Slime - Chapter 372
Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က
Vol 12
စစ်ပွဲကြီး၏အစ
အပိုင်း(၃၇၂)...လူစွမ်းကောင်း၃ယောက်
တဖြည်းဖြည်းနဲ့သူတို့ရှာတွေ့တာတွေကိုအသေချာလေးသုံးလာနိုင်ကြပါတယ်။လိုက်လျော်ညီထွေဖြစ်တဲ့အစွမ်းကလည်း ကြောက်ခမန်းလိလိလိုပါပဲ၊တကယ်ပိရိသေသပ်တဲ့ထောင်ချောက်တွေကိုတောင် သူတို့ရှောင်ရှားလာနိုင်ကြပါတယ်။အဲ့လိုနဲ့ရှေ့တန်းကနေတိုက်ခိုက်လာတဲ့စွန့်စားသူတွေက တဖြည်းဖြည်းအောင်မြင်လာပြီး အထပ်၄၀ဆီကိုအတက်မှာပဲ လမ်းပိတ်သွားကြပါတော့တယ်။အထပ်၄၀ရဲ့ဘော့စ်မွန်းစတားက Tempestမြွေဖြစ်ပြီး A-အဆင့်ရှိပါတယ်။အရင်တုန်းက ကျွန်တော်နဲ့တွေ့ခဲ့တဲ့မြွေနက်ကြီးဖြစ်ပြီး သူ့ရဲ့အဆိပ်တိုက်ခိုက်မှုအပေါ်အရမ်းမာန်တက်နေတဲ့ကောင်ပါ။အားလူံးရဲ့လက်နက်တော်တော်များများကအဆိပ်ငွေ့တွေကြောင့်ဆွေးသွားရပြီး ကျွန်တော်တို့ဆိုင်တွေဆီငိုယိုပြေးလာကြပါတယ်။အဲ့အချိန် ကျွန်တော်တို့က Tempestရဲ့အမှတ်တံဆိပ်လက်နက်တွေကိုထုတ်ဌားရင်း နောက်တော့ သူတို့ကပုံမှန်ဖောက်သည်တွေဖြစ်လာကြပါတယ်။ကျွန်တော်တို့ဆိုင်တွေရဲ့စည်းမျဉ်းအရ "ပျက်စီးအောင်လုပ်ရင်း ပြန်ဝယ်ပြီးလျော်ရမယ်" လို့ သတ်မှတ်ထားပါသေးတယ်။ဒါတွေအားလုံးကလည်း Tempestမြွေရဲ့အကျိုးကျေးဇူးတွေကြောင့်ပါပဲ။မြွေကြီးက စိန်ခေါ်သူတွေအပေါ်သောင်းကြမ်းပြီးသကာလမှာ သူတို့ရှာတွေ့ထားတဲ့ချပ်ဝတ်တန်ဆာပလာတွေကိုပြန်ဆုံးရှုံးစေခဲ့ပါတယ်။ကျွန်တော်တို့ကိုမြိုးမြိုးမြက်မြက်ရစေတဲ့ တကယ်အားကိုးရတဲ့အံ့မခန်းအစောင့်အရှောက်ကြီး။သူရှုံးသွားတာ တကယ်နှမြောစရာပဲ။ဒါ့အပြင် သူတိူ့က အထပ်၅၀ရဲ့အစောင့်အရှောက်မွန်းစတားကိုပါ အနိုင်ယူခဲ့ပါပြီးပြီ။Masayukiတို့အုပ်စုကြတော့ နည်းနည်းညစ်ပြီးအနိုင်ယူခဲ့တာကြောင့် အခုတကယ်ကြမ်းတဲ့အဖွဲ့ပေါ်လာပြီလို့ပဲယူဆရပါမယ်။သူတို့ဆုကြေးငွေတွေအများကြီးလည်းရသွားပေမယ် သူတို့ကြောင့်ဖြစ်ပေါ်လာကြတဲ့ဆွဲဆောင်မှုတွေကြောင့် တန်တယ်ပဲပြောရပါလိမ့်မယ်။သူရဲကောင်းအသစ်တွေကတစ်နေ့ပြီးတစ်နေ့ ဝင်္ကပါထဲကိုဝင်ဝင်လာကြပြီး မယုံနိုင်စရာအမြန်နှုန်းနဲ့တိုးတက်လာကြပါတယ်။
အထပ်၅၀ကိုစောင့်ရှောက်နေကြတဲ့သူတွေကအသိဉာဏ်ရှိတဲ့မှော်ဖွားတွေပါ။ကျွန်တော် နွားဘီလူးကြီးBovixနဲ့ကျွဲဘီလူးကြီးEquixတို့ကို အလှည့်ကျနဲ့အထပ်၅၀ကိုစောင့်ရှောက်ခိုင်းထားပါတယ်။အဲ့၂ယောက်ကတိုက်ရည်ခိုက်ရည်မှာလုံးဝအချဉ်မဟုတ်ကြတဲ့ကောင်တွေဖြစ်တာကြောင့် သူတို့ကိုအနိုင်ယူသွားတဲ့သူတွေဆိုတာ တော်တော်အံ့သြဖို့ကောင်းလို့ပါပဲ။ဘာလို့ဆို ၂ယောက်သားကသူတို့အားတဲ့အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက်စိန်ခေါ်ကြပြီး တစ်ယောက်ဗျူဟာကိုတစ်ယောက်ကအမြဲတမ်းစိစစ်နေခဲ့ပါတယ်။တိုက်ပွဲမှာဗျူဟာအသစ်တွေနဲ့တိုက်ခိုက်လာတာကိုကြည့်တာနဲ့ သူတို့ဟာအရင်လိုသောင်းကြမ်းဖို့ပဲသိတဲ့ဗလကြီးတွေသက်သက်မဟုတ်တော့မှန်းသိသာပါတယ်။သူတို့အညှိုးအတေးတွေကိုမေ့ထားလိုက်ကြပြီးနောက် သူငယ်ချင်းကောင်းတွေဖြစ်လာကြပါတယ်။
အထပ်၅၀ကိုအောင်နိုင်တဲ့သူတွေအတွက် တော်တော်မက်လောက်တဲ့ဆုကြေးငွေသတ်မှတ်ထားတာကိုကျွန်တော်မှတ်မိသွားပါတယ်။ပထမတစ်ခေါက်ရှင်းနိုင်တာနဲ့ ရလာမယ့်ရတနာသေတ္တာထဲမှာ ပထမတန်းစားလက်နက်ပါစေရမယ် လို့အာမခံပါတယ်၊တော်တန်ရုံပထမတန်းစားလည်းမဟုတ်ပါဘူး၊Mions seriesထဲကပြိုင်ဘက်ကင်းအဆင့်လက်နက်ပါပဲ။ဝင်္ကပါသခင်Minotaurကိုအခြေခံတီထွင်ထားတာပါ။လက်နက်ကိုယ်တိုင်ကထိပ်တန်းအဆင့်မှာရှိပြီး ဘယ်လိုစုဆောင်းမှုမျိုးအတွက်မဆို တန်ဖိုးကြီးစေတဲ့လက်နက်ပါပဲ။သေတ္တာထဲကနေရမယ့်လက်နက်က Bovixကိုင်တဲ့ Mino's Bardicheဟုတ်ရင်ဟုတ်၊မဟုတ်ရင် Equixကိုင်တဲ့ Mino's Tridentဖြစ်မှာပါပဲ။Seriesမှာဒိုင်းမပါပါဘူး၊တခြားချပ်ဝတ်မျိုးစုံပဲရှိပါတယ်။ဒီအထပ်ကိုဘယ်သူမှအလွယ်တူရောက်လာဦးမယ်မထင်တာကြောင့် ကျွန်တော်ပစ္စည်းတွေဒါဇင်ကျော်လောက်ပဲဖန်တီးထားပါသေးတယ်။အဲ့လောက်ပဲရှိတယ်ဆိုပေမယ့် အားလုံးကထိပ်တန်းအဆင့်လက်နက်တွေချည်းပါပဲ။ဘာလို့ဆိုတော့ Kurobeeရဲ့တပည့်တွေကသူတို့ရဲါအကောင်းဆုံးပစ္စည်းကိရိယာတွေကိုအသုံးချပြီး ပြုလုပ်ထားကြလို့ပါပဲ။အဲ့လိုမျိုးပစ္စည်းတစ်ခုပါသွားတာပြသနာဆိုပေမယ့် ဒီစိန်ခေါ်သူတွေရဲ့ကြီးမားလွန်းတဲ့အစွမ်းတွေက ပိုကြောက်ဖို့ကောင်းနေပါတယ်။
ပြောရရင် Bovixနဲ့Equixတိုက နာမည်ရပြီးကတည်းကသန်မာလာကြတာပါ။သူတို့၂ယောက်ကိုနိုင်တဲ့သူတွေရှိရင် အဲ့လူတွေကိုအတတ်နိုင်ဆုံးကျွန်တော်တို့တိုင်းပြည်ကိုခေါ်ချင်ပါတယ်။သူတို့သာကျွန်တော််တို့ရဲ့ဖိတ်ကြားမှာကိုငြင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့အန္တရာယ်များတဲ့အနာဂတ်ရန်သူတွေဖြစ်သွားကြနိုင်ပါတယ်။ဒါမျိုးကိုကျွန်တော်ကအတတ်နိုင်ဆုံးရှောင်ကြည်ချင်တာကြောင့် အဲ့လိုမျိုးသူတွေကိုစောင့်ကြည့်စာရင်းထဲမှာအတတ်နိုင်ဆုံးထားထားပေးရပါ့မယ်။အဲ့တာကြောင့် တကယ်လို့ Bovixနဲ့Equixတို့များရှူံးသွားမယ်ဆိုရင် ကျွန်တော့်ကိုချက်ချင်းအသိပေးဖို့မှာထားခဲ့ပါတယ်။ဒါကြောင့်ပဲ Berettaကကျွန်တော့်ကိုခေါ်လိုက်တာပါ။
.........
.......
.....
"ဆိုတော့ အခြေအနေကဘယ်လိုလဲ"
"ဟုတ်ကဲ့၊အထပ်၅၀ကိုဖြတ်သွားတဲ့သူ ၃ယောက်ရှိပြီး အားလုံးကပြိုင်ဘက်ကင်းskillတွေကိုပိုင်ဆိုင်ထားကြသူချည်းပါ"
သူတို့ကလူများမယ်လို့ထင်ခဲ့မိပေမယ့် ကျွန်တော့်အထင်တွေကတက်တက်စင်အောင်လွဲသွားခဲ့ပြန်ပါတယ်။Bovixကိုအနိုင်ယူဖို့၃ယောက်သာလိုအပ်ခဲ့ပြီး ပြိုင်ဘက်ကင်းskillပိုင်ရှင်တွေချည်းပါပဲ၊နောက်ပြီး သူတိူ့ကဝါရင့်Dungeonစိန်ခေါ်သူတွေမဟုတ်တဲ့အပြင် ခုလေးတင်မှပေါ်လာကြတဲ့အသစ်လေးတွေပါ။ငြိမ်းချမ်းနေတဲ့အချိန်မျိုးဆိုရင် ဘာသံသယမှရှိနေမှာမဟုတ်ပေမယ့် အခုလိုစစ်ပွဲစအံ့စဲစဲအခြေအနေဖြစ်နေတာကြောင့် သူတို့ကစပိုင်တွေလို့ပဲသုံးသပ်နေမိပါတယ်။ဒီကိစ္စကိုသေချာလေးစုံစမ်းဖို့တော့လိုအပ်နေပြီ။ဒါကြောင့် တစ်လက်စတည်းစောင့်ကြည့်ရေးမှော်ကိုပါစစ်ဆေးဖို့အတွက် ကျွန်တော်ထိန်းချုပ်ခန်းကိုဆင်းလာလိုက်ပါတော့တယ်။
........
အထဲဝင်လိုက်တာနဲ့ Veldoraနဲ့Ramirisတို့ကိုတွေ့တော့တာပါပဲ။ဒီနေ့တော့ Dinoနဲ့Vestaတို့အနားယူကြတဲ့ပုံပဲ။Dinoကိုအသာထား၊Vestaကခုတလောတော်တော်ပင်ပန်းနေတဲ့ပုံပေါက်တာကြောင့် သူ့ကိုကောင်းကောင်းမွန်မွန်လေးအနားယူစေချင်ပါသေးတယ်။Ramirisနဲ့Veldoraတို့ကတော့ အားအပြည့်ပါပဲ။မောပန်းတယ်ဆိုတာသူတို့ရာဇဝင်မှာမရှိလောက်ပါဘူး၊သူတို့တွေက ကလေးတွေလိုမျိုးအမြဖဧဲတက်ကြွနေတာပါပဲ။သူတို့စိတ်ဝင်စားနေတာတစ်ခုခုကိုလုပ်နေပြီဆိုရင် အမြဲတမ်းတက်ကြွနေရောပါပဲ။
"အာ၊ခေါင်းဆောင်ကြီး ရောက်လာပြီပဲ"
Ramirisအော်ပြောလိုက်ပြီး...
"အခုထက်ထိတော့အခြေအနေတွေကမပြောင်းလဲသေးပါဘူး"
ဘာတွေဖြစ်နေမှန်းတောင်ကျွန်တော်မသိတော့ပါဘူး။သူမကစိတ်ထဲရှိရာပြောနေတော့တာပါပဲ။ကျွန်တော် ဖန်သားပြင်အကြီးကြီးပေါ်မှာပြနေတဲ့ဗီဒီယိုကိုပဲကြည့်လိုက်ပါတယ်။လူငယ်လေး၃ယောက်ပါ။သူတို့ပုံစံက တစ်ထပ်ပြီးတစ်ထပ်ကို ခဏလေးအနားပြီးတိုင်းတစ်ခါ အနိုင်ယူနေပုံပေါ်ပြီး သူတို့တိုက်ခိုက်ပုံကလည်းတော်တော်လေးကွဲပြပါတယ်။လူတစ်ယောက် သူ့လက်နဲ့တစ်ခုခုပစ်နေသလိုလေထဲမှာအားရပါးရလွှဲနေပြီး လွှဲချက်တိုင်းကလည်းအားအင်အပြည့်နဲ့ပါပဲ။ဖိသိပ်ထားတဲ့လေကျည်ဆံများလား။သာမန်လူသားစွမ်းရည်နဲ့တော့မဖြစ်နိုင်ပါဘူး။သူကကြံ့ခိုင်ပြီးအရပ်ရှည်ရှည်၊ဆံပင်အညိုရောင်ရှိတဲ့သူတစ်ယောက်ပါ။လေးထောက်ပုံစံမေးရိုးရှိပြီး ဂျင်းဘောင်းဘီနဲ့စွပ်ကျယ်အဖြူဝတ်ထားတာကြောင့် ၃ယောက်ထဲမှာထင်းထွက်နေပါတယ်။ဟုတ်ပါတယ်၊ဂျင်းနဲ့စွပ်ကျယ်ပါ။ဒီလောက်နဲ့တင် သူတို့ကတခြားလောကသားတွေမှန်းသိနိုင်နေပါပြီ။နောက်၂ယောက်ကိုကြည့်လိုက်ရအောင်။အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ပိန်ပါးပါးအရပ်ပုပုလူတစ်ယောက်ရှိပြီး နောက်တစ်ယောက်ကတော့ သံချိန်းချပ်ဝတ်ပေါ်မှာဆရာဝန်ကုတ်အဖြူဝတ်ထားတဲ့လူတစ်ယောက်ရယ်ပါ။ဆရာဝန်ကုတ်အဖြူ၊မမှားပါဘူး ဆရာဝန်ကုတ်အဖြူပါ။ဆေးရုံတွေ၊ဓတ်ခွဲခန်းတွေမှာတွေ့ရများတဲ့ ကုတ်အဖြူပါပဲ။ဒါပေမယ့် ဒီလောကမှာတော့တွေ့ရမများပါဘူး။အဲ့လူမျက်နှာကလည်းအရှေ့အာရှနဲ့တူတာကြောင့် သေချာပေါက်ဂျပန်နိုင်ငံသားဖြစ်ပါလိမ့်မယ်။ဝတ်ရုံအနက်ခြုံထားတဲ့လူကလွဲပြီး စွပ်ကျယ်နဲ့လူ နဲ့ ဓတ်ခွဲခန်းကုတ်နဲ့လူတို့က တခြားလောကသားတွေဆိုတာသေချာပါတယ်။
ထားပါ၊ဖန်သားပြင်ကြီးကိုကြည့်လိုက်တော့ သူတို့တိုက်ခိုက်နေဆဲဖြစ်နေပါတယ်။ဒီတစ်ခေါက်တော့ သူတို့ကအုပ်စုကြီးနဲ့တွေ့နေတာပါ၊မရဏဝံပုလွေ၆ကောင်ကအုပ်စုလိုက်နေနေပြီး ၃ယောက်သားကိုအမဲဖျက်နေပါတယ်။မရဏဝံပုလွေတွေကအရမ်းမြန်ဆန်တဲ့အရှိန်ကိုသုံးပြီး ဘယ်လိုလူမှကြည့်လို့မရနိုင်တဲ့အရှိန်နဲ့အနားကိုတိုးကပ်လိုက်ပါတယ်။သူတို့အနေနဲ့အနီးကပ်တိုက်မှသာ အခြေအနေကောင်းမယ်လို့သိနိုင်လောက်မယ်ထင်ရတာပါပဲ။အထပ်၅၀ကိုကျော်ပြီးတဲ့နောက် တိရစ္ဆာန်ငယ်လေးတွေကအစ အသိဉာဏ်တွေရှိနေကြပါပြီ။စကားမစပ် မရဏဝံပုလွေတစ်ကောင်က အဆင့်B-ရှိတာကြောင့် ၆ကောင်လုံးသာတစ်စုတစ်စည်းတည်းရှိနေမယ်ဆိုရင် အခြေအနေတွေကအတော်ရုပ်ဆိုးသွားပါလိမ့်မယ်။ဒါ့အပြင် သူတို့ကသေပြီးသားရုပ်ကြွင်းတွေဖြစ်တာကြောင့် သူတို့မှာသာမြင့်မြတ်လက်နက်တို့၊ရေမန်းတို့မရှိရင် အံတုနိုင်ကြမှာမဟုတ်ပါဘူး။သူတို့ကိုတစ်စဆီလုပ်လိုက်ကြရင်တောင် magiculesနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ရှိတာကြောင့် ပြန်လည်တည်ဆောက်သွားကြမှာပါပဲ။ကိုယ့်မှာသေချာတိကျတဲ့နည်းလမ်းမရှိရင် သွားမနောက်သင့်တဲ့မွန်းစတာသောက်ဆန်းတွေပါပဲ။တစ်ချက်လေးမှားသွားတာနဲ့ သူတို့ကအရှင်လိုက်ဝါးစားကြမှာဆိုပေမယ့်...
"ငါ့ကိုအထင်မသေးကြနဲ့စမ်း၊သောက်ကျိူးနည်းအပုပ်ကောင်တွေ!!ဟိုင်းရားးးးး"
စောစောကနေလေကျည်ဆံတွေလွှတ်နေတဲ့ဆံပင်အညိုရောင်နဲ့လူကအော်လိုက်ပါတယ်။ဒီတစ်ကြိမ်တော့ သူကကြောက်ဖို့ကောင်းလှတဲ့Bardicheကြီးကိုအမြင့်ကြီးေမြှာက်ကိုင်ပြီး ဝိုက်ကာခုတ်ချလိုက်ပါတယ်။နားကွဲမတတ်ကျယ်လောင်သံကြီးပေါ်လာပြီး မရဏဝံပုလွေ၃ကောင်က အလင်းအမှုန်တွေအဖြစ်ပြောင်းကာပျောက်ကွယ်သွားကြပါတယ်။
အို၊ဟုတ်သား။ဒါကြောင့် အဲ့ဒီBardicheကိုရင်းနှီးသလိုရှိနေတယ်ထင်နေတာ၊Mino's Bardicheပဲ။ပြိုင်ဘက်ကင်းအဆင့်လက်နက်တွေက သေချာပေါက်မှော်စွမ်းအားတွေပါတယ်ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။ပြောရရင် မှော်လက်နက်မျိုးဖြစ်တာကြောင့် သေပြီးသားရုပ်ကြွင်းတွေကိုတောင်ထိခိုက်နိုင်စေမှာပါပဲ။လက်နက်ရဲ့မှော်စွမ်းအားသီးသန့်နဲ့တင် မွန်းစတားတစ်ကောင်ကိုဒဏ်ရာရသွားစေပါတယ်။ပြောချင်တဲ့စကားက Mino's Bardicheက အရမ်းထူးခြားတဲ့သတ္တုစပ်တစ်မျိုးနဲ့လုပ်ထားတာပါ။ကျွန်တော်မှတ််မ်သလောက်အဲ့တာက ငွေနဲ့မှော်သံရိုင်းတို့စပ်ထားတဲ့Mithrilနဲ့လုပ်ထားတာထင်တယ်။သူကမြင့်မြတ်အဆင့်လက်နက်ဖြစ်ပြီး သေပြီးသားရုပ်ကြွင်းတွေနဲ့မသေမျိုးတွေကိုထိခိုက်မှုအကြီးကြီးပေးစေပါတယ်။
"အာ..."
ကျွန်တော်ရေရွတ်လိုက်ပြီး...
"Mino's Bardicheသာရှိနေရင် မရဏဝံပုလွေတွေကတော့သွားကြပြီပေါ့"
"ဟုတ်တယ်၊အဲ့လက်နက်ကBovixဆီကကျတာဖြစ်လိမ့်မယ်"
Veldoraထောက်ပြလိုက်ပြီး...
"အဲ့လူကတော်တော်လေးထူးချွန်တဲ့တိုက်ခိုက်ရေးသမားနေမယ်၊ပုဆိန်ကြီးကိုအဲ့လိုမျိုးလွှဲခုတ်နိုင်တာကိုကြည့်ရရင်"
ကျွန်တော်တို့သူတို့တိုက်ခိုက်နေတာကိုကြည့်ရင်း ဒီနေ့ထိသူတို့ဘယ်လိုဖြတ်သန်းလာကြလဲရိပ်မိသွားပါတော့တယ်။လောလောဆယ် အာလူးကြော်အိတ်တစ်အိတ်ကိုလိုအပ်နေပြီ။အခြေအနေအရ ဆံပင်အညိုနဲ့လူကသာမွန်းစတားတွေကိုဒိုင်ခံဖြေရှင်းနေတဲ့သူတစ်ယောက်ဖြစ်လောက်ပါ့မယ်။ကျွန်တော့်အမြင်အရဒါဟာလည်းလုံးဝဖြစ်နိုင်ပါတယ်။အဲ့လူကတကယ့်အကြမ်းပတမ်းကြီးပါ။အဲ့လိုဆို ထောင်ချောက်တွေကဘာဖြစ်သွားကြပြီလဲ။အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝတ်ရုံအနက်နဲ့လူကအဲ့တာတွေကိုရအောင်ရှာပြီး ဘယ်မှာရှိလဲသူ့သူငယ်ချင်းတွေကိုပြောပြနေတာပါပဲ။အထပ်၅၁ဆိုတာ အရမ်းရက်စက်တဲ့နေရာတစ်ခုဖြစ်ပြီး ရှိနေတဲ့ထောင်ချောက်တွေကအရမ်းစကားပြောကာ တွေ့တဲ့နေရာမှာတင်သေသွားစေနိုင်ပါတယ်။ကျွန်တော့်ကြည့်ရသလောက် ဝတ်ရုံအနက်နဲ့လူက ထောင်ချောက်တွေရှိတဲ့နေရာတိုင်းကိုညွှန်ပြနေပါတယ်။ဒါကသူ့ရဲ့ပြိုင်ဘက်ကင်းskillပါ။သူညွှန်ပြလိုက်တဲ့နေရာတိုင်းက ထောင်ချောက်တွေရှိတဲ့နေရာတိုင်းပါပဲ။ဓတ်ခွဲခန်းအင်္ကျီနဲ့လူကသိပ်ပြီးဝင်မတိုက်ဖြစ်ပါဘူး၊သူတို့ဒီပုံစံနဲ့ပဲ Bovixကိုတိုက်ခိုက်သွားကြတာပါပဲ။
.
Next
#crd_to_Fuse
#Dva