Overgeared - Chapter 152
အပိုင်း(၁၅၂) { စာစဉ် ၁၁ - အပိုင်း(၂)}
ဘိုင်ရန်ရွာရှိ ပန်းပဲဖိုက အလွန်ကောင်းသည်ဟု ဆိုရမည်။ ခန် ပေါ်မလာမှီအထိ ထိုနေရာမှ ပန်းပဲဆရာက မြောက်ပိုင်းတွင် အကောင်းဆုံးပန်းပဲဆရာဖြစ်ခဲ့ပါသည်။ သို့သော် ထိုသူ၏ ဆက်ခံသူ စမစ်သည်တော့ ပါရမီမပါပါချေ။ ယခုနှစ်ဆိုပါက စမစ် ၆၆ နှစ်ပင် ပြည့်ပြီ။ ပန်းပဲဆရာအဖြစ် နှစ် ၅၀ ပင် လုပ်သက်ရှိပြီ။ သို့သော် ယခုအချိန်အထိ စတင်သူအဆင့် ပန်းပဲဆရာသာ ဖြစ်နေသေးသည်။(ခမ်မှ ခန်သို့ ပြောင်းလဲလိုက်သည်)
“အိုး ငါ့ပစ္စည်းလေး... မစ်စတာစမစ်ရဲ့ လယ်ယာကိရိယာတွေက ဘာလို့ ဒီလောက်တောင် ပျက်ဆီးမြန်နေတာတုန်း”
“ငါကတော့ လယ်ယာပစ္စည်းတွေကို တခြားရွာသွားဝယ်တော့မယ်”
“အန်ကယ်စမစ်က မိုင်းတူးသမားလုပ်သင့်တာ”
“ဟဟ မှန်တယ်ဗျ။ သူက တကယ့်ကို မိုင်းတူးသမားကောင်းတစ်ယောက်ဘဲ”
(ဘာသာပြန်မှတ်စု။ ။ အရှေ့အစအပိုင်းလောက်မှာ ပါပါသည်။ စမစ်သည် ဘိုင်ရန် ရွာတွင် မိုင်းတူးကောင်းသည်ဟု ဂုဏ်သတင်းရှိ၏။)
စမစ်သည် ထိုဒေသတွင် အတော်ကြာသည်အထိ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူတွေက ယခုကဲ့သို့ သူ့နောက်တွင် ပြောဆိုနေကြဆဲဖြစ်သည်။ ခရီးသွားများဘက်မှ ကြည့်ပါကလည်း....
“ဘိုင်ရန်ရွာက ကောင်းပါတယ်ကွာ... ပန်းပဲဆရာက အသုံးမကျတာ။ ပန်းပဲဖိုက ပစ္စည်းတွေက အရည်အသွေးညံ့တာချည်းဘဲ”
“ဒီနေရာက အမဲလိုက်ဖို့ နေရာတွေက အဆင့်မြင့်တယ်.. ဒါပေမဲ့ ပန်းပဲဆရာက ဘာလို့ ဒီလောက် အသုံးမကျရတာတုန်း။ ချီးဘဲ”
“ဒါပေမဲ့ သူက ဂျာဖာမြှားတွေ လုပ်တဲ့နေရာမှာ တော်ပါတယ်။ ဈေးလည်း ချိုတယ်လေ။ တိုက်ပွဲမှာလည်း အသုံးကျတာဘဲ”(ဂျယ်လ်ဖာမှ ဂျာဖာ)
“ပြဿနာက အက်မဆိုးဘူးဆိုတဲ့ အဆင့်ဘဲ ရှိနေတာ”
ဆယ်စုနှစ်များစွာ နေ့တိုင်းလိုလို ကြားနေရသည့် အသံများ ဖြစ်သည်။ စမစ်သည် သူ၏ အရည်အချင်းမရှိမှုကြောင့် အပြောအဆိုခံနေရပါသည်။ သူ မည်မျှပင် ကြိုးစားပါစေ အသုံးမဝင်ပေ။ သူ့ဆရာ၏ သွန်သင်မှုများအတိုင်း လေ့ကျင့်မှုကို နေ့တိုင်းပြုလုပ်ပါသည်။ သို့သော် သူ့အရည်အချင်းက တိုးတက်မလာ။ စုန်းမက သူ့ကို ဤသို့ဖြစ်စေရန် ကျိန်စာတိုက်ထားသကဲ့သို့ပင်။
“အခုအချိန်ထိ ရောက်ပြီးမှတော့ လက်မလျော့ချင်တော့ဘူး...”
ရွာမှ လူငယ်တိုင်းကလည်း မိုင်းတူးသမားတစ်ယောက်ဖြစ်လာရန် အိမ်မက်မက်ကြသည်။ ထို့အတူ ပန်းပဲဆရာဖြစ်လာရန်လည်း ရှောင်ကြ၏။ ထို့ကြောင့် သူ့တွင် တပည့်မရှိချေ။ မကြာတော့မည့်အချိန်တွင် သူ အိုပြီ။ အနှေးနှင့် အမြန်ဆိုသလို ဤနယ်မြေကို ကြီးကြပ်ရသည့် သူကောင်းမျိုးက သူ့ကို အနားပေးတော့မည်။
ထိုအချိန်မရောက်မှီ စမစ်က အလယ်အလတ်အဆင့်ပန်းပဲဆရာ ဖြစ်ချင်မိသည်။ သူ့ဆန္ဒကို ရလဒ်အဖြစ် သက်သေပြချင်သည်။ သူ့တစ်ဘဝလုံး သံသတ္တုများအတွက် ရှင်သန်လာခဲ့ပြီးမှ ကံတရားက သူ့ကို စတင်သူအဆင့်ပန်းပဲဆရာအဖြစ်သာ ပစ်ထားတော့မည်လား။ သူ့အုတ်ဂူကို မြင်သည့်သူတိုင်း လှောင်ပြောင်နေကြမည့်အဖြစ်သို့ မရောက်ချင်မိ။ သေပြီးသွားသည့်တိုင် ဤကဲ့သို့ ဆက်လက်အလှောင်မခံချင်ပေ။
‘သတိရလိုက်တာ’
ပေရှေ့တွင် စမစ် မျက်လုံးမှိတ်လိုက်သည်။ လွန်ခဲ့သည့် လများတုန်းက သူ အတိုချုံးလေး သင်ပေးခဲ့သည့် လူငယ်လေးကို သတိရလာသည်။ အက်ကောင်လေးနာမည်က ဂရစ်... သူက ရုပ်ဆိုးပေမဲ့ အထူးဂျာဖာမြှားတွေတောင် လုပ်နိုင်သွားတယ်။
‘သူ ဘယ်လိုလုပ်လိုက်တာလဲ’
စမစ် ကြိုးစားသည်။ ထိုအချိန်က ဂရစ်လုပ်ခဲ့သည့် လှုပ်ရှားမှုတိုင်းကို မှတ်မိအောင် ကြိုးစားနေ၏။ အချိန်က တရွေ့ရွေ့ကုန်လာသည်။ သူ သတိမထားမိခင် လပင် ဝင်သွားခဲ့ပြီး မိုးလင်းလာချေပြီ။ ကောင်းကင်ကြီး လင်းသွားသည့်အချိန်၌
ပွင့်လာ...
နောက်ဆုံးတော့ စမစ်၏ မျက်လုံးတို့ ပွင့်လာပြီ။
ခွမ် ခွမ်
အပိုအလိုမရှိ လှုပ်ရှားမှုများပင်။ အရင်ကထက် မီးနှင့် သတ္တုများကို ပိုမိုစနစ်တကျ ကိုင်တွယ်လာနိုင်နေသည်။
ခွမ်
သူ သတိမထားမိခင်တွင်ပင် နေမင်းကြီးက မိုးကောင်းကင်၏ အလယ်သို့ မြှင့်တက်လာချေပြီ။ သို့သော် စမစ်ကတော့ ဉာဏ်အလင်းပွင့်မှုမှ မနိုးထသေး။ အချိန်ကုန်ဆုံးနေသည်ကိုလည်းမသိ၊ ဆာလောင်ခြင်းလည်း မရှိချေ။ ပန်းပဲဖိုအပြင်မှ လူများ အော်နေကြသည့်အသံကိုပင် မကြားတော့ချေ။ မီးနှင့် တူကိုသာသိပြီး သတ္တုကို အရည်ကြိုခြင်း၊ မီးဆေးခြင်းတို့ကိုသာ လုပ်နေသည်။
ထို့နောက်
“အိုး... ဝေး...”
တယောက်ယောက်က သူ့ကို စကားကပ်ပြောလိုက်သကဲ့သို့။ ဉာဏ်အလင်းပွင့်သည်က ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည် မဟုတ်ပါလား။ စမစ်က နှစ် ၅၀ ကြာ သူ့ကိုပိတ်ထားသည့် နံရံကို ထိုးဖောက်နိုင်ခဲ့ပြီ။ ပျော်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာပေပြီ။ သူ့လက်တွင်တော့ ဖန်တီးထားသည့် ‘အထူးဂျာဖာမြှား’ ကို ကိုင်ထားပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။
“ဟဟ... ဟဟဟဟ... ပျော်လိုက်တာ.....”
နောက်ဆက်တွဲသက်ရောက်မှုက ပျောက်မသွားချေ။ စမစ်က မြှားကိုကိုင်ပြီး ပွတ်သပ်ကာ ကလေးလေးကဲ့သို့ အော်ငိုနေသည်။ နောက်ဆုံးတော့ သူ့အားထုတ်မှုအတွက် ဆုပေးခံရခဲ့ပြီ။ ထိုအချိန် ပန်းပဲဖို၏ တံခါးက ပွင့်လာသည်။
“ဒိဋ္ဌိ မင်းကို တရားစီရင်တော့မယ်”
“...?”
ရုတ်တရက် တစ်ယောက်ယောက်က ပန်းပဲဖိုထဲသို့ ဝိုင်းဒိုင်းကြဲကာ ဝင်လာသည်။ ထိုသူက ယာတန်ဘုရားကျောင်း၏ ယုံကြည်သူတစ်ယောက် ဖြစ်သည်။ ရုတ်တရက် ဖြစ်သွားသည့် အခြေအနေကို ပန်းပဲဖိုပြင်ပမှ မြင်ကွင်းကို ကြည့်ပြီး အဖြေရလိုက်သည်။(ရာတန်မှ ယာတန်သို့ ပြောင်းလဲလိုက်သည်)
တစ်ရွာလုံး မီးများဖြင့် ပြည့်နေပြီ။ လူတွေလည်း အော်နေကြသည်။ စမစ် အခြေအနေကို ဖမ်းဆုပ်မိသွားသည်။
“ယာတန်ဘုရားကျောင်းက ကျူးကျော်လာတာဘဲ...”
Ddubeok. Ddubeok.
နောက်လိုက်က နှေးကွေးစွာ ကပ်လာသည်။ သူ့ဓားမြှောင်ကို စမစ်ထံ ညွှန်လိုက်ကာ
“သေလိုက်တော့ ဒိဋ္ဌိ”
စမစ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ “ဟဟ... ရတယ်။ ငါ သေလို့ရတယ်။ ငါ့မှာ နောင်တရစရာ မရှိတော့ဘူး”
နောက်ဆုံးတော့ သူ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ သူ့လက်မှ မြှားကို တွေ့သည့်မည်သူမဆို သူဟာ စတင်သူအဆင့် ပန်းပဲဆရာမဟုတ်တော့ကြောင်း သိရှိသွားကြလိမ့်မည်။ စမစ် မျက်လုံးကို မှိတ်လိုက်၏။
‘ဆရာ့ကို မျက်နှာပြရဲပြီ’
သူ့နှလုံးသားသို့ ပြေးဝင်လာနေသည့် ဓားမြှောင်သံကို ကြားနေရသည်။
ဝေါ့
ထူးဆန်းသော အသံထွက်လာသည်။ နေရာတစ်ခုလုံး သွေးများ ပြန့်ကျဲနေ၏။ သို့သော် သူ နာကျင်မှုကို မခံစားရပေ။
“...?”
စမစ်က သူ့မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်လိုက်၏။ နောက်လိုက်၏ နှလုံးရှိသည့် နေရာတွင် မြှားတစ်ချောင်းစိုက်နေပြီး သွေးအန်နေသည်ကို မြင်လိုက်ရသည်။ နောက်လိုက်၏ နောက်တွင်တော့ လူငယ်တစ်ယောက်ရှိနေပြီး သူ့ကို ပြုံးကာ ကြည့်နေသည်။
“မတွေ့ရတာ ကြာပြီနော်။ အဘိုးကြီး”
“ဘာလို့ မင်းက ဒီရောက်နေ...”
ဂရစ်လား။ ငါ့ကို ဉာဏ်အလင်းပွင့်စေခဲ့တဲ့ လူငယ်လေးက ဒီအချိန်မှာ ပေါ်လာပြီး ငါ့အသက်ကို ကယ်လိုက်ပြန်တာလား။
သူ ရှင်သန်ခဲ့သည်အတွက် နောင်တရစရာမရှိတော့ဟု တွေးခဲ့သော်လည်း တည်ငြိမ်နိုင်ခြင်း မရှိပေ။ မျက်ရည်များ ကျလာပြန်သည်။
“မင်း နေကောင်းရဲ့လား”
စမစ် ပျော်သွားပြီး ဂရစ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ အသားမာတွေနှင့် ပြည့်နှက်နေသည့် လက်တစ်ခု။ ပန်းပဲဆရာတစ်ယောက်၏ လက်ပင်။ ဂရစ် ရယ်လိုက်သည်။
“အဘိုးကြီး ခင်ဗျားက အံ့ဩဖို့ကောင်းတဲ့ မြှားတွေကို လုပ်ထားတာဘဲ”
“အာ...”
သူ့နှလုံး တဒိန်းဒိန်း ခုန်လာသည်။ သူ အသိအမှတ်ပြုခံရပြီ။ ၆၆ နှစ်ကြာခဲ့ပြီးမှ ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရခြင်းပင်။ အသိအမှတ်ပြုသည့် လူကလည်း သာမန်လူမဟုတ်။ ကြီးမြတ်သည့် ပန်းပဲဆရာတစ်ယောက်ထံမှ။ ဉာဏ်အလင်းပွင့်မှုတစ်ခုကြောင့် တန်းမြင့်ပန်းပဲဆရာအဆင့်အထိ တစ်ညတည်းဖြင့် ခုန်တက်သွားရသည်။ ဂရစ်၏ ကြီးမြတ်မှုကို ခံစားလာရခြင်းကြောင့် သူ နှာတရှုပ်ရှုပ်ဖြစ်လာသည်။
“နောက်နှစ်အနည်းငယ်အထိ ငါ အလုပ်ဆက်လုပ်နိုင်ပါစေ။ ဆက်ပြီးတော့... ငါ ဆက်ပြီးတော့ အလုပ်လုပ်ချင်နေတုန်းဘဲ...”
ဂရစ်က စမစ်၏ ပုခုံးကို ပုတ်လိုက်သည်။ “ဒါပေါ့ ခင်ဗျား အလုပ်လုပ်လို့ရတာပေါ့။ ဒါက ခင်ဗျားရဲ့ ဆန္ဒဘဲ မဟုတ်လား”
ဂရစ်က လေပေါ်ပျံလိုက်ကာ စမစ်၏ မျက်လုံးကို ကြည့်လိုက်၏။
“ခင်ဗျားရဲ့ အလုပ်နေရာ။ ဒီနေရာကို ကာကွယ်ပေးမယ်”
ထိုအချိန်
[အကန့်အသတ်ကို ဖြတ်ကျော်နိုင်ခဲ့သည့် ပန်းပဲဆရာအိုကြီးဟာ အလုပ်ဆက်လုပ်ရန် ဆန္ဒရှိခြင်းကို တွေးလိုက်တိုင်း သင့်နှလုံးသားကို နွေးထွေးသွားစေပါသည်။]
[Quest ‘ပန်းပဲဆရာ၏ ခင်တွယ်မှု’ ကို ဖန်တီးလိုက်ပါသည်။]
[ပန်းပဲဆရာ၏ ခင်တွယ်မှု]
Difficulty: B
သင်သည် ပက်မာ၏ နည်းပညာကျွမ်းကျင်မှုနှင့် စိတ်ဆန္ဒကိုပါ ဆက်ခံထားသည့် လူဖြစ်သည်။ သင့်တွင် ပက်မာ၏ လူသားချင်းစာနာသော အတွေးအမြင်ဖြစ်သည့် ‘ပန်းပဲပညာသည် တခြားလူတို့ကို အကျိုးပြုခြင်း’ ဟူသော အတွေးအခေါ်ရှိသည်။
သူ့အကန့်အသတ်ကို ဖြတ်ကျော်သွားနိုင်ခဲ့သည့် ပန်းပဲဆရာအိုကြီးတစ်ယောက်၏ အိပ်မက်အသစ်က သင့်ကို စိတ်လှုပ်ရှားစေပါသည်။
မီးတောက်ကဲ့သို့ တောက်လောင်နေပြီး စတီးကဲ့သို့ မာကျောသည့် နှလုံးသားပိုင်ရှင် ပန်းပဲဆရာအိုကြီးကို သင် ဆုချချင်နေပါသည်။
Quest ရှင်းရန် အခြေအနေများ : စမစ်၏ ပန်းပဲဖိုကို ကာကွယ်ပေးပါ။
Quest ရှင်းလင်းဆုများ : စမစ်၏ သက်တမ်းသည် နှစ် ၃၀ တိုးသွားမည်။
* သူ၏ အားထုတ်မှုကြောင့် စမစ်သည် နောက်ဆုံးတွင် ပွင့်လန်းလာခဲ့ပြီ။ သူသည် ပန်းပဲဆရာကောင်းတစ်ယောက်နှင့် ထိုက်တန်သော အရည်အသွေးတို့ ရှိသူ ဖြစ်သည်။ သူ့သက်တမ်းတိုးလာခြင်းသည် သင့်အား အကျိုးအမြတ်ဖြစ်စေမည်။
Quest လက်ခံဆု : စကေး ‘ပန်းပဲဆရာ၏ ခင်တွယ်မှု’ ဖန်တီးလိုက်ပါမည်။
Quest ကျရှုံးခြင်း : စမစ်၏ သက်တမ်းသည် တိုးလာမည် မဟုတ်တော့ပါ။
[ပန်းပဲဆရာ၏ ခင်တွယ်မှု]
သင်သည် NPC ပန်းပဲဆရာတစ်ယောက်နှင့် ရင်းနှီးမှုအမြင့်ဆုံးသို့ ရောက်ရှိသွားပါက သူတို့၏ စကေးအဆင့် ကို 1~5 အဆင့် မြှင့်ပေးနိုင်ပါမည်။
သင့်သင်ကြားမှုများကို ရရှိသည့် ပန်းပဲဆရာသည် သင့်အား တဘဝလုံးသစ္စာရှိသွားမည်ဖြစ်ပြီး သူတို့ အိုင်တမ်ထုတ်လုပ်နည်းအသစ်တို့ကို သင်ယူနိုင်တိုင်း သင့်ကို လာရောက်မျှဝေပါလိမ့်မည်။
[Quest ကို လုပ်ဆောင်နေပါသည်။]
“ဝေါင်း”
သူ ဝင်စတန်တွင် ခန်နှင့် တွေ့ဆုံပြီးနောက် ပန်းပဲဆရာတစ်ယောက်အတွက် ဒေါသထွက်ခဲ့ပြီးနောက် စကေး ‘ပန်းပဲဆရာ၏ ဒေါသ’ ကို သင်ယူနိုင်ခဲ့သည်။ ဗန်တာ၏ ချပ်ဝတ်ကို လာရောက်ပေးအပ်ခြင်းကြောင့်သာ စမစ်၏ အခက်အခဲကို ကယ်တင်နိုင်ခဲ့ပြီး ကယ်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ့ကို ကယ်လိုက်ခြင်းက ဂရစ်ကို မထင်မှတ်ထားသည့် အကျိုးအမြတ်များ ပေးအပ်သည်။
‘ကမ္ဘာကြီးက ငါ ထင်ထားတာနဲ့ မတူဘူးထင်တယ်’
သူ ထင်သည်က ကမ္ဘာကြီးဟူသည် တစ်ကိုယ်ကောင်းဆန်သော နေရာကြီးဖြစ်ပြီး မကောင်းသည့် လူများက အကျိုးအမြတ်ရကာ ကောင်းသည့် လူများက ထိခိုက်နေရသည်။ သို့သော် သူ့လုပ်ရပ်ကောင်းအတွက် ဆုပေးခံရသည်တွင် သူ့အတွေးတို့ အနည်းငယ်ပြောင်းလဲသွားရသည်။
ပန်းပဲဖိုမှ ထွက်လာချိန်တွင် ဂရစ် ခံစားရကောင်းလာသည်။ သူ၏ မြင့်မားသော ထိုးထွင်းသိမြင်မှုက အနီးအနားတွင် ယာတန်နောက်လိုက် ၁၅ ယောက်ရှိကြောင်း ထောက်လှမ်းမိသည်။ မာလကတ်စ်၏ ဝတ်ရုံကို ဂရစ်ဝတ်လိုက်ကာ သူတို့ကို ကပ်လာခွင့်ပေးလိုက်ပြီး ပြီးပြည့်စုံသည့် အချိန်ကို တွက်ချက်လိုက်သည်။
“ပက်မာဓားသိုင်းအက လှိုင်း”
အကြွင်းမဲ့ လေးစားထိုက်သော စွမ်းအား။ ကျရှုံးမှ ထွက်လာသော စွမ်းအင်လှိုင်းများက နောက်လိုက် ၁၅ ယောက်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
[Quest ‘ပန်းပဲဆရာ၏ ခင်တွယ်မှု’ ရှင်းလင်းသွားပါသည်။]
[စမစ်၏ သက်တမ်းက နှစ် ၃၀ တိုးသွားပါသည်။]
‘ကောင်းတယ် ကောင်းတယ်’
ဂရစ်မျက်နှာတွင် ပျော်ရွှင်သော အမူအရာတို့ဖြစ်ပေါ်လာပြီး ရွာလယ်ကို ကြည့်လိုကသည်။ ဇေဒကာအစည်းအရုံးက ပုလွေမှုတ်နေသည့် လူအိုကြီး နေဘေရီယပ်စ်နှင့် ခန္ဓာကိုယ်မှ ချော်ရည်များ ပွက်ပွက်ထနေသည့် နတ်ဆိုးဗာလက် ကို ရင်ဆိုင်နေရသည်။ အခြားအစည်းအရုံးအဖွဲ့ဝင်များကတော့ ကိုင်တွယ်နိုင်နေပုံပေါ်သည်။ ရီဂက်စ်၊ ပွန်၊ ဂျီရှုကနှင့် ဗန်တာ တို့က အခြေအနေသိပ်ကောင်းပုံမရသော်လည်း ကောင်းကောင်းတိုက်ခိုက်နေကြသည်။(ရီဂတ်စ်မှ ရီဂက်စ်၊ စက်ဒခမှ ဇေဒကာ၊ နဘဲရီးယပ်စ်မှ နေဘေရီယပ်စ်)
‘မာလကတ်စ်ရိတ်ဒ်တုန်းကထက် လူတိုင်းက ပိုသန်မာလာကြပြီ။ သူတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို မာလကတ်စ်ဆိုတာ ပုရွက်ဆိတ်ကောင်သက်သက်ဘဲ’
ဂရစ်က တခြားဖက်ကို ကြည့်လိုက်သည်။ ဂျီရှုက နှင့် ဗန်တာ တို့က အိမ်များ စုနေသည့် နေရာတစ်ခုတွင် သီးခြားဖြစ်နေကြသည်။
“သည်ဘက်ခြမ်းက ပိုအရေးကြီးတယ်”
***
ချွေးတပေါက်ပေါက်ကျနေ...
“ချီးဘဲ... မျိုးမစစ်ကောင်တွေ”
ဗန်တာ၏ အသက်ပွိုင့်ဟာ အနိမ့်ဆုံးသို့ ရောက်နေပါပြီ။ သူ ဒဏ်ရာရနေသလောက် သူ့ဆေးရည်များက ကုစားမပေးနိုင်။ သေလုဆဲဆဲဖြစ်နေပြီ။
“သေလိုက်တော့”
“မြင့်မြတ်ပြစ်ဒဏ်”
ပါးနပ်သည့် ယုံကြည်သူများက သူတို့၏ တိုက်ခိုက်မှုများကို ဗန်တာ အပေါ် အာရုံစိုက်ထားကြ၏။ နောက်ဆုံးတော့ ဂျီရှုက ဆုံးဖြတ်လိုက်ရပါသည်။
ခွမ်...
ဗန်တာ၏ တဘက်မှ တိုက်လာသော အနက်ရောင် စစ်သူရဲ၏ တိုက်ခိုက်မှုကို ကာပေးလိုက်သဖြင့် သူမ သွေးတစ်လုပ်အန်လိုက်ရသည်။ ဗန်တာ အော်ပြောလိုက်၏။ “မင်း ဘာလုပ်လိုက်တာလဲ။ ငါကဘဲ မင်းကို ကာကွယ်ပေးမယ်။ မင်း ငါ့ကို ကာကွယ်ပေးစရာ မလိုဘူး”
ဂျီရှုက သူ့ကို လှောင်ပြောလေး ပြောလိုက်သည်။ “နင့်မှာ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကော ရှိသေးရဲ့လား”
“ဟူး...”
L.T.S. မှ ဇေဒကာ အစည်းရုံးထွက်လာပြီးနောက် Satisfy သို့ ရွှေ့လာချိန် ဗန်တာ က သူ့ဇာတ်ကောင်ကို tanker (ကာကွယ်ပေးသူ) အဖြစ် ပြုလုပ်ခဲ့သည်။ L.T.S. တုန်းက သူဟာ damage dealer (ထိခိုက်မှုပေးသူ) ဖြစ်သည့်အတွက် အစည်းအရုံးအဖွဲ့သားများက စိုးရိမ်ကြ၏။ သို့သော် ဗန်တာ က ခေါင်းမာသည်။ L.T.S တုန်းကနှင့် မတူသည့် နေရာကို ယူချင်သည့်အတွက် ကိုယ်စောင့်စစ်သူရဲကို ရွေးချယ်လိုက်သည်။
(ကာကွယ်စစ်သူရဲမှ ကိုယ်စောင့်စစ်သူရဲသို့ ပြောင်းလဲလိုက်ပါသည်။ Guardian Knight ဆိုတော့ ကိုယ်စောင့်စစ်သူရဲက ပိုကောင်းမယ် ထင်လို့။ Guardian Angel က ကိုယ်စောင့်နတ်ဆိုတော့လေ)
သို့သော် သူ ချက်ချင်း နောင်တရသွားသည်။ Tanker တစ်ယောက်၏ အားနည်းသည့် တိုက်ခိုက်မှုနှင့် နှေးကွေးသည့် အမဲလိုက်နှုန်းက သူနှင့် မသင့်တော်ပေ။ အဆင့် တင်ရန်အတွက် ပါတီနှင့် အမဲလိုက်နေရသည်။ သူ့ပြိုင်ဘက် ပွန် နှင့် သူ့ကြား ကွာဟမှုက ကြီးမားလာသည့်အတွက် ဗန်တာ က စိတ်မရှည်ဖြစ်လာသည်။
“Tanker မလုပ်တော့ဘူး”
တစ်ယောက်တည်းကစားရခြင်း၏ ကျေနပ်မှုကို ရရန်အတွက် ဗန်တာ က သူ့ပွိုင့်များကို ခွန်အားထဲ ထည့်တော့သည်။ သူ့မူလရည်ရွယ်ချက်ဖြစ်သည့် အစည်းအရုံးအဖွဲ့ဝင်များကို ကာကွယ်ပေးရန်ကို မေ့လျော့နေခဲ့၏။
“Tanker က ငါနဲ့ မသင့်တော်ဘူးဆိုတာ အပြောခံရပေါင်းလည်း မနည်းတော့ပါဘူး။ အစီအစဉ်အတိုင်း ဂါစီယာသာ ငါတို့အစည်းအရုံးရဲ့ ကိုယ်စောင့်စစ်သူရဲဖြစ်လာရင် ငါတို့ပိုသန်မာလာပြီး တည်ငြိမ်သွားမှာ။ တောင်းပန်ပါတယ်”
"..."
ဗန်တာ က သူ့အမှားအပေါ် နောင်တရစွာဖြင့် ဂျီရှုက ကို ဦးညွတ်ကာ တောင်းပန်လိုက်တော့သည်။ စိတ်အားငယ်နေသည့် ဗန်တာ ကို ဂျီရှုက က ပြုံးပြလိုက်သည်။ “ဒီအခြေအနေကို ကျော်ဖြတ်နိုင်ရင် အနာဂတ်မှာ နင့်ပွိုင့်တွေကို ဂရုစိုက်ထည့်ပေါ့”
“မင်း... မာလကတ်စ်ရိတ်ဒ်ပြီးတော့ ငါ့ပွိုင့်တွေကို သက်လုံထဲ တတ်နိုင်သမျှထည့်လာတာ အခုဆို ငါ သက်လုံတော်တော်ကောင်းနေပြီ”
“အင်း”
ဂျီရှုက သည် ကျေနပ်သွားသည့် မျက်နှာဖြစ်သွား၏။ သူမ၏ လေးကြိုးကို အားအပြည့်ဆွဲလိုက်သည်။ မြှားခေါင်း၏ ထိပ်တွင် မီးတောက်များ ပေါ်လာသည်။ သူမ၏ အသန်မာဆုံးတိုက်ခိုက်စကေး ဖီးနစ်မြှားကို အသုံးပြုရန် အသင့်ဖြစ်နေပြီ။
“ဂျီရှုက?”
သူက အနက်ရောင်စစ်သူရဲတွေကို ရှင်းပစ်ဖို့ mana အကုန်လုံးသုံးပစ်တော့မှာလား။ သေချင်နေပီလား။ ဗန်တာ က သူမကို တားရန် ကြိုးစားသည်။ သို့သော် ဂျီရှုက က ဆုံးဖြတ်ချက်ချပြီးပြီ။
“ငါ ဒီနေရာက ရန်သူတွေအကုန်လုံးကို ရှင်းပစ်တော့မယ်။ နင်ကတော့ မြန်မြန်ပြန်ကောင်းအောင် လုပ်ပြီး တခြားအဖွဲ့ဝင်တွေနဲ့ သွားပေါင်းတော့”
ဂျီရှုက က ပေါင်းစည်းထားသည့် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၇ ဖြစ်သည်။ အဆင့်သတ်မှတ်ချက်ရှိ ထိပ်တန်းကစားများသည် အတွေ့အကြုံပွိုင့် 1% သာကွာစေကာမူ နေရာအပြောင်းအလဲရှိ၏။ တစ်ယောက်ယောက်သေပါက ထိုသူ၏ အတွေ့အကြုံပွိုင့်မှာ 20% ကျသွားသဖြင့် ဆိုလိုသည်မှာ အဆင့်နေရာ 20 အထိ ကျသွားနိုင်ခြေရှိသည်။
ဗန်တာ က သူမကို ထိုသို့သော အနစ်နာခံမှုအား ဖြစ်ခွင့်မပေးနိုင်။
“မရဘူး။ သေမယ်ဆိုရင်တောင် သေမဲ့လူက ငါဘဲ ဖြစ်ရမယ်”
ဂျီရှုက က အော်ဟစ်နေသည့် ဗန်တာ အား စိုက်ကြည့်လိုက်သည်။
“နင် အရူးလား။ နင်သာ သေသွားရင် ငါလဲ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ ငါ ပြောသာကိုသာ နားထောင်စမ်းပါ”
[သင်သည် Damage 2,800 ခံလိုက်ရသည်။]
[သင်သည် Damage 2,550 ခံလိုက်ရသည်။]
[သင် ကျိန်စာမိသွားပါသည်။ သင့်ခုခံမှုက 30% လျော့ကျသွားပြီး သင့်လှုပ်ရှားနှုန်းနှေးသွားပါသည်။]
ဂျီရှုက မှော်တိုက်ခိုက်မှုများ အထိခံနေရသည်။ သို့သော် သူမ ရပ်တန့်သွားခြင်း မရှိချေ။
Hwaruruk!
မြှားခေါင်းမှ မီးတောက်များမှ ပြည့်နှက်သွားပြီး လေးတစ်ခုလုံး မီးတောက်လောင်နေပါပြီ။ သူမ လေးကြိုးကို လွှတ်လိုက်သည်နှင့် ရန်သူများ ရှင်းပစ်ခံရတော့မည်။
"Ohhhhhh!"
အနက်ရောင်စစ်သည်တော်များနှင့် မှော်ပညာရှင်များကက အန္တရာယ်ကို အာရုံခံလိုက်ရပုံ ပေါ်သည်။ ၎င်းတို့သည် သူတို့ထိုးစစ်ကို စတင်တော့၏။
Papapat!
တစ်စုံတစ်ခုပျံသန်းလာပြီး ဂျီရှုက ကို ကာကွယ်လိုက်သည်။ ပြီးနောက် ကောင်းကင်ပေါ်မှ အသံတစ်ခုကို ကြားလိုက်ရ၏။
“ရပ်လိုက်။ သေချင်နေတာလား”
Paruru.
ဂျီရှုက သည် ကောင်းကင်ပေါ်မှ လူကို တွေ့လိုက်ရပြီးနောက် သူမ၏ မီးတောက်များကို တုန့်ဆိုင်းခြင်းမရှိ ပယ်ဖျက်လိုက်၏။
“ခွေးကောင်လေး နင် ဘာလို့ကြာနေတာလဲ”
သူမသည် မျက်ရည်များ ကျလာချေသည်။ အမြဲတမ်းဆွဲဆောင်မှုရှိသည့် သူမဟာ ယခုဆိုပါကလည်း ဖောင်းနေသည့် ပါးပြင်များဖြင့် ချစ်စရာကောင်းနေလေသည်။ ဂရစ်၏ နှလုံးဒိန်းခနဲ ခုန်သွားပြီး မျက်နှာနီမြန်းသွားသည်။
“တောင်းပန်ပါတယ်”
ဂရစ် တောင်းပန်နေချိန် ဗန်တာ က အော်ပြောလိုက်၏။ “ဟေး ခွေးကောင် ငါ့ချပ်ဝတ်ကို လုပ်ပေးနေတုန်း ဘာလို့ ဂိမ်းထဲကနေ ထွက်သွားတာတုန်း။ မင်း အရမ်းများနေပြီ။ မင်းသာ ချပ်ဝတ်လုပ်ပေးရင် ငါက အခုဆို ပိုပြီးအသုံးဝင်မှာ”
ဂရစ်က သူ့ကို ချပ်ဝတ်တစ်ခု ပစ်ပေးလိုက်သည်။ “အခုကစပြီး လုပ်တော့”
“မင်း ငါ့ကို ဘာပစ်ပေးလိုက်... ဟေ”
ဗန်တာ က သူ့ချပ်ဝတ်၏ အချက်အလက်ကို စစ်ဆေးလိုက်ပြီးနောက် လန့်သွားသည်။
[စိတ်သက်သာရာရစေသည့် လှိုင်းချပ်ဝတ်]
အဆင့်သတ်မှတ်ချက် : ဒဏ္ဍာရီ
အကြမ်းခံမှု : 574/574 ခုခံမှု : 861 လှုပ်ရှားနှုန်း : -4%
* သင့်အသက်ပွိုင့် 60% အထက်သို့ ရောက်နေချိန်တွင် Damage ရရှိမှုကို 60% လျော့ချပေးသည်။
* ဖြတ်တောက်သည့် တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း 30% တိုးပေးသည်။
* ဖြတ်တောက်သည့် တိုက်ခိုက်မှုများ အောင်မြင်ရန် မြင့်မားသော အခွင့်အလမ်း ရှိသည်။
* စကေး ‘မဆုတ်မနစ်ကြိုးပမ်းမှု’ ကို ပေးအပ်မည်။
ကြီးမြတ်သော ပန်းပဲဆရာ ‘G’ ဖန်တီးထားခဲ့သည့် အိုင်တမ်များထဲတွင် ဤအိုင်တမ်သည် စိတ်ခံစားချက်များနှင့် မွေးဖွားလာသည့် ဒုတိယမြောက် ပစ္စည်းဖြစ်သည်။
ဤပစ္စည်းသည် သူ့ကို ပြုလုပ်နေချိန်အတောအတွင်း ပြုလုပ်သူက သူ့ကို လျစ်လျူရှုထားခြင်းကြောင့် စိုးရိမ်စိတ်ဖြစ်လာခဲ့သည်။ ယခုမူ သူက အောင်မြင်သွားသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။ နှစ်ကြိမ်စွန့်ပစ်ခြင်းမခံရလိုသော စိတ်ဆန္ဒများ သူ့တွင် ရှိနေပြီး ထိုဆန္ဒသည် ဝတ်ဆင်သူအပေါ် သက်ရောက်မှုရှိလိမ့်မည်။
သူ့အား ဖန်တီးသူအပေါ် ခံစားချက်များဆိုးရွားနေသော်လည်း ၎င်းကို ထုတ်ဖော်ပြသရန် မကောင်းလှပါ။
အသုံးပြုသူကန့်သတ်ချက် : အဆင့် 240 နှင့်အထက်။ ခွန်အား 500 အထက်။ တန်းမြင့်လေးလံသောချပ်ဝတ်ကျွမ်းကျင်မှုအဆင့် 2 နှင့်အထက်။
အလေးချိန် : 1,920
[မဆုတ်မနစ်ကြိုးပမ်းမှု]
သင့်အသက်က 5% အောက်သို့ ရောက်သွားပါက သင့်အသက်၏ 20% ကို ချက်ချင်း ပြန်ရမည်ဖြစ်ပြီး ရန်သူ၏ တိုက်ခိုက်မှုများမှ တစ်ခုကို ခြွင်းချက်မရှိ ခုခံနိုင်ပါမည်။
စကေး Cooldown အချိန် : 30 နာရီ
ကိုယ်စောင့်စစ်သူရဲတွင် တိုက်ခိုက်မှုကို တကြိမ်ကာကွယ်နိုင်သည့် အကြွင်းမဲ့စကေး ‘ကိုယ်စောင့်စွမ်းအား’ ရှိသည်။ သူသာ ကောင်းကောင်းအသုံးချနိုင်ပါက ရန်သူ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် ကိုယ်စောင့်စစ်သူရဲသည် tanker တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း အိုင်တမ်တစ်ခုနှင့် ချိတ်ဆက်ထားသည့် စကေးတစ်ခုက ကိုယ်စောင့်စွမ်းအားထက်ပင် ပိုမိုကောင်းမွန်နေသည်။(Cooldown- စကေးကို သုံးပြီးတိုင်း ထိုစကေးကို ပြန်သုံးရန် စောင့်ရမည့်အချိန်)
ဗန်တာ ၏ မျက်လုံးများ ပြူးကျယ်သွား၏။
‘Cooldown ကြာတာက အားနည်းချက်လို ဖြစ်နေပြီး လိုအပ်တဲ့အချိန်မှာ သူ ရှိနေဖို့က ခက်ခဲမှာ။ ဒါပေမဲ့ ငါ့အသက်ကို 20% ချက်ချင်း ပြန်ကောင်းမယ် ဆိုတာက...’
အမှန်တကယ်ကို ဒဏ္ဍာရီလာအိုင်တမ် ဖြစ်ထိုက်ပါပေသည်။ သူက စိတ်လှုပ်ရှားနေပြီး အော်ပြောလိုက်သည်။ “ဂရစ်.. ကျေးဇူးပဲကွာ”
ဗန်တာ က သူ့ချပ်ဝတ်ဟောင်းကို ဖယ်ရှားလိုက်ကာ အသစ်တစ်ခုကို ဝတ်လိုက်သည်။ သူ့ခုခံမှုက ထိုးတက်လာပြီး သူ့အသက်က ချက်ချင်းကို 20% ပြန်ပြည့်သွားသည်။ သူဟာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အနက်ရောင်စစ်သူရဲများကို မုန်တိုင်းသဖွယ် မွှေနှက်တော့သည်။
“ဂျီရှုက! အခု ငါ သန်မာသွားပြီ။ ဟဟဟ.. စွမ်းအားကြီးသွားပြီကွ။ ငါ တိုက်ခိုက်ပြီး မင်းကို ကာကွယ်ပေးမယ်”
Chaaeng!
အနက်ရောင်စစ်သူရဲတစ်ယောက်၏ ဓားက ဗန်တာ ၏ နောက်ကျောဆီ ကျရောက်လာသော်လည်း မမြင်ရသည့် အတားအဆီးတစ်ခုက တားဆီးလိုက်သည်။
“...?!”
သေလုနီးပါးဖြစ်နေသည့် လူတစ်ယောက်က ချက်ချင်း ပြန်ကောင်းသွားပြီး ထိုကဲ့သို့ စွမ်းရည်ရှိလာသည်လော။ စိတ်ရှုပ်ထွေးနေသည့် အမှောင်စစ်သူရဲများက ဆုတ်ခွာနေပြီး ဗန်တာ ကတော့ သူ့ပုဆိန်နှစ်လက်ကို အရူးတစ်ကောင်သကဲ့သို့ ပြေးလွှားကာ ဝှေ့ယမ်းနေသည်။ ရန်သူများက သူတို့၏ အာရုံကို ဗန်တာ အပေါ်တွင်သာ အာရုံစိုက်ထားရတော့သည်။
ဂျီရှုက သည်လည်း ကျယ်ဝန်းသော အကွာအဝေးရရှိလာသဖြင့် သူမ၏ စွမ်းအားကြီးသော မြှားများက အလျော့ပေးခြင်းမရှိ ပျံသန်းလာသည်။
Puk! Puuok!
"Kuaaaak!"
“K-Kieek...!”
အနက်ရောင်စစ်သူရဲနှစ်ယောက် ချက်ချင်း အငွေ့ဖြစ်သွားသည်။
Kaaang! Kaang!
အသက်ရှင်သေးသည့် အနက်ရောင်စစ်သူရဲများကလည်း ဗန်တာ တိုက်ခိုက်သည်ကို ခံနေရ၏။ သို့သော်လည်း သူတို့၏ ဓားများက ဗန်တာ၏ ချပ်ဝတ်အပေါ် ကျရောက်သွားတိုင်း ချော်ထွက်နေသည်။
“မင်း...!”
အနက်ရောင်မှော်ပညာရှင်များက မှော်ဖြင့် နွားတစ်ကောင်လို သောင်းကျန်းနေသည့် ဗန်တာ ကို ရပ်တန့်အောင် လုပ်သည်။ သို့သော်လည်း ဂျီရှုက က ပြဿနာပင်။
“Keok!”
သူမက အနက်ရောင်မှော်ပညာရှင်များကို တိုက်ခိုက်နေသည်မို့ မည်သူမှ ဗန်တာ ကို မတားနိုင်တော့ချေ။ ဂရစ်ဆိုပါက တခြားတစ်နေရာသို့ ကြည့်နေပြီ။ “နောက်တစ်ယောက်က မင်းဘဲ”