- Chapter 371

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၇၁)...မှော်စောင့်ကြည့်ရေးစနစ်

ဒါပေမယ့် အဲ့အချိန်ကျွန်တော်အတွေးကောင်းတစ်ခုရလိုက်ပါတယ်။ရူပဗေဒမှော် Megiddoက နေရောင်ကိုသိပ်သည်းအားပြင်းထန်းတဲ့စွမ်းအင်အစက်တွေအဖြစ်ပြောင်းပြီး လေထဲကရေစက်တွေမှာအလင်းပြန်ပြီးတိုက်ခိုက်တဲ့ မန္တန်တစ်ခုပါ။စောင့်ကြည့်ရေးမန္တန်ကိုဖန်တီးဖို့အလားတူသီအိုရီကိုအခြေခံလို့ရနိုင်ပါတယ်။ဥပမာ ရေစက်တွေအများကြီးကိုနေရာတကျထားထားပြီး ဖြစ်ပျက်နေတာတွေအတွက်ပုံရိပ်ဖမ်းတာမျိုးပေါ့။အချက်အလက်တွေကိုဖမ်းဆီးနိုင်တယ်ဆိုရင် ကျွန်တော်တို့မော်နီတာနဲ့ပုံရိပ်ဖမ်းလို့ရပါပြီ။အဲ့တာနဲ့မဖြစ်နိုင်ရင်လည်း ကျွန်တော်ဖန်တီးထားတဲ့စွမ်းရည်မြင့်မှန်ဘီလူးတွေနဲ့ပုံရိပ်တွေကိုဖမ်းကာ ပရောဂျက်တာအပေါ်မှာလွှင့်ထားလို့လည်းရပါတယ်။တယ်လီဖိုတိုမှန်ဘီလူးတွေနဲ့ ပုံရိပ်တွေကိုဖမ်းပြီး အချက်အလက်‌ရယူတဲ့စနစ်တစ်ခုပေါ့။ရှင်းရှင်းပြောရရင် ဒီ၃ချက်ကိုသုံးပြီး ကျွန်တော်ကမှော်စုံစမ်းရေးဂြိုဟ်တုတွေကိုဖန်တီးမှာပါ။အစကတော့‌ မှော်သဘောတရားသီးသန့်ကြီးသက်သက်နဲ့ဖန်တီးလို့မလွယ်ပေမယ့်လည်း Raphael-sanက ရူ‌ပဗေဒမှော်၊စိတ်ဝိဉာဉ်မှော်နဲ့ Spatial Dominationကို‌သုံးရင်ဖြစ်နိုင်တယ်လို့ပြောလာပါတယ်။အခု ကျွန်တော်လုပ်ရမှာဆိုလို့ Raphaelကိုအ‌သေးစိတ်တောင်းဆိုဖို့ပါပဲ။အဲ့လိုနဲ့ပဲ ကျွန်တော့်ရဲ့တိုးတက်တဲ့မှော်သဘောတရားကိုဖန်တီးနိုင် ခဲ့ပါတယ်။ဒီစောင့်ကြည့်ရေးစနစ်ကိုသာနေရာချထားပြီးရင် နေရာအနှံ့ကအချက်အလက်တွေကို လုံလုံခြုံခြုံစောင့်ကြည့်နိုင်ပါပြီ။ဒီနည်းနဲ့ရလာမယ့်သတင်းအချက်အလက်တွေကဧရာမဖြစ်ပြီး ရန်သူတွေဘယ်လိုပဲလှုပ်ရှားလှုပ်ရှား သူတို့ဘာတွေလုပ်နေလဲသိရဖို့ဆိုတာ လွယ်လွန်းလို့ပါပဲ။

ခင်ဗျားတို့ကတော့ဒိကြားကာလတွေမှာ ကျွန်တော်လျှောက်ကစားနေတာလို့ထင်နေကြလောက်ပေမယ့် တကယ်ကအရေးကြီးတာတွေကိုလုပ်နေတာဗျ။အချက်အလက်တွေကိုပိုင်နိုင်တဲ့သူက စစ်ပွဲကိုနိုင်ပြီးနောက်ဆုံးကမ္ဘာကိုတောင်သိမ်းပိုက်နိုင်တယ်တဲ့။ရုရှားနဲ့ဂျပန်စစ်ဖြစ်တဲ့ ဆူရှီးမားစစ်ပွဲမှာဆိုရင် ဂျပန်တော်ဝင်ရေတပ်က ညွှန့်ပေါင်းရေတပ်တပ်ဖွဲ့ကွန်မန်ဒါ Togo Heihachiroရဲ့အမိန့်အောက်မှာ ရုရှားတွေရဲ့ဘောလ်တစ်ရေတပ်ကြီးကိုဖျက်ဆီးနိုင်ခဲ့တယ်။အဲ့တုန်းပတိုက်ပွဲမှာ ဂျပန်ရေတပ်တွေ့ကြုံခဲ့ရတဲ့အကြီးမားဆုံးပြသနာက သူတို့ရုရှားရေတပ်နဲ့ထိပ်တိုက်တွေ့နိုင်၊မတွေ့နိုင်ဆိုတာပဲ။ရန်သူကိုဘယ်နေရာမှာအမိဖမ်းလဲ၊ဘယ်နေရာမှာဖြတ်တိုက်မလဲဆိုတာကိုဆုံးဖြတ်ဖို့ အရမ်းအရေးကြီးပါတယ်။သူတို့သာခန့်မှန်းချက်သာမှားသွားရင် အဲ့တိုက်ပွဲလည်းဖြစ်လာမှာမဟုတ်ပဲ ဂျပန်တို့စစ်ရှုံးသွားရမှာပါ။အခု ကျွန်တော်တို့လက်ရှိအခြေအနေလည်းတူတူပါပဲ။ကျွန်တော်တို့တပ်ဖွဲ့တွေကိုသာနေရာအနှံ့ဖြန့်ထားရင် အရေအတွက်မှာအားနည်းချက်ရှိတဲ့ကျွန်တော်တို့စစ်ရှူံးသွားနိုင်‌ခြေရှိပါတယ်။အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲမှာ ကျွန်တော်တို့အင်ပါယာရဲ့လှုပ်ရှားမှုကို ဖတ်နိုင်၊မဖတ်နိုင်အပေါ်မူတည်ပြီး သူတို့ရဲ့ဘယ်နေရာကိုအဓိကထားတိုက်ရမလဲ လုပ်နိုင်၊မနိုင်အပေါ်မှာမူတည်ပါတယ်။တခြားတစ်ဖက်မှာ အင်ပါယာကသူ့စစ်အင်အားကိုဖြန့်ထားလိုက်မယ်ဆိုရင် ပိုတောင်လွယ်သွားမှာဖြစ်ပြီးစုတိုက်တဲ့ဗျူဟာနဲ့ တစ်တပ်ချင်းဆီလိုက်ဖြိုခွင်းလို့ရပါတယ်။ကျွန်တော်တို့ဗျူဟာအတိုင်းလုပ်တဲ့နေရာနဲ့သေချာပေါက် အနိုင်ယူမယ့်နေရာမှာ မှော်ပညာကအရေးကြီးပါတယ်။အခု ကျွန်တော်ခင်ဗျားတို့ကိုရှင်းပြနေရင်း အလုပ်လုပ်နေတာ ရှေးဦးမော်ဒယ်ကိုတောင်ဖန်တီးသွားပြီးပါပြီ။Raphaelကိုအသုံးပြုရလွယ်ပြီး သုံးစွဲလို့အဆင်ပြေအောင်လုပ်ခိုင်းထားပါတယ်။

ဘာ...တစ်ယောက်တည်းဆိုရင်လုပ်နိုင်မှာမဟုတ်ဘူး?

မနောက်ပါနဲ့ဗျာ။Raphaelကကျွန်တော့်skillလေ၊သူတောင်ကြိူစားလုပ်နေမှတော့ ကျွန်တော်ကြိုးစားလုပ်နေလို့ပေါ့။တွေးကြည့်တော့မှ အခုတလောအလုပ်တွေတော်တော်လုပ်နေမိတာပဲ။နောက်ကြမှ အခွင့်ရရင်အေးဆေးလေးအနားယူလိုက်ပါဦးမယ်။

ပထမဆုံးအကြိမ်နှစ်တွေအများကြီးကြာသွားသလိုခံစားလိုက်ရပြီး Shunaရဲ့ကော်ဖီနက်ကိုအရသာခံသောက်နေမိပါတယ်။ကျွန်တော်အနားယူနေချိန် မှော်စောင့်ကြည့်ရေးစနစ်ကိုဘယ်လိုအချောသတ်ရမလဲစဉ်းစားနေတုန်းမှာပဲ...

"အရှင်Rimuru...ကျွန်တော့်မှာအရေးတကြီးတင်ပြစရာရှိပါတယ်"

အတွေးကွန်ရက်ကနေ Berettaရဲ့အရေးကြီးမက်ဆေ့ကိုကြားလိုက်ရပါတော့တယ်။

..............

.........

.......

တင်ပြချက်ကိုကြားအပြီးမှာတော့ ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။Dungeonရဲ့အထပ်၅၀ကိုနောက်တစ်ဖွဲ့အနိုင်ယူသွားပါပြီ။စကားမစပ် ပထမတစ်ဖွဲ့က Masayukiတို့အဖွဲ့ဆိုတာပြောဖို့လိုမယ်မထင်ပါဘူးနော်။အခု သူတို့ကစစ်ပွဲအခြေအနေကြောင့်ခဏ‌နားနေကြပြီး နောက်ဆုံးရောက်ခဲ့တဲ့အထပ်က၅၉မှာပါ။Masayukiနဲ့သူ့အဖွဲ့ကြောင့် Dungeonကစည်ကားနေခဲ့ပါတယ်။တစ်နေ့ပြီးတစ်နေ့စိန်ခေါ်သူတွေလည်းရောက်လာကြတာကြောင့် ကျွန်တော်တို့လည်းမြိုးမြိုးမြက်မြက်ရနေခဲ့ပါတယ်။သေချာပေါက်စိန်ခေါ်သူတွေကလည်းအကျိုးကျေးဇူးတွေအများကြီးပြန်ရတာပေါ့၊‌လွန်ခဲ့တဲ့နှစ်တွေမှာ စိန်ခေါ်သူတွေရဲ့skillအဆင့်တွေကတဖြည်းဖြည်းမြင့်လာကြတယ်။အထပ်၃၀ကိုကျော်တဲ့သူတွေတဖြည်းဖြည်းများလာပြီး ဝင်္ကပါရင်မသေနိုင်တဲ့စနစ်ကိုအခွင့်ကောင်းယူကာ တီထွင်ထားတဲ့ဖုတ်ကောင်တိုက်ကွက်တွေနဲ့ စတေးပြီးတစ်ပွဲထိုးတိုက်တဲ့ဗျူဟာတွေက ခေတ်စားလာကြပါတယ်။အထပ်၃၀ကိုကျော်ရင်တော့ သေစေတဲ့ထောင်ချောက်ပါးပါးလေးတွေနဲ့ အုပ်စုလိုက်တတ်တဲ့မွန်းစတားတွေက စိန်ခေါ်သူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြပါတယ်။သူတို့မှာညစ်ပတ်တဲ့ဗျူဟာတွေရှိနေကြပေမယ့် ခက်ခဲရုန်းကန်နေကြရပါတယ်။သဘာဝအတိုင်းပဲ အရည်အချင်းရှိတဲ့တိုက်ခိုက်ရေးသမားတွေသာ စံစားကြရတာပါပဲ။အရိုးရှင်းဆုံးတိုက်ခိုက်တတ်တဲ့ တိုက်ခိုက်ရေးသမားတွေမီးခဲပြာဖုံးဖြစ်ခဲ့ကြရပေမယ့်လည်း တဖြည်းဖြည်းနဲ့သူတို့အရည်အချင်းတွေတိုးတက်လာပြီး ပိုကောင်းတဲ့ပစ္စည်းတွေကိုအရယူနိုင်ခဲ့ကြပါတယ်။

.

Next

#crd_to_Fuse

#Dva


Recommendation

Discussion