Slime - Chapter 369
Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က
Vol 12
စစ်ပွဲကြီး၏အစ
အပိုင်း(၃၆၉)...စိတ်ကူးယဉ်
ရူးလောက်အောင်များပြားလွန်းတဲ့ငွေပမာဏကြောင့် သူတို့လက်နက်ကိုရောင်းမယ့်အစီအစဉ်ကိုတောင်မေ့ထားလိုက်ရပါတယ်။အပေါက်ပါတဲ့လက်နက်တွေပါတဲ့သေတ္တာတွေက အထပ်၄၀ကစပြီးပေါ်လာကြတာပါ။အင်ပါယာမှာလည်းဒီလိုလက်နက်မျိုးမရှိတာကြောင့် ၃ယောက်သားအနေနဲ့ဘယ်လောက်တန်ဖိုးကြီးလဲမသိကြပါဘူး။ပိုက်ဆံရအောင်သူတို့ရောင်းလိုက်လည်းရတယ်ဆိုပေမယ့် သူတို့သိမ်းထားရမလား၊ရောင်းပစ်ရမလားဆိုတာဝေခွဲလို့မရသေးပါဘူး။
"ဒီအပေါက်ကဘာအတွက်လဲ။ငါ့ရဲ့အကဲဖြတ်မှော်တောင်အလုပ်မဖြစ်ဘူး၊ဆရာလာတဲ့အထိ ဒီလက်နက်တွေကိုသိမ်းထားတာကောင်းမယ်ထင်တယ်"
"ဒီလိုလက်နက်မျိုးတွေကို အထပ်၄၀နဲ့အောက်မှာပဲတွေ့ရတတ်တာ"
"ဟုတ်တယ်။သူတို့ကေဘာ့စ်အခန်းတွေ၊သန်မာတဲ့မွန်းစတားတွေရှိနဲ့အခန်းတွေမှာပဲကျတတ်တာ"
"အေး၊မင်းပြောတာမှန်တယ်။ဒါပေမယ့် ဒီလက်နက်မျိုးတွေကိုမြို့ထဲမှာလည်းတွေ့ရသလိုပဲ၊ရှားတော့ရှားပေမယ့်ပေါ့။သူတို့ပြောတာတော့ အထပ်၃၀နဲ့အောက်ကအထပ်တွေမှာပဲ ရှာတွေ့နိုင်တာဆိုပဲ"
"ဟုတ်မှာပါ၊အရည်အသွေးကလည်းနိမ့်မှမနိမ့်ပဲကိုး။ဒါပေမယ့် ဒါလောက်ကြောင့်နဲ့တော့ ဈေးအဲ့လောက်မကြီးဘူးမဟုတ်လား"
"လျို့ဝှက်ချက်တစ်ခုခုရှိနေလို့များလား"
"ထင်ရတာပဲ။ငါကုန်သည်တွေကိုမေးကြည့်တော့လည်း သူတို့ကပြုံးရုံပြုံးပြကြပြီး ဘာမှလည်းပြန်မပြောကြဘူး"
"ဟေး၊အဲ့တာဆိုရင်ထူးဆန်းနေပြီနော်။အဘိုးကြီးမရောက်လာခင်အထိဒါတွေကိုသိမ်းထားကြတာပေါ့။ဒါပေမယ့် ပိုအရေးကြီးတာကဒါ။ကြည့်ကြဦး ဒီလက်နက်ကိုလည်း...."
Markပြောလိုက်ကာ Bovixကိုင်တဲ့ Mino's Bardicheတိုက်ခိုက်ရေးပုဆိန်ကြီးကိုထုတ်ပြလိုက်ပါတယ်။အလွန်လှပတဲ့ငွေရောင်တွေဖြာထွက်နေတဲ့လက်နက်တစ်ခုပါ။Mithrilနဲ့လုပ်ထားတဲ့အဆင့်မြင့်လက်နက်ကြီးတစ်ခုပါပဲ။အထပ်၅၀ကဘော့်အခန်းရဲ့ရတနာသေတ္တာထဲကနေရထားတဲ့ပြိုင်ဘက်ကင်းအဆင့်လက်နက်တစ်ခုပါ။
"ဒါကပြိုင်ဘက်ကင်းလက်နက်ကွ၊သိကြရဲ့လား။အင်ပါယာထဲမှာတောင်ပြိုင်ဘက်ကင်းလက်နက်ကိုရဖို့မလွယ်ဘူးနော်"
Markအရမ်းတွေစိတ်အားထက်သန်နေတာကြောင့် ပုဆိန်သားနဲ့သူ့ပါးကိုပွတ်ပြီးအားရပါးရပြောနေပါတယ်။ဒါကငြင်းမရလောက်အောင်စွမ်းအားပြင်းတဲ့လက်နက်ပါ။အင်ပါယာရဲ့တော်ဝင်သက်တော်စောင့်ဖြစ်လာမယ်ဆိုရင် အင်ပါယာကဂန္တဝင်အဆင့်လက်နက်တစ်ခုပေးပါတယ်။အဆင့်နိမ့်စစ်သားတွေကိုလည်း မှော်လက်နက်နဲ့ချပ်ဝတ်တွေပေးထားတယ်ဆိုပေမယ့် သူတို့မှာမှော်အစွမ်းမရှိပါဘူး။အကြီးတန်းအရာရှိတစ်ယောက်တောင်ရဖို့ခဲယဉ်းလှတဲ့လက်နက်တစ်ခုကိုရထားတာကြောင့် Markဒီလောက်ထိပျော်ရွှင်နေတာမဆန်းပါဘူး။
"ဟုတ်မယ်ထင်တာပဲ။Yuuki-sanပြောပုံအရ အင်ပါယာရဲ့လက်နက်တွေဟာ အမြောက်အမြားထုတ်လုပ်ထားတာတဲ့။ငါတို့ကတော့မမြင်ဖူးပေမယ့် ဂန္တဝင်အဆင့်လက်နက်တိုင်းကအရွယ်အစားတူတူပဲလို့ပြောကြတယ်"
"အဲ့တာဖြစ်ကောဖြစ်နိုင်လို့လား"
Xinတစ်ယောက် ဒဏ္ဏာရီအဆင့်လက်နက်တွေကိုတကယ်ကောအမြောက်အမြားထုတ်လုပ်လို့ရလို့လားဆိုပြီး စဉ်းစားနေမိပါတယ်။ယုတ္တိကျကျပြောရရင်တော့ ဒါဟာမဖြစ်နိုင်ပါဘူး။
"Shinji...အဲ့တာကကြကအခြေအမြစ်မရှ်ိတဲ့သုံးသပ်ချက်ကြီးမဟုတ်ဘူးလား"
Markငေါက်လိုက်ပြီး...
"အရွယ်အစားတူရုံလောက်နဲ့ အဲ့လက်နက်တွေကိုအမြောက်အများထုတ်လုပ်လို့ရလို့လား"
သူခုလေးတင်ရထားတဲ့ပြိုင်ဘက်ကင်းအဆင့်လက်နက်ကအဲ့လောက်တောင်တန်ဖိုးမရှိတော့သလိုဖြစ်သွားတာကြောင့် အဲ့စကားကိုMarkသဘောမကျပါဘူး။
"သေချာပေါက် သဘာဝအတိုင်းလုပ်ရင်တော့ဘယ်ဖြစ်နိုင်ပါ့မလဲ။ဆရာGadraကတောင်မှော်သံရိုင်းတွေက်ုအမြောက်အများထုတ်လုပ်ရတာအရမ်းခက်ခဲတယ်လို့ပြောဖူးတယ်။ဒါပေမယ့် အထူးအခြေအနေအောက်မှာဆိုရင်တော့ မဖြစ်နိုင်တာမဟုတ်တော့ဘူး"
"အထူးအခြေအနေ?"
"အေး.."
Shinjiဆက်ပြောလိုက်ပြီး...
"ရပ်နေတဲ့လူတစ်ယောက်ကိုတောင်သတ်နိုင်လောက်အောင်အရမ်းကိုmagiculesေတွနဲ့သိပ်သည်းေနတဲ့ ပတ်ဝန်းကျင်။Bအဆင့်လောက်ရှိတဲ့လူတွေဆို အသက်ရှင်ဖို့မလွယ်သလို Aအဆင့်ရှိတဲ့သူတွေကိုတောင်မသေရင်ဖျားသွားစေနိုင်တဲ့ပတ်ဝန်းကျင်မျိုး။အဲ့လိုမျိုးနေရာမှာ ချပ်ဝတ်တစ်ခုကိုထားလိုက်မယ်ဆိုရင် နှစ်ပေါင်းရာနဲ့၊ထောင်နဲ့ချီလာတဲ့အချိန်မှာ အဆင့်မြင့်သွားတတ်တယ်တဲ့။အဲ့နောက် အရည်အချင်းရှိတဲ့သူကို ချပ်ဝတ်ကအသိအမှတ်ပြုလိုက်တဲ့အခါမှ အဲ့ကနေတဖြည်းဖြည်းအဆင့်မြင့်သွားမှာ"
"အဲ့လိုမျိုးအခြေအနေမျိုးကတကယ်ကောရှိရဲ့လား"
"အေး၊ငါလည်းမဖြစ်နိုင်ဘူးလို့ထင်တယ်"
"ဟုတ်တယ်မလား။ဒါပေမယ့် Yuuki-sanနဲ့ဆရာGadraကတော့အဲ့လိုပြောကြတာမဟုတ်ဘူး"
Shinjiကပြန်ဖြေလိုက်ပါတယ်။
"ဆိုတော့ ဖြစ်နိုင်တယ်ပဲထားပါဦး၊မင်းပြောချင်တာဘာလဲ"
Markမေးခွန်းထုတ်လိုက်ပါတယ်။
"အင်း၊ဒီလိုလေ။ဒီBardicheကလည်းအဲ့လိုနည်းနဲ့များထုတ်ထားတာလားလို့စဉ်းစားနေတာ"
"မဖြစ်နိုင်တာ"
"မင်းကမဟုတ်ဘူးလို့ထင်နေတယ်မလား။စဉ်းစားကြည့်နော်။အဲ့လက်နက်မှာအပေါက်ပါနေတယ်။ဒီအပေါက်မျိုးကို သာမန်Bardicheတွေထဲမှာမတွေ့ရဘူးမဟုတ်လား"
"ဟုတ်တယ်။ဒါဘာအတွက်လဲငါစဉ်းစားနေတာ"
"တကယ် ဒါကတော်တော်ကိုလှတဲ့လက်နက်ပါ။ဒါပေမယ့် သံသယဖြစ်ဖို့လည်းကောင်းနေတယ်"
Shinjiကဆင်ခြင်ပေးနေတာမဟုတ်ပါဘူး။Markအရမ်းပျော်နေလိူ့သူမနာလိုဖြစ်နေတာလည်းမဟုတ်ပါဘူး။နောက်ပြီး Shinjiကော၊Xinကောကဒီလောက်ကြီးမားတဲ့လက်နက်မျိုးကိုမသုံးနိုင်လို့ပါပဲ။
"ဒိလိုကွာ၊သိလား"
Shinjiစကားလုံးတွေကိုသေချာရွေးချယ်နေပြီး...
"နိုင်ငံတစ်နိုင်ငံကဒိလိုလက်နက်မျိုးကိုအသာလေးထုတ်ပေးနိုင်တယ်ဆိုရင် သေချာပေါက်ဒိနိုင်ငံကငါတို့ထင်ထားတာထက်အန္တရာယ်များနေပြီ"
Markနဲ့Xinတို့ငြိမ်ကျသွားပါတယ်။သူတို့လည်းအဲ့လိုတွေးနေကြတာပါပဲ။သူဒီBardicheကိုရအပြီးမှာ ကောင်တာကစာရေးမကပြန်သိမ်းသွားမှာကိုစိုးရိမ်နေမိခဲ့ပါတယ်။စည်းမျဉ်းတွေအရတော့ ဝင်္ကပါထဲကတွေ့တဲ့အရာတွေအားလုံးကိုစွန့်စားသူတွေကသာပိုင်တယ်လို့ပြောထားပေမယ့် နိုင်ငံတစ်နိုင်ငံက အထူးသဖြင့်ဒီလောက်စွမ်းအားကြီးတဲ့လက်နက်မျိုးကိုအလွယ်တကူပေးပစ်မှာမဟုတ်လောက်ဘူး လို့သူအတွေးရောက်နေခဲ့တာပါ။အဲ့လိုသာဖြစ်ခဲ့မယ်ဆိုရင်လည်း Markနဲ့တခြားသူတွေနာခံရုံကလွဲပြီးရွေးချယ်စရာမရှိပါဘူး။သူတို့ကဒီနိုင်ငံမှာရောက်နေသရွေ့ ဒီနိုင်ငံရဲ့ဥပဒေတွေနဲ့ဆုံးဖြတ်ချက်တွေကိုလိုက်နာရပါမယ်။ဒါကနိုင်ငံတိုင်းလိုလိုပါပဲ။နောက်ပြီး သူတို့ကစပိုင်တွေလည်းဖြစ်ကြတာကြောင့် ဒီလိုမျိုးပြသနာဖြစ်မယ်ဆိုရင် သူတို့ဒီ့ထက်ပိုနာကျင်ရမှာပါပဲ။ဒါပေမယ့် တကယ်ဖြစ်သွားတာက သူတိူ့ထင်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ဝန်ထမ်းတွေဆီကချီးကျူးထောပနာလက်ခုပ်တီးသံတွေကိုသာကြားခဲ့ရပြီး သူတို့ကိုအပိုဆုကြေးငွေတွေကိုတောင်ပေးခဲ့ကြပါသေးတယ်။
အခုတော့ Tempestကတခြားနိုင်ငံတွေနဲ့မတူမှန်းသူတို့သဘောပေါက်သွားခဲ့ကြပါပြီ။
"လက်နက်တွေကိုအသာထားပါဦး"
Shinjiရေရွတ်လိုက်ပြီး...
"တစ်နိုင်ငံလုံးကလည်း ဗရမ်းဗတာကြီးမလား"
"ထင်တော့မထင်ထားမိဘူး"
Markအသံကထွက်ပေါ်လာပါတယ်။
"ငါတို့ဝင်္ကပါကိုသာအတည်စိန်ခေါ်မယ်ဆိုရင် ပိုက်ဆံတွေအများကြီးနဲ့အပျော်တွေရှာလို့ရတယ်။ပြောချင်တာကကွာ၊ငါတို့မှာအရှုံးမရှိဘူးမဟုတ်လား။ပျော့ညံ့ရင်အဆုံးအထိမရောက်နိုင်ဘူး။ငါတို့လိုသန်မာမယ်ဆိုရင်..."
"Mark,တော်တော့။ပြည်ပြေးတွေဘာဖြစ်သလဲသိတယ်မလား"
"သေဒဏ်"
"အေး၊ငါလည်းသိပါတယ်"
Markသက်ပြင်းချကာပြောလိုက်ပြီး...
"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီမှာနေရတဲ့ဘဝကပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ"
ဒီအချက်ကိုတော့သူတို့အားလုံးသဘောတူကြပါတယ်။ဒါပေမယ့် အမှန်တရားဆိုတာကခါးသီးလွန်းပါတယ်။Markရဲ့စကားတွေကမက်လောက်စရာဆိုပေမယ့် ဒီနေရာကစိတ်ကူးယဉ်လို့ကောင်းတဲ့နေရာမျိုးမဟုတ်ပါဘူး။
"စစ်ပွဲစဖြစ်ရင် ဒီတိုင်းပြည်ကတော်တော်လေးအထိနာသွားလောက်တယ်"
"ဟုတ်တယ်။တကယ်လို့ဒီနိုင်ငံသာနိုင်သွားမယ်ဆိုရင် ငါတို့ပျော်ပျော်ကြီးဒိကိုလာခိုလှုံလို့ရပြီ။ဒါပေမယ့် လောလောဆယ်အင်ပါယာကိုစွန့်ခွာပြေးမယ်ဆိုရင် ဘယ်နိုင်ငံကမှလက်ခံကြမယ်မထင်ဘူး"
"ငါတို့နိုင်ငံမရှိပဲနဲ့တော့ အသက်ရှင်လို့မရဘူးထင်တယ်"
သူတို့သက်ပြင်းချလိုက်ပြီး သေးသိမ်တဲ့အတွေးတွေကိုဖယ်ရှားပစ်လိုက်ကြပါတော့တယ်။
.
Next
#crd_to_Fuse
#Dva