- Chapter 6

 အခန်း(၆) ငါ့ကို ဒူးထောက်ပြီးတော့ အပြစ်ဝန်ခံ

 

ဘာလို့လဲ။


ဘယ်လိုလုပ်ပြီးတော့ ဒီလိုဖြစ်ရတာလဲ။


သေချာသည်မှာ သူက ရှောင်လောလောအား အရှက်ခွဲပြီး ခေါင်းမာလှသည့်အတွက် အညံ့ခံအောင် အတင်းပြုလုပ်ရမည် ဖြစ်သည်။ထို့နောက် ရှောင်လောလောက သူ့မျက်နှာကို ဝိုင်နှင့်ပက်ရမည် ဖြစ်သည်။


ဘာလို့.....ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။


တစ်ခါက စုမင်ယွမ်သည် ဤလောကရှိ ဇာတ်လိုက်မင်းသမီးများ ပြိုလဲသွားပြီး မိမိကို သဘောကျလာမည့် မြင်ကွင်းမျိုးသည် မည်မျှ စိတ်ဝင်စားစရာ ကောင်းမည်ဖြစ်ကြောင်း တွေးမိခဲ့ဖူးသည်။


သို့သော်လည်း သူ ပထမဆုံးအကြိမ် ဗီလိန်အဖြစ် ပြန်လည် သရုပ်ဆောင်ရသည့်အချိန်၌ ဇာတ်လိုက်မင်းသမီးတစ်ယောက်ဖြစ်သော ရှောင်လောလော၏ နမ်းခြင်းကို ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


ရှောင်လောလော။မင်းငါ့ကို မုန်းရမှာ။ငါ့ကို မုန်းတီးရမှာလေ။


ဘယ်လိုလုပ် ငါ့အမိန့်ကို နာခံပြီးတော့ ငါ့ကို နမ်းရတာလဲ။


ပြီးတော့ မင်းနမ်းတဲ့ပုံစံကလည်း နက်ရှိုင်းပြီးတော့ ချစ်စိတ်ပြင်းပြတဲ့ အနမ်းနဲ့ ဘာမှမကွာဘူး။


ဒါက လုံးဝ မရယ်ရဘူး။


ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ၏ပထမဆုံး သရုပ်ဆောင်မှုသည် အမှတ်ကောင်းကောင်း ရရှိမည်မဟုတ်ပေ။သူ မည်ကဲ့သို့ ဗီလိန်အမှတ် မြန်မြန် စုဆောင်းနိုင်မည်နည်း။ 


“ ဒုန်း..ဒုန်း...ဒုန်း ”


ရုံးခန်းတံခါးအပြင်ဘက်မှ ရှောင်ရန်းသည် တံခါးကို အတင်းရိုက်ဖွင့်လိုက်သည်။


အစ်ကိုဖြစ်သူ၏အော်သံနှင့် တံခါးပြင်းပြင်းထုသံကို ကြားလိုက်ရသည့်အခါ ရှောင်လောလော နောက်ဆုတ်သွားပြီး စုမင်ယွမ်နှင့် ခပ်ခွာခွာ နေလိုက်သည်။


ရှောင်ရန်းသည် တံခါးကိုဖျက်ပြီး ညီမဖြစ်သူကို စိုးရိမ်တကြီးနှင့် လိုက်ရှာနေခြင်း ဖြစ်သည်။


“ လောလော။အဆင်ပြေရဲ့လား။ ”


ရှောင်လောလောသည် စုမင်ယွမ်နှင့် နှစ်မီတာ အကွာတွင်ရှိနေပြီး ထိခိုက်မှုမရှိပေ။သူတို့နှစ်ဦးကြား၌ မည်သည်မှ မဖြစ်ပျက်ခဲ့ပုံရသည်။


ရှောင်ရန်း၏ ခေါ်သံကိုကြားပြီး ရှောင်လောလော ခေါင်းမော့လိုက်ရာ တံခါးစောင့်နေသော သက်တော်စောင့်နှစ်ယောက်သည် ရှောင်ရန်း၏ လက်ချက်ဖြင့် မှောက်နေသည်ကို တွေ့လိုက်ရသည်။တံခါးလည်း ပျက်စီးနေသည်။ရှောင်လောလော ထိတ်လန့်သွားသည်။

“ အစ်ကို။‌ဒီမှာ ဘာလာလုပ်တာလဲ။ ”


“ အစ်....အစ်ကိုဘာလို့ ဒီကိုရောက်နေတာလဲ။ ”


“ လောလော။ညီမ...အဆင်ပြေရဲ့လား။ ”

ရှောင်ရန်း မျက်မှောင်ကြုတ်သွားသည်။


“ အဆင်ပြေလား ဟုတ်လား။ညီမကဘာလို့ အဆင်မပြေဖြစ်ရမှာလဲ။ ”


ထိုအချိန်၌ စုမင်ယွမ် သတိပြန်ဝင်လာ၏။


ရှောင်လောလော၏ အပြုအမူ မည်သည့်အတွက်ကြောင့် ပြောင်းလဲသွားပါစေ၊ ယခုတွင် ဇာတ်လိုက်မင်းသား ရောက်ရှိလာပြီဖြစ်သည်။စုမင်ယွမ်သည် အခွင့်အရေးကို ဆုပ်ကိုင်ပြီး ရှောင်ရန်းအား မချိခံသာအောင် ပြုလုပ်ရမည်။အမုန်းတရား နိုးထလာအောင် ပြုလုပ်ရမည်။ဒေါသကို နှိုးဆွပေးရမည် ဖြစ်သည်။ထို့ပြင် အကျိုးအမြတ် များများ ရရှိအောင် ပြုလုပ်ရပေမည်။ 


အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းမှာ ရှောင်လောလောကို နမ်းလိုက်သည့်အကြောင်း တည့်တည့်ပြောပြီး ရှောင်ရန်းအား ပျက်ရယ်ပြုခြင်းပင် ဖြစ်သည်။


သူက ရှောင်လောလောကို အတင်းနမ်းခိုင်းခဲ့သော်လည်း ရှောင်လောလော၏ ပထမဆုံးအနမ်းကို ရယူနိုင်ခဲ့လေသည်။


ဤကိစ္စကိုပြောလိုက်လျှင် ရှောင်ရမ်း သေချာပေါက် စိတ်ဖောက်သွားနိုင်ပေသည်။


ရှောင်လောလော တစ်ခုခုလွဲနေတယ်ဆိုရင်တောင် သူကငါ့ကို အထင်သေးပေမဲ့ မစက်ဆုပ်တဲ့ပုံပဲ။ဒါပေမဲ့ ရှောင်ရန်းကတော့ ငါ့ကို သေတဲ့အထိ မုန်းနေမှာ သေချာတယ်။အဲဒါကြောင့် ငါ့သရုပ်ဆောင်စွမ်းရည်က သေချာပေါက် ပိုမြင့်လာပြီးတော့ ငါစုဆောင်းတဲ့ ဗီလန်အမှတ် တွေကလည်း ဝတ္ထုအဆုံးမှာ ပိုပြီးများလာမှာပဲ။ 


“ မင်းက ရှောင်လောလောရဲ့အစ်ကို ရှောင်ရန်းဟုတ်။ ”

ရှောင်ရန်းနှင့်တွေ့သည့်အခါ စုမင်ယွမ်၏မျက်နှာသည် အထင်သေးမှုများနှင့် ပြည့်နှက်နေပြီး ထေ့လုံးနှင့်ပြောသည်။

“ အား...မင်းသိလား။မင်းညီမလေးရဲ့ ပထမဆုံး...... ”


[ တွီ။သတိပေးချက်။ဗီလိန်က ဇာတ်လိုက်မင်းသမီးတွေကို မထိရဘူးဆိုတဲ့ လျို့ဝှက်စည်းမျဉ်းတွေကို လိုက်နာဖို့ လက်ခံသူကို တောင်းဆိုပါတယ်။ဇာတ်လိုက်မင်းသား ရှောင်ရန်းကို ရှောင်လောလောရဲ့ ပထမဆုံး အနမ်း ရသွားတာကိုလဲ ပြောပြလို့မရဘူး။မဟုတ်ရင်တော့ ဗီလိန်အမှတ် အများကြီး နှုတ်ခံရပါမယ်။ ]


‘ ဒါပေမဲ့ ငါ့ကိုအရင်စနမ်းတာက ရှောင်လောလော လေ။ ’


[ သင်အရင်စတာ ဟုတ်ဟုတ်မဟုတ်ဟုတ် အမှန်တရားကတော့ သင်လှုပ်ရှားလိုက်တာပဲ။ဒါပေမဲ့ ကမ္မကာရကအပြုအမူစနစ်က သင့်ကို ကူညီပြီး ဖုံးကွယ်ထားပေးလိုက်တယ်။သင်က ဇာတ်လိုက်မင်းသားကို ပေးသိလိုက်မယ်ဆိုရင် အုပ်စိုးသူကို လေ့လာမိသွားအောင် လုပ်လိုက်တာနဲ့ တူတူပဲ။သင့်ရဲ့ ဗီလိန်အမှတ် အမျာကြီး အနှုတ်ခံရမှာပါ။ ]


‘ ဟုတ်ပါပြီ။ ’


စုမင်ယွမ်သည် ရှောင်ရန်းအား အေးစက်စက်သာကြည့်ပြီး စကားပြောင်းလိုက်ရသည်။

“ ဒီနေ့က မင်းညီမလေးရဲ့ ပထမဆုံး လက်တွေ့ဆင်းတဲ့နေ့ပဲ။သူက လုပ်ငန်းအတွေ့အကြုံ နည်းနည်းမှ မရသေးဘူး။ပြီးတော့လည်း သူ့အနာဂတ်က ဒီလိုမျိုး မဆင်မခြင်လုပ်တတ်တဲ့ အစ်ကိုတစ်ယောက်ကြောင့် ထိခိုက်သွားနိုင်တယ်။ ”


“ မင်း....မင်းဘာကို ပြောတာလဲ။ ”

ရှောင်ရန်း လက်သီးဆုပ်ပြီး စုမင်ယွမ်ကို ကြည့်လိုက်သည်။ရှောင်ရန်း၏မျက်ခုံးများ စိတ်ရှုပ်ထွေးစွာဖြင့် တွန့်နေ၏။


ရှောင်ရန်းသည် စုမင်ယွမ်၏ အဖက်မလုပ်သော မျက်နှာကို ကြည့်နေရင်း အစ်ကိုယန် ဆီမှ ကောလာဟလများကို သတိရလိုက်သည်။သူ စိတ်ဆိုးမာန်ဆိုးဖြစ်လာပြီး ရင်ဘတ်ထဲ၌ မီးတောက်လောင်လာ၏။


“ မင်းဘာကို ပြောချင်တာလဲ။ ”


စုမင်ယွမ်သည် ကြမ်းပြင်ပေါ်၌ လဲကျနေသော သက်တော်စောင့်နှစ်ယောက်နှင့် တံခါးပျက်ကို လက်ညှိုးထိုးပြပြီး သရော်ပြုံးပြုံးလိုက်သည်။

“ မင်းက ငါ့ကုမ္ပဏီထဲကို အတင်းဝင်လာခဲ့ပြီးတော့ ငါ့သက်တော်စောင့်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ပြီးတော့ ရုံးခန်းတံခါးကိုလည်း ဖျက်ခဲ့တယ်။မင်းကိုငါ ဒီအတိုင်း ခွင့်လွှတ်မယ် ထင်နေတာလား။ ”


“ အတင်းဝင်လာတယ် ဟုတ်လား။စုမင်ယွမ်။မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါမသိဘူးများ ထင်နေလား။ငါ အချိန်မီ မ‌ရောက်လာခဲ့လျှင် မင်းလို စက်ဆုပ်စရာသတ္တဝါက လောလောကို ညစ်ပတ်တာတစ်ခုခု လုပ်ပြီးနေလောက်ပြီ။ ”

ရှောင်ရန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။


စုမင်ယွမ်သည် ဝိုင်ခွက်ကို လှုပ်ရမ်းရင်း တိုးတိုးလေး ရယ်လိုက်သည်။

“ ငါက ငါ့ရဲ့အတွင်းရေးမှူးအသစ်ကို ရုံးခန်းထဲမှာ အတူတူ တစ်ခွက်နှစ်ခွက်သောက်ဖို့ ပြောရုံလေးပါ။ဒါကို ဘယ်လိုလုပ် ညစ်ပတ်တာလို့ သတ်မှတ်လို့ရမှာလဲ။ ”


ရှောင်ရန်းက ညီမဖြစ်သူကို ကြည့်လိုက်သည်။ရှောင်လောလောသည် အဆင်ပြေနေပုံရပြီး အဝတ်အစားများမှာလည် ဆုပ်ဖြဲခံရသည့် လက္ခဏာမျိုး မရှိပေ။သို့သော်လည်း မျက်နှာ အနည်းငယ်နီနေပြီး မူးနေသကဲ့သို့ ဖြစ်နေသည်။


သူတို့ကြားထဲမှာ တကယ်ဘာမှ မဖြစ်ခဲ့တဲ့ပုံပဲ။ 


သို့သော် ရှောင်ရန်းက ရှောင်လောလောသည် အရက်လည်းမကြိုက်၊ အရက်လည်း မသောက်တတ်သည့်အတွက် တစ်ခါမျှ အရက်မသောက်ဖူးကြောင်းကို သိသည်။စုမင်ယွမ်က သူ့ကို အတင်းသောက်ခိုင်းခြင်း ဖြစ်ရပေမည်။ 


စုမင်ယွမ်က ရှောင်လောလောကို အတင်းသောက်ခိုင်းသည့်အတွက် အရက်မူးပြီး သတိလစ်ရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။အကယ်၌ သူ မိနစ်အနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့လျှင်........


ဆက်လက်ဖြစ်ပွားနိုင်သည့် ကြောက်လန့်စရာ အကျိုးဆက်များကိုတွေးမိပြီး သူ၏ရင်ဘတ် အောက်ခြေမှ ဒေါသလောင်ကျွမ်းလာ၏။


စုမင်ယွမ်၏နောက်ခံနှင့် နေ့ခင်းအချိန်ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် ရှောင်ရန်းသည် စောင့်ကြည့်နေသော မျက်လုံးများအောက်၌ စုမင်ယွမ်၏ မျက်ခွက်ကို ချက်ချင်း ပြေးထိုးမည် ဖြစ်သည်။


“ လောလော။သွားမယ်။ ”


ရှောင်ရန်းသည် ရှောင်လောလော၏လက်ကို ယူပြီး ထွက်သွားရန် ပြင်ဆင်သည်။


ယခုအချိန် စုမင်ယွမ်နှင့် ဇယားရှုပ်စရာ အကြောင်းမရှိပေ။သူ နိုင်ငံခြားသို့ ခရီးထွက်ခဲ့စဉ်က တွေ့ဆုံခဲ့သော ညီငယ်တစ်ယောက် မင်ကျန်းကို ရောက်သည်အထိ သုံးလေးရက် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ထို့နောက်တွင် သူသည် စုမင်ယွမ်အား သွားရှာပြီး ဤကိစ္စကို ကောင်းကောင်း ဖြေရှင်းရပေမည်။ 


“ နေပါဦး။ငါမင်းတို့ကို သွားခွင့်ပေးလား။ ”

သူ၏နောက်ဘက်မှ စုမင်ယွမ်၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။


ရှောင်ရန်း လှည့်ကြည့်လိုက်သည်။

“ အရှက်မရှိတဲ့ကောင်။မင်း ဘာထပ်ပြီး ပြောချင်သေးတာလဲ။ ”


“ ရှောင်ရန်း။မင်းက ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ငါ့တံခါးကို ချိုးဖျက်ခဲ့တယ်။မင်း ဒီအတိုင်း လမ်းလျှောက် ထွက်သွားလို့ရမယ် ထင်နေလား။ ”


စုမင်ယွန်၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။၎င်းမှာ ရှောင်ရန်း၏မျက်နှာကို ထိုးစိုက်လိုက်သော ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။


“ ငါခုနကပြောတာကို မင်းသေသေချာချာ အာရုံမထားတဲ့ပုံပဲ။ 


သူ၏မျက်နှာပေါ်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာသည်။၎င်းမှာ အဆိပ်များ ဖြည်းဖြည်းချင်း ပန်းထုတ်နေသော မြွေတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။


“ မင်းရဲ့ ညီမလေး ရှောင်လောလောက မင်မြို့ ရုပ်ရှင်အကယ်ဒမီမှာ ပညာသင်နေတာ မဟုတ်လား။သူက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပေမဲ့ သန့်စင်ပြီးလှပတဲ့ နှလုံးသားရှိတယ်။သူ့ရဲ့အိပ်မက်က ကြယ်ပွင့်(စတား) ဖြစ်ဖို့နဲ့ သူ့ရဲ့သရုပ်ဆောင်မှုတွေနဲ့ လူတွေကိုရယ်အောင် လုပ်‌နိုင်ဖို့၊ ရင်ထဲထိနိုင်ဖို့ မျှော်လင့်နေတာ။ ”


“ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာမှာ မဟုတ်တော့ဘူး။ ”


“ ဘာလို့လဲဆိုတော့ မင်းငါ့ကို အာခံခဲ့လို့ပဲ။ ”


“ ဘာလို့လဲဆိုတော့ စကားတစ်ခွန်းတည်းနဲ့ ငါသူ့ကို အနုပညာအသိုင်းအဝိုင်းထဲမှာ ပိတ်ပင်နိုင်လို့ပဲ။ ”


“ စကားတစ်ခွန်းတည်းနဲ့ ငါသူ့ရဲ့ အနာဂတ်တွေ၊ အိပ်မက်တွေကို ဖြတ်တောက်ပစ်နိုင်တယ်။ ”


“ ပြီးတော့ ဒါတွေအားလုံးက မင်းကြောင့်ပဲ။ရှောင်ရန်း ”


“ မင်းရဲ့ မဆင်မခြင်လုပ်မှုတွေကြောင့်။မင်းရဲ့ မာနထောင်လွှားမှုကြောင့်။မင်းငါ့ကို မလေးမစား လုပ်တာတွေကြောင့်ပဲ။ ”


“ ဒီတော့ ငါသူ့ကို သင်ခန်းစာပေးလို့ရတယ်။ပြီးတော့ မင်းကိုလည်း သင်ခန်းစာပေးလို့ရတယ်။ ”


စုမင်ယွမ်သည် ဝိုင်ခွက်ကို မြှောက်ပြီး လက်ကျန်ဝိုင်များကို ဖြည်းဖြည်းချင်းသောက်ကာ စားပွဲပေါ်တွင်ထိုင်ရင်း ခြေထောက်မြှောက်လိုက်၏။


“ ဒါပေမဲ့ စုမင်ယွမ်ဆိုတဲ့ငါက ဘာမှလုပ်မှာ မဟုတ်ဘူး။ ”


“ အဲဒါကြောင့် ရှောင်ရန်း..ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်။မင်း ဒူးထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ရမယ်။ငါ့ခြေထောက်အောက်မှာ အသံကျယ်ကျယ်နဲ့ ငိုကြွေးပြီးတော့ အမှားဝန်ခံရမယ်။အဲဒါဆိုရင် ငါ့နှလုံးသားလည်း ပျော့ပျောင်းသွားပြီးတော့ မင်းကိုလွှတ်ပေးရင် လွှတ်ပေးနိုင်တယ်။ ”




Recommendation

Discussion