Slime - Chapter 373
Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က
Vol 12
စစ်ပွဲကြီး၏အစ
အပိုင်း(၃၇၃)...အင်ပါယာမှဧည့်သည်များ
Veldoraရဲ့ရှင်းပြချက်ကအဆင်မပြေတာကြောင့် Raphael-sanကိုအရင်dungeonကမှတ်တမ်းတွေကိုအရင်ကြည့်လိုက်ပါတယ်။ဘာတွေဖြစ်သွားမှန်းမသိပေမယ့်လို့ တော်တော်လေးတော့ထူးဆန်းသား။
သူ့အိတ်ထဲကနေဆေးထိုးအပ်ကိုထုတ်လိုက်ပြီး သူ့မိတ်ဆွေတွေကို၂ချက်လောက်ဆေးထိုးလိူက်ပါတယ်။သိပ်မကြာခင်မှာပဲ Bovixရဲ့လှုပ်ရှားမှုတွေကနှေးကွေးလာပါတော့တယ်။သူ့မှာ အခြေအနေကိုပြောင်းလဲစေနိုင်တဲ့အကျိုးသက်ရောက်မှုတစ်ခုခုရှိနေတာလား။
<အဖြေ၊အဲ့တာအဆိပ်ပါ။စမ်းသပ်စစ်ဆေးမှုအရ ပုဂ္ဂိုလ်Bovixအနေနဲ့အာရုံကြောအဆိပ်သင့်နေခဲ့ပါတယ်။တစ်ခန်းလုံးကအဆိပ်ငွေ့တွေနဲ့ပြည့်နေပြီး ကာကွယ်ဆေးထိုးထားတဲ့သူတွေသာ မသက်ရောက်တာပါ။လောလောဆယ်တော့ အာနိသင်ပြယ်သွားပါပြီ>
အာ...အဆိပ်ဓတ်ငွေ့ကိုး။ရန်သူကိုတိုက်ခိုက်ဖို့နေရာမှာတင် သုံးလိုက်တာဖြစ်ပါလိမ့်မယ်။တုံးအတဲ့Bovixကဆံပင်အညိုရောင်နဲ့လူအတွက်တော့ ပစ်မှတ်ကောင်းပါပဲ။ဒါပေမယ့် နောက်ဆုံးတိုက်ကွက်ကိုထုတ်သုံးလိုက်တာကတော့ ဓတ်ခွဲခန်းအင်္ကျီနဲ့လူပါ။သူ့အိတ်ကပ်ထဲကနေငွေရောင်တောက်ပနေတဲ့ခွဲစိတ်ခန်းသုံးဓားကိုထုတ်လိုက်ပြီး Bovixရဲ့ခြေဖနောင့်ကသွေးပြန်ကြောကိုလှီးလိုက်တာပါ။ဒီလူက၃ယောက်ထဲမှာခေါင်းဆောင်ဖြစ်ဟန်တူပါတယ်။နောက်မှာပဲအများစုနေနေရုံမကပဲ သူတို့ကိုအမိန့်ပေးနေလို့လည်းပါပါတယ်။နောက် သူကအရည်အချင်းလည်းရှိပါတယ်။ပတ်ရမ်းနေတဲ့ဆံပင်အညိုရောင်နဲ့လူနောက်ဆံတင်းတင်းပတ်ရမ်းနေနိုင်တာက ဓတ်ခွဲခန်းကုတ်နဲ့လူက အရေးကြုံလာရင်သူ့ကိုယ်သူကာကွယ်နေနိုင်မှန်းသိနေလို့ပါပဲ။သူတို့က ချောမွေ့ပြီး မျှခြေညီတဲ့အဖွဲ့ပါပဲ။
အဲ့အချိန်မှာ တံခါးခေါက်သံတစ်သံကြားလိုက်ရပါတယ်။တံခါးဖြေးညှင်းစွာပွင့်သွားပြီး Shunaဝင်လာပါတယ်။သူမလက်ထဲမှာကိုင်ထားတာကတော့ မှတ်ပုံတင်ဖောင်၃ရွက်ပါ။
"ဒါကTempestကိုဝင်တုန်းက သူတို့ပေးခဲ့တဲ့နာမည်စာရင်းတွေပါ"
အရိုအသေပေးလိုက်ပြီး Shunaကျွန်တော့်ကိုစာရွက်တွေကမ်းပေးလိုက်ပါတယ်။
Shinjee..အသက်၃၃နှစ်ရှိတဲ့မှော်ဆရာ။
Mark...အသက်၂၆နှစ်ရှိတဲ့စစ်သည်တော်။
Xin...အသက်၁၇နှစ်ရှိတဲ့မုဆိုး။
သူတို့နာမည်တွေနဲ့အလုပ်တွေကိုစာရွက်ပေါ်မှာတိုတိုတုတ်တုတ်ပဲဖော်ပြထားပါတယ်။သူတို့မွေးရပ်မြေက အင်ပါယာအတွင်းကနယ်မြို့လေးတစ်မြို့ပါ။သူတို့ပြောပုံအရ ကုန်သည်တွေဆီကdungeonအကြောင်းတွေကြားထားတာကြောင့် ဒီကိုစိန်ခေါ်ဖို့လာတယ်လို့ပြောလာပါတယ်။အင်း၊တကယ့်သောက်ပိုတွေပါပဲ။Raphael-sanကဒီ၃ယောက်သားကိုစိစစ်ပြီးသွားပါပြီ။Berettaပြောသလိုပဲ သူတို့အားလုံးမှာပြိုင်ဘက်ကင်းskillတွေရှိပါတယ်။အဲ့၃ယောက်ကပါတီဖွဲ့ပြီးအတူတူလာကြတာပါ။ဒီတော့ဒီစာပေါ်မှာရေးထားတာတွေအားလုံးကပေါက်ကရတွေမှန်းသိသာပါတယ်။သူတို့ရေးထားတဲ့အလုပ်တွေကလည်းအရမ်းသံသယဖြစ်ဖို့ကောင်းပါတယ်။မှော်ဆရာဆိုတာ မှော်အတတ်၂ခုနဲ့အထက်ကိုတက်မြောက်ထားကြတဲ့ အဆင့်မြင့်အလုပ်အကိုင်ပါ။Shinjeeကြည့်ရတာ Spiritမှော်ကော၊သဘာဝမှော်ကောတတ်မြောက်ထားတဲ့ပုံပါပဲ။စစ်သည်တော်တွေလည်းအတူတူပါပဲ၊သူတို့ဟာလက်နက်အတတ်ပညာ(သို့)လက်ဗလာတိုက်ခိုက်ရေးပညာတွေကိုတတ်ထားရပါမယ်။ပြောရရင် အခြေခံလက်နက်ပညာနဲ့ကိုယ်ခံပညာတစ်ခုကိုကျွမ်းကျင်ထားရင် လုံလောက်နေပါပြီ။ရွေးချယ်စရာလက်နက်အမျိုးအစားတွေကလည်းအများကြီးရှိပါတယ်။အနီးကပ်တိုက်ခိုက်တဲ့ဓားရေးကစလို့ မြှားပစ်ပညာကနေပြီး ဓားနဲ့ေကျာက်တုံးတွေလိုပစ်ရတဲ့ မှော်ပညာတစ်မျိုးလည်းရှိပါသေးတယ်။ကိုယ်နဲ့အသင့်တော်ဆုံးပညာတစ်ခုကိုရွေးချယ်ရမှာပါ။လက်နက်တစ်ခုကိုကောင်းမွန်းစွာရွေးချယ်တတ်မှအဲ့လက်နက်ကိုကျွမ်းကျင်အဆင့်ရောက်အောင်သုံးနိုင်မှာပါ။Markကြတော့ ကိုယ်ခံပညာရပ်မှာကော၊လှံနဲ့ပစ်ခတ်တာကော၊တိုက်ခိုက်တာကော အားလုံးကိုအစုံသုတ်ရထားတဲ့သူတစ်ယောက်ပါ။နောက်ဆုံးမှာ မွန်းစတားတွေကိုသုတ်သင်တဲ့နေရာမှာ အတော်ဆုံးလို့သတ်မှတ်ခံရသူတွေက မုဆိုးတွေပါ။သမားရိုးကျမြှားနဲ့ formhideလို့ခေါ်တဲ့အရမ်းသင်ရခက်တဲ့ပညာတစ်ခုကိုတတ်မြောက်ထားရပါတယ်။ဒါ့အပြင် Danger Detectionဆိုတဲ့ skillတစ်ခုကိုလည်းဆရာကျအောင်တက်မြောက်ထားရပါမယ်။မွန်းစတားပစ္စည်းစုဆောင်းရေးအဖွဲ့တွေအားကိုးရတဲ့သူတွေပါပဲ။ဒီလောကမှာ စူးစမ်းရှာဖွေရေးအတွက်မရှိမဖြစ်လိုအပ်ချက်တွေဖြစ်တဲ့ ထောင်ချောက်တွေနဲ့မွန်းစတားတွေကိုထောက်လှမ်းနိုင်တဲ့အစွမ်းတွေကိုပိုင်ဆိုင်သူရှားပါတယ်။ဒါကြောင့်ပဲ မုဆိုးဖြစ်နိုင်သူတွေကဘယ်လောက်ရှားသလဲဆိုရင် မုဆိုးတွေဆိုတာ မုဆိုးမျိုးနွယ်စုတွေမှာသာတွေ့နိုင်တော့တဲ့အထိပါပဲ။ဒါကြောင့် အလုပ်အကိုင်ကအခြေကျဖို့ခက်ခဲသွားပါတော့တယ်။အဲ့လိုမျိုးရှားပါးတဲ့အပြင်ဘာမှမဆိုင်တဲ့အလုပ်ပိုင်ရှင်၃ယောက်က ပါတီအဖြစ်ရောက်လာကြတယ်။ပြောရရင် သူတို့ကိုသံသယဖြစ်လှည့်ပါ လို့ပြောနေကြသယောင်ယောင်ပဲ။
"ငါးစာကိုလာဟပ်တဲ့စပိုင်တွေပဲဖြစ်ရမယ်"
ကျွန်တော်ကောက်ချက်ချလိုက်ပါတယ်။
"ဟုတ်ပါတယ်။ဒါပေမယ့် သူတို့ကသူတို့သရုပ်မှန်ကိုအဲ့လိုဘွင်းဘွင်းကြီးဖွင့်ထားပြတတ်ကြတာလား"
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့Diabloကမှတ်ချက်ပေးလိုက်ပါတယ်။ကျွန်တော်မှော်အစွမ်းစမ်းသပ်နေတုန်း သူဘေးကနေကူလုပ်ပေးခဲ့ပြီး မှော်စောင့်ကြည့်ရေးစနစ်အတွက်စမ်းသပ်နေပေမယ့် အခြအခြေအနေကြောင့်အနှောင့်အယှက်ဖြစ်သွားတဲ့ပုံပါပဲ။ဖန်သားပြင်အပေါ်မှာမြင်နေရတဲ့၃ယောက်အပေါ်မှာပဲပွဲသွားကြမ်းတော့မလားတွေးမိခဲ့ပေမယ့် အခုထိတော့အေးအေးဆေးဆေးပါပဲ။
"ဟုတ်တယ်"
ကျွန်တော်လည်းပြောလိုက်ပြီး...
"ငါလည်းအဲ့တာကိုစဉ်းစားနေတာ။ဒါကိုအာရုံလွှဲတာလို့ထင်မိပေမယ့် ခုထက်ထိတော့မြို့လုံခြုံရေးစနစ်ကအေးအေးဆေးဆေးပဲလေ"
ဒီအဖွဲ့ကတော်တော်လေးသံသယဖြစ်ဖို့ကောင်းနေတယ်ဆိုပေမယ့် သူတို့ဖောင်ဖြည့်ထားတာက အမှန်တိုင်းပြောရရင်တော်တော်လေးတိုလွန်းနေပါတယ်။ဒါပေမယ့် ထင်ယောင်မှာထင်မှားဖြစ်အောင်လုပ်ထားတာလို့လည်းထင်ရတယ်။
"Rimuru..မင်းအတွေးလွန်နေပြီ"
Veldoraကကြားဖြတ်ပြောလိုက်ပြီး...
"ရိုးသားမှုကအကောင်းဆုံးစည်းစနစ်လို့မင်းမပြောခဲ့ဘူးလား"
Ramirisကဆက်ပြောလာပြန်ပါတယ်။
"ဟုတ်တယ်။အဲ့တာကိုအသာထားပါ၊အခုဒီလူတွေကိုဘယ်လိုကိုင်တွယ်ကြမလဲအရင်စဉ်းစားစမ်းပါဦး"
အို၊မင်းတို့ပဲကောင်းတယ်၊အမြဲစိတ်လက်ပေါ့ပါးနေရောပဲ
Veldoraနဲ့Ramirisတို့အပူအပင်ကင်းပုံကိုကျွန်တော်တော်တော်လေးအားကျမိပါတယ်။အာ၊ထားလိုက်ပါတော့။အမှန်တရားကဘယ်လိုပဲဖြစ်နေနေ၊ကျွန်တော်တို့ဂရုစိုက်ရမယ်ဆိုတာတော့သေချာသွားပါပြီ။
ဓတ်ခွဲခန်းကကုတ်အင်္ကျီဝတ်ထားတဲ့ဆံပင်အနက်ရောင်နဲ့လူ၊သူ့နာမည်က အတုဖြစ်ရမယ်။Shinjiနေမှာ။ဆံပင်အညိုရောင်နဲ့Mark။သူကတော့ဘာကိုမဆိုပစ်လိူ့ရတဲ့ပုံပဲ၊လေကျည်ဆံတွေကအစ အနားမှာတွေ့တဲ့မွန်းစတားအလောင်းတို့၊ကျောက်တုံးတို့အဆုံးပဲ။ရှင်နေသေးတဲ့မွန်းစတားကိုမပြီး အရိုးခြောက်စစ်သည်တော်၂ယောက်ကိုတစ်စဆီဖြစ်သွားအောင်လှမ်းပစ်တာကိုမြင်လိုက်ပြီးလက်ဖက်ရည်သီးမလိုတောင်ဖြစ်သွားရပါတယ်။သူကတော့တကယ့်စစ်သည်တော်ပါပဲ။Mion's Bardicheကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနေပြီး သေပြီးသားဝိဉာဉ်တွေကိုတစ်ကောင်ပြီးတစ်ကောင်လိုက်တီးနေတာကိုမြင်ရတာ အတော်အံ့ဩဖို့ကောင်းပါတယ်။ဝတ်ရုံအနက်နဲ့Xinဆိုတဲ့လူမှာတော့ ထောက်ချောက်တွေကိုမြင်နိုင်တဲ့အစွမ်းရှိပါတယ်။အစက သူ့မှာDanger Detection skillရှိမယ်လို့ထင်ထားခဲ့ပေမယ့် ထောင်ချောက်ရှိတဲ့နေရာတွေတိုင်းကိုကြိုရှောင်နေတာကိုတွေ့ရတော့ သူ့ပြိုင်ဘက်ကင်းskillကျေးဇူးကြောင့်မှန်းသိလိုက်ရပါတော့တယ်။ဘာလို့ဆိုတော့ အထပ်၅ဝကိုကျော်တာနဲ့ ထောင်ချောက်တွေကမွန်းစတားတွေထက်တောင်ပိုကြောက်ဖို့ကောင်းနေလို့ပါ။မသေမျိုးမွန်းစတားတွေကအသက်ရှူဖို့မလိုတာကြောင့် အဲ့အထပ်ရဲ့အောက်စီဂျင်ဖိအားကိုမသိမသာပြောင်းလဲထားပါတယ်။အောက်စီဂျင်မရှိတဲ့ထောက်ချောက်အခန်းတွေကိုပါထားထားတာကြောင့် ခြေလှမ်းတစ်ချက်မှားတာနဲ့ အသက်ရှူကျပ်ပြီးသေသွားနိုင်ပါတယ်။ဒါတွေအပြင် အဆိပ်ရည်တွေ၊အက်စစ်စိမ့်တောတွေ၊ဆွေးမြေ့ဓတ်ငွေ့အခန်းတွေစသဖြင့်စုံလို့ပါပဲ။
တော်တော်ရက်စက်တဲ့ထောင်ချောက်တွေကစွန့်စားသူတွေကိုစောင့်နေပါတယ်၊သူတို့ခန္ဓာကိုယ်တင်မကပဲ ချပ်ဝတ်ပစ္စည်းတွေကိုပါပျက်စီးစေနိုင်လို့ပါ။သူတို့ကိုဖန်တီးထားတဲ့သူလိုအကျင့်မကောင်းတဲ့ဒိထောင်ချောက်တွေကအထပ်၅၀ကျော်လာတဲ့သူတွေကို နှောင့်နှေးအောင်လုပ်ထားဖို့ပါပဲ။ဒါပေမယ့် ထောင်ချောက်တွေကိုကြိုမြင်နေတဲ့သူအတွက်ကတော့ လုံးဝအသုံးမဝင်ပါဘူး။ဒါ့အပြင် Xinကလမ်းတွေကိုလည်းကောင်းကောင်းရွေးတတ်တာကြောင့် အထပ်တွေကြားမှာကြောင်မပျောက်တော့ပဲ အတိုဆုံးဖြတ်လမ်းတွေနဲ့သွားလာနိုင်ကြပါတယ်။ဒါပေမယ့် ဝင်္ကပါရဲ့လှည့်ကွက်တွေနဲ့ပြောင်းလဲမှုတွေကြောင့် သူနည်းနည်းနှေးနေပါသေးတယ်။သူတို့ပြင်းပြင်းထန်ထန်ဒဏ်ရာရတိုင်း ဓတ်ခွဲခန်းကုတ်နဲ့လူက ကုသပေးပါတယ်။အဆိပ်တွေကိုလည်းကုပေးနိုင်တာကြောင့် ဒီထောင်ချောက်တွေကိုသိပ်အားကိုးလို့မရတော့ပါဘူး။သူတို့၃ယောက်တည်းရှိနေကြတာဆိုပေမယ့်လည်း သူတို့တွေကဝင်္ကပါကိုအနိုင်ယူဖို့သီးသန့်များလေ့ကျင့်ထားကြတာလားလို့တောင် အထင်ရောက်စေပါတယ်။
....
ဒီလိုနဲ့ ၃ရက်ကြာသွားခဲ့ပါတယ်။Veldora, Ramirisနဲ့ကျွန်တော်တို့က Shinjiနဲ့သူ့အဖွဲ့ရဲ့တိုးတက်မှုတွေကိုပျော်ပျော်ကြီးစောင့်ကြည့်နေကြပါတယ်။မဟုတ်ဘူးနော်၊သူတို့စွမ်းဆောင်ရည်အပေါ်အခြေခံပြီး ဝင်္ကပါကိုပြန်ပြုပြင်ဖို့မဟုတ်ဘူးနော် သိရဲ့လား။သူတို့ကိုကြည့်လေ၊သူတို့တိုက်ခိုက်တာကိုအားကျရုံပဲရှိတာပါ။Diabloကတော့အခန်းထောင့်မှာစာဖတ်နေရင်း Shionကတော့Shunaဆီကနေအချိုပွဲလုပ်နည်းကိုသင်နေပါတယ်။Shunaကကျွန်တော်တို့ကိုလက်ဖက်ရည်တွေငှဲ့ပေးလိုက်ပါတယ်။ဒီနေ့ ကျွန်တော်တို့ပန်းသီးအရသာလေးရောထားတဲ့ black teaကိုသောက်နေကြတာပါ။
"စကားမစပ် Rimuru...မင်းပြောတော့ ဟို၃ယောက်ကငါးစာဟပ်သွားတာဆို?အဲ့တာဘာအဓိပ္ပာယ်လဲ"
ရုတ်တရက်ကြီး Veldoraထမေးလာပါတယ်။
အင်း...ဘာများပါလိမ့်။ဪ၊လွန်ခဲ့တဲ့၃ရက်တုန်းကပြောခဲ့တာပဲ။လျစ်လျူမရှုလိုက်ချင်ပေမယ့်လည်း မေးနေတဲ့သူကVeldoraဖြစ်နေတော့လည်း...
"စိတ်မပူစမ်းပါနဲ့"
"အဲ့လိုကြီးငါ့ကိုအေးစက်စက်ကြီးမလုပ်ပါနဲ့ကွ၊ပြောပြစမ်းပါ"
ဒိလိုကိစ္စမျိုးကသူ့အတွက်တော့အများအားဖြင့် တစ်ဖက်နားကဝင်၊တစ်ဖက်နားကထွက်ဖြစ်တတ်ပေမယ့် ဒီနေ့တော့ထူးထူးဆန်းဆန်းအတင်းတွေဖြစ်နေပါ့လား။အာ၊ထားပါတော့လေ။
"အို၊ငါမင်းကိုပြောပြမယ်၊တကယ်က..."
ကျွန်တော်Veldoraကိုရှင်းပြလိုက်ပါတော့တယ်။
.
Next
#crd_to_Fuse
#Dva