်နဲ့ ဝံ့ကြွားမှုတွေရှိနေပါသေးတယ်။အခုတော့ သူကလန်းဆန်းတက်ကြွနေတဲ့လူငယ်လေးတစ်ယောက်လိုဖြစ်နေပါတယ်၊ဒါပေမယ့် သေပြီးသားလူတစ်ယောက်ကိုလန်းဆန်းတက်ကြွနေတယ်လို့ပြောတာကတော့ နည်းနည်းထူးဆန်းမယ်ထင်ပါတယ်။သူ့တစ်ကိုယ်လုံးမှာ ထူးခြားတဲ့ချပ်ဝတ်တန်ဆာတွေလည်းဝတ်ထားတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ Albertကသာမန်လူမဟုတ်ကြောင်းကိုသိနိုင်ပါတယ်။

"အမှန်ပဲ။ငါတော်တော်တက်ကြွနေတယ် Albertရေ။ဧည့်သည်တွေရောက်လာပြီထင်တယ်"

ဒါကိုကြားတော့ AlBERTလည်းပျော်ရွှင်စွာခေါင်းညိမ့်လိုက်ပါတယ်။

"ဒိလိုကိုး၊နောက်ဆုံးတော့သူတို့ရောက်လာကြပြီပေါ့လေ"

စကားအနည်းငယ်နဲ့တင်တစ်ယောက်ကိုတစ်ယောက်နားလည်နေတာကြောင့် သူတို့၂ယောက်ရဲ့ဆက်ဆံရေးကမတူညီတဲ့အဆင့်မှာမှန်းသိနိုင်ပါတယ်။

"ဟုတ်တယ်။နောက်ဆုံးတော့ သူ့အတွက်ငါတို့ကိုအသုံးဝင်ကြောင်းပြရတော့မယ့်အချိန်ရောက်ပြီ"

Adalmannပြောလိုက်ပြီး...

"ဘာလို့ဆို ငါတို့ခုလိုငြိမ်းငြိမ်းချမ်းချမ်းနေနေရတာ အရှင်Rimuruကြောင့်ပဲမဟုတ်လား။အခု ငါတို့မှာမတူညီတဲ့စွမ်းအားတွေရနေပြီဖြစ်တာကြောင့် ထပ်မှားလို့မရတော့မှန်းသိနေပြီမလား"

"ကျွန်တော်လည်းသဘောပေါက်ပါတယ်"

"ဟူးဟူးဟူး၊မလိုအပ်တဲ့သတိပေးမှုမှန်းငါလည်းသိပါတယ်။စိတ်လှုပ်ရှားနေတာကြောင့် ငါလည်းနည်းနည်းစကားများသွားတယ်ထင်ပါရဲ့"

သူတို့၁ယောက်ကိုတစ်ယောက်ကြည့်ပြီးရယ်လိုက်ကြပါတယ်။အခန်းထဲမှာ သူတို့အပြင်တခြားသတ္တဝါတစ်ကောင်လည်းရှိနေပါ‌သေးတယ်။

"ဂါးးးးးး"

ရက်စက်ကြမ်းတမ်းတဲ့ဟိန်းသံကြီးတစ်ခုက မရဏမြို့တစ်မြို့လုံးကိုပျံ့နှံ့သွားပါတယ်။

"မင်းလည်းမျှော်လင့်နေတယ်ပေါ့လေ။သိပ်ကောင်းတယ်။မင်းရထားတဲ့စွမ်းအားကိုဒီနေ့တော့ စိတ်တိုင်းကျအသူံးချလို့ရပြီ‌ပေါ့။နတ်ဘုရားကိုဘယ်လိုသစ္စာရှိရလဲအားလုံးသိအောင်ပြလိုက်ကြပါစို့"

တိတ်တိတ်လေးနဲ့သွက်သွက်လေး သူတို့ရဲ့စိတ်အားထက်သန်မှုကတစ်ခန်းလုံးအနှံ့ကိုပြန့်သွားပါတယ်။အရင်တုန်းက Adalmannတစ်ယောက်ယုံကြည်မှုတွေလုံးဝပျက်စီးသွားခဲ့ပေမယ့်လည်း အခု မိစ္ဆာဘုရင်Rimuruက သူ့ရဲ့ယုံကြည်မှုအသစ်ဖြစ်လာရပါပြီ၊သူကAdalmanရဲ့နတ်ဘုရားအသစ်ဖြစ်လာပါတယ်။

Hinataကိုခါးသီးစွာရှုံးခဲ့ပြီးရက်အနည်းငယ်အကြာမှာပဲ wight kingဘဝတုန်းကရခဲ့တဲ့မစွမ်းတွေကိုတတ်နိုင်သလောက်ပြန်ယူဖို့အချိန်အားလုံးကိုအသုံးပြုခဲ့ရပါတယ်။အဲ့လိုနဲ့ပဲ သူတောက်ပခဲ့စဉ်အချိန်တုန်းကထက်တောင် ပိုသန်မာတဲ့အစွမ်းတွေကိုရရှိလာခဲ့ပါတယ်။Adalmannရဲ့စိတ်အားထက်သန်မှုကဒိလောက်ထိကြီးမားပါတယ်။အဲ့အချိန် Rimuruကတော့ဒီယုံကြည်မှုတွေကအစွန်းရောက်နေတယ်လို့ထင်နေမိပါတယ်။ဆန့်ကျင်ဘက်ပဲ သူကတော့ "ဆော်ရီး ငါ့ကောင်တို့ရေ။ဒီတစ်ခေါက်လည်းမင်းတို့နိုင်လောက်ဦးမယ်မထင်သေးဘူး" လို့တွေးနေပြီး သူ့မျှော်လင့်ချက်တွေကိုအထပ်၇၀ဘော့စ်အပေါ်မှာတောင်ထားနေပါပြီ။ဒါပေမယ့် ကံကောင်းတာက Adalmannနဲ့Albertတို့ဒီကိစ္စကိုမသိကြသေးတာကြောင့် ‌သူတို့အရမ်းတက်ကြွနေကြပြီး အားအင်အပြည့်နဲ့ရှိနေကြပါတယ်။အထူးသဖြင့် ဒီအကြိမ်မှာတော့...မဟုတ်‌သေးဘူး၊ဒီအကြိမ်ကစပြီး သူတို့မှာရှုံးပိုင်ခွင့်မရှိတော့ဘူ။သူတို့ဆက်တိုက်နိုင်ပွဲတွေဆက်သနေရတော့မှာပါ။တက်ကြွစွာနဲ့ Adalmannနဲ့သူ့လူတွေ မကြာခင်ရောက်လာကြတော့မယ့် ရုးမိုက်တဲ့ကျူးကျော်သူတွေကိုတိုက်ထုတ်ဖို့ပြင်ဆင်နေကြပါတော့တယ်။

.

Next

.

#crd_to_Fuse

#Dva


Recommendation

Discussion