- Chapter 150

အပိုင်း(၁၅၀) { စာစဉ် ၁၀ - အပိုင်း(၁၅)}

ဘိုင်ရန်ကျေးရွာ၏ အနီးအနားတစ်ဝိုက်တွင် အဆင့် ၁၀၀ မှ ၂၀၀ ကစားသမားများအတွက် အမဲလိုက်ရန် နေရာများရှိသည်။ ထို့ကြောင့် ဘိုင်ရန်ကျေးရွာကို ကစားသမားလာရောက်မှုတိုးတက်နှုန်းမှာ မြင့်သထက် မြင့်နေပါသည်။ သို့သော်လည်း မြို့နေပြည်သူများနည်းပါးပြီး အနီးအနားတွင် ဝင်စတန်မြို့ကြီးလည်း ရှိသည့်အတွက် ကစားသမားများက ဘိုင်ရန်ကျေးရွာတွင် အခြေချရန်က ဝန်လေးနေကြသည်။

ဒေသခံများ၏ အရေအတွက်(NPC များနှင့် ကစားသမားများလည်းပါသည်) မှာ ငါးရာဝန်းကျင်သာ ရှိသည်။

သို့သော်

ဂရစ်ခ်နှင့် လေဒီအိုင်ရင်းတို့၏ လက်ထပ်ပွဲသက်ရောက်မှုကြောင့် ဘိုင်ရန်ကျေးရွာမှာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီဟု ဆိုနိုင်သည်။ အရင်အပတ်တွေကတည်းက လူအမြောက်အများက ဘိုင်ရန်ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လာကြပြီး ယခုဆိုပါက ဘိုင်ရန်ကျေးရွာတွင် နေထိုင်သူအရေအတွက်မှာ ၅၀၀၀ ခန့်ရှိနေပြီ။ စက်ဒခအစည်းရုံးသည်လည်း အိမ်များနှင့် အဆောက်အဦးများကို အမြန်ဆောက်ရန်အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို ဌားရမ်းထားပြီး ၎င်းတို့၏ ငွေများကို အသုံးပြုထားသည်။ ထို့ကြောင့် ရွာက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။

“အရင်လက ငါ ဒီကို ရောက်ဖူးသေးတယ်။ အက်တုန်းကနဲ့ အတော်လေးကွာသွားပြီဘဲ”

“ဟုတ်တယ်။ အရင်တုန်းက အိမ်သေးသေးလေးတွေနဲ့ စတိုးနည်းနည်းလေးဘဲ ရှိတာ။ အခုဆို ကြည့်အုံး။ အဆောက်အဦးအကြီးကြီးတွေ”

ဟိုးကတည်းက ဘိုင်ရန်သို့ ရောက်ဖူးသော ကစားသမားများက သဘောကျနေကြသည်။ ရာနှင့်ချီသော အလုပ်သမားများက အဆောက်အဦးများကို ဆောက်နေကြဆဲဖြစ်ပြီး ရွာကို အထင်ကရနေရာတစ်ခုဖြစ်အောင် ပုံဖော်နေကြသည်။ အဆောက်အဦးများပြီးသည်နှင့် ဘိုင်ရန်ကို မြို့ဟု ခေါ်လို့ရနိုင်ပါပြီ။

“အရမ်းမြန်မြန်ကြီးတိုးတက်နေပေမဲ့ လုံခြုံရေးက စိတ်ချရသားဘဲ”

“စက်ဒခအစည်းအရုံးက စီမံခန့်ခွဲနေတာလေကွာ။ ဘယ်သူက လာရှုပ်ရဲမတုန်း”

“စက်ဒခအစည်းအရုံးကို ငါ မနာလိုဖြစ်နေပြီ... အရင်တုန်းက အစည်းအရုံးတွေထဲမှာ သူတို့လောက် ပိုင်ဆိုင်မှုမရှိတာ မရှိဘူး။ အခုတော့ ငွေပုံပေါ် မြန်မြန်ကြီးထိုင်နေရတော့မှာ”

“ဒါက လေဒီအိုင်ရင်း လက်ထပ်ပွဲကြောင့်လေကွာ။ စက်ဒခအစည်းရုံးက အချိန်ကိုက်ရောက်လာတာ”

“လေဒီအိုင်ရင်းရဲ့ ယောက်ျားက ဘယ်သူတဲ့လဲ”

“ငါလဲ ဘယ်သိမတုန်း။ နိုဘယ်လ်တစ်ယောက်နဲ့ နေမှာပေါ့”

လမ်းများပေါ်တွင် လူများ ပြည့်လျှံနေသည်။ ထိုလူအများစုမှာ အမဲလိုက်ရန် ကွင်းပြင်များသို့ သွားနေကြသော ကစားသမားများဖြစ်ကြ၏။ အမြဲတမ်းနေထိုင်သူပမာဏကို တွက်ကြည့်ပါက NPC များအပါဆိုလျှင် လူ ၂၀၀၀ ခန့်ရှိသည်။

“ဘာကြီးလဲ”

“သည်လောက်ကြောက်စရာကောင်းတဲ့ မှော်စွမ်းအားပမာဏ”

ကစားသမားများက သူတို့အလုပ် သူတို့လုပ်နေကြတုန်း အဆင့်မြင့်မှော်ပညာရှင်များက ကောင်းကင်ကို အာရုံစိုက်လိုက်ကြသည်။ စက်ဒခအစည်းအရုံးက အဆောက်အဦးအမြင့်ကြီးကို အများကြီးဆောက်ထားသည်။ မှော်စွမ်းအားက ထိုအထပ်မြင့်အဆောက်အဦးထဲမှ ရွာအလယ်ရှိ အရှည်ဆုံးအဆောက်အအုံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပထမတော့ ထုတ်လွှင့်မှုအတိုင်းအတာက သေးငယ်သော်လည်း မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာသည်။ မှော်တစ်ခုခုသုံးထားသည့် လက္ခဏာပင်။ လူအုပ်ကြီးကို ပြောင်းရွှေ့ပေးသော တယ်လီပို့မှော်ပညာဖြစ်ပုံရသည်။

“ဝိုး.... ဒီလိုမှော်မျိုးက တတိယအဆင့်မှော်ပညာရှင်တွေဘဲ သုံးနိုင်တာ မဟုတ်လား”

“ဘာလဲ။ Event လား”

“ဟုတ်တယ်။ Event ဖြစ်လောက်တယ်”

“ကရား....(မိန်းမအော်လိုက်သည့် အသံ) ဘာကြီးလဲ”

အံ့ဩစရာကောင်းသည်။ ရာနှင့်ချီသော အလင်းတန်းများက ဂိတ်ထံမှ ထွက်လာပြီး ဥက္ကာခဲများ မြေပေါ်ကြသလို ရွာ၏ နေရာအနှံ့သို့ ကျသွားကြ၏။ ကစားသမားများက နိုင်ငံပြိုင်ပွဲအတွက် လုပ်ပေးသည့် အထူး Event ဟု ထင်သောကြောင့် စိတ်လှုပ်ရှားနေကြသော်လည်း စက္ကန့်ပိုင်းအတွင်း သူတို့၏ ဝမ်းသာအားရ အော်သံများမှာ ပျောက်သွားကြသည်။

“ဒိဋ္ဌိတွေကို ဘုရားသခင်နာမတော်နဲ့ အပြစ်ပေးကြ”

“ဒီငမိုက်သားတွေကို နတ်ဘုရားရာတန်ရဲ့ ကြီးမြတ်မှုကို ပြပေးရမယ်”

ဝှစ် ဝုန်း..

ကျလာသော အလင်းတန်းများမှာ ရာတန်ကို ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့အရေအတွက်က ၁၀၀၀ ကျော်လောက်၏။ နေရာတိုင်းတွင် အောက်လမ်းမှော်ကို သုံးနေကြပြီး ချက်ချင်းပင် ဘိုင်ရန်တစ်ရွာလုံးက အဆိပ်မြူထုကြီးက ဖုံးလွှမ်းသွားသည်။

“အစ်...”

“အ... က.. ကယ်ကြပါ.. တယောက်ယောက်..”

စက်ဒဒအစည်းအရုံးက ငွေသုံး၍ တည်ဆောက်ထားရသည့် အဆောက်အဦးများမှာ ချက်ချင်းပင် ပြိုကျကုန်ပြီ။ လမ်းမဘေးတွင် ပွင့်လန်းနေကြသည့် ပန်းကလေးများနှင့် အစိမ်းရောင်သစ်ပင်တို့မှာလည်း အနက်ရောင်သန်းလာကာ ပျက်စီးလာကြ၏။ နေရာအနှံ့တွင် မီးများတောက်လောင်နေကာ သွေးမြစ်ကြီးစီးဆင်းနေသည့်အတိုင်း။ ငရဲမြင်ကွင်းကြီးပင်။

“ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ”

ဘိုင်ရန်ရွာရှိ ကစားသမားများ၏ ပျမ်းမျှအဆင့်က ၁၄၀ ရှိသည်။ February 20XX, Satisfy မှ ထုတ်ပြန်ချက်အရ ကစားသမားများ၏ ပျမ်းမျှအဆင့်က ၉၃ သာရှိသေးသည်။ ဆိုရပါက ဘိုင်ရန်တွင် ရှိသူများမှာ အဆင့်အမြင့်ပိုင်းတွင် ပါကြသည်။ သို့သော်လည်း ရာတန်နောက်လိုက်များ၏ အနိမ့်ဆုံးအဆင့်က ၁၆၀ ဖြစ်ပြီး ထိုသို့သော လူက ၁၀၀၀ ကျော် တစ်ပြိုင်နက်တည်း ပေါ်လာသည်။ ထိုလူများထဲတွင် အကြမ်းဖျင်း အဆင့် ၂၀၀ ရှိသော အကြီးပိုင်းနောက်လိုက်များကလည်း ၂၀၀ ခန့် ပေါ်လာ၏။

“မတိုက်ကြနဲ့။ သေကြတော့မှာဘဲ”

“ချီးပဲ။ ဘာကြီးလဲကွာ”

ဘိုင်ရန်ရွာတွင် နေထိုင်သူ ၂၀၀၀ ခန့်တွင် တစ်ဝက်လောက်ကသာ ကစားသမားများ ဖြစ်သည်။ ကျန်တစ်ဝက်လောက်က တိုက်ခိုက်စွမ်းရည်မြင့်မားခြင်းမရှိသည့် NPC များ ဖြစ်ကြသည်။

“နတ်ဘုရားက အပြစ်ပေးနေတာကွ”

“အား...”

“သေစမ်း။ ဘာသာခြားတွေ”

“အ....”

ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခြင်း ဖြစ်သည်။ ရာတန်ဘုရားကျောင်း၏ နောက်လိုက်များက လွှမ်းမိုးနိုင်လွန်းသည်။ NPC များ သေကြေနေကြရသလို ကစားသမားများကလည်း ခုခံနေနိုင်ရုံသာ ရှိသည်။

“ချီးဘဲ... Logout!”

“ငါလဲ ထွက်ပြီ!”

နောက်လိုက်များ၏ တိုက်ခိုက်ခြင်းကို ခံထားရပြီဖြစ်သည့် ကစားသမားများကတော့ ထွက်လို့မရတော့ပေ။ သူတို့ကို တိုက်ပွဲအလယ်ဟု သတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။ တိုက်ခိုက်ခံရခြင်းမရှိသူများကတော့ ထွက်သွားကြပြီ။ ဤသို့ဖြင့် ရာတန်နောက်လိုက်များကို ဆန့်ကျင်တိုက်ခိုက်နေကြသူများမှာ ၃၀၀ အောက်သာ ရှိသည်။

“ဝါး....”

“အဓိပ္ပာယ်မရှိတာ။ ဒါ သက်သက်အနိုင်ကျင့်တာဘဲ။ ငါတို့ကို အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေတာ”

ရာတန်နောက်လိုက် ၁၀၀၀ က တိုက်ခိုက်နေကြသည်။ မြင်သမျှ လူတိုင်းကို သူတို့ လိုက်တိုက်ခိုက်နေကြ၏။ NPC.... ကစားသမား မခွဲခြားပေ။

“လူတွေကို ကယ်ကြ”

အကူအညီမဲ့နေကြပြီ။ အရာအားလုံးကို ချေမှုန်းနိုင်သည့် အားလှိုင်းတစ်ခု။ ရာတန်ကို ယုံကြည်သူများက လှိုင်းလုံးကြီးများဖြစ်ကြပြီး ကျန်သူများကတော့ သားကောင်ကလေးများ ဖြစ်သည်။ ဤသို့ တစ်ဖက်သတ်ခံနေရသည်ကြီးက အကြာကြီးတော့ မဟုတ်ပါ။ စက်ဒခအစည်းအရုံး၏ ကောင်းမွန်လှသော တုံ့ပြန်မှုကို ကျေးဇူးတင်ရပါတော့မည်။

“ဘာ။ တစ်ယောက်ယောက်က ငါတို့နယ်မြေကို လာတိုက်ရဲတာလား။ ထွီ...”

Toon(ထွန်း) ၏ စိတ်နေစိတ်ထားမှာ ရိုးရှင်းသဖြင့် ဂျီရှုက၏ အလွယ်တကူ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ သူက ဘိုင်ရန်ရွာ၏ လုံခြုံရေးပိုင်းတွင် ခေါင်းဆောင်ဖြစ်ပြီး စစ်သူရဲများနှင့် စစ်သားများကို ဦးဆောင်လာသည်။

“ပြည်သူတွေကို ကာကွယ်ကြ”

သူက စစ်သူရဲများနှင့် စစ်သားများကို အမိန့်‌ပေးလိုက်ပြီးနောက် တံတွေးထွေးလိုက်ကာ ရန်သူတွေဆီသို့ တစ်ယောက်တည်း ခုန်ဝင်သွားသည်။ ရာတန်နောက်လိုက်တွေလား။ သူတို့က ပေါင်းစည်းထားသည့် အဆင့်သတ်မှတ်ချက်တွင် အဆင့် 35 ဖြစ်သည့် ရှားပါးအမျိုးအစား ‘သားကောင်ကို ဖမ်းစားသည့် သားရဲ’ အလုပ်ပိုင်ရှင်ရှေ့တွင် ဘာမှမဟုတ်တော့ပေ။

“ငါက သားရဲတွေရဲ့ ဘုရင်ကွ”

Toon က သူ့လက်ကောက်ဝတ်တွင် ပတ်ထားသည့် ဓားသွားကို ထုတ်လိုက်ကာ စကေးကို အသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်က ခြင်္သေ့ကြီးဖြစ်သွားသည်။ သာမန်ခြင်္သေ့ကြီးများထက် နှစ်ဆကြီးသော ခြင်္သေ့အထီးကြီး ဖြစ်လေသည်။

“ဝေါင်း...”

“အား...”

“အ....”

ရာတန်နောက်လိုက်များ အော်ဟစ်ကြရတော့သည်။ ခြင်္သေ့ကြီးက လက်သည်းများနှင့် တစ်ခါလွှဲရိုက်လိုက်တိုင်း အရိုးများ ကျိုးကြေနေကြသည်။ အစွယ်များက ဦးခေါင်းခွံများထဲသို့ ထိုးဖောက်သွားကာ ရာတန်ယုံကြည်သူများကို သတ်ဖြတ်နေကြ၏။

“အမှောင်ထုက မင်းခန္ဓာကိုယ်ကို ဖိအားပေးလာလိမ့်မယ်”

သူတို့၏ လက်အောက်ငယ်သားများက တိုက်ခိုက်ခံနေရသဖြင့် အကြီးအကဲများက အောက်လမ်းမှော်ဖြင့် မှော်ခြေကျင်းများ ဆင့်ခေါ်လိုက်သည်။ မှော်ခြေကျင်းများက ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်ကို ချည်နှောင်လိုက်ကြသည်။

“ကောင်းကင်သခင်”

ခြေကျင်းများဖြင့် ချည်နှောင်ခံထားရသည့် Toon က စကေးနောက်တစ်ခုကို သုံးလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က သေးငယ်လာပြီး လင်းယုန်အဖြစ်သို့ ပြောင်းသွားလေသည်။ ထို့ကြောင့် ခြေကျင်းများက ချောင်လာပြီး သူ လွတ်မြောက်သွားသည်။ ထို့နောက် ကောင်းကင်ပေါ်မှ ဆင်းသက်လာကာ နောက်လိုက်တစ်ယောက်၏ ခေါင်းကို လင်းယုန်နှုတ်သီးဖြင့် ထိုးဖောက်လိုက်၏။ တစ်ချိန်တည်းမှာပင် ခြင်္သေ့အဖြစ်သို့ ပြန်ပြောင်းလိုက်ကာ ဟိန်းဟောက်လိုက်တော့သည်။

“ဂါး.....”

“အား....”

နောက်လိုက်များက သူတို့နားကို အုပ်ပြီး ထိုင်ချလိုက်ရသည်။ သူတို့နားမှ သွေးများ စီးကျလာသည်။  Toon က နောက်တကြိမ် ထိုလူများ၏ လည်ပင်းကို တိုက်ခိုက်လိုက်ပြီး အငွေ့အဖြစ်သို့ ပြောင်းပေးလိုက်သည်။

“ဟားဟားဟား။ ပျော်ဖို့ ကောင်းတယ်။ တိုက်ပွဲတွေက စိတ်လှုပ်ရှားစရာဘဲ”

“မစ်စတာ Toon က ထူးဆန်းပေမဲ့ သူက အရည်အချင်းရှိတယ်”

မှော်ပညာရှင်အဆင့်သတ်မှတ်ချက်တွင် အဆင့်နှစ်ဖြစ်သော လေရယ်လာက သူမ၏ စက်လုံးကို ဆုပ်ကိုင်ထားပြီး Toon ကို ကြည့်နေသည်။ ထိုအမှောင်မှော်စက်လုံးက မာလကတ်စ်ရိတ်ဒ်တွင် ရရှိခဲ့သော စက်လုံးဖြစ်သည်။ လေရယ်လာက စက်လုံး၏ စွမ်းအားကို အသုံးပြုကာ စစ်သားများကို ဝိုင်းရံထားသည့် ရာတန်နောက်လိုက်များကို မှော်ဖြင့် ပစ်ခတ်နေသည်။

“စုန်းနီဒေါသ”

အား....

အားကောင်းသော မီးလုံးကြီးက လမ်းဖြောင့်အတိုင်း ပြေးထွက်လာသည်။ အက်မီးလုံးက ယုံကြည်သူများ၏ ခန္ဓာကိုယ်ကို ချက်ချင်းလောင်ကျွမ်းပစ်လိုက်၏။ အကယ်ခံလိုက်ရသော စစ်သားများက လေရယ်လာကို ကျေးဇူးတင်နေကြသည်။ ထို့နောက် သူတို့က လှုပ်ရှားကာ လူတွေကို စတင်ကယ်ဆယ်တော့သည်။

အရှေ့ဘက်ဂိတ်ပေါက်တွင်

“ဟက် မင်းကိုယ်မင်း အကောင်းဆုံးလို့ ထင်နေတယ်ပေါ့”

ဂရစ်ခ်ကြောင့် ဒေါသထွက်သွားကာ စိတ်လိုက်မာန်ပါ အမဲလိုက်နေသည့် ဗန်တာက အမိန့်ကို လက်ခံရရှိသည်နှင့် ချက်ချင်းပြေးထွက်လာသည်။ သူက သူ့ရှေ့တွင် ကစားသမားသုံးယောက်သေသွားသည်ကို မြင်လိုက်ရသည်။

“ငရဲကို သွားပြီး အရှင်ရာတန်ရဲ့ ထာဝရကျွန်ဖြစ်လာလိုက်”

အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် ရာတန်ဘုရားကျောင်းမှ အကြီးအကဲများက ကစားသမားများကို အော်ဟစ်နေကြခြင်းဖြစ်သည်။ ဗန်တာက ရှေ့သို့ ပြေးထွက်လိုက်ကာ သူ့ပုဆိန်နှစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

“ရွှတ်..”

ယုံကြည်သူများ၏ ခန္ဓာကိုယ်က တစ်ဝက်ဖြတ်ခံလိုက်ရပြီးနောက် သူတို့က မီးခိုးရောင်အငွေ့အဖြစ်သို့ ပြောင်းသွားရသည်။ အကယ်ခံလိုက်ရသော ကစားသမားများက အလွန်ကို ဝမ်းသာနေကြသည်။

“ကျေးဇူးတင်ပါတယ်ဗျာ”

“အစောင့်အရှောက်စစ်သူရဲမှာ နံပါတ်တစ်။ ခင်ဗျားက ကျုပ်တို့ကို ကာကွယ်ပေးလိုက်တာဘဲ။ ဒါကို ကျုပ် အင်တာနက်မှာ ကြွားရမယ်”

“ခင်ဗျားက ကောလဟာလထဲကအတိုင်း စွမ်းအားကြီးတာဘဲ ဗန်တာ”

“ဟီးဟီး... အသေးအဖွဲလေးပါ..”

ဂရစ်ခ်က သူ့ကို အရေးမပါသကဲ့သို့ ဆက်ဆံနေသောကြောင့် ခံစားနေရရှာသည့် ဗန်တာမှာ တခြားကစားသမားများ၏ ချီးကျူးစကားများကြောင့် ကျေနပ်သွားသည်။ သုံးထပ်အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်တွင် ဂျီရှုကကို တွေ့လိုက်ရချိန်မှာတော့ ဗန်တာက သူ့ပြောင်နေသည့် ခေါင်းကို ကုတ်ကာ ရယ်ပြလိုက်ပါသည်။

ယုံကြည်သူများကို ပစ်ခတ်ရင်း သူမ အလုပ်များနေချိန်တွင် ရာတန်အကြီးအကဲများက သူမနောက်သို့ ကပ်လာသည်။ သာမန်ယုံကြည်သူများနှင့်မတူသည်က သူတို့၏ ဝတ်ရုံအရောင်မှာ တခြားသူများနှင့် ခြားနားနေသည်။

‘အဆင့်မြင့်ပိုင်းတွေ’

ဗန်တာ မြန်မြန်လှုပ်ရှားလိုက်သည်။ သူက ဂျီရှုကကို ကယ်လိုက်နိုင်သော်လည်း သူမ၏ ငေါက်ခြင်းသာ ခံလိုက်ရသည်။

“နင် ဘာလို့နောက်ကျနေတာလဲ”

ဂျီရှုက၏ ဖြူဖွေးနေသော သွားများက သူမ၏ အသားအရောင်ကြောင့် ပိုမိုဆွဲဆောင်မှု ရှိနေသည်။ ဗန်တာက သူမကို လက်မထောင်ပြလိုက်ပြီး အော်ပြောလိုက်သည်။ “ကျုပ်ကို လွှဲထားလိုက်။ သူတို့ကိုသာ ရအောင်သတ်ချေ”

“အင်း”

ရွှစ်.....

အစစ်အမှန်ကျွမ်းကျင်လေးသည်တော်တစ်ယောက်။ မြင်လိုက်တိုင်း သူမ၏ အရည်အချင်းကို မလေးစားဘဲ မနေနိုင်ချေ။ မြားက မီတာတစ်ရာလောက် ပျံသန်းသွားပြီး ဒေသခံတချို့ကို သတ်တော့မည့် နောက်လိုက်ကို ထိုးဖောက်သွားသည်။ ထို့နောက် သူမက အခြားအဆောက်အဦးခေါင်မိုးဆီသို့ ပြောင်းလိုက်ကာ မြှားတစ်ချောင်းတည်းဖြင့် လူငါးယောက်ကို သီတံအဖြစ်သို့ တံကျင်လုပ်ပေးလိုက်သည်။

“ဒါတွေက အခြေခံတွေဘဲ”

ဂျီရှုကသည် သူမ၏ လက်ရည်ကို ကျေနပ်သွားသည်။

“မှော်ပညာရှင်တွေ။ မှော်ပညာရှင်တွေကို သတ်ကြ”

အဆင့်မြင့်ယုံကြည်သူငါးယောက်က တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်သည်။ သူတို့၏ ပစ်မှတ်က တံတိုင်းကို အကာအကွယ်ယူကာလေရယ်လာနှင့် Zednos(ဇက်နို့စ်) ဖြစ်သည်။ ထို့နောက် အေးစက်သော အသံတစ်ခုကို သူတို့နောက်မှ ကြားလိုက်ရ၏။

“မင်းရဲ့ နောက်ကျောဘက်ကို အမြဲဂရုစိုက်ဖို့ သင့်တယ်”

“...!”

ယုံကြည်သူများ ကြောက်လန့်သွားကြသည်။ သူတို့နောက်မှာ တစ်ယောက်ယောက်ရှိနေသည်။

“ဘယ်သူ... အား”

“အွတ်...”

ဖိတ်ကာဖြစ်သည်။ သူက အဆင့်မြင့်ပိုင်းတွင်ရှိသော နောက်လိုက်ငါးယောက်၏ လည်ချောင်းကို  လှီးပစ်လိုက်သည်။ သူတို့၏ လည်ပင်းမှ သွေးပန်းထွက်လာကာ ယုံကြည်သူများ ပစ်လဲသွားကြလေသည်။

“နောက်ထပ်...”

ဝှစ်

ဖိတ်ကာက တခြားတစ်ဖက်ကို ကြည့်လိုက်ကာ သူ့ကိုယ်ယောင်ဖျောက်စကေးကို အသုံးပြုလိုက်သဖြင့် ပျောက်သွားသည်။

‘တခြားလူတွေကို ငါ စိုးရိမ်နေစရာ မလိုပါဘူး’

မြောက်ဘက်ဂိတ်တွင်..

ကောင်မလေးတစ်ယောက်လို ရုပ်ရည်ချောမောသည့် ကောင်လေးတစ်ယောက်က ရပ်နေသည်။ သူက နေရာအနှံ့မှ အော်သံများကို နားထောင်နေပြီးနောက် ထိုနေရာများဆီသို့ သွားလိုက်သည်။

မီးလောင်နေသော အိမ်ကြီးတစ်ခု။ ထိုအိမ်ထဲတွင် လူများ ရှိနေသည်။

“ချီးပဲ.. ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်လာရတာလဲ။ သေရင် ဒီရွာကို လာတာ ဘာအဓိပ္ပာယ်ရှိတော့မှာတုန်း။ မတရားလိုက်တာ”

“ငါ ခက်ခက်ခဲခဲ စုထားရတဲ့ အတွေ့အကြုံပွိုင့်တွေ ကျကုန်တော့မှာ...”

“ငါ ဒီရွာမှာ မသေချင်ဘူး... တစ်ယောက်ယောက် လာကူညီပါ...”

အဆင့်မြင့်ရာတန်အကြီးအကဲများက ကစားသမားခြောက်ယောက်ကို ထောင့်ဘက်သို့ တွန်းပို့နေသည်။ ကစားသမားများမှာ ကြီးကြီးမားမား ဒဏ်ရာရနေပြီး ဤအတိုင်းဆက်သွားပါက သေပါတော့မည်။ သူတို့က ငိုယိုနေပြီး သူတို့အသက်ကို ချမ်းသာပေးရန် တောင်းပန်နေကြ၏။

ပြေးလာသံ...

အိုင်ဘန်လန်၏ ပြေးလာသည့် အရှိန်က တိုးလာသည်။ သူက ပွင့်နေသည့် တံခါးကို ဖြတ်လာကာ ကုလားထိုင်ပေါ်တက်၍ တစ်ဖက်ကို ခုန်လိုက်သည်။ သူက ကစားသမားများနှင့် ယုံကြည်သူများကြားထဲတွင် ကျသွား၏။ သူက နှင်းဆီပင်၏ ဆူးများနှင့် တူသော ဆူးရှိသည့် ဖလိန်းဘက်ဂ်ဂါကို ဆွဲထုတ်လိုက်သည်။

“တစ်ယောက်တည်းလား”

“မင်းက ဘယ်သူလဲ...”

အိုင်ဘန်လန်က ယုံကြည်သူများကို ပြန်ဖြေလိုက်သည်။ “အိုဗာဂီယာ No.2.”

ထိုအမည်က ဗန်တာက သူ့ကို ပေးထားသည့် နာမည်ဖြစ်သည်။ အရင်က ဗန်တာမှာ ပွန်ကို အိုဗာဂီယာ No.1 ဟုခေါ်ပြီး အိုင်ဘန်လန်ကိုတော့ အိုဗာဂီယာ No.2 ဟုခေါ်သည်။ အိုင်ဘန်လန်က ထိုအမည်ကို တကယ်ကြိုက်သွားသည်။ (ဗန်တာက မနာလိုလို့ ခေါ်တာ ဖြစ်မှာပါ။ ဂရစ်ခ်က ပွန်အတွက် လက်နက်လုပ်ပေးပြီး အိုင်ဘန်လန်အတွက် ဒုတိယလုပ်ပေးခဲ့တာလေ။ အိုဗာဂီယာဆိုတာက စကေးထက် လက်နက်ကြောင့် ပိုကြမ်းနေတာကို ပြောတာပါ)

ရွှတ်....

စွမ်းအားအကြီးဆုံးဖလန်းဘက်ဂ်ဂါ နက်ရှိုင်းသော မကျေနပ်ချက်၏ သောန်းကို ဝှေ့ယမ်းလိုက်၏။ နောက်လိုက်များက မြန်မြန် ပြန်တုံ့ပြန်လိုက်နိုင်သော်လည်း ဒဏ်ရာအကြီးအကျယ်ရသွားသည်။

“ဒီဒဏ်ရာ... အဟွတ်...”

နောက်လိုက်၏ မျက်မှာက အပြာရောင်ပြောင်းနေပြီ။ သေးငယ်သော ပြတ်ချရာဖြစ်သော်လည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် သွေးထွက်နေ၏။

“သူ့ဓားက မှော်ဓားဘဲ...”

နက်ရှိုင်းသော မကျေနပ်ချက်၏ သောန်းကို ကြည့်ပြီး နောက်လိုက်များ နောက်ကို ဆုတ်သွားကြသည်။ အိုင်ဘန်လန်က သွားခွင့်မပြုပေ။ သူတို့ကို နောက်မှ လိုက်ဖမ်းလိုက်သည်။

“မှော်ဓားမဟုတ်ဘူး။ ကျိန်စာမိသွားတာ...”

ဝှစ် စွပ်....

ဓား၏ ထူးဆန်းသော ပုံသဏ္ဍာန်ကြောင့် ဓားက ထူးဆန်းသော လမ်းကြောင်းဖြင့် ရွှေ့လျားသွားသည်။ တိုက်ခိုက်ပုံကို မှန်းဆရန် ခက်ခဲလွန်း၏။ အိမ်ထဲတွင် အော်သံများ ဟိန်းထွက်နေပြီး သွေးများက ရေပန်းလို ပန်းထွက်နေကြသည်။


Recommendation

Discussion