- Chapter 3

 ဗီလိန်ပေမဲ့ မင်းသမီးတွေက ငါ့ဘက်မှာ

အခန်း(၃) ငါ့အိပ်ယာက အရမ်းကြီးပြီးတော့ နူးညံ့တယ်

စုမင်ယွမ်၏ရုံခန်းသည် ကျယ်သည်။


၎င်းကို ဝေဝေဆာဆာ အလှဆင်ထားပြီး ကြမ်းပြင်ကိုလည်း ဈေးကြီးသော ကော်ဇောဖြင့် ခင်းထားသည်။စားပွဲများမှာ သစ်သားအကောင်းများနှင့် ပြုလုပ်ထားပြီး တစ်ဖက်စီ၌ ပစ္စည်းထည့်စရာ နှစ်တန်းရှိသည်။တစ်ခုသည် နာမည်ကြီး ဝိုင်အမျိုးမျိုးအတွက်ဖြစ်ပြီး အခြားတစ်ခုမှာ အထူးကောင်းမွန်သော ကျောက်စိမ်းများအတွက် ဖြစ်သည်။


ထိုရုံးခန်းတွင် လျို့ဝှက်တံခါးရှိပြီး ထိုမှတစ်ဆင့် ရေချိုးခန်းပါသော အိပ်ခန်းလှလှလေး တစ်ခန်းဆီသို့ ရောက်ရှိသွားနိုင်သည်။


စုမင်ယွမ်သည် ဝိုင်ကောင်းကောင်းနှင့် ကျောက်စိမ်းကောင်းကောင်းကို သဘောကျပုံရပြီး မဟူရာနဂါး ကျောက်စိမ်းအား လက်ကောက်ဝတ်၌ တစ်နှစ်ပတ်လုံး ဝတ်ဆင်ထားခဲ့သည်။


ထိုကျောက်စိမ်းကို သဘာဝပစ္စည်းများ၊ကျောက်မျက်များနှင့် ပြုလုပ်ထားပြီး ချင်မင်းဆက် မတိုင်မီ ချီသန့်စင်ခြင်းအထိ နောက်ကြောင်းပြန်ကောက်၍ရသည်ဟု ပြောကြသည်။၎င်းသည် လူအများ မကြာခဏ ကြားရသော ဟီထျန် ကျောက်စိမ်းထက် ပို၍အဖိုးတန်ကာ ပို၍ရှားပါးသည်။


ယခင်ဘဝ၌ စုမင်ယွမ်သည် ထိုအိပ်ခန်းထဲ၌ ပုန်းအောင်းကာ အဖိုးတန်ကျောက်စိမ်းများနှင့် ကစားနေခဲ့သည်။ဝိုင်ကောင်းကောင်းများ သောက်နေခဲ့သည်။ကာမဂုဏ်ခံစားကာ မိန်းမလှများအား ပွေ့ဖက်နေခဲ့သည်။


ကျောက်စိမ်းလို မိန်းမလှ၊ အရသာရှိတဲ့ဝိုင်လို မိန်းမလှ ဆိုသလိုပေါ့။ 


ထို့ပြင် ရှောင်ရန်းသည် စုမင်ယွမ် မြင်ဖူးသမျှထဲ၌ အလှဆုံး မိန်းကလေးများထဲမှ တစ်ယောက် ဖြစ်သည်။


မည်သို့ပင် ဆိုစေကာမူ သူသည် ဇာတ်လိုက်မင်းသမီး တစ်ယောက် ဖြစ်ပေသည်။


“ ဒီကိုလာခဲ့။ ”

ထိုအမိန့်ကိုကြားပြီးနောက် ရှောင်လောလောသည် စုမင်ယွမ်ထံ ကြောက်ကြောက်နှင့် ချဉ်းကပ်လာသည်။


ရှောင်လောလော ပိုနီးလာလေလေ သူ၏ရုပ်ရည်မှာ ပို၍ပင် ရင်သပ်ရှုမောဖွယ် ကောင်းလာသည်။


သူ၏မျက်နှာသည် ဆောင်းဦးလ ကဲ့သို့ပင် ဖြစ်နေပြီး မျက်ခုံးများမှာလည်း အလွန်လှပနေသည်။


သူ၏ အလှအပသည် မြစ်ကမ်းဘေး ဥယျာဉ်ထဲရှိ ကြာပန်းကဲ့သို့ပင် ဖြစ်သည် 


ရှောင်လောလောသည် ကျောင်းတက်နေဆဲပင်ဖြစ်ပြီး ညစ်ပတ်သော လူမှုအသိုက်အဝန်းနှင့် မထိတွေ့ရသေးပေ။


ဖြူစင်သောမျက်လုံးများနှင့် ရှောင်လောလော လိုက်ကြည့်နေပုံသည် လူအများအား အူလှိုက်သည်းလိုက် မဖြစ်စေရန် ခက်ခဲပေသည်။


“ ဥက္ကဋ္ဌ စု။ ကျွန်မက မနေ့က ကုမ္ပဏီမှာ အလုပ်စဆင်းတာပါ။ကုမ္ပဏီကိစ္စတွေနဲ့ အသေးစိတ် အခြေအနေတွေကို အများကြီး မသိသေးပါဘူး.…. ”

ရှောင်လောလော၏အသံ ညင်သာပြီး မဝံ့မရဲဖြစ်နေပုံသည် လူအများအား သူ့ကို တစ်နည်းနည်းနှင့် အနိုင်ကျင့်နေချင်စေသည်။


စုမင်ယွမ် ပြုံးလိုကိပြီး စားပွဲပေါ်မှ အစီရင်ခံစာ တစ်ခုကို သေသေချာချာ ကောက်ကိုင်လိုက်သည်။

“ ငါကမင်းကို ဒီခေါ်လာတာက ကုမ္ပဏီကိစ္စတွေကို သတင်းပို့ဖို့အတွက်လား။လောလော။ဒီရုံးခန်းထဲ မင်းဝင်လာတဲ့အချိန်ကစပြီးတော့ မင်းစိတ်ထဲမှာ အသင့်ပြင်ထားသင့်တယ်။ ”


ထိုအချိန်၌ စုမင်ယွမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် ရှောင်လောလောကို အနည်းငယ် ကြောက်လန့်သွားစေသည်။

“ ဥက္ကဋ္ဌ....ဥက္ကဋ္ဌ စု။ ရှင်ဘာပြောနေလဲဆိုတာ ကျွန်မ နားမလည်ဘူး..... ”


ရှောင်လောလော နားမလည်သည်မှာ ဝတ္ထုထဲရှိ သူ၏ဇာတ်ကောင်သည် လူကောင်းလည်းမဟုတ် လူဆိုးလည်း မဟုတ်သောကြောင့်ပင် ဖြစ်သည်။


ဤလောက၌ ရှောင်လောလောသည် ဤကဲ့သို့ပင် ဖြစ်သည်။သူ၏မိသားစုသည် မထင်ထားခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး အစ်ကိုဖြစ်သူ ရှောင်ရန်းက အသက်ဆက်ရှင်ရန်အတွက် မိဘမဲ့ဂဟာသို့ ရောက်သွားခဲ့သည်။ရှောင်လောလောသည် အရွယ်ရောက်လာသည်အထိ စိတ်နှလုံး ဖြူစင်အောင် ထိန်းသိမ်းထားခဲ့သည်။


စုမိန်သည် သူ၏ထူးချွန်သော ရုပ်ရည်ကိုမြင်ပြီး အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ခြင်းကို ရှောင်လောလော မသိခဲ့ပေ။ပြိုင်ဖက် အတန်းဖော် အဖွဲ့မှ မိမိကို အထွေထွေမန်နေဂျာက ရွေးချယ်ခဲ့ခြင်းမှာ ကံကောင်း၍ဖြစ်မည်ဟုသာ ရှောင်လောလော ထင်ထားခဲ့သည်။


သို့သော်လည်း မကြာခင် သူနားလည်လာပေလိမ့်မည်။ 


“ နားမလည်ဘူးလား။ ”

စုမင်ယွမ်သည် ရှောင်လောလောအား စိုက်ကြည့်ရင်း တခစ်ခစ် ရယ်လိုက်သည်။

“ စုမိန် မင်းကို မပြောပြဘူးလား။ငါ့ရဲ့ အတွင်းရေးမှူးဖြစ်လာတဲ့ မိန်းကလေးတွေ၊ဒီရုံးခန်းထဲဝင်လာတဲ့ မိန်းမကလေး ဘာဖြစ်သွားလဲဆိုတာ။ ”


“ ဘာ.....ဘာဖြစ်သွားတာလဲ။ ”


စုမင်ယွမ်သည် ကုလားထိုင်မှ ရုတ်တရက် ထလိုက်သည်။သူ၏ မြင့်မားသောကိုယ်ထည်သည် ရှောင်လောလောရှေ့၌ ‌ခြင်္သေ့တစ်ကောင်ကဲ့သို့ ရပ်နေသည်။


သူ့နောက်မှ နေရောင်ကြောင့် ခန္ဓာကိုယ်တစ်လျှောက် အရိပ်ရှည်ကြီး ဖြစ်နေသည်။၎င်းမှာ ဆာလောင်နေသော သိမ်းငှက်တစ်ကောင်က သားကောင်ကို သုတ်ချီတော့မည့် ပုံစံမျိုးဖြစ်သည်။


စုမင်ယွမ်သည် ရှောင်လောလော၏ မေးစေ့ကို ပင့်တင်လိုက်ပြီး လက်ချောင်းများဖြင့် ရှောင်လောလော၏ ပိုးသားကဲ့သို့ ဖြူဖွေးနုနယ်သော အသားအရေကို ပွတ်သပ်လိုက်ကာ နားထဲသို့ တီးတိုးပြောလိုက်သည်။


“ ဘာဖြစ်သွားမှာလဲ။ ”


“ မင်းက အတွေ့အကြုံ မရှိဘူးဆိုရင်တောင် အခုလောက်ဆို မှန်းမိလောက်ပြီ မဟုတ်လား။ ”


“ မင်းသိလား။ဒီရုံးခန်းမှာ ငါနဲ့ မိန်းကလေးတွေ ပျော်ဖို့အတွက် အထူးဒီဇိုင်းဆွဲထားတဲ့ အိပ်ခန်းတစ်ခန်းရှိတယ်။အထဲမှာ တော်တော်လေးကြီးပြီးတော့ နူးညံ့တဲ့ အိပ်ယာတစ်ခု ရှိတယ်။နောက်ကျရင် မင်းအဲ့ဒီပေါ်မှာ ကျိုးကျိုးနွံနွံနဲ့ လှဲလျောင်းနေရမယ်။ ”


“ မင်း ဒီလိုမျိုး သက်တောင့်သက်သာနဲ့ ဇိမ်ကျတဲ့ အိပ်ယာပေါ်မှာ မအိပ်ဖူးဘူး မဟုတ်လား။ ”


ထိုသို့ကြားသော်လည်း ရှောင်လောလောသည် စုမင်ယွမ် ဆိုလိုသည်ကို နားမလည်‌သေးပေ။


“ မ...အိပ်ဖူးပါဘူး။ ”


“ ဥက္ကဋ္ဌ စု။ ကျွန်မက အတွင်းရေးမှူး တစ်ယောက်ပါပဲ..... ”


“ ဒါက ကျွန်မအတွက် မသင့်တော်ပါဘူး။ ”


ရှောင်လောလောသည် ကြောက်လန့်တကြားနှင့် စုမင်ယွမ်၏လက်ကို တွန်းထုတ်ပြီး လှည့်ထွက်သွားသည်။


သို့သော်လည်း စုမင်ယွမ် ဝင်လာခဲ့စဉ်က ရုံးခန်းတံခါးကို ပိတ်ခဲ့သည်။


ထို့ပြင် သော့ပါ ခတ်ထားသည်။


တံခါးဘေး၌ သက်တော်စောင့် နှစ်ယောက်ကလည်း တစ်ဖက်တစ်ချပ်စီ၌ စောင့်ကြပ်နေကြသည်။


ရှောင်လောလောအတွက် လွတ်လမ်း မရှိတော့လေပြီ။ 


ရှောင်လောလော၏ တွန်းထုတ်ခြင်းကို ခံရပြီးနောက် စုမင်ယွမ် စိတ်ပျက်မသွားပေ။စားပွဲဆီသို့ ပြန်သွားလိုက်သည်။


စုမင်ယွမ်သည် မိန်းမလှများကြောက်နေသည်ကို  မြင်ရခြင်းအား သဘောကျသည်။


ထို့ပြင် သူသည် ဇာတ်လိုက်မင်းသားရှောင်ရန်းအား ဤနေရာသို့ ရောက်လာပြီး သူ့ကို တားဆီးရန် အချိန်ပေးရဦးမည်ဖြစ်သည်။


ဗီလိန်တစ်ယောက်အနေနဲ့ သူက ဇာတ်လိုက်မင်းသားရဲ့ မိန်းကလေး ဘယ်လိုလုပ် ထိရဲမှာလဲ။ 


လက်တွေ မျက်နှာတွေ ထိတာတောင် လွန်နေပြီ။ရှေ့ဆက်ဖို့ကတော့ စဉ်းစားတောင် မစဉ်းရဲဘူး။ 


“ မြို့ပြအထွတ်အထိပ်ဧကရာဇ် ” သည် ဦးနှောက်မပါဘဲ စာဖတ်ရန်အတွက် ပြီးပြည့်စုံသော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်သည်။သို့သော်လည်း ၎င်းသည် ယောက်ျားများအား လွန်ကဲသော လုပ်ပိုင်ခွင့်များပေးခြင်းကို ဖော်ပြသော ဝတ္ထုမဟုတ်ပေ။


စုမင်ယွမ်သည် ဇာတ်လိုက်မင်းသမီးများအား ပြန်ပေးဆွဲ၍ရသည်။ခြိမ်းခြောက်၍ရသည်။ရုပ်ပိုင်းဆိုင်ရာ ပျက်ရယ်ပြု၍ရသည်။သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်များကို လွန်လွန်ကဲကဲ တိုက်ခိုက်ခွင့်မပြုပေ။


ဒီဇာတ်လိုက်မင်းသမီးကလည်း ရှောင်ရန်း၏ ဟာရမ်ထဲကပဲ။ 


ဗီလိန်တစ်ယောက်ဖြစ်တဲ့ငါက သူ့ကို ဘယ်လိုလုပ် တစ်ခုခု လုပ်ရဲမှာလဲ။ 


ငါလုပ်ရဲရင်ကော။ငါ့ရဲ့ ဗီလိန်အမှတ် နုတ်ခံထိမှာပေါ့။ 


မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရကြောင်း စုမင်ယွမ် နားမလည်နိုင်ပေ။ဗီလိန်တစ်ယောက်က ဇာတ်လိုက်မင်းသမီး‌တစ်ယောက်ကို ရဲရဲတင်းတင်း ပြုမူလို့ရမယ်ဆိုရင် ပိုအဆင်မ‌ပြေဘူးလား။


ငါ့ရဲ့ဗီလိန်အမှတ် ဘာလို့ နုတ်ခံရမှာလဲ။ 


သို့သော်လည်း ၎င်းသည် စနစ်က အမြဲတမ်း သတိပေးသောအရာဖြစ်သည်။စနစ်သည် “သိမ်းငှက်သူရဲကောင်းများ”၊ “ သံယောစဉ်ဓားသမား ” ကဲ့သို့ ခပ်မိုက်မိုက် အွန်လိုင်းဝတ္ထုများထဲသို့ သူ့ကို မပို့ရဲပေ။


တစ်ခါက စုမင်ယွမ်သည် ခပ်တုံးတုံး အကြံတစ်ခု ရလိုက်ပြီး စနစ်ကိုမေးသည်။


“ ငါက မိန်းကလေးကို ဦးဆောင်ပြီးတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်လို့မရပင်မဲ့ တစ်နေ့ကျလို့ အဲ့ဒီမိန်းမတွေရဲ့ နာ့ဗ်ကြောတွေ ထလာပြီးတော့ ငါ့ကို ပြန်လုပ်ရင်ကော။ ”


ဤကဲ့သို့ စနစ် ပြန်‌ဖြေသည်။

[ လက်ခံသူ စလုပ်တာမဟုတ်သရွေ့ ဗီလိန်အမှတ် နှုတ်ခံရမှာမဟုတ်ပါဘူး။ ]


[ ဒါပေမဲ့ လက်ခံသူက လေလုံးထွားတာကို ရှောင်ရှားသင့်တယ်။ဒီလောကရဲ့ ဇစ်မြစ်က အပြင်းအထန် မထိခိုက်သွားရင် ဒီလောက က ဆက်ပြီးတော့ ကိန်းဝပ်ငြိမ်သက်နေဦးမှာပဲ။အဲ့ဒါဆိုရင် ဇာတ်လိုက်မင်းသားရဲ့ အရှိန်အဝါက ဆက်လက်တည်ရှိနေဦးမယ်။အဲ့ဒီလိုမျိုးတွေ လုံးဝဖြစ်လာမှာ မဟုတ်ဘူး။ ]


“ ဟားဟား။ငါက သက်သက် နောက်တာပါ။ ”


တစ်ချိန်တည်းမှာပင် စုမင်ယွမ် ရယ်လိုက်ပြီး ထိုကဲ့သို့ မဖြစ်နိုင်သည့်အတွေးမျိုး ထပ်မရှိတော့ပေ။


စုမင်ယွမ်သည် ထိုအချိန်၌ ရှောင်လောလောနှင့် တိုက်ရိုက်မထိတွေ့ဘဲ စားပွဲပေါ်မှ အစီရင်ခံစာကို ကောက်ယူလိုက်သည်။


‌၎င်းသည် ရှောင်လောလော၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ တစ်စောင်ဖြစ်သည်။


ထိုစဉ် ရွှမ်မိန်ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ်၊ စုမင်ယွမ်နှင့် စေ့စပ်ထားသူ ရှားရွှယ်ချီသည် ဇာတ်လိုက်မင်းသား ရှောင်ရန်းအား သက်တော်စောင့်အဖြစ် အလုပ်ခန့်အပ်ထားခဲ့သည်။


လက်ရှိ၌ ရှောင်ရန်းသည် လုံခြုံရေး ကုမ္ပဏီထဲရှိ အခြားအသိမိတ်ဆွေများနှင့် စကားစမြည်ပြောနေသည်။


လွန်ခဲ့သော သုံးလေးရက်က အလှပြင်ပစ္စည်း ကုမ္ပဏီဥက္ကဋ္ဌဖြစ်သော ရှားရွှယ်ချီသည် ဈေးဝယ်နေရင်း သူခိုးတစ်ယောက်နှင့် တွေ့ကြုံခဲ့ရသည်။ကံကောင်းစွာပင် ရှားရွှယ်ချီသည် မြို့တော်သို့ ပြန်ရောက်ခါစဖြစ်သော ရှောင်ရန်း၏ ကယ်တင်ခြင်းကို ခံရခဲ့သည်။


ရှောင်ရန်းသည် အရည်အချင်းရှိကြောင်း မြင်သွားခဲ့ပြီး ရှားရွှယ်ချီသည် လစာအများအပြား ကမ်းလှမ်းကာ လက်ထောက်လုပ်ရန် ပြောသည်။သူ၏အဓိကတာဝန်မှာ ရှားရွှယ်ချီအား အန္တရာယ်ကင်းအောင် စောင့်ရှောက်ရန်ဖြစ်သည်။


မင်မြို့၏ ဖွဲ့စည်းပုံဥပဒေသည် အမြဲပင် ထူးခြားကောင်းမွန်နေခဲ့သည်။ထိုနေ့၌ သူခိုးတစ်ယောက် အဘယ့်ကြောင့် ပေါ်ထွက်လာကြောင်း မည်သူမှ မသိပေ။ထို့ပြင် ထိုသူသည် ရှားရွှယ်ချီ၏ ပိုင်ဆိုင်ပစ္စည်းများကို ခိုးယူခဲ့သည်။ထိုသူခိုးသည် ရှောင်ရန်းနှင့် ပူးပေါင်းထားခြင်းဖြစ်ပြီး “ မိန်းမလှကို သူရဲကောင်းကယ်တင်သော ” ပုံစံမျိုး ဇာတ်ကွက်ဆင်ထားခြင်းဖြစ်သည်။

ထိုအချိန် ရှားရွှယ်ချီ ရုံးခန်းထဲ၌ အလုပ်လုပ်နေစဉ် ရှောင်ရန်းနှင့် သူ၏အသိမိတ်ဆွေများက ရုံးခန်းအပြင်ဘက်တွင် စကားတိုးတိုး ပြောနေကြလေသည်။


“ အစ်ကိုယန်က အမျိုးသားပေါင်းစုံ သိုင်းပြိုင်ပွဲမှာ ဒုတိယ ရခဲ့မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး။ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ”


“ ငါ့အရည်အချင်းက သာမန်ပါပဲ။မင်းက နိုင်ငံခြားမှာ သက်တော်စောင့်အနေနဲ့ အလုပ်လုပ်ခဲ့ပြီးတော့ သေနတ်ပစ် သင်ခဲ့တာပဲ။မင်းက ငါ့ထက် ပိုပြီးအစွမ်းထက်မှာ သေချာတယ်။ ”


“ မဖြစ်နိုင်တာပဲ။ကံမကောင်းတာကတော့ ကျုပ်ရဲ့ညီမလေးက နေသိပ်မကောင်းဘူး။သူ့ရောဂါကို ကုသဖို့အတွက် ငွေလိုနေတယ်။ ”


“ မင်းမှာ ညီမလေး ရှိတာလား။ ”


“ အင်း။သူက မင်မြို့ ရုပ်ရှင်အကယ်ဒမီက ကျောင်း‌ကိုတက်ပြီးတော့‌ လက်ရှိမှာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုအတွက် အတွင်းရေးမှူးအနေနဲ့အလုပ်လုပ်နေတယ်။အဲ့ဒီကုမ္ပဏီနာမည်က မင်ယွမ် ဖျော်ဖြေရေးကုမ္ပဏီ ဆိုလားပဲ။ ”


“ မင်ယွမ် ဖျော်ဖြေရေးကုမ္ပဏီ ဟုတ်လား။ ”


“ ဘာဖြစ်လို့လဲ။အစ်ကိုယန်။ ”


“ အဲ့ဒီကုမ္ပဏီရဲ့သူဌေး စုမင်ယွမ်က မင်မြို့ရဲ့ မဟာနတ်ဆိုး လေးယောက်ထဲက တစ်ယောက်ပဲ။သူက ဝိုင်ကောင်းကောင်းတွေ၊ကျောက်စိမ်းကောင်းကောင်းတွေနဲ့ မိန်းမလှတွေကို သဘောကျတယ်။သူက အတွင်းရေးမှူးကို လတိုင်းပြောင်းတယ်လို့ ပြောကြတယ်။သူက အတွင်းရေးမှူးတစ်ယောက် လိုနေတယ်။ဒါပေမဲ့ အဲ့ဒါကဘာလဲဆိုတာ မင်းမှန်းနိုင်မှာပဲ။ရှောင်ရန်း။မင်းရဲ့ညီမလေးက ...... ”


ရုတ်တရက် ရှောင်ရန်း၏မျက်နှာ မည်းမှောင်သွားသည်။


“ အစ်ကိုယန်။ကျုပ်ကို ဥက္ကဋ္ဌရှားဆီကနေ ခွင့်တောင်းထားပေး။ကျုပ် အရမ်းစိုးရိမ်နေတယ်။ ”


“ ကျုပ်ရဲ့ညီမလေးကို သွားကြည့်မှရမယ်။ ”


Recommendation

Discussion