Slime - Chapter 368
Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က
Vol 12
စစ်ပွဲကြီး၏အစ
အပိုင်း(၃၆၈)....ဒုတိယလက်ရွေးစင်အဖွဲ့
Tempestမြို့တော်Rimuruကတော့လူတွေအများကြီးနဲ့အသက်ဝင်နေပါတယ်။မြို့ပြကြီးလို့ခေါ်လို့ရလောက်အောင် အဆင့်မြင့်လွန်းတဲ့မြို့ကြီးပါပဲ။တခြားလောကသားတွေဖြစ်တဲ့Shinjiတို့တသိုက်အတွက်တောင် ဒီမြို့ကြီးကအရမ်းဖွံ့ဖြိုးနေပြီး အလယ်ခေတ်အငွေ့အသက်လုံးဝမရှိတာကြောင်းသိနိုင်ပါတယ်။အင်ပါယာရဲ့မြို့တော်Nascaပတ်ဝန်းကျင်ကတော့ အမြဲတမ်းတောကောင်တွေနဲ့ပြည့်နေပါတယ်။အံ့သြဖို့ကောင်းလောက်အောင်ပဲ ဒီနေရာမှာတော့အဲ့လိုမျိုးတွေမရှိကြပါဘူး။
"ငါတို့ကိုဂိတ်ကြီးတစ်ဂိတ်ကလွဲပြီးဘာမှမရှိတဲ့လွင်ထီးခေါင်ပြင်ကြီးကစောင့်နေမယ်လို့ထင်ထားပေမယ့် နေရာများမှားနေရော့လား"
"မပြောတတ်ဘူးလေ။သူတို့ဒီမြို့ကိုကြိုက်သလိုပြောင်းလဲလို့ရတာဟုတ်ရင်ဟုတ်၊မဟုတ်ရင်တော့ ငါတို့လွှတ်ထားတဲ့စပိုင်တွေဆေးကွဲနေကြလို့ပဲဖြစ်လိမ့်မယ်"
"အဲ့လိုဆိုရင်တောင် ငါတို့သတိမလွတ်သင့်ဘူး"
သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အားတင်းလိုက်ကြပါတယ်။KagaliကTempestကိုရောက်ဖူးတာကြောင့် သူတို့ကိုWarp Portalကိုသုံးပြီး ချထားပေးလိုက်ပါတယ်။သူမအကြာကြီးမနေပဲ အင်ပါယာကိုချက်ချင်းပြန်သွားပေမယ့် သူတို့ပြန်မယ့်အစီအစဉ်ကိုတစ်ခါတည်းဆွဲပြီးသားဖြစ်တာကြောင့် ဘာမှစိတ်ပူဖို့တော့မလိုပါဘူး။သူတို့ကိစ္စပြီးတာနဲ့ Gadraနဲ့တွေ့ကြမှာဖြစ်ပြီး သူတို့အတူတူမှော်နဲ့အိမ်ကိုပြန်ကြမှာပါ။အဲ့မတိုင်ခင်အထိတော့ သူတို့မလိုလားအပ်တဲ့ဘာပြသနာတွေရှာခွင့်မရှိပဲ ရသလောက်သတင်းအချက်အလက်တွေကိုစုဆောင်းရမှာပါ။သူတို့၃ယောက်ကအရူးတွေမဟုတ်ပါဘူး။သူတို့ကိုအမိန့်ပေးတဲ့အတိုင်းလုပ်ကြမယ်ဆိုတာပြောဖို့တောင်မလိုပါဘူး။
"သခင်မKagaliကလန်းတယ်နော်"
"ဟေ့ဟေ့ Shinji...အဲ့လိုတွေပြောနေမယ်ဆိုရင် မင်းကောင်မလေးမင်းကိုပစ်သွားလိမ့်မယ်နော်"
"ကောင်မလေးလား။မရှိပါဘူးဟ၊တစ်ယောက်လောက်သာရှိရင် ငါ့ဘဝကြီးကပိုအေးချမါးနေမှာ"
"အယ်?"
"Markရေ၊စိတ်ထဲထားမနေနဲ့။သူကိုကအဖြစ်မရှိတာ"
Shinjiဆုံးရှုံးမှုကိုတမ်းတနေတုန်း Markနဲ့Xinတို့ပုခုံးတွန့်လိုက်ကြပါတယ်။သူတို့စကားပြောနေကြရင်း မြို့တံခါးဝမှာအစစ်ဆေးခံရင်းဝင်လာလိုက်ကြပါတယ်။သူတို့အတွက်Yuukiပြင်ဆင်ပေးထားတဲ့ လွတ်လပ်သူများအဖွဲ့အစည်းအိုင်ဒီကတ်တွေကြောင့် သူတို့ထင်ထားတာထက်မြို့ထဲကိုချောချောမွေ့မွေဝင်နိုင်သွားကြပြီး ဘာလို့ဒီကိုလာရလဲဆိုတဲ့အကြောင်းပြချက်တစ်ခုကိုပဲရှင်းပြလိုက်ရပါတယ်။အဲ့တာပြီးနောက်တည်းခိုခန်းထဲမှာအခန်းဌားလိုက်ပြီး မြို့အနှံ့ရှုခင်းလျှောက်ကြည့်ရင်းသတင်းအချက်အလက်တွေကိုစုဆောင်းဖို့ပြင်လိုက်ပါတယ်။
၃ယောက်သားအတွက်မြင်မြင်သမျှက ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။တခြားလောကသားတွေဖြစ်တာကြောင့် ၃ယောက်သားမှာသာမန်လူတွေထက်ပိုစွမ်းဆောင်ရည်ရှိကြပါတယ်။ဒါပေမယ့် သူတို့ထဲကတစ်ယောက်မှ မိစ္ဆာဘုရင်Rimuruလိုလွတ်လွတ်လပ်လပ်လုပ်ချင်ရာမလုပ်နိုင်ကြပါဘူး။Yuukiကအစားအသောက်အခြေအနေအတွက်အများကြီးတိုးတက်အောင်ပြင်ဆင်ပေးခဲ့ပေးပြီး အင်ပါယာအနှံ့ပျံ့သွားအောင်လုပ်နိုင်ခဲ့ပေမယ့် အဲ့ဒီကြီးမားတဲ့ကြိုးပမ်းချက်တွေက ဒီနိုင်ငံရဲ့တိုးတက်မှုတွေနဲ့ယှဉ်ရင်ဘာမှန်းမသိတောင်ဖြစ်သွားရပါတယ်။ဒီလိုဖြစ်မယ်မှန်းကြိုသိနေတဲ့Shinjiကတော့မအံ့ဩသွားရပေမယ့်လည်း နည်းနည်းတော့အံ့အားသင့်နေမိပါတယ်။Takoyaki,okonomiyakiတို့၊yakisobaတို့ဆိုတာ အစပဲရှိပါသေးတယ်။ခရင်မုန့်နဲ့ကိတ်မုန့်တွေလိုမျိုးသရေစာတွေလည်းမျိုးစုံရှိပါတယ်။ဈေးအရမ်းကြီးပြီးအဆင့်မြင့်တဲ့အစားအဿာက်တွေကလည်းတန်းဆီနေတာကြောင့် အမယ်တွေဘယ်ကရလဲဆိုတာတောင် တွေးချင်စရာပါပဲ။မုန့်တန်းလျားတွေကနေ ညစာစားခန်းမှာကော်ဖီထိုင်သောက်နေပါတယ်။မီနူးကိုကြည့်ရင်း အရင်ကမ္ဘာကအငွေ့အသက်နဲ့အရသာကိုခံစားရစေပါတယ်။စစချင်းတော့ကြောင်တောင်တောင်ဖြစ်သွားကြမယ်ဆိုပေမယ့် မြို့ခံလူတွေကဒီများပြားလှတဲ့ဟင်းလျာတွေနဲ့ကျင့်သားရသွားကြပါတော့တယ်။Curryထမင်းဆိုင်ကိုတွေ့တဲ့အချိန်မှာတော့ Shinjiတစ်ယောက်ပျော်လွန်းလို့ထငိုပါတော့တယ်။မိလ္လာစနစ်နဲရေဆိုးမြောင်းစနစ်ကလည်းအကောင်းဆုံးပါပဲ။စားသောက်ဆိုင်ကဒီထက်ပိုသက်တောင့်သက်သာဖြစ်စရာအကြောင်းမရှိတော့ပါဘူး။လူအများကြားနာမည်ကြီးလာတဲ့ အများသုံးရေချိုးခန်းတွေလည်းရှိပါသေးတယ်။
"ငါတော့ဒီမှာသောက်ရမ်းနေချင်သွားပြီ။ဟေ့ကောင်တွေ၊ငါတို့အင်ပါယာကိုမပြန်လို့မရဘူးလား"
Markမေးလိုက်ပါတယ်။
"ဟေ့ကောင်"
"မဟုတ်ဘူး၊မှားလို့..ဆော်ရီး၊ဆော်ရီး Shinjiရာ၊အတွေးမမှားနဲ့နော်"
"ငါစိတ်မဆိုးပါဘူး၊ငါလည်းစဉ်းစားကြည့်ရင်ကောင်းမလားသိချင်နေတာ"
"ငါလည်းဒီမှာနေချင်တယ်"
၃ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကြပါတယ်။အရင်ကတည်းက သူတို့အင်ပါယာဆိုတာ အားလုံးထက်ခေတ်ရှေ့ပြေးနေတဲ့ယဉ်ကျေးမှုထွန်းကားတဲ့မြိုပြကြီးဆိုတဲ့အမြင်နဲ့ သူတို့အကြာကြီးနေထိုင်ခဲ့ကြရပါတယ်။ဒါပေမယ့် အခုဒီနိုင်ငံကိုမြင်ပြီးနောက်မှာတော့ သူတို့စိတ်ထွေပြားသွားကြရပါပြီ။မြို့ကစည်ပင်သာယာပြီးအစားအသောက်တွေကလည်းအရသာရှိလှပါတယ်။ဒီမှာနေရတာသက်တောင့်သက်သာရှိလို့တင်မကပဲ ဖျော်ဖြေမှုတွေကလည်းအများကြီးမကုန်ဆုံးနိုင်အောင်ရှိတာကြောင့် သူတို့ကိုယ်သူတို့ပျော်ပျော်ရွှင်ရွှင်နေဖို့ အခွင့်အရေးတွေအမျကြီးရှိပါတယ်။ဒီသာယာမှုတွေအားလုံးက သူတို့အရင်လောကကဖြစ်ကြတာကြောင့် ခုထိသူတို့နေလာခဲ့တဲ့ကြမ်းတမ်းတဲ့ဘဝမှာ အရင်လောကကိုလွမ်းဆွတ်တမ်းတသွားမိပါတယ်။အင်ပါယာမှာလည်း ယဉ်ကျေးမှုထွန်းကားတဲ့အပြင် ပြောပလောက်တဲ့ဖျော်ဖြေမှုပုံစံတွေရှိကြပေမယ့် ဒီမှာလိုအလကားမဟုတ်ပဲ သုကောင်းတွေအတွက်ပဲဖြစ်တာကြောင့်သာမန်လူတွေအတွက်တော်တော်လေးအကုန်အကျများပါတယ်။အဲ့တာနဲ့ယှဉ်ရင် ဒီမြို့က...
"မဟုတ်သေးဘူး၊မဟုတ်သေးဘူး၊မဟုတ်သေးဘူး၊ငါတို့အဲ့လိုလုပ်လို့မရဘူးလေ"
"ဟုတ်ပါ့၊Yuuki-sanကလည်းကျေနပ်မှမဟုတ်ကြသလို Gadraဆရာကလည်းတော်တော်ဂွကျမှာပဲ။နောက်ပြီး စစ်ပွဲကလည်းဖြစ်ခါနီးနေပြီ"
"သစ္စာဖောက်တွေအတွက် ပစ်သတ်မယ့်တပ်ဖွဲ့ကလည်းအသင့်ရှိနေတယ်နော်"
ဟူတ်ပါတယ်။မကြာခင်စစ်ဖြစ်တော့မှာပါ။ဒီမြို့ကလည်းပစ်မှတ်ထားခံရမှာကြောင့် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ထိခိုက်မှုရှိကြမှာပါပဲ။၃ယောက်သားအနေနဲ့အင်ပါယာရဲ့စစ်အင်အားကဘယ်လောက်ကြောက်စရာကောင်းလဲသူတို့သိထားကြတာကြောင့် ဒီနိုင်ငံအနေနဲ့တောင့်ခံနိုင်မှာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။အဲ့လိုမျိုးလေးလံတဲ့စိတ်တွေနဲ့သူတို့ဆန္ဒတွေကိုမျိုချလိုက်ကြပြီး တာဝန်ကိုပဲကျေကျေပွန်ပွန်ထမ်းဆောင်ကြတော့မယ်လို့ နှလူံးသွင်းထားလိုက်ကြပါတော့တယ်။
.........
......
....
"ဆိုတော့ သူရဲကောင်းMasayukiတောင်အထပ်၅၀ကိုရောက်သွားပြီပေါ့လေ၊ဒါပေမယ့်လည်း ပြောရဦးမယ်၊တော်တော်လွယ်တာပဲဟ"
"ဟဟ၊ဖြစ်နိုင်တယ်။ဘာလို့ဆို Masayukiကအဲ့လောက်လည်းမစွမ်းဘူးလိူ့ Yuuki-sanတစ်ခါပြောဖူးတယ်"
"ဒါပေမယ့် သူ့Skillကိုတော့သွားလျှော့တွက်လို့မရဘူးနော်"
"အေးလေ၊အဲ့တာကြောင့်ပဲ သူဆက်တိုက်အောင်လာတာနေမှာပေါ့။သူကဖြည်းဖြည်းချင်းနဲ့အနိုင်ယူမယ့်လူမျိုး။အထပ်၅ဝကိုကျော်ဖြတ်ဖို့ သူ့အတွက်နှစ်ဝက်လောက်ကြာသွားတယ်လေ"
သူတို့အထပ်၄၀ကိုကျော်ဖြတ်အပြီးမှာ စကားပြောနေကြပါတယ်။အစက သူတို့dungeonထဲမှာသတိမပြတ်ထားနေကြပေမယ့် အခုတော့အေးအေးဆေးဆေးဖြစ်သွားကြပါပြီ။အန္တရာယ်မဖြစ်အောင် သူတို့အချက်အလက်တွေရသလောက်စုထားကြတယ်ဆိုပေမယ့် နောက်ဆုံးShinjiနဲ့သူ့လူတွေသိလိုက်ရတာက Dungeonဟာ ဂိမ်းစနစ်ကိုအခြေခံထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်။Xinကတော့ဂိမ်းတွေဘာတွေနဲ့မရင်းနှီးပေမယ့် Shinjiနဲ့Markတို့ကတော့ ဝါရင့်ဂိမ်မာကြီးတွေပါ။အထူးသဖြင်ပShinjiကတော့ RPGဂိမ်းတွေကိုအထူးစိတ်ဝင်စားပြီး စွန့်စားသူအမည်ခံနဲ့ လျှောက်သွားစွန့်စားရတာကိုခုံမင်သူဖြစ်ကာ တက္ကသိုလ်မှာအားလပ်တိုင်းဆော့ကြလေ့ရှိပါတယ်။သူတို့ရဲ့အသိပညာတွေကြောင့်Dungeonဟာသူတို့အတွက်တော့ ကလေးကစားကွင်းလိုပါပဲ။ဒါကိုစိန်ခေါ်သူတွေဟာတစ်ယောက်ယောက်ရဲ့မကောင်းတဲ့စနက်တွေရဲ့သားကောင်ဖြစ်လာရတာပါပဲ။ဘာပဲဖြစ်ဖြစ် အားလုံးကသူတို့နဲ့ရင်းနှီးထားပြီးကြသားပဲ။Xin Liuxingကထောင်ချောက်ရှာဖွေတဲ့နေရာမှာထူးချွန်ပြီး Shinjiရဲ့ကူညီမှုနဲ့အတူ ထောင်ချောက်အကုန်လုံးနီးပါးကိုဖယ်ထုတ်နိုင်ခဲ့ပါတယ်။ထောင်ချောက်တွေကိုသာရှင်းနိုင်ရင် မွန်းစတားတွေရဲ့အစွမ်းကသူတိူ့အတွက်တော့မပြောပလောက်ပါဘူး။
"စိန်ခေါ်သူတွေအနိုင်ယူဖို့ခက်ခဲနေကြတာ သူတို့ဗဟုသုတအားနည်းကြလို့ဖြစ်လိမ့်မယ်"
"ဟုတ်တယ်၊ဒါကအတားအဆီးပြိုင်ပွဲလောက်ပဲရှိတယ်လို့ပြောခဲ့မိပေမယ့် တကယ်လည်းအဲ့လောက်ပဲရှိကြတာ။ဖန်တီးသူရဲ့မကောင်းတဲ့စနက်တွေကိုအဖြေရှာနိုင်ရင် အသာလေးလစ်ထွက်သွားရုံပဲ"
"နောက်ပြီး ငါတို့ကလည်းမသေနိုင်ဘူးလေ"
သူတို့စုံစမ်းထားတဲ့အချက်အလက်တွေမှာ အသက်သွင်းလက်ကောက်ဆိုတာပါပါတယ်။ပထမတစ်ခေါက်ဝင်ရင် ကောင်တာမှာတစ်ခုအလကားရပါတယ်။လက်ကောက်ဝတ်ထားရင် ဝင်္ကပါထဲမှာသေတာနဲ့အပေါက်ဝမှာပြန်လည်ရှင်သန်နိုင်တယ်လို့ပြောထားကြပါတယ်။သူတို့တော်တော်လေးတော့အံ့အားသင့်သွားရပါတယ်။ဒီလေးနက်တဲ့လောကကြီးရဲ့အလယ်မှာ ဒီကိစ္စကပြက်လုံးတစ်ခုလိုပါပဲ။ပြသနာက ဒီDungeonကဘယ်လောက်နက်လဲသူတို့မသိတာပါ။တစ်ခါတည်းသူတို့အန်ုင်ယူချင်ပေမယ့်လည်း သူတို့ယူလာတဲ့ရိက္ခာကမလောက်ပါဘူး။၃ယောက်သားအနေနဲ့ စွန့်စားခန်းအတွက်ရိက္ခာဘယ်လောက်သယ်ရမလဲကြောင်ပျောက်နေကြတုန်းမှာပဲ ဧည့်ကြိုကောင်တာကနေမထင်ထားတဲ့အဖြေကိုကြားလိုက်ရပါတယ်။
"အို၊စိတ်ပူကြဖို့မလိုပါဘူးရှင်"
စာရေးမလေးကပြောလိုက်ပြီးရှည်လျားစွာရှင်းပြပါတော့တယ်။
"လှေကားတွေကိုတွေ့ရင် ဘေးမှာအခကြေးပေးပြီးတည်းရတဲ့စားသောက်ဆိုင်တွေဆီရောက်တဲ့တံခါးပေါက်တွေရှိပါတယ်။ဒါကြောင့် ရိက္ခာနဲ့ပတ်သက်ပြီးရှင်တို့စိတ်ပူနေဖို့မလိုပါဘူးရှင်။အရှင်Rimuruက"ယန်း၃၀၀နဲပအကုန်ရ" လိူ့ပြောဖူးပါတယ်။အဲ့တာကဘာကိုဆိုလိုလဲတော့မသိပေမယ့် အရေးကြီးမှန်းတော့သိပါတယ်။ဪ၊ဟုတ်သား။တည်းခိုခန်းတွေမှာကုန်သည်တွေလည်းရှိနေကြတာကြောင့် ရှင်တို့မလိုတဲ့ပစ္စည်းတွေကိုရောင်းလို့ရပါတယ်နော်"
Shinjiအော်ချင်စိတ်ကိုမထိန်းထားနိုင်တော့ပါဘူး
"မြန်မြန်လူပ်ပါဟ။ငါတို့အစားအသောက်နဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုတော့ဘူး"
အကျိုးဆက်အနေနဲ့တော့ လူအလယ်မှာအော်ပြောမှုကြောင့်ဒဏ်ကြေးတပ်ခံလိုက်ရတော့တာပါပဲ။
.......
.....
....
လက်ရှိအခြေအနေကိုပြန်သွားရအောင်။သူတို့ဝင်္ကပါစွန့်စားခန်းထွက်လာတာရက်သတ္တပတ်တွေကြာသွားပါပြီ။Shinjiနဲ့သူ့လူတွေ တည်းခိုခန်းမှာတည်းနေကြရင်း သူတို့ရထားတာတွေကိုစုနေကြပါတယ်။
"စကားမစပ်"
Markစိတ်ကောင်းဝင်နေတဲ့ပုံနဲ့စပြောလိုက်ပြီး...
"ဒီရက်အတွင်း ငါတို့တော်တော်လေးရခဲ့ကြတယ်မလား။ဒီနေရာကငရဲလိုကြမ်းတမ်းတယ်ပြောကြပေမယ့် တော်တော်လေးတော့သက်တောင့်သက်သာရှိသား။ဒါ့အပြင် တည်းခိုးခတွေကလည်းဈေးသက်သာသလို မလိုအပ်တာတွေရောင်းပြီး ငါတို့ပိုက်ဆံတွေတော်တော်စုထားနိုင်ကြတာပဲနော်"
Xinအနည်းငယ်စိတ်ဝင်စားတဲ့ပုံနဲ့မော့ကြည့်လိုက်ပါတယ်။Shinjiကတော့သူ့အိတ်ထဲကနေ ရွှေပြားတွေကိုထုတ်လိုက်ပြီးကြည့်လိုက်ပါတယ်။သူတို့ရွှေပြားတွေကိုတပ်မက်စွာကြည့်နေကြလိုက်ကြပါတယ်။ပိုက်ဆံတွေကို သေတ္တာတွေဖောက်တာ၊မွန်းစတားတွေသတ်တာ၊ပစ္စည်းတွေရောင်းတာရုံလောက်နဲ့ပဲရတာမဟုတ်ပါဘူး။သူတို့ရွှေပြားတွေဒါဇင်နဲ့ချီရပြီး တစ်ခါတစ်လေဆုကြေးအနေနဲ့ စတယ်လာရွှေပြားတွေလိုဆုကြေးအကြီးကြီးတွေတောင်ရတတ်ကြပါတယ်။
"အဲ့လိုပဲပြောရမှာပေါ့။ငါတို့တော်တော်လေးမြိုးမြိူးမြက်မြက်ရခဲ့တာပဲ။ငါကြားတာတော့ ရှေ့တန်းကဝင်္ကပါစိန်ခေါ်သူတွေတောင် အထပ်၅၀ကိုမကျော်နိုင်ကြသေးဘူးလို့ကြားတယ်။Masayukiတို့အဖွဲ့ပဲကျော်နိုင်ကြသေးတာဆိုတော့ ငါတို့ကဒုတိယအဖွဲ့ဖြစ်လာလိမ့်မယ်ထင်တယ်"
Masayukiအဖွဲ့ကအထပ်၆၀မှာတစ်သွားကြပါပြီ။နောက် တခြားစိန်ခေါ်သူတွေကိုလည်း အထပ်၄၀ကဘော့စ်မွန်းစတားတွေကတားဆီးထားကြပါတယ်။သူတို့ကြောင့် Shinjiတို့အဖွဲ့ကဒီလရဲ့MVPဖြစ်လာကြရပါတယ်။
"ဟုတ်တယ်၊Tempestမြွေမလား။တော်တော်လေးသန်မာတယ်ဆိုပေမယ့် ငါတို့ကိုတော့မယှဉ်နိုင်ပါဘူးကွာ"
Tempestမြွေကအဆင့်A-ရှိတဲ့မွန်းစတားဖြစ်တာကြောင့် အဆင့်မြင့်စွန့်စားသူတွေတောင်ခက်ခက်ခဲခဲရုန်းကန်ကြရပါတယ်။သူ့ရဲ့ပျံ့နှံ့တတ်တဲ့အဆိပ်ငွေ့တိုက်ကွက်က အခန်းကျဉ်းထဲမှာဖြစ်တာကြောင့် အရမ်းဖျက်အားပြင်ပါတယ်။စိန်ခေါ်သူတွေမှာလည်းထွက်ပြေးစရာလမ်းမရှိတာကြောင့် ရန်သူကိုပဲထိပ်တိုက်ရင်ဆိုင်ရမှာပါ။မြွေသာကိုယ့်ကိုပတ်မိသွားပြီဆိုရင် သူ့ရဲ့ကြမ်းတမ်းတဲ့ကြေးခွံတွေကြောင့်တစ်ခါတည်းကိစ္စတုံးသွားမှာပါ။ဒီမွန်းစတားကကိုင်တွယ်ရလက်ပေါက်ကပ်တယ်ဆိုပေမယ့် Shinjiတို့အဖွဲ့ကတော့ချွေးတောင်မထွက်ပဲနှိမ်နင်းနိုင်ခဲ့ပါတယ်။သူတို့စိတ်ဝင်စားတာမွန်းစတားဘယ်လောက်သန်မာတယ်ဆိုတာထက် မွန်းစတားကိုသတ်ရင်ဘာကိုရမလဲဆိုတာပါပဲ။
"ဒီလက်နက်ကအပေါက်ကဘာအတွက်လဲသိချင်မိတယ်။တော်တ်ေဈေးကြီးမယ့်ပုံပဲ"
.
Next
#crd_to_Fuse
#Dva