- Chapter 203

အခန်း (၂၀၃)  မြေပေါ်ကို ပြန်မှာလား။အစ်ဇဘယ်လာရဲ့ သတ်မှတ်ချက် 


အစ်ဇဘယ်လာ၏ ကြော့ရှင်းသောပုံရိပ် ထွက်သွားသည်ကို ကြည့်ရင်း ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီမိန်းမရဲ့ ရည်ရွယ်ချက်က ဖိတ်စာပို့ဖို့ တစ်ခုတည်း မဖြစ်နိုင်ဘူး။ဒါပေမဲ့လည်း နတ်ဆိုးဘုံမှာရှိတဲ့ လူသားတွေရဲ့ အရေးကြီး အချက်အလက်တွေကို ငါသိမှဖြစ်မယ်။ မနက်ဖြန်ကျရင် သူဘယ်လိုအကွက်‌တွေ ဆင်မလဲဆိုတာကို သိရဖို့အတွက် တော်ဝင်တည်းခိုခန်းဆီ သွားမယ်။


ထိုအချိန်၌ ခီရာ၏ တမင်တကာ ညှို့ငင်သောအသံ ထွက်လာသည်။

“ သခင်။ ခုနက မိန်းမက ဘယ်သူလဲ။ သခင် နောက်ထပ် တော်ဝင် အမျိုးသမီးတစ်ယောက်နဲ့ တွဲနေပြန်ပြီလား။ ”


“ တော်တော့။ ငါမင်းကို ကြောက်တယ်ပဲ သဘောထားလိုက်ပါ။ အခု စားစရာ သွားယူပြီးတော့ စောစောနားတော့။ ”

ချန်လွေ့ စိတ်သောကရောက်နေသည်။ နတ်ဆိုးမကြီးတစ်ယောက်ကို ကိုင်တွယ် ရတာကိုက ခက်ခဲနေပြီ။ နတ်ဆိုးမလေးက ထပ်ပြီးတော့ ပြဿနာတွေ မပေးပါနဲ့တော့။ 

 

ချန်လွေ့၏ ခံစားနေရသော ပုံစံကိုကြည့်ရင်း ခီရာက အောင်နိုင်သည့်အပြုံးမျိုး ပြုံးလိုက်သည်။မသိလိုက်ဘဲနှင့် ခီရာတွင် ပထမဆုံးလာခဲ့စဉ်ကကဲ့သို့ ကန့်သတ်ချက် မရှိတော့ပေ။


ဖိတ်စာကို တွေ့သည့်အခါ အဲဒက်(စ်)က အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ထို့ပြင် လက်ရှိ သူ၏သုတေသနမှာလည်း ကြီးမားသော အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။ အမှောင်နတ်သူငယ် ဆရာသခင်၌ အကြီးမားဆုံး အလားအလာ မရှိသော်လည်း လက်ရှိ နတ်ဆိုးဘုံအခြေအနေ၌ အဲဒက်(စ်)ကဲ့သို့ အသင့်ပြုလုပ်ထားသော ဆေးရည်မည်းကို စမ်းသပ်နိုင်လောက်သည်အထိ သက်သောင့်သက်သာ မရှိလှပေ။ထို့ကြောင့် အာရုံစိုက် လေ့လာမှုအောက်တွင် အောင်မြင်မှု ရရှိခြင်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။


နောက်တစ်နေ့ နေ့လယ်ခင်း၌ ချန်လွေ့သည် ချိန်းထားသည့်အတိုင်း တော်ဝင် တည်းခိုခန်းဆီသို့ အရောက်သွားခဲ့သည်။ ဝတ်ရုံဂိုဏ်းမှ သတင်းအချက်များအရ ဆာဂီနှင့် ဆရာသခင်ခမ့်(ပ်)တို့သည် ကုန်ကြမ်းသွားဝယ်သည့် ဆရာသခင် တာတာအား အဖော်လိုက်သွားကြသည်။

“ ဆာ ချန်လွေ့။ရှင်ရောက်လာတာ ကွက်တိပဲ။ ”

အစ်ဇဘယ်လာသည် ရိုးရိုးယဉ်ယဉ်နှင့် ဆွဲဆောင်မှုရှိသော စကတ်ကို ဝတ်ထားသည်။ သို့သော်လည်း ၎င်းသည် သူ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်အား ပိုမိုပေါ်လွင် နေစေသည်။ မို့မောက်နေသော ရင်သားတစ်စုံ၏ ကောက်ကြောင်းတစ်ခုတည်းကပင် ယောက်ျား တစ်ယောက်၏သွေးကို ပွက်ပွက်ဆူစေသည်။

 

“ မဒမ်။ကျုပ်ကို ဆာ လို့ မခေါ်‌ပါနဲ့တော့။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ကျုပ်က နဂိုက ဆေးအလုပ်သင် တပည့်တစ်ယောက်ပါ။ တိုက်ဆိုင်မှု တချို့ကြောင့် ကျုပ် ဒီနေရာအထိ ရောက်လာတာပါ။အဲလိုခေါ်တာမျိုးကို ကျုပ်ကို မသက်မသာ ခံစားရစေတယ်။ ”


အစ်ဇဘယ်လာ၏ အကြည် အနည်းငယ် ထူးဆန်းသွားလေသည်။

“ အဲ့ဒါက တအားရင်းနှီးလို့လား။ ဒါဆို ကျွန်မနာမည်ကို တိုက်ရိုက်ခေါ်ချင်လား။ ကျွန်မတို့ရဲ့ ပတ်သက်မှုက ဒီအဆင့်အထိ မရောက်သေးပါဘူး။အရာရှိရဲ့ အရာအားလုံးကိုချစ်မြတ်နိုးမှုက ဒီနေရာအထိ ရောက်လာတယ်လို့ နားလည်ရမလား။ ”


ချန်လွေ့၏အမူအရာ ကြက်သေသေသွားသည်။အစ်ဇဘယ်လာက ရုတ်တရက် ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်သည်။သူ ခါးကိုင်းလိုက်သည့်အခါ မို့မောက်နေသော ရင်သားများက ရယ်သံနှင့်အတူ တုန်ခါသွားပြီး အလယ်ရှိ မြောင်းနေရာမှာလည်း ပို၍ထင်ရှားလာသည်။၎င်းကို ချန်လွေ့ မရည်ရွယ်ဘဲ မြင်လိုက်ရာ သူ၏နှလုံးသား ပူလောင်သွား၏။

 

“ ဆာ-အရာရှိကလဲ။ဒါက သက်သက် နောက်တာပါ။ ”

အစ်ဇဘယ်လာသည် ချန်လွေ့၏မျက်လုံးများကို သတိထားမိဟန် မတူပေ။

“ စိတ်မရှိဘူးဆိုရင် ကျွန်မတို့အချင်းချင်း နာမည် တိုက်ရိုက် ခေါ်လို့ရပါတယ်။ ”


ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်၏။

“ အရင်အတိုင်းပဲ ခေါ်ကြရအောင်။ကျုပ် အသီနာ ရိုက်တာမခံချင်ဘူး။သူ့အရှေ့ဆိုရင် ကျုပ်မှာ ပြန်တိုက်ခိုက်ဖို့ အင်အားမရှိဘူး။ ”

ထိုသရော်မှုသည် လုံးဝသက်သက်မဟုတ်ပေ။ အသီနာ၏ လက်ရှိစွမ်းအားသည် ချန်လွေ့ထက် အမှန်တကယ် မြင့်မားနေသည်။

 

“ ရှင့်ရဲ့နည်းလမ်းတွေက တကယ့်ကို အံ့အားသင့်စရာပဲ။ ရှင်က အင်ပါယာ ပထမဗိုလ်ချုပ် သမီးရဲ့နှလုံးသားကို ခိုးယူနိုင်ခဲ့တယ်။ ပြီးတော့လည်း ရှင့်အိမ်မှာ ဆွဲဆောင်မှုရှိသော ကဝေမ တစ်ယောက်တောင် ရှိနေတယ်။ ”

အစ်ဇဘယ်လာ သိချင်သွားပုံရသည်။

“ အဲဒီမိန်းမနှစ်ယောက်က အတူတူ နေနိုင်ကြတဲ့ပုံပဲ။ကျွန်မ သိချင်မိတယ်။ရှင် ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်တာလဲ။ ”


“ ဒါက လျို့ဝှက်ချက်ပါ။ ”

ချန်လွေ့သည် တမင်တကာပင် လျို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“ ပတ်သက်တဲ့သူတွေပဲ နားလည်တာ။ ”


“ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို အပြည့်အဝ ရရှိဖို့အတွက် အချစ်ရော အခြားနေရာရောပါ အရေးကြီးတယ်။ရှင့်မှာ အပြင်လူတွေမသိတဲ့ အထူးစွမ်းရည်တွေ ရှိနေလောက်တယ်။ ”

အစ်ဇဘယ်လာ၏ စကားသည် အဓိပ္ပာယ်နှစ်ခွ ရှိနေပုံရသည်။သို့သော်လည်း သူ၏မျက်လုံးထဲရှိ တောက်ပမှုသည် ပရောပရည်လုပ်သည့် ခံစားချက်မျိုး ပေးနေသည်။


ထိုကဲ့သို့ ရည်မွန်သောလေသံဖြင့် ရဲတင်းသော စကားလုံးများကို ပြောနေခြင်းသည် ထူးဆန်းသော ရာဂစိတ်နှိုးဆွခြင်းကို ဖြစ်ပေါ်စေသည်။


အစ်ဇဘယ်လာတွင် ကဝေမကဲ့သို့ ညှို့ဓာတ်သွေးမျိုးဆက်ပါရမီ မရှိပေ။ ခီရာကဲ့သို့ သနားစရာစကားလုံးများ၊ ဆွဲဆောင်မှုရှိသော စကားလုံးများကိုလည်း အသုံးမပြုခဲ့ပေ။ ယောက်ျားတစ်ယောက်အား ချစ်စိတ်မွှန်စေရန်အတွက် အစ်ဇဘယ်လာသည် အမှတ်တမဲ့ လုပ်ရပ်တစ်ခု သို့မဟုတ် နက်ရှိုင်းသောအဓိပ္ပာယ်ရှိသည့် စကားလုံး တစ်လုံးကိုသာ လိုအပ်သည်။၎င်းသည် ဆရာသခင်အဆင့် ညှို့ယူဖမ်းစားမှု နယ်ပယ် ဖြစ်နိုင်ပေသည်။၎င်းနှင့်ယှဉ်လျှင် ခီရာသည် သေချာပေါက် နိမ့်ကျသည်။


“ မဒမ်က ကျုပ်ကို ချီးမွန်းလွန်နေပါပြီ။ကျုပ် ရေတစ်ခွက်လောက် သောက်လို့ရမလား။ မဒမ်၏ ညှို့ဓာတ်က ထိတ်လန့်စရာကောင်းလွန်းတယ်။ ကျုပ် စိတ်ငြိမ်ဖို့ ရေမသောက်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့မှာ စိုးမိတယ်။ ”

ချန်လွေ့သည် အမှန်တကယ်ပင် အနည်းငယ် လွှမ်းမိုးခံလိုက်ရသည်။ စိတ်ငြိမ်စေရန်အတွက် စိတ်တည်ငြိမ်ခြင်း ဖော်မြူလာကိုပင် ရွတ်ဖတ်လိုက်ရသည်။ ဒီအမျိုးသမီးက မြို့တော်ရဲ့ ပန်းပွင့်လို့ လူသိများတယ်။သူက မရေမတွက်နိုင်တဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ပြီးပြီ။ငါ ဟန်ဆောင်လိုက်ရင် ပေါ်သွားနိုင်တယ်။ အမှန်အတိုင်းပဲ နေပြီးတော့ လျို့ဝှက်ကြံစည်မှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်လိုက်တာ ပိုကောင်းမယ်။ 

 

ချန်လွေ့က စိတ်ခံစားချက်များကို မဖုံးကွယ်ကြောင်း အစ်ဇဘယ်လာ တွေ့သည့်အခါ သူ၏မျက်လုံးထဲ၌ အံ့အားသင့်မှု အရိပ်အယောင်ဖျပ်ခနဲ ဖြစ်သွားသည်။

“ ယောက်ျားလေးတစ်ယောက်ကို “ချစ်စရာကောင်းတယ်”လို့ ပြောတာက မသင့်တော်ပင်မဲ့ ရှင်က ချစ်စရာကောင်းတယ်လို့ ကျွန်မ ထင်တယ်။ဒီတော့ နတ်ဆိုးဘုံက လူသားတွေအကြောင်း ပြောကြတာပေါ့။ဒါက ဒီနေ့ ရှင်ဒီကိုလာရတဲ့ အဓိကအကြောင်းရင်း ဖြစ်မယ်။ ”


ခုနက ညှို့ငင်ဖမ်းစားမှုက ယခု စကားလမ်းကြောင်း ပြောင်းသည်အထိ အစ်ဇဘယ်လာသည် အမြဲတမ်း ထိန်းချုပ်ထားနေခဲ့သည်။ ချန်လွေ့သည် ၎င်းကိုသိပြီး သက်ပြင်းချသည်။

“ ကျုပ် အမှန်အတိုင်းပဲ ပြောပါ့မယ်။ကျုပ် သိချင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က ဒီလောက ကမှ မဟုတ်တာလေ။ ”


“ နတ်ဆိုးဘုံမှာ လူသားတွေရှိတယ်။ အများစုက ဒီကို တမင်လာကြတာ။ အစွမ်းပိုထက်ဖို့အတွက် သူတို့က နတ်ဆိုးဘုံကို အထူးနည်းလမ်းတွေနဲ့ လာပြီးတော့ အစွမ်းပိုထက်တဲ့ ပြိုင်ဘက်တွေကိုရှာပြီး တိုက်ခိုက်တယ်။ အဲဒီလူတွေရဲ့ မူလပန်းတိုင်ကတော့ လူသားလောကဆီ ပြန်ဖို့ပဲ။ အဲဒါကြောင့် သူတို့အားလုံးမှာ မြေပေါ်ကိုပြန်ဖို့ လျို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်။


မြေအောက်လောက နောက်ဆုံးတိုက်ပွဲကို ချန်လွေ့ သတိရလိုက်သည်။ ဒါကြောင့် ဂလော်ဖင်း အံ့ဩသွားပြီးတော့ “ နတ်ဆိုးဘုံမှာ ဒီလိုအားနည်းတဲ့ လူသားရှိနေတာပဲ ” လို့ ပြောခဲ့တာကိုး။ ဒါဆိုရင် နတ်ဆိုးဘုံကိုလာတဲ့လူတွေက စွမ်းအားကြီးမားရမယ်။ ပြီးတော့လည်း လူသားလောကဆီ ပြန်‌နိုင်မယ့် လျို့ဝှက်နည်းလမ်းတွေကိုလည်း တတ်ကျွမ်းရမယ်။  


“ ကြယ်ကြွေတမန် အင်ပါယာရဲ့ မြို့တော်မှာ နီရိုလို့ခေါ်တဲ့ လူသား တစ်ယောက်ရှိတယ်။ သူက ဘုရင်ခံအိုဆိုင်ဒန်နဲ့ လေးနက်တဲ့ရင်းနှီးမှုရှိတယ်။ ”

ချန်လွေ့ ဆင်ခြင်တွေး‌ဆနေသည်ကို မြင်ပြီးနောက် အစ်ဇဘယ်လာသည် နောက်ထပ် ထိတ်လန့်စရာ စကားတစ်ခွန်းကို ထပ်ပြောသည်။

“ ဒီတစ်ခေါက် ရှင် ကျွန်မနဲ့ မြို့တော်ဆီကို ပြန်လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မရှင့်ကို အကြံပြုပေးနိုင်တယ်။ ကျွန်မရဲ့မျက်နှာနဲ့ဆိုရင် နီရို ငြင်းမှာ မဟုတ်ဘူး။ ပြီးရင် လူသားလောကဆီကို နီရိုနဲ့အတူ ရှင်ပြန်လို့ရပြီ။  ”

 

နီရိုဆိုတာက အသီနာ သတိထားခိုင်းတဲ့ လူတွေထဲက တစ်ယောက် မဟုတ်လား။သူက လူသား ဖြစ်နေမယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ 


ချန်လွေ့ စိတ်လှုပ်ရှားသွားသည်။ သူ၏အမူအရာမှာ လုံးဝဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် မူလပိုင်ရှင်“အာသာ”၏ မှတ်ဉာဏ်အပိုင်းအစ အားလုံးနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ကိစ္စ အတော်များများ ဝေဝါးနေသော်လည်း အာသာသည် တော်ဝင်မိသားစုမှလာပြီး သက်သောင့်သက်သာ နေနေခဲ့ရသည်မှာ သေချာသည်။ အကယ်၍ လူသားလောကသို့ ထိုသရုပ်ဖြင့် ပြန်နိုင်ခဲ့လျှင် ယုတ်စွအဆုံး သူသည် နတ်ဆိုးဘုံမှာကဲ့သို့ အသက်ရှင်ရန် ကြိုးစားစရာ မလိုတော့ပေ။

 

အချိန်အတော်ကြာသည်အထိ ချန်လွေ့ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“ နတ်ဆိုးဘုံမှာ အသက်ရှင်နိုင်ဖို့အတွက် ကျုပ်အတော်လေး ပြောင်းလဲခဲ့ရတယ်။ လူသားလောကနဲ့ ကျုပ်အဆင်ပြေပါ့တော့မလားဆိုတာ မသေချာဘူး။ ”


“ ဒါက ငြင်းတာလား။ ”

အစ်ဇဘယ်လာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

“ ရှင့်ရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ဒါက ရွေးချယ်မှု မှားတယ်လို့ မထင်ဘူးလား။ဒါက အသီနာ အတွက်လား။ ”


ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။

“ ဟုတ်ချင်ဟုတ်မှာပါ ..... ”


“ အသီနာ ရှင့်ကိုဘာလို့ ချစ်နေရလဲဆိုတာ ကျွန်မ နည်းနည်း နားလည်လာပြီ။ ”

အစ်ဇဘယ်လာသည် ချန်လွေ့အားကြည့်ပြီး သက်ပြင်းချလိုက်၏။

“ ကျွန်မတောင် သူ့ကို နည်းနည်း မနာလိုဖြစ်လာပြီ။ လွန်ခဲ့တဲ့ နှစ်၂၀၀တုန်းက ကျွန်မတွေ့ခဲ့တဲ့သူက ရှင့်လိုမျိုးပဲ။ ဒါပေမဲ့ အခုတော့ ကိစ္စတွေအများကြီး ပြောင်းလဲကုန်ပြီ။ ”


အစ်ဇဘယ်လာ၏ စကားထဲ၌ ဝမ်းနည်းမှုအနည်းငယ်ကို ချန်လွေ့ ကြားခဲ့ရသည်။

“ မဒမ်။ ဝမ်းနည်းစရာ မလိုပါဘူး။ ဘဝက အမြဲတမ်း ပြောင်းလဲနေပြီးတော့ မမျှော်လင့်ထားတာတွေ ဖြစ်ပျက်နေတာ။ မျှော်လင့်ချက် ရှိနေသရွေ့တော့ ရှေ့ဆက်ဖို့အတွက် ယုံကြည်ချက် ရှိပါတယ်။ ”


“ လူတွေမှာ မျှော်လင့်ချက်ရှိတာက သူတို့ရဲ့ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်လို့ပဲ။ ”

အစ်ဇဘယ်လာ ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးသည် စိတ်ရှုပ်ထွေးမှုများနှင့် ဖုံးလွှမ်းနေ၏။

“ ကျွန်မက ကံကြမ္မာကို သေသေချာချာ မြင်ခဲ့ပြီးပြီ။ အဲဒါကြောင့် ကျွန်မရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက် မရှိတော့ဘူး။ အမှတ်တရတွေပဲ ကျန်တော့တယ်။ တစ်ခါတစ်လေ ကျွန်မလုပ်တာတွေက လောကကြီးမှာ မျှော်လင့်ချက်မရှိဘဲ အမှတ်တရတွေ လုပ်နေတာလို့ ထင်မိတယ်။ ဒါက ကျွန်မ ဘယ်တော့မှ မနိုးထနိုင်တဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ချင်ဖြစ်မှာပါလေ။ ကျွန်မ လုံးဝချေမှုန်းခံလိုက်ရတဲ့အချိန်မှ အဆုံးသတ်သွားမှာ။ ”


“ အမှတ်တရတွေက အရာအားလုံးကို မဆိုလိုဘူး။ ကံကြမ္မာဆိုတာကလည်း ပြောင်းလဲဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ ”

ချန်လွေ့သည် အသာလေး ခေါင်းခါလိုက်သည်။

“ ကျုပ်တို့ လူသားတွေမှာ စကားတစ်ခွန်းရှိတယ်။ လူတွေလုပ်နိုင်တယ် ဆိုတာက ယုံကြည်လို့ပဲတဲ့။ အဲဒီစကားကို ကျုပ် သိပ်ယုံကြည်တယ်။ ပြီးတော့လည်း အဲဒါရဲ့အဓိပ္ပာယ်ကို ကျုပ်ရဲ့လုပ်ရပ်တွေနဲ့ သက်သေပြနေတယ်။ ”


အစ်ဇဘယ်လာသည် ချန်လွေ့ကို ညင်ညင်သာသာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

“ ရှင်က စိတ်ဝင်စားစရာပဲ။ ကျွန်မ အခု ရှင့်ကို တကယ်စိတ်ဝင်စားသွားပြီ။ ရှင့်နှလုံးသားထဲက မိန်းကလေးကို လက်မလွှတ်နိုင်ရင်တောင် အမှောင်လမြို့ အခြေအနေကို ရှင် သေသေချာချာ မြင်နေရတာပဲ။ အမှောင်လမြို့ ပျက်စီးမှာက အနှေးနဲ့အမြန်ပဲ။ ဒါမှမဟုတ် ရှင် အသီနာနဲ့ တခြားမိန်းကလေးတွေကို မြို့တော်ဆီ ခေါ်သွားလို့ရတယ်။ကျွန်မရှင့်ကို ဘုရင်ခံဆီ အကြံပြုပေးမယ်။ပြီးရင်တော့ ရှင်ဘာမှ စိုးရိမ်စရာမလိုတော့ဘူး။ရှင့်ရဲ့ဉာဏ်ပညာနဲ့ ပါရမီကလည်း ရှင့်ကို ပိုမြင့်တဲ့အဆင့်အထိ ရောက်အောင် လုပ်ပေးမှာ။ ”


ချန်လွေ့က အစ်ဇဘယ်လာကို တအံ့တဩနှင့် ကြည့်လိုက်သည်။

“ တကယ်ပဲလား။ ”


“ တကယ်ပေါ့။ရှင့်ကို ပြောဖို့ တစ်ခုမေ့သွားတယ်။အသီနာကို ရဖို့အတွက် ဆာဂီက သူ့မိသားစုကို မှော်အဆက်အသွယ်နဲ့ ဆက်သွယ်ပြီးတော့ ရှင်နဲ့ အသီနာအကြောင်း သတင်းတွေကို ဗိုလ်ချုပ်ဂျော့(ခ်ျ) စခန်းချထားတဲ့ မှော်ဆရာခံတပ်ဆီကို လွှင့်လိုက်ပြီ။ ဗိုလ်ချုပ် ဂျော့(ခ်ျ)ရဲ့ စိတ်နဲ့ဆိုရင် ရှင်တို့ကို သဘောတူမှာ မဟုတ်ဘူး။ရှင်တကယ်လို့ မြို့တော်ကို သွားဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်မ ရှင့်ကို အသီနာနဲ့ လက်ထပ်ဖို့ ဘုရင်ခံဆီ ပြောပေးနိုင်တယ်။အဲ့ဒါဆိုရင် ဗိုလ်ချုပ်ဂျော့(ခ်ျ)လည်း တားနိုင်မှာ မဟုတ်ဘူး။ ”


ချန်လွေ့ တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်သည်။

“ ခင်ဗျား ကျုပ်ကို ဘာလို့ ဒီလိုမျိုး ကူညီနေရတာလဲ။ ”


“ ဒါက ဗိုလ်ချုပ်ဂျော့(ခ်ျ)ကို တိုက်ခိုက်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲလေ။ ”

အစ်ဇဘယ်လာက မကွယ်ဝှက်ဘဲ ပြောလိုက်သည်။

“ ပြီးတော့လည်း ကျွန်မက ရှင့်ရဲ့ရင်းနှီးမှုကို ရဖို့မျှော်လင့်တယ်။ကိုယ်ကိုယ့်ကိုယ် သိပ်ပြီးတော့ မနှိမ့်ချပါနဲ့။ ရှင်က ဒါနဲ့ထိုက်တန်ပါတယ်။မနက်တုန်းက မင်းသမီး လက်လီစတိုးဆိုင်ကို ကျွန်မသွားခဲ့တယ်။ပစ္စည်းတွေက မဆိုးပါဘူး။အင်္ကျီအသစ် နှစ်ထည်တောင် ကျွန်မ ဝယ်ခဲ့သေးတယ်။ အဲဒီဆိုင်က နဂိုတုန်းက မင်းသမီးလေး ဖွင့်ထားတဲ့ ထူးထူးဆန်းဆန်း ဆိုင်ငယ်လေးတစ်ခုပဲ။ ဘာစီးပွားရေးလုပ်ငန်းမှ မရှိဘူး။ ရှင်ပေါ်ထွက်လာနောက် အဲဒီဆိုင်က နာမည်ပြောင်းသွားပြီးတော့ စီးပွားရေး ပိုကောင်းလာတယ်။ပြီးတော့လည်း နတ်ဆိုးဘုံမှာ တစ်ခါမျှမမြင်ဖူးတဲ့ စီးပွားရေး နည်းဗျုဟာတွေ ရှိနေတယ်။ အဲဒါကြောင့် တခြားအချက်အလက်တွေကို မကြည့်ဘဲနဲ့တောင် နောက်ကွယ်မှာ အကြံပေးနေတဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လူသားတစ်ယောက် ရှိနေမယ်ဆိုတာကို ကျွန်မ ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့တယ်။ ”

 

ချန်လွေ့ မငြင်းဘဲ ပြုံးလိုက်သည်။

“ ကျုပ် နောက်ဆုံးစကားလုံးကို လက်မခံနိုင်ဘူး။ ကျုပ်က မြို့ရည်လည်ပြီးတော့ ဖြောင့်မတ်တဲ့ လူတစ်ယောက်ပါ။ ဉာဏ်နီဉာဏ်နက်များတဲ့ လူတစ်ယောက် လုံးဝမဟုတ်ပါဘူး။ ”


“ မြို့ရည်လည်တဲ့နောက်မှာ ကြီးမားတဲ့ဉာဏ်ပညာ ရှိနေပါတယ်။ ”

အစ်ဇဘယ်လာ၏မျက်လုံးထဲ၌ ညှို့ငင်မှုများ အရောင်လက်သွား၏။

“ စွမ်းဆောင်ရည်ရှိတဲ့လူကပဲ ရင်းနှီးမှုနဲ့ လေးစားမှုကို ရရှိနိုင်မှာ။ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကျွန်မတို့တွေ မြို့တော်မှာ အချင်းချင်း ပို၍နက်နက်ရှိုင်းရှိုင်း သိဖို့အတွက် အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ။ ”


အချင်းချင်း နက်နက်ရှိုင်းရှိုင်း ပိုသိနိုင်မယ်တဲ့လား။နောက်ထပ် အရိပ်အမြွက်တစ်ခုပဲ။ နှလုံးသား ပို၍ပူလောင်လာသည်ဟုသာ ချန်လွေ့ ခံစားနေရသည်။ ရုတ်တရက် ချန်လွေ့သည် ပိုင်ဆိုင်ချင်စိတ် ပြင်းပြလာခဲ့သည်။ သူသည် ထိုအမျိုးသမီး၏ လှပကြော့ရှင်းပြီး ကျက်သရေရှိသော အခွံကို ဆွဲခါပြီး သူကြိုက်သလို လုပ်နိုင်သည့် ပြည့်တန်ဆာမအဖြစ် ပြောင်းလဲခြင်ခဲ့သည်။


ချန်လွေ့သည် စိတ်လေ့ကျင့်ရေး၌ အတွေ့အကြုံရှိခဲ့ပြီး ဖြစ်သည်။အစ်ဇဘယ်လာသည် ညှို့ငင်မှု နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုခဲ့ကြောင်း သူသိလိုက်သည်။ထို့ပြင် သူ၏အခြေအနေမှာလည်း အတော်လေး မဟန်လှပေ။


ထိုအကြောင်းကိုတွေးမိပြီးနောက် ချန်လွေ့ ကြာကြာ ဆက်မနေရဲတော့ပေ။သူ ချက်ချင်း မတ်တပ်ရပ်လိုက်၏။

“ ကျုပ် ဒါကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ သုံးလေးရက်ကြာပြီးမှ ကျုပ် ပြန်ဖြေလို့ရမလား။ ”


“ ကောင်းပါပြီ။ ”

အစ်ဇဘယ်လာ မတ်တပ်ရပ်ပြီး ရည်ရည်မွန်မွန် ပြုံးပြလိုက်သည်။

“ နောက်သုံးလေးရက်နေရင် ကျွန်မလည်း မြို့တော်ဆီ ပြန်ရမှာ။အဲ့ဒီအချိန်ကျရင် ကျွန်မရဲ့ အဖော်အဖြစ် စိတ်ဝင်စားစရာကောင်းပြီးတော့ ခန့်ညားတဲ့လူတစ်ယောက် ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ”


ချန်လွေ့လည်း နှုတ်ဆက်စကား ဆိုလိုက်သည်။ ထို့နောက် အစ်ဇဘယ်လာ၏ အပြုံးသည် ရုတ်တရက် အေးစက်သွားသည်။ ငါက ဒီလောက် အသားစီးပေးထားတဲ့ သတ်မှတ်ချက်တွေကို ကမ်းလှမ်းခဲ့ပြီးပြီ။ ညှို့ငင်ဖို့အတွက် ငါ့ရဲ့စိတ်စွမ်းအား နည်းနည်းကိုပါ သုံးခဲ့တယ်။ ဒါပေမဲ့ ဒီလူသားရဲ့ ဉာဏ်ပညာနဲ့ စိတ်စွမ်းအားက ထင်ထားတာထက် ပိုနေတယ်။ သူက တကယ်ပဲ ဒီလိုဆွဲဆောင်မှုမျိုးကို ခုခံနိုင်တယ်။ ဒီလိုလူမျိုးကို ငါမခေါ်ယူနိုင်ရင် အမြန်ဆုံး သုတ်သင်ပစ်ရမယ်။ 

 

ချန်လွေ့သည် လမ်းတစ်လျှောက်၌ အစ်ဇဘယ်လာ၏ စကားများကို စဉ်းစားနေသည်။ ဒီမိန်းမရဲ့ နည်းလမ်းတွေက တကယ့်ကို ကောင်းတာပဲ။ သူက သူ့ရဲ့အလှတရားနဲ့ လူသားတွေရဲ့စိတ် အားနည်းချက်ကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိတယ်။ငါ အသီနာကို မြို့တော်ဆီ ခေါ်သွားရင် ရှီရာလည်း ကြီးကြီးမားမား ခံစားရမယ်။ဗိုလ်ချုပ် ဂျော့(ခ်ျ)တောင် လှောင်ပိတ်မိနေမှာပဲ။သူက ဘုရင်ခံ အိုဆိုင်ဒန်တို့ဘက်ကိုတောင် အညံ့ခံလိုက်ရနိုင်တယ်။ငါတကယ်ပဲ အစ်ဇဘယ်လာနောက် လိုက်သွားရင် ငါနဲ့အသီနာက ဓားစာခံအဖြစ် အဖမ်းခံရပြီးတော့ ဗိုလ်ချုပ်ဂျော့(ခ်ျ)ကို ခြိမ်းခြောက်မှာပဲ။ ပါ့(ဂ်)လီအိုရဲ့ [ အလင်းအမှောင်သော့ခလောက် ] ကိုလည်း မပယ်ဖျက်ရသေးဘူး။ အဲဒါကြောင့် မြို့တော်ကို မသွားရင်တောင် အမှောင်လမြို့ကနေ ငါထွက်သွားလို့မရဘူး။ 


မှောင်လုနီးပါး အချိန် ရောက်နေပြီဖြစ်ပြီး လနှစ်စင်း၏ အလင်းရောင်လည်း စတင်၍ အပန်းရောင် ပြောငးလာသည်။ချန်လွေ့ လမ်းလျှောက်နေရင်း အစ်ဇဘယ်လာ၏ စွဲမက်ဖွယ်တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ညှို့ငင်သောမျက်လုံးများသည် သူ၏ခေါင်းထဲ၌ ပေါ်ထွက်လာသည်။ထို့နောက်တွင် စိတ်တည်ငြိမ်ခြင်း ဖော်မြူလာဖြင့် ဖိနှိပ်ထားသော စိတ်ဆန္ဒများ ကြီးထွားလာပြန်သည်။


တစ်စုံတစ်ခု လွဲမှားနေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ စမ်းသပ်ခန်းသို့ အမြန်ပြန်ရန် အရှိန်တင်လိုက်စဉ် နောက်မှ တစ်စုံတစ်ယောက် လိုက်နေကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။ ထိုသူတွင် အကြောက်တရား လုံးဝရှိဟန် မတူပေ။ ချန်လွေ့ အကွာအဝေးကို နည်းအောင်ပြုလုပ်ပြီး [ သရုပ်ခွဲမျက်လုံး ]၏ အဝန်းအဝိုင်းသို့ရောက်အောင် ထိန်းထားလိုက်သည်။


မျိုးနွယ် = မဟာနတ်ဆိုး(သန္ဓေပြောင်း)။

စွမ်းအားသတ်မှတ်ချက် = [ D+ ]


အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းတဲ့လား။ဆာဂီတော့ မဖြစ်နိုင်ဘူး။မြို့တော်ကလာတဲ့ ကော်မရှင် အဖွဲ့ဝင်တွေထဲမှာ ဒီလိုလူမျိုး မရှိဘူး။ဒါဆိုရင် အမှောင်လမြို့က ဒေသခံပဲဖြစ်မယ်။ 


ချန်လွေ့၏ နှလုံးသားထဲရှိ စိတ်ဆန္ဒများသည် ရုတ်တရက် သတ်ဖြတ်ချင်စိတ်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ စိတ်တည်ငြိမ်ခြင်း ဖော်မြူလာဖြင့်ပင် မထိန်းကွပ်နိုင်တော့ပေ။ ချန်လွေ့ စိတ်ထဲ၌ အကြီးအကျယ် ထိတ်လန့်သွား၏။ ဒါကြောင့် တစ်ခုခုလွဲနေတယ်လို့ ခုနက ငါခံစားနေရတာကိုး။ဒါက တကယ်ကြီး အတွင်းနတ်ဆိုး ဖြစ်နေတာပဲ။

 

ထိုအချိန်၌ သူ၏အတွင်းနတ်ဆိုး အမှန်တကယ် ထလာခဲ့သည်။


အခြေအနေဆိုးကြောင်း ချန်လွေ့ တွေးမိလိုက်သည်။နောက်လိုက်နေသည့် အမြင့်ဆင့်နတ်ဆိုးကို ချန်လွေ့ အလျင်အမြန် မျက်ခြေဖျက်ချင်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် သူ၏ခေါင်းထဲ၌ ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်လာပြီး ပတ်ပတ်လည်၌ မီးပင်လယ် ဖြစ်သွား၏။


နေရာတိုင်း၌ သတ်ဖြတ်သံများ အော်ဟစ်သံများ ရောနှောနေပြီး မိန်းမများ အဓမ္မကျင့်ခံရသည့် အော်သံများနှင့် ရောနှောနေ၏။ မြို့တော် ကျူးကျော်ခံရပြီးနောက် အိမ်များတိုက်ခိုက်လုယက်ခံရပြီး လောင်ကျွမ်းနေသည့် ပုံစံမျိုး ဖြစ်နေသည်။ လေထဲ၌လည်း ပြင်းထန်သော သွေးနံ့များ ပြည့်နှက်နေသည်။ ဒါက အမှောင်လမြို့လား။ 


ဒါက အတွင်းနတ်ဆိုးပဲ။ ဒါက ပုံရိပ်ယောင်ပဲ။ ချန်လွေ့သည် မိမိကိုယ်ကို ဆက်လက် သတိပေးနေသည်။သို့သော်လည်း သူ၏ချစ်သူနှင့်မိတ်ဆွေများအပါအဝင် ရင်းနှီးသော မျက်နှာများ၏ ဦးခေါင်းများ၊အလောင်းများကို မြင်လိုက်သည့်အခါ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ဒေါသ၊ကာမ၊သတ်ဖြတ်ခြင်း ကဲ့သို့သော ခံစားချက်များသည် သူ၏စိတ်ထဲ၌ ပြင်းပြင်းထန်ထန် စတင်ကြီးထွားလာတော့သည်။ သတ်။သတ်။ သတ်ပစ်။ဒေသခံဖြစ်ဖြစ် ကျူးကျော်သူဖြစ်ဖြစ်၊ အကုန်သတ်ပစ်။ 

 

ခဏကြာမျှ ချန်လွေ့သည် ငရဲမှ အသူရာ ဖြစ်သွား၏။ သူ၏အရှေ့မှအရာအားလုံးသည် သတ်ရမည့် ပစ်မှတ်များ ဖြစ်သွားကြသည်။ [ အရုဏ်ဦး ပစ်ချက် ] ။ [ [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက်  ] ။ [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ။ ဤနေရာ၌ သူ၏တိုက်ခိုက်မှုအားလုံးသည် အကန့်အသတ် မရှိတော့သကဲ့သို့ ဖြစ်သွားသည်။ သူသုံးချင်သည့် မည်သည့်အစွမ်းမျိုးကိုမဆို အသုံးပြု၍ရနေသည်။သူ၏ လက်ထဲ၌ အသက်တစ်ချောင်း အဆုံးသတ်သွားသည်ကို မြင်ပြီးနောက် သူ၏စိတ် အမှောင်ခြမ်းသည် အဆုံးအစမဲ့ ကြီးထွားလာသည်။သူသည် အမျိုးမျိုးသော သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်းနှင့် ဖျက်ဆီးခြင်းတို့၌ နှစ်မြုပ်နေခဲ့သည်...... 

 

သူ၏လက်ထဲ၌ နောက်ထပ် အသက်တစ်ချောင်း အဆုံးသတ်သွားခဲ့လေသည်။။ ၎င်းသည် အလွန်ငယ်ရွယ်သော ကလေး တစ်ယောက် ဖြစ်သည်။ထိုကလေး၏ ကြောက်လန့်နေ‌သော မျက်နှာက ချန်လွေ့ကို နိုးထသွားစေခဲ့သည်။သွေးပျက်ဖွယ် အလောင်းပင်လယ်နှင့် လက်ထဲမှ သွေးများကို ကြည့်ရင်း ချန်လွေ့သည် ဒေါသတကြီးနှင့် ကိုယ့်ကိုယ်ကိုယ် အော်ဟစ်လိုက်သည်။


ချန်လွေ့၏ပုံရိပ် စတင်ပြောင်းလဲလာသည်။တုန်ခါခြင်း၊မရေမရာ မပြတ်သားခြင်းများ ပြီးနောက်တွင် ချန်လွေ့နှစ်ပိုင်းကွဲထွက်သွားပြီး လူနှစ်ယောက် ဖြစ်သွားသည်။ တစ်ယောက်မှာ ချန်လွေ့၏ သာမန်အခြေအနေဖြစ်ပြီး ကျန်တစ်ယောက်မှာ သတ်ဖြတ်ခြင်းနှင့် သွေးပျက်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေသော အသူရာပင် ဖြစ်လေသည်။




Recommendation

Discussion