- Chapter 367

Slimeအဖြစ်ပြန်ဝင်စားခဲ့စဉ်က

Vol 12

စစ်ပွဲကြီး၏အစ

အပိုင်း(၃၆၇)....နောင်တ?

Granvilleသေပြီဆိုတာနဲ့ Rossoမိသားစုကလည်းအလိုလိုကျရှုံးမှာပါပဲ။ဒီအချက်အလက်တွေကိုသာစောစောရလိုက်ရင် ကျူးကျော်ရေးအစီအစဉ်တစ်ခုလုံးကိုပြောင်းလဲလိုက်နိုင်မှာကြောင့် စောစောကသိခဲ့ရင်ကောင်းသားလို့ Gadraတွေးလိုက်မိပါတယ်။နောက်ပြီး...

"အဲ့ကောင်လေး....ဒီကိစ္စကိုသိသိရက်ကြီးနဲ့ သူငါ့ကိုမပြောဘူး"

Yuukiရဲ့မျက်နှာကသူ့မျက်လုံးထဲမှာပေါ်လာပြီး ဒေါသတကြီးရေရွတ်လိုက်ပါတယ်။Yuukiအနေနဲ့ Gadraရဲ့လက်စားချေစိတ်ကိုခုတုံးလုပ်ဖို့ ဒီအချက်ကိုထိမ်ချန်ထားခဲ့တာပါ။ဘာပဲဖြစ်ဖြစ် ဒီသတင်းတွေကGadraအတွက်တော့ဝမ်းသာစရာမကောင်းကြပါဘူး။

"ဆရာပြောတာ Yuuki Kagurazakaကိုပြောတာလား။ကျွန်တော်တို့ကိုအဲ့လူကလည်းကစားသွားတာကြောင့် အရှင်ခံစားရတာကိုနားလည်နိုင်ပါတယ်"

သူ့တပည့်ဆီကနေပြန်သင်ပေးနေတာကြောင့် Gadraခံပြင်း၊ရှက်မိသွားပြီး ပြောစရာစကားဆွံ့အသွားပါတယ်။Razenပြောပုံအရ Yuukiကလည်းRimuruဘက်ရဲ့ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ဒါပေမယ့် ခုထက်ထိတော့၂ဖက်လုံးကငြိမ်ချက်သားကောင်းနေကြတာကြောင့် ပေါ်တင်ရန်လိုကြတဲ့အဆင့်ကိုမရောက်ကြသေးပါဘူး။

Yuuki...မအေဘေး...ငါ့ဆီကဖုံးကွယ်ထားတာတွေများလှချည်လား၊နောက်ပြီး ငါကLuminismဝါဒကိူမကျေနပ်မှန်းသိတာကြောင့် မြင့်မြတ်ဘုရား‌ကျောင်းနဲ့ပတ်သက်ပြီး သတင်းတွေကိုလည်းဖုံးကွယ်ပြီးလာပြောထားသေးတယ်၊မင်းငါ့မသိအောင်ထိန်ချန်ထားတဲ့အကျည်းတန်တဲ့အမှန်တရားတွေဘယ်လောက်များရှိနေသေးလဲ

အဲ့အချိန်မှာ Gadraတစ်ယောက်သူအသုံးချလိုက်ခံရပြီမှန်းသိလိုက်ရပြီဖြစ်ပြီး အများအရှေ့မှာဝေခွဲမရတဲ့မျက်နှာထားနဲ့ထိုင်နေပြီး စိတ်ထဲမှာသူဘာလုပ်‌ရမလဲစဉ်းစားနေပါတော့တယ်။

.....

"ပြသနာပဲ။ဒီလိုဆိုရင် မိစ္ဆာဘုရင်Rimuruကိုချဉ်းကပ်ပုံချဉ်းကပ်နည်းကိုပြန်စဉ်းစားရတော့မယ်"

RimuruကGadraထင်ထားတာထက်ပိုကြီးမားတဲ့အန္တရာယ်ဖြစ်နေပါတယ်။အခုအဲ့ပြသနာကိုဘယ်လိုရှင်းကြမလဲ။သူသစ္စာဖောက်ခံလိုက်ရပြီး သူ့အခင်ဆုံးသူငယ်ချင်းကိုသတ်သွားကြလို့ လက်စားချေချင်တဲ့မီးတောက်ကရှိနေသေးတာကြောင့် Luminismကိုခွင့်လွှတ်နိုင်မှာမဟုတ်သေးပါဘူး။ဒါပေမယ့် သူမကျေပ်နေတဲ့သူတွေ၊အထူးသဖြင့် ၇နေ့နံဘုန်းတော်ကြီးတွေကမရှိကြတော့ပါဘူး။ပြောရရင် အနောက်ဘက်ကိုဖျက်စီးဖို့အကြောင်းပြချက်က သူ့အတွက်တော့မရှိတော့တဲ့အတိုင်းပါပဲ။အရင်ကအကြံတူခဲ့တာကြောင့် သူနဲ့အင်ပါယာတို့ပူးပေါင်းခဲ့ကြပြီး အကျိုးတူဆက်ဆံရေးကိုတည်ထောင်ခဲ့ကြတာပါ။အခု အဲ့အကြောင်းပြချက်ကလည်းမရှိတော့ဘူးဆိုတော့ သူအင်ပါယာဘက်မှာဆက်နေစရာအကြောင်းမရှိတော့ပါဘူး။

မဟုတ်သေးဘူး၊အကြောင်းပြချက်တစ်ခုရှိသေးတယ်။ငါ့လက်စားချေချင်တာရဲ့အဓိကပစ်မှတ်၊မိစ္ဆာဘုရင်မLuminus Valentineရှိသေးတယ်။

Gadraအဲ့နတ်ဘုရားမကိုအကြွင်းမဲ့ယုံခဲ့တာကြောင့်သေဆုံးသွားခဲ့တဲ့သူ့သူငယ်ချင်းမျက်နှာကိုမြင်ယောင်လာပါတယ်။နတ်ဘုရားမအဖြစ်ဟန်ဆောင်ထားတဲ့မိစ္ဆာဘုရင်မ။အဲ့လိုမိစ္ဆာဘုရင်မျိုးကို သူလုံးဝခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူး။ဆုံးဖြတ်ချက်ချလိုက်ပြီး အသစ်ရထားတဲ့အချက်အလက်တွေနဲ့နောက်ထပ်ခြေလှမ်းသစ်ကိုတွေးမယ်အလုပ်မှာပဲ...

"အရှင်Gadra...ကျွန်တော်တောင်းဆိုတာအရမ်းများနေသလိုဖြစ်နေမယ်ဆိုပေမယ့် အရှင့်အစီအစဉ်တွေကိုရပ်လိုက်ဖို့အကြံပြုချင်ပါတယ်"

"ဟေ"

Razen Gadraကိုကြည့်လိုက်ပြီး အချီကြီးစကားတစ်ခွန်းကိုပြောချလိုက်ပါတယ်။

"ဒီနေ့ထိ ကျွန်တော်ကဆရာ့ရဲ့သစ္စာရှိတပည့်တစ်ယောက်အဖြစ်နေထိုင်လာခဲ့တာပါ။ဒါပေမယ့် အခုကျွန်တော့်သခင်ကိုထားရှ်ိတဲ့သစ္စာတရားကပိုကြီးမားသွားပါပြီ။အဲ့တိုင်းပြည်ကိုအရှင်ပျက်စီးစေချင်ရင် ကျွန်တော်ဆရာ့ကိုရန်သူအဖြစ်သတ်မှတ်ရပါလိမ့်မယ်"

"မင်းသခင်ဆိုတာ မိစ္ဆာဘုရင်Rimuruလား"

"မဟုတ်ပါဘူး၊ကျွန်တော့်သခင်ကသူ့ရဲ့လက်ရုံးထဲကတစ်ယောက်ဖြစ်တဲ့ အရှင်Diabloပါ"

Gadraသူကြားလိုက်ရတာကြောင့်ရှိန်သွားပါတယ်။Razenကသူဂုဏ်ယူရတဲ့တပည့်တစ်ယောက်ပါ။အဲ့လိုလူတစ်ယောက်က မိစ္ဆာဘုရင်တစ်ယောက်ရဲ့တပည့်တစ်ယောက်လောက်ကိုသစ္စာခံလိုက်တာယုံရခက်ခက်ပါပဲ။

"ကျွန်တော်ဝင်ပါရမယ့်နေရာမဟုတ်မှန်းတော့သိပေမယ့်..."

Saareဝင်ပြောလိုက်ပြီး...

"ခင်ဗျားတို့ကအဲ့အကြောင်းပြောနေတော့ Diabloဆိုတာဘယ်သူလဲကျွန်တော်ပြောပြပါမယ်။သူပြောတဲ့Diabloဆိုတာ ကျွန်တော်တို့ကိုအနိုင်ယူခဲ့တဲ့နတ်ဆိုးပါပဲ"

ငါ့ထက်သန်မာတဲ့နတ်ဆိုးလား။ယုံဖို့တောင်ခက်ခက်ပဲ။ဒါပေမယ့် Razenကိုတောင်ဒူးထောက်အောင်လုပ်နိုင်တယ်ဆိုရင် ဟုတ်တယ်လို့ပဲယူဆလိုက်ရမယ်ထင်တယ်။

သူအဲ့နတ်ဆိုးကိုမရှုံးနိုင်ဘူးလို့ယုံကြည်နေပေမယ့်လည်း Diabloဆိုတဲ့နာမည်ကိုတော့ရင်ထဲမှာမှတ်ထားလိုက်ပါတယ်။

"အရှင်Gadra...ကျွန်တော်တစ်ခုပြောပါရစေဦး၊အရှင်Diabloကရှေးကျတဲ့နတ်ဆိုးမျိုးနွယ်ပါ"

"ငါထင်ထားပါတယ်။မင်းကိုတောင်နိုင်နိုင်တယ်ဆိုတော့ ရှေးကျတဲ့နတ်ဆိုးမျိုးပဲဖြစ်ရမယ်လို့။မဟုတ်ရင် ပိုဆိုးတာက သူဟာအရမ်းရှားတဲ့သမိုင်းဦးမတိုင်မှီခေတ်ကနတ်ဆိုးဖြစ်လိမ့်မယ်"

နာမည်ရှိနတ်ဆိုးတစ်ကောင်က မိစ္ဆာဘုရင်တွေထက်ပိုသန်မာနေတယ်ဆိုတာ ဆန်းတော့မဆန်းပါဘူး။

"မဟုတ်သေးဘူး၊သူကအဲ့လိုနတ်ဆိုးအဆင့်တွေထက်ပိုအဆင့်မြင့်တယ်"

"သူ့ကိုယ်သူတော်ဝင်နတ်ဆိုးဆိုလားပဲ"

Saareကရေရွတ်လိုက်ပါတယ်။

"ဒါကြီးက...."

ဒါကြီးကမဖြစ်နိုင်တာ....လို့ Gadraထအော်မိမတတ်ဖြစ်သွားပါတယ်။နတ်ဆိုးတွေရဲ့အဆင့်မြင့်မှုမှာအကန့်အသတ်ရှိပါတယ်။Gadraသိသလောက်တော့ ဒါကအကြွင်းမဲ့စည်းမျဉ်းပါ။အဲ့အဆင့်ကိုရောက်သွားတဲ့နတ်ဆိုးဆိုလို့ သူတစ်ကောင်ပဲသိထားပါတယ်။တော်ဝင်နတ်ဆိုးအဖြစ်အဆင့်မြင့်သွားတဲ့ နတ်ဆိုးထိပ်ခေါင်။အဲ့နတ်ဆိုးကအသန်မာဆုံးဖြစ်ပြီး မိစ္ဆာဘုရင်တွေကြားထဲမှာအဆိုးဆူံးပါပဲ၊သူကတော့ အ‌မှောင်သခင် Guy Crimsonပါ။

"အရှင်Gadra....ကျွန်တော့်သခင်ကသူဘယ်လောက်ထ်ရှင်သန်လာခဲ့တယ်ဆိုတာတောင် မှတ်မိတော့တဲ့သူမဟုတ်တော့ပါဘူး။အဲ့တာ ဘာအဓိပ္ပာယ်လဲသိတယ်မဟုတ်လား"

Razenမေးလိုက်ပေမယ့် Gadraတစ်ခုခုကိုသဘောပေါက်သွားတာကြောင့် သူ့အသံကတိုးဝင်သွားသလိုပါပဲ။

မယုံနိုင်ဘူး၊ငါဒါကိုလုံးဝမယုံချင်ဘူးးး

"သူကအာဒိကပ္ပနတ်ဆိုးလား"

ရင်ဘတ်ထဲကအောင့်တက်လာတဲ့နာကျင်မှုနဲ့အတူ တုန်ရီနေတဲ့အသံနဲ့ Gadraမေးလိုက်ပါတယ်။Razenကတော့ "ဟုတ်ပါတယ်" လို့သေချာတိကျစွာဖြေလိုက်ပါတယ်။ဒါသာအမှန်ဆိုရင် Razenသူ့ကိုခစားလိုက်တာမဆန်းတော့ပါဘူး။နောက်ပြီး အာဒိကပ္ပတစ်ကောင်က ခန္ဓာကိုယ်ရလို့ တော်ဝင်နတ်ဆိုးအဖြစ်ပြောင်းသွားတာဆိုရင် အဓိပ္ပာယ်ရှိသွားပါပြီ။ဒီကိစ္စကိုသိရှိရအပြီးမှာတော့ အင်ပါယာရဲ့ကျူးကျော်ရေးကိစ္စကိုပြန်လည်သုံးသပ်မှရပါတော့မယ်။Blancကအင်ပါယာကိုခြိမ်းခြောက်ဖူးတာကြောင့် အာဒိကပ္ပတွေဘယ်လောက်ဆိုးရွားလဲသူအသိဆုံးပါပဲ။

မဟုတ်သေးဘူး၊သေစမ်းပါဦး၊အာဒိကပ္ပတွေသာ နာမည်ရ၊ခန္ဓာကိုယ်ရမှာဆိုရင် တစ်နေရာရာမှာတော့ပျက်သုန်းခြင်းစိုက်မှာပဲ။ဒါပေမယ့် ငါလည်းဘာမှမကြားမိပါလား

အဲ့အတွေးကြောင့် သူစိတ်ပြန်အေးသွားပါတယ်။

နေဦး၊Diabloကအာဒိကပ္ပဟုတ်၊မဟုတ်ဆိုတာထက် Razenပြောတာသာအမှန်ဆိုရင် သူကသေချာပေါက် တော်ဝင်နတ်ဆိုးပဲ

ဒါပေမယ့် Yomnနဲ့တခြားသူတွေပြောလိုက်တာကိုကြားမိပြီး သူကြက်သီးဖြန်းကနဲထသွားပါတော့တယ်။

"Diablo-donoက သူဌေးလေးရဲ့အိမ်တော်ထိန်းလိုပဲ။အရင်တစ်ခေါက် ငါရထားသစ်ဖွင့်ပွဲကိုသွားတုန်းက သူ့အတွက်အသေးအဖွဲကိစ္စတွေလုပ်ခိုင်းဖို့ဆိုပြီး လူသစ်တွေခေါ်ထားတယ်ကြားတယ်"

"အို၊မင်းပြောချင်တာ အဲ့အမျိုးသမီးဆိုရင် ငါသူ့ကိုမြင်ဖူးတယ်။ကောင်စီအစည်းအ‌ဝေးတုန်းကငါသူမကိုတွေ့ခဲ့တယ်၊သူမကိုသူဌေးလေးက စစ်ရေးကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားတဲ့ပုံပဲ။ဖြူစွတ်နေတဲ့ဆံပင်ရှည်တွေနဲ့ ကြက်သွေးရောင်မျက်ဝန်းတွေ၊သောက်ကျိူးနည်းလှတာနော်"

Gadraအမှုမှတ်၊အမှတ်မဲ့ထိုင်ခုံကိုမှီချလိုက်မိပါတယ်။

ဟာ...ဟာသလာလုပ်နေတာလား?!ဒီပုံစံက Blancနဲ့လုံးဝလာတူနေပါလား။

ဒီစကားကြောင့် ကိစ္စတစ်ခုလုံးကအမှန်ဆိုတာသိသွားရပြီး Gadraအတွက်အိပ်မက်ဆိုးဖြစ်သွားရပါတယ်။သူRazenကိုကြည့်လိုက်တော့ Razenကယုံကြည်ချက်ရှိစွာခေါင်းညိမ့်ပြလိုက်ပါတယ်။

"အမှန်ပဲပေါ့"

"ကျွန်တော့်ဆရာကိုမလိမ်ပါဘူးခင်ဗျာ"

ရုတ်တရက်သူအားလုံးကိုသဘောပေါက်သွားပါတော့တယ်။Gadraအနေနဲ့ သူတို့အမှန်တွေပြောနေကြမှန်းသဘောပေါက်သွားပြီး မနိုင်နိုင်တဲ့စစ်ပွဲကိုစရင်း ပျက်သုန်းခြင်းမစိုက်ရလေအောင်တားနေကြတာဖြစ်ကြောင်းနားလည်သွားကြပါတယ်။

"အဲ့လောက်ထိအရမ်းအန္တရာယ်များတာလား"

အဖြေကတော့ရှိနေကြတဲ့သူတွေအားလုံးဘာမှမပြောပဲခေါင်းညိမ့်ပြလိုက်ကြတာပါပဲ။ဒါကိုကြည့်ရင်း Tempestကိုလွှတ်လိုက်တဲ့၃ယောက်ကိုသတိရသွားပြီး Gadraဖြူ‌ဖျော့သွားပါတယ်။

အို၊ကောင်လေးတွေသွားမရှုပ်မိပါစေနဲ့ဦး လို့ပဲမျှော်လင့်မိတယ်

.

Next

#crd_to_Fuse

#Dva


Recommendation

Discussion