- Chapter 5

 အခန်း(၅) ဗီလိန်ဖြစ်တဲ့ငါ့ကို ဇာတ်လိုက်မင်းသမီးက နမ်းလိုက်တယ်


“ ဥက္ကဋ္ဌ စု။ကျွန်မ မသောက်တတ်ဘူး.... ”


“ အင်း။အခု မင်းသောက်တတ်လာမှာပါ။ ”

စုမင်ယွမ်က ဝိုင်ခွက်ကို ရှောင်လောလော၏ နှုတ်ခမ်းနားကပ်ပြီး ပြောလိုက်သည်။


“ ပြီးတော့လည်း ငါတို့နှစ်ယောက်တည်း ရှိနေရင် ငါ့ကို ဥက္ကဋ္ဌ စု လို့ ခေါ်စရာ မလိုဘူး။ ”


“ သခင်လေးလို့ ခေါ်ရမယ်။ ”


“ နားလည်လား။အခု မင်းရဲ့ပါးစပ်ကို ဖွင့်လိုက်။ ”


သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ဖန်ခွက်၏အစွန်းသည် ရှောင်လောလော၏ နှုတ်ခမ်းနား ကပ်နေ၏။ဖန်ခွက်ထဲရှိ ဝိုင်ပေါ်တွင် စုမင်ယွမ်၏ ဆွဲဆောင်မှုရှိပြီး ကောက်ကျစ်သာမျက်နှာ အရိပ်ထင်နေသည်။ရက်စက်သော နဂါးတစ်ကောင်က အရှေ့မှလူများကို စားရန်အတွက် ဧရာမပါးစပ်ကြီးကို ဟလိုက်သကဲ့သို့ပင်ဖြစ်သည်။


ရှောင်လောလော မခုခံနိုင်ပေ။


သူ ပါးစပ်ဖွင့်လိုက်ရသည်။


ရှောင်လောလော၏ ဆွဲဆောင်မှုရှိပြီး စိုစွတ်နေသာ နှုတ်ခမ်းတစ်စုံသည် ဖန်ခွက်အစွမ်းကို ညင်ညင်သာသာ ပွတ်သွားပြီး စုမင်ယွမ်အား နမ်းရန် ဆွဲဆောင်နေ၏။


စုမင်ယွမ်၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် ဝိုင်နီသည် ရှောင်လောလော၏ နှုတ်ခမ်းအောက် လျှောဆင်းသွားပြီး နောက်ကွယ်မှ ပုလဲလုံးသဖွယ် ဖြူဖွေးနေသော သွားများနှင့် အနက်ရှိုင်းဆုံးနေရာရှိ အနည်းငယ် သိသာထင်ရှားသော လျှာပန်းရောင်တို့ကို ပြသလိုက်သည်။


ရှောင်လောလောသည် ဝိုင်နီကို တစ်ငုံချင်း သောက်ခဲ့သည်။


ထိုခံစားချက်သည် အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းလှသည်။


ဒါကြောင့် လူတွေက ဗီလိန်လုပ်ရတာကို ပိုကြိုက်ကြတာကိုး။ 


“ အဟွတ်....အဟွတ်။ ”


ဝိုင်တစ်ခွက်ကို တစ်ခါတည်းသောက်ပြီးနောက် ရှောင်လောလော မသက်မသာနှင့် ခေါင်းဆိုးလိုက်သည်။သူသည် လက်ပင်းညှစ်ခံထားရသကဲ့သို့ပင် ရင်ဘတ်ကို တအားဆုပ်ထားသည်။


ဝိုင်သောက်ပြီးနောက် ဗိုက်ထဲ၌ မီးလောင်နေသကဲ့သို့ ရှောင်လောလော ခံစားလိုက်ရသည်။သူသည် ပူလောင်နေမှုကို ခံစားနေရပြီး ပျော့ပျောင်းသော မျက်နှာပေါ်၌ တမူထူးခြားသော ရှက်သွေးဖြာမှုတစ်ခု ရှိနေသည်။


ရှောင်လောလောသည် အရက်မသောက်တတ်သလို ကြိုက်လည်းမကြိုက်ပေ။


သူ၏အရှေ့မှ ဝိုင်တစ်ခွက်သည် ဒေါ်လာတစ်ထောင် တန်သည်ဖြစ်ပါစေ၊ ဝိုင်တစ်ငုံသည် သူ့ကဲ့သို့ သာမန်လူတစ်ယောက်အတွက် တစ်လစာလုပ်အားခနှင့် ညီမျှသည်ဖြစ်ပါစေ၊ အရက်သောက်ခြင်းမှာ အမှန်တကယ်ပင် မကောင်းဟု သူခံစားမိနေသည်။


သို့သော်လည်း စုမင်ယွမ်က နောက်ထပ်ဝိုင်တစ်ခွက် ထပ်လောင်းထည့်လိုက်သည်။


“ လောလော။မင်းလိုမျိုး မိန်းမလှတစ်ယောက် ငါ့လက်ထဲမှာ ယစ်မူးနေတာကို မြင်ရတာ သဘောကျတယ်။ဒီကိုလာပြီး နောက်တစ်ခွက် သောက်လိုက်ဦး။ ”


လက်ထဲ၌ နောက်ထပ် ဝိုင်တစ်ခွက်နှင့်အတူ စုမင်ယွမ်သည် ရှောင်လောလော ပြန်ပြောမည်ကို တည်တည်ငြိမ်ငြိမ်နှင့် နားထောင်နေ၏။ရှောင်လောလော၏ မျက်လုံးများသည် စိတ်မပါခြင်းများနှင့် ပြည့်နှက်နေသည်။


“ ဥက္ကဋ္ဌ စု။ကျွန်မက တကယ် အသောက်သမား မဟုတ်ပါဘူး..... ”

 

“ ဥက္ကဋ္ဌ စု ဟုတ်လား။မင်းကငါ့ကို.....အဲ့လိုမျိုး ခေါ်နေသေးတာလား။ ”


စုမင်ယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ထို့နောက် လက်လှမ်းပြီး ရှောင်လောလော၏ မေးစေ့ကို ဖိညှပ်ထားလိုက်သည်။

“ ရှောင်လောလော။ငါအမိန့်ပေးတာကို လုပ်မယ်လို့ ‌မင်းပြောခဲ့တယ်။ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေက ပြောစကားနဲ့ မကိုက်ညီဘူး။ ”


ခုနက စုမင်ယွမ်သည် စကားတိုးတိုး ပြောနေသေးသည်။သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မျက်နှာ၌ ရက်စက်မှုများ ပြည့်နှက်သွားပြီး ရှောင်လောလော၏ပါးစောင်ကို နာသည်အထိလက်နှစ်ချောင်းဖြင့် ညှစ်လိုက်သည်။


“ ငါ့ကိုအာခံတဲ့ အကျိုးဆက်တွေအကြောင်း မင်းသိအောင် လုပ်ရမယ့်ပုံပဲ။ပထမတစ်ခုက မင်းကို ကြာပွတ်နဲ့ရိုက်တာပဲ။ဒီတော့ မင်းက ငါ့အရှေ့မှာ ဘာမှငြင်းပိုင်ခွင့်မရှိဘူး။လိမ္မာတဲ့သိုးကလေး တစ်ကောင်ဖြစ်ဖို့အတွက် ငါ့ခြေထောက်အောက်မှာ ဘယ်လိုတွားသွားရမလဲဆိုတာကို မင်းသင်ယူလေ့လာရမယ်။ ”


စုမင်ယွမ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် ရှောင်လောလော၏မျက်လုံးများ တုန်လှုပ်သွား၏။သူသည် ငရဲနက်နက်မှ ကြောက်မက်ဖွယ်ရာကောင်းပြီး ကြမ်းတမ်းသောသားရဲကို ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားနေရသည်။ရှောင်လောလောသည် ခုခံရန်အတွက် သတ္တိလုံးဝ မမွေးနိုင်ပေ။


သူ နှုတ်ခမ်းကိုက်ပြီး အမှားဝန်ခံလိုက်သည်။


“ ကျွန်မ.....မှားတာ သိပါပြီ။သောက်ပါ့မယ်။ ”


ထိုအချိန်မှသာ စုမင်ယွမ် လက်လွှတ်ပြီး ဝိုင်ခွက်အား ရှောင်လောလော၏လက်ထဲထည့်ကာ သူဌေးထိုင်ခုံမှ ပြုံးဖြီးဖြီးလုပ်ရင်း ထိုင်နေလိုက်သည်။စုမင်ယွမ်သည် ရှောင်လောလော ဝိုင်ခွက်ကိုမြှောက်ပြီး ပါးစပ်ဟကာ ဖြည်းဖြည်းချင်း အတင်းသောက်နေသည်ကို ကြည့်နေ၏။

 

“ အဟွတ်.....အဟွတ် ”


ရှောင်လောလောသည် အမှန်တကယ် မသက်မသာ ခံစားရသည်။သူသည် အရက်ကို လက်မခံနိုင်သကဲ့သို့ပင် ဖြစ်သည်။သူ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။သူ၏အရေပြားလည်း အရက်ကြောင့် နီမြန်းသွားကာ မျက်လုံးများ၌ မျက်ရည်များဝဲသွား၏။


စုမင်ယွမ်သည် ရှောင်လောလော၏ အခြေအနေကို ဂရုမစိုက်ဘဲ ထိုကဲ့သို့အပြုအမူကို ကျေနပ်နေသည်။စုမင်ယွမ်သည် လက်ခုပ်ပင်တီးလိုက်ပြီး ပြောသည်။

“ သိပ်ကောင်းတယ်။သိပ်ကောင်းတယ်။မင်းငါ့ကို နာခံမယ်ဆိုရင် ငါမင်းကိုဆုချဖို့ တုံ့ဆိုင်းမနေပါဘူး။ ”


“ မင်းရဲ့အိပ်မက်က ကြယ်ပွင့် ဖြစ်လာဖို့မဟုတ်လား။လျှိုမုန့်နင် ရုပ်ရှင်အသစ် ရိုက်နေတယ်ဆိုတာကို မင်းကြားလောက်မှာပေါ့။သိပ်မကြာခင် ငါက သူရဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတော့မှာ။အဲ့ဒီအချိန်ကျရင် မင်းကို ရုပ်ရှင်ထဲမှာ ဇာတ်ပို့အနေနဲ့ ထည့်ပေးဖို့က ပြဿနာရှိမှာ မဟုတ်တော့ဘူး။ဒါပေမဲ့... ”


စုမင်ယွမ် မတ်တပ်ရပ်ပြီး ရှောင်လောလော၏မျက်နှာအား ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။

“ ....ငါပြောတာကို လိမ်လိမ်မာမာနဲ့ နားထောင်ရမယ်။ ”


“ ကျွန်မ.....နားလည်ပါတယ်။သခင်...သခင်လေးကို ကျေးဇူးတင်ပါတယ်။သခင်လေးကို.... ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် တစ်ခွက်လောက် တိုက်ပါရစေ။ ”


ရှောင်လောလောသည် ဝိုင်တစ်ခွက် လောင်းထည့်ပြီး စုမင်ယွမ်အား ကမ်းပေးသည်။


“ ငါ့ကို တိုက်မယ်ဆိုရင် ရပါတယ်။ဒါပေမဲ့.... ”


စုမင်ယွမ်သည် ဝိုင်ခွက်ကို မယူဘဲ ရှောင်လောလော၏ မေးစေ့ကို ကိုင်လိုက်သည်။

“ ဒီခွက်ထဲကဝိုင်က အရသာမရှိတော့ဘူး။ ”

 

“ ငါသောက်ချင်တဲ့ဝိုင်က မင်းလို မိန်းမလှတစ်ယောက် ပါးစပ်နဲ့တိုက်တဲ့ဝိုင်ပဲ။ ”


စုမင်ယွမ်သည် ရှောင်လောလော၏ လှပသောမျက်နှာကို ငုံ့ကြည့်ပြီး ကြောက်စရာကောင်းသော အပြုံးတစ်ခုကို ဖြည်းဖြည်းချင်း ပြသလိုက်၏။


ဒီတစ်ခေါက်တော့ ရှောင်လောလော ဘယ်လောက်ပဲ စိတ်ရှည်စိတ်ရှည်၊ သူသည်းမခံနိုင်လောက်တော့ဘူး မလား။ 


သူက တကယ်ပဲ ငါ့အမိန့်ကို နာခံပြီးတော့ ပါးစပ်ချင်းတေ့ပြီး တိုက်မှာလား။ 


မဖြစ်နိုင်ဘူး။ 


သူက အားနည်းတဲ့ ယုန်ဖြူလေး မဟုတ်ဘူး။သူက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရတဲ့အတွက် စိတ်ဓာတ်ခိုင်မာနေပြီ။


သူက ယုန်ဖြူလေးအနေနဲ့ ဟန်ဆောင်တာတောင် သူရဲ့သရုပ်ဆောင်က သိပ်မကောင်းဘူး။ 


သူက ငါ့ကို သခင်လေးလို့တောင် ကောင်းကောင်း မခေါ်နိုင်ဘူး။ 


ရှောင်လောလောအား စုမင်ယွမ် နီးနီးကပ်ကပ် ကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် ရှောင်လောလော၏ တုန်ခါနေသော မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်တစ်ခုကို သတိထားမိလိုက်သည်။


သေချာတယ်။သူအညံ့ခံခဲ့တာ မဟုတ်ဘူး။ 


သူက ဘယ်လိုလုပ် ငါ့လို အရှက်မရှိတဲ့ ဗီလိန်ဆီမှာ အညံ့ခံရမှာလဲ။ 


ရှောင်လောလော ကိုင်ထားသော ဝိုင်ခွက် အနည်းငယ် တုန်ခါနေပြီး ရေပွက်များထနေကြောင်း စုမင်ယွမ် သတိထားမိသည်။


သူ ဘာလုပ်မှာလဲ။ 


ဒေါသတကြီးနဲ့ ငါ့မျက်နှာကို ဝိုင်နဲ့ပက်မှာလား။ 


ဒါမှမဟုတ် ဝိုင်ခွက်ကိုခွဲပြီးတော့ ချွန်ထက်တဲ့ ဖန်စတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်မလား။ဒါမှမဟုတ် ငါ့ကို ခြိမ်းခြောက်မလား။ 


ဘယ်လိုပဲဖြစ်ဖြစ် ငါပြင်ဆင်ထားပြီးပြီ။ 


ငါက ဇာတ်လိုက် ပါးဖြတ်ရိုက်တာနဲ့ ဇာတ်လိုက်ရဲ့ ဇွဲလုံ့လ ပြသဖို့အတွက်ကို ကျင့်သားရနေတဲ့ ဗီလိန်တစ်ယောက်ပဲ။


ဒီတော့ ရှောင်လောလော။မင်းဘာလုပ်မှာလဲ။ 


ရှောင်လောလော၏ မျက်လုံးထဲရှိမီးတောက် ပိုမိုတောက်လောင်လာသည်ကို ကြည့်ရင်း စုမင်ယွမ်သည် မီးလောင်ရာလေပင့်ရန် ဆုံးဖြတ်လိုက်သည်။

“ ရှောင်လောလော။မင်းငါ့ကို တိုက်ချင်တာ မဟုတ်လား။လာတိုက်လေ။ ”


ဝိုင်ခွက်ပေါ်ရှိ ရှောင်လောလော၏လက်များ တင်းကြပ်သွားသည်။သူသည် ဝိုင်ခွက်ကိုမြှောက်ပြီး စုမင်ယွမ်အား မျက်တောက်မခပ်ဘဲ စိုက်ကြည့်‌လိုက်သည်။သူ၏မျက်နှာအမူအရာတွင် ဒေါသများပြည့်နေပြီး ပိုမိုရှုပ်ထွေးသော ခံစားချက်များ ရောနှောနေပုံရသည်။


ရှောင်လောလော ပြောလိုက်သည်။

“ ကောင်းပြီလေ။ ”


ဝိုင်နီသည် ရှောင်လောလော၏ ပျားရည်ကဲ့သို့ ချိုမြိန်သော နှုတ်ခမ်းနှင့် ပုလဲလုံးကဲ့သို့ ဖြူစင်သော သွားများကိုဖြတ်ပြီး စီးသွားသည်။။ရှောင်လောလောသည် ခေါင်းမော့ပြီး ခြေဖျားထောက်ကာ စုမင်ယွမ်အား မယုံနိုင်စရာ မျက်နှာပေးနှင့် ခပ်ကြမ်းကြမ်း နမ်းလိုက်၏။


စုမင်ယွမ်သည် ထိုအဖိုးတန်ဝိုင်များထက် ပိုအရာသာရှိပြီး ရနံ့မွှေးသောဝိုင်ကို သောက်ချင်ခဲ့သည်။ထို့ကြောင့် ရှောင်လောလောက သူ့ကို ထိုကဲ့သို့ တိုက်ခဲ့သည်။


စုမင်ယွမ်သည် ရှောင်လောလောအား ပါးစပ်နှင့်တိုက်ခိုင်းသည်။ထို့ကြောင့် ရှောင်လောလောက ပါးစပ်နှင့် သူ့ကို တိုက်ခဲ့သည်။


ရှောင်လောလောသည် အားနည်းသော ယုန်ဖြူကလေး မဟုတ်ပေ။အခြားသူများက စကားလုံးအနည်းငယ်ဖြင့် ခြိမ်းခြောက်၍ရသော အားနည်းသည့် အမျိုးသမီးတစ်ယောက် မဟုတ်ပေ။


ရှောင်လောလောသည် ထိုကဲ့သို့ လုံးဝမဟုတ်ခဲ့ပေ။


ရှောင်လောလော မျက်လုံးကျယ်ကျယ် ဖွင့်လိုက်သည်။စုမင်ယွမ်၏ ပြူးနေသောမျက်လုံးများနှင့် အံ့အားသင့်နေသည့်မျက်နှာကို မြင်ရသည့်အခါ ရှောင်‌လောလော ပျော်ရွှင်သွားမိသည်။ရှောင်လောလောသည် ပါးစပ်ထဲမှဝိုင်များကို စုမင်ယွမ်၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။


ထိုအချိန်၌ ရှောင်လောလောသည် စုမင်ယွမ်အား ငုံ့ကြည့်နေ၏။


အရသာပြည့်စုံသော ဝိုင်အရက်သည် ထူးခြားကောင်းမွန်လှသည်။သို့သော်လည်း စုမင်ယွမ်၌ ၎င်းကို ခံစားရန် အချိန်မရှိပေ။


သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး စိတ်ထဲ၌ ကွက်လပ်ဖြစ်ကာ နားမလည်နိုင်သော အော်သံများကိုသာ ကြားနိုင်တော့သည်။


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။


ငါသိတဲ့ ရှောင်လောလော ငါသိထားတဲ့ ရှောင်လောလောက ဘယ်တော့မှ ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး။ 


သူက ဘယ်လိုလုပ် ဗီလိန်တစ်ယောက်ကို နမ်းတဲ့အထိ ခေါင်းမာရတာလဲ။ 


ထိုစဉ် အပြင်ဘက်၌ တံခါးခေါက်သံ ကျယ်ကျယ် ထွက်လာပြီး တစ်စုံတစ်ယောက်က တံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်နေလေသည်။


“ ဒုန်း ဒုန်း ”


“ လောလော။အဆင်ပြေရဲ့လား။အစ်ကို မင်းကို အခုပဲ လာကယ်ပြီ။ ”


တံခါးအပြင်ဘက်၌ စိုးရိမ်တကြီး အော်ခေါ်နေသော ယောက်ျားလေးအသံတစ်သံ ရှိနေသည်။


ဤလောက၏ ဇာတ်လိုက်မင်းသား ရှောင်ရန်း နောက်ဆုံး၌ ရောက်လာလေပြီ။ 



Recommendation

Discussion