- Chapter 370

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၇၀)...အထပ်၆၀

အကြောင်းအရာကိုပြောင်းလဲလိုက်ပြီး နောက်နေ့သူတို့ဝင်္ကပါကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူကြဦးမယ်ဆိုတဲ့အစီအစဉ်ကိုဆွေးနွေးကြပါတော့တယ်။

"မနက်ဖြန်..."

Shinjiပြောလိုက်ပြီး...

"ငါတို့အထပ်၅၁ကိုဦးတည်ကြမယ်။အဲ့ကစပြီးတစ်နေရာလုံးကို မရဏသုခဘုံလို့ခေါ်ကြတယ်။Markရဲ့Mino's Bardicheကမြင့်မြတ်အမှုန်တွေနဲ့ဖွဲ့စည်းထားတဲ့Mithrilနဲ့လုပ်ထားတာကြောင့် မသေမျိုးတွေနဲ့မကောင်းတဲ့ဝိဉာဉ်တွေအပေါ်အလုပ်ဖြစ်မှာပဲ"

"အတိအကျပဲ။နောက်ပြီး နည်းနည်းထူးဆနါးရာကြပေမယ့် ဒါကဂိမ်းတစ်ခုလိုပဲ၊ဘော့စ်ကနောက်တစ်နေရာကိုသွားမယ့်သော့ကိုကာကွယ်ထားကြသလိုမျိုး"

Markထောက်ပြပါတယ်။

"နောက်ပြီး မွန်းစတားတွေကတစ်ထပ်ပြီးတစ်ထပ်ပိုပိုသန်မာလာကြတယ်"

Xinကလည်းတွေးရင်းပြောလိုက်ပါတယ်။Shinjiလည်းအဲ့လိုထင်ထားတာပါပဲ။သူကRPGကျွမ်းကျင်သူဖြစ်တာကြောင့် ဒိအချက်ကိုနဂိုကတည်းကရိပ်မိနေမှန်းပြောစရာတောင်မလိုပါဘူး။ဒါပေမယ့် အရမ်းကြက်သီးထဖို့ကောင်းတာကြောင့် သူတွေးတောင်မတွေးရဲပါဘူး။သူ့ခေါင်းထဲမှာကိစ္စတွေကိုအများကြီးတွေးနေရပါတယ်။၁၀ထပ်တစ်ခါတွေ့ရတဲ့ဘော့စ်မွန်းစတားတွေက အောက်ထပ်ကိုရောက်တိုင်းပိုပိုသန်မာလာကြပါတယ်။ပထမကတော့ B-အဆင့်ရှိတဲ့ပင့်ကူနက်ဖြစ်ပြီး နောက်ကြတော့ Bအဆင့်ရှိတဲ့မကောင်းဆိုးဝါးကင်းခြေများ။နောက်ပြီး တတိယထပ်မှာတော့ B+အဆင့်ရှိတဲ့ရူးသွပ်Ogreဘုရင်တစ်ယောက်က သူ့တပည့်တွေနဲ့အတူပေါ်လာကြပါတယ်။အဲ့မွန်းစတားတွေကဘယ်လိုပူးပေါင်းလှုပ်ရှားရမလဲသိကြတာကြောင့် သူတို့ကိုခွန်အားချည်းသက်သက်နဲ့အနိုင်ယူဖို့ခက်ပါတယ်။နောက်ကြတော့ စောစောကပြောခဲ့ဖူးတဲ့ A-အဆင့်ရှိတဲ့Tempestမြွေပေါ်လာပြီး အထပ်၅၀ရောကိတော့ လူစကားပြောတတ်တဲ့နွားဘီလူးကြီး Bovixနဲ့တွေ့ကြရပါတယ်။အဲ့လိုအဆင့်မျိုးကအရမ်းရှားသလိုအလွယ်တကူလည်းမတွေ့နိုင်ပါဘူး။အဲ့တာက အန္တရာယ်ဆိုးအဆင့်၊ဒါမှမဟုတ် Yuukiဖန်တီးထားတဲ့စနစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် Aအဆင့်ရှိတဲ့မွန်းစတားတစ်ကောင်ပါပဲ။အဲ့လောက်ထိအန္တရာယ်များတဲ့မှော်ဖွားတစ်ကောင်က မိစ္ဆာဘုရင်ကိုခစားနေတာပါ။ဒါပေမယ့်လည်း ၃ယောက်သားကတော့ဘာမှကြီးကြီးမားမားအားမထုတ်လိုက်ရပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ဆန္ဒရှိရင်တောင် တစ်ယောက်တည်းသွားတိုက်လို့မရပါဘူး။အဲ့လိုဆိုပေမယ့်လည်း ဝင်္ကပါထဲမှာမသေနိုင်ဘူးဖြစ်တာကြောင့် လက်ရဲဇက်ရဲနဲ့အကြမ်းပတမ်းဆန်တဲ့ဗျူဟာမျိုးကအလုပ်ဖြစ်နေခဲ့ပါတယ်။Markကစပြောလိုက်ပါတယ်။

"တကယ်ပါပဲ၊အဲ့လောက်ကြမ်းတဲ့မွန်းစတားကအထပ်၅၀ကိုစောင့်နေတာဆိုရင် အောက်ထပ်ကမွန်းစတားတွေကတော်တော်ကြမ်းမယ့်ပုံပဲ"

"ငါတို့ရဲ့နောက်ဆုံးတိုက်ပွဲတောင်ဖြစ်သွားနိုင်တယ်"

Xinကတွေးရင်းရေရွတ်လိုက်ပါတယ်။အခုထိအရာရာကချောမွေ့နေဆဲဖြစ်နေကြတယ်ဆိုပေမယ့် အခုကစပြီးကိစ္စတွေကကြမ်းတမ်းလာတော့မယ်ဆိုတာကို‌သူတို့အားလုံးသဘောတူလိုက်ကြပါတယ်။

"ကြည့်ရတာတော့ ငါတို့ဗျူဟာကအရင်လိုMarkအပေါ်မှာပဲဗဟိုပြုထားရဦးမယ်ထင်တယ်။အခု ငါတို့မှာအထူးလက်နက်တွေလည်းရထားတာဆိုတော့ ရနိုင်သလောက်အောက်ကိုဆင်းကြည့်ကြရအောင်"

"အဲ့‌ထက်သန်မာတဲ့မွန်းစတားတွေကိုမတွေ့လောက်ဘူးလို့ငါမပြောဘူးနော်။ဒါပေမယ့် အထပ်၆၀ကငါတို့ရဲ့အကန့်အသတ်မဟုတ်ရင်လည်း စိတ်မပူကြနဲ့"

Mar‌kပြောလိုက်ပါတယ်။

"စိတ်မပူပါနဲ့၊အဲ့လိုမျိုးမဖြစ်လာလောက်ပါဘူး"

Shinjiငြင်းလိုက်ပေမယ့် သူမကောင်းတဲ့ကောလဟာလတွေကိုတော့ကြားထားမိပါတယ်။သူတို့ရဲ့ယုံကြည်စိတ်ကိုမရိုက်ချိုးချင်လို့ပါ။ကောလဟာလတွေအရ ဝင်္ကပါကအထပ်၁၀၀ရှိပါတယ်တဲ့။

မဖြစ်နိုင်လိုက်တာ

စစချင်းကြားလိုက်ရတော့ သူမနေနိုင်ပဲအဲ့လိုတောင်တွေးလိုက်မိပါတယ်။နောက်ထပ်တွေ့ရမယ့်ဘော့စ်နဲ့ပတ်သက်ပြီးစိတ်ပူ‌နေမိတယ်ဆိုပေမယ့် ထုတ်ပြောနေလည်းဘာမှမထူးမှန်းသူယုံကြည်ထားပါတယ်။သေတာကိုစိတ်ပူစရာမလိုတာကြောင့် အဆူံးမှာသူတို့ပဲနိုင်မယ်လို့၃ယောက်သားတွေးထားကြပါတယ်။ဒါပေမယ့် သူတို့အရှေ့မှာတော့ခက်ခဲရှည်လျားတဲ့ခရီးကြမ်းကစောင့်ကြိုနေပါတယ်။

"အင်း၊အဆိုးတကာ့အဆိုးဆုံးတွေဖြစ်လာရင်တောင် ငါတို့အသက်ရှင်လျက်ပြန်ထွက်လာနိုင်ဦးမှာပါပဲ။ဒီတော့ သတိကြီးကြီးထားပြီးဆက်သွားကြရအောင်"

Shinjiယုံကြည်မှုရှိစွာထုတ်ပြောလိုက်ပါတယ်။သူတို့အားလုံးသတိကြီးကြီးထား‌နေကြပြီး နောက်ဆူံးအထပ်ကိုရောက်‌‌ေအာင်သွားမယ်လို့ ယူဆထားကြပါတယ်။ရောက်အောင်သွားပြီး သုတေသနဌာနတွေရှိနေ၊မနေစစ်ဆေးကြည့်ကြမှာပါ။လူ၃ယောက်သူတို့အစီအစဉ်ကိုချလိုက်ကြပြီး တစ်ညတာကိုကောင်းမွန်စွာအနားယူလိုက်ကြပါတော့တယ်။

၃ရက်ကြာပြီးနောက်....

အဆိပ်စိမ့်တောတွေနဲ့ ဆွေးမြေ့နယ်မြေတွေကိုကျော်ဖြတ်ပြီးနောက် ၃ယောက်သားအထပ်၅၉မှာ အထပ်၆၀ကိုဆင်းတဲ့လှေကားကိုတွေ့သွားကြပါတယ်။လှေကားရဲ့အဆုံးမှာ ဘော့စ်အခန်းရှိနေမှာပါ။အထပ်၅၀ကိုရောက်ဖို့ ၇ရက်ကြာခဲ့ပေမယ့် အထပ်၆၀ကိုရောက်ဖို့တော့ ၃ရက်ပဲကြာခဲ့ပါတယ်။အထပ်ကအရင်အထပ်တွေထက်သေးသွားပေမယ့်လည်း အန္တရာယ်အဆင့်ကတော့ပိုမိုများပြားလာမှာပါပဲ။

"အဆင့်သင့်ပဲလား"

"အေး"

"အင်း"

ဒီကိုမလာခင်သူတို့တစ်ညလုံးအနားယူထားကြပြီးဖြစ်တာကြောင့် အားအပြည့်၊အင်အပြည့်နဲ့ပါပဲ။

"ငါတို့တွေ့မယ့်မွန်းစတားကိုအစောင့်အရှောက်လို့ခေါ်ကြတယ်။သေချာပေါက်အရင်တွေ့ခဲ့တဲ့တစ်ယောက်လို အသိဉာဏ်ရှိမွန်းစတားဖြစ်မှာပဲ"

"သိတယ်။မနေ့ကငါတို့တိုက်ခိုက်ခဲ့တဲ့ မရဏသခင်ထက်တောင်ပိုအန္တရာယ်များမယ်ထင်တယ်"

"အစကတည်းကအစွမ်းကုန်ထုတ်တိုက်ကြတာပေါ့"

သူတို့သာစိတ်အေးအေးထားရင် ‌ဘော့စ်မွန်းစတားကို‌အေးအေးဆေးဆေးအနိုင်ယူနိုင်မှာပါ။သူတို့တစ်ယောက်ကိုတစ်ယောက်ခေါင်းညိမ့်ပြလိုက်ပြီး တံခါးပေါ်ကိုလက်အတူတူတင်လိုက်ကြကာ ပြိုင်တူတွန်းပြီးတစ်ချက်တည်းနဲ့ဖွင့်လိုက်ကြပါတော့တယ်။

......

အနောက်ကိုနည်းနည်းလောက်ပြန်သွားလိုက်ရအောင်။ကျွန်တော်ကိုယ့်အခန်းထဲမှာ အဆောက်အအုံလုံခြုံရေးစနစ်ကိုဖန်တီးနေပါတယ်။လောလောဆယ် Soeiနဲ့Mossတို့လွှတ်ထားတဲ့စုံစမ်းရေးအေးဂျင့်တွေက မဟာJuraတောအုပ်ရဲ့အဓိကကျတဲ့နေရာတွေမှာစောင့်ဆိုင်းနေကြပါတယ်။အဲ့တာတင်မကပဲ Farmenasအင်ပါယာရဲ့ကမ်းရိုးတန်းကနေပြီး Englesiaနိုင်ငံတော်ရဲ့မြောက်ဘက်အထိအပြင် တောင်တွေပေါ်မှာပါစတည်းချထားကြပါတယ်။ဒါပေမယ့်လည်း ကျွန်တော်ကတော့စုံစမ်းရေးစနစ်ကိုစိတ်မချသေးပါဘူး။ကျွန်တော်ကြောက်တာသူလျှိုတွေကိုပါပဲ။

အေးဂျင့်တွေကို၂ယောက်တတွဲနေရာချထားပေးတာဆိုပေမယ့် သူတို့တိတ်တိတ်လေးချောင်းတိုက်ခံရနိုင်ခြေရှိပါတယ်။အဲ့အခါကြရင် အဲ့နေရာအတွက်သတင်းအရင်းအမြစ်ကပြတ်တောက်သွားမှာပါ။အေးဂျင့်တွေသေရတာကတစ်ကြောင်းဆိုပေမယ့် အဲ့လိုဖြစ်မှုကြောင့် ရသင့်တဲ့သတင်းကိုမရလိုက်ရင် တိုင်းပြည်ရဲ့လုံခြုံရေးစနစ်ထိခိုက်သွားနိုင်ပါတယ်။အဲ့လိုဖြစ်မှာတွေကိုစိတ်ပူတာကြောင့် ကျွန်တော့်Soueiကိုလေးလေးနက်နက်နဲ့အသေအချာလေးကြီးကြပ်ဖို့သတိပေးထားရပါတယ်။

ဒါ့အပြင် အေးဂျင့်တွေကိုရိပ်မိသွားမယ်ဆိုရင် အသတ်မခံရရင်တောင် သူတို့ထိပ်တိုက်တွေ့ပြီးတိုက်ခိုက်ကြမှာပါပဲ။အဲ့အခါသတင်းအချက်အလက်ဆက်သွယ်ရေးမှာနှောင့်နှေးသွားပါလိမ့်မယ်။ဒီလိုဖြစ်နိုင်ခြေကိုလည်းကျွန်တော်ဖယ်ရှားချင်တာကြောင့် သတင်းအချက်အလက်ကွန်ရက်ကိုခိုင်ခိုင်ခံ့ခံ့ဖြစ်စေချင်ရတာပါပဲ။ဒါကိုအောင်မြင်အောင်လုပ်ဖို့ဆိုရင် မှော်ကိုစောင့်ကြည့်ရေးကိရိယာအဖြစ်အသုံးချရပါမယ်။မှော်ပညာမှာ အဝေးကနေစောင့်ကြည့်တဲ့စောင့်ကြည့်ရေးစနစ်တစ်ခုရှိပေမယ့် ကျွန်တော်ထင်ထားသလောက်အသုံးမဝင်ပါဘူး။အများဆုံးအဲ့စနစ်လုပ်နိုင်တာက တစ်စုံတစ်ခုရဲ့ပုံသဏ္ဍာန်ကိုသာဖော်ပြနိုင်တာကြောင့် သတင်းတွေကမပြည့်စုံတော့ပါဘူး။တစ်နေရာမှာထဲမှာပဲထားပြီးစောင့်ကြည့်လို့ရပြီး နေရာပြောင်းတိုင်းပြန်လည်မှော်သုံးရပါတယ်။တော်တော်လေးဟာကွက်များတဲ့မှော်ဖြစ်ပြီး နေရာတစ်နေရာနဲ့တစ်နေရာပြောင်းတာအရမ်းကြာသလို အဲ့လိုပြောင်းနေတုန်းပစ်မှတ်ကနေရာရွေ့သွားမယ်ဆိုရင် အားလုံးသဲထဲရေသွန်ဖြစ်ကုန်ကြမှာပါပဲ။‌ဒါ့အပြင် ပစ်မှတ်က မှော်ဆန့်ကျင်အကာအရံထားထားမယ်ဆိုရင် ကိုယ့်မှော်ကပြန်ကန်ထွက်လာပါလိမ့်မယ်။ဒါကြောင့် အစွမ်းကြီးတဲ့သူတွေကိုဒီစနစ်ကမထိရောက်တာကြောင့် တကယ့်တိုက်ပွဲတွေမှာဒီစနစ်ကအသုံးမဝင်ဘူးလို့ ယူဆထားရတာပါ။

.

Next

#crd_to_Fuse

#Dva


Recommendation

Discussion