- AF 8

 နောက်ဆုံးသောအရှင်မ

Afterstory Chapter 8-

ဆန်းကျယ်သော သင်းကျစ်


ဘာသာပြန်- သော်လွင်ကိုကို


ကမ္ဘာ့အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြတဲ့ မွန်းစတားအုပ်စု တော်ဝင်လမ်းစဥ် ကောင်းကင်ဘုံကြယ်စင်။


နိုင်ငံတစ်ခုတင်မက ဂြိုဟ်ကမ္ဘာကြီး

တစ်ခုလုံးကိုပါ ဘာမှမရှိတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ထူးထူးကဲကဲ အစွမ်းထက်တဲ့ အဖွဲ့တစ်ခု။

ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေးအဖွဲ့

ဆိုတာ သံသယရှိစရာ မလိုအပ်ပါဘူး။


လက်အောက်ငယ်သား ဖြစ်သူတွေက မွန်းစတားတွေဖြစ်တဲ့အပြင် သူတို့သခင်က ပိုလို့တောင် မွန်းစတားဆန်ပါသေးတယ်။ 


မဟူရာတောင်ပံ အုပ်ချုပ်သူလို့ သိထားကြတဲ့ တည်ရှိမှုတစ်ခု။ Ruphas Mafahl ဟာ ကြယ်စင် ဆယ့်သုံးဖော်လုံးကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်သူပါ။


Ruphasနဲ့ ကောင်းကင်ဘုံကြယ်စင်တွေဟာ သခင်နဲ့ကျေးကျွန်ဆိုတဲ့ ဆက်နွယ်မှု

ရှိနေကြပေမဲ့ ကောင်းကင်ဘုံကြယ်စင်တွေကိုယ်တိုင်လည်း Ruphas အကြောင်းကို ကောင်းကောင်းမသိကြပါဘူး။


ဥပမာအနေနဲ့ Ruphasက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ရွှေပန်းသီးကို ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ သူက ပန်းသီးထက်

သစ်တော်သီးကို ပိုကြိုက်တယ်ဆိုတာတော့ လူသိပ်မသိပါဘူး။


သူက ကြက်သွန်နီကို ပြုတ်ထားတာဖြစ်ဖြစ် ဖုတ်ထားတာဖြစ်ဖြစ် စားနိုင်ပေမဲ့ အနံအရသာစူးရှတဲ့ ကြက်သွန်နီ အစိမ်းကိုတော့ မကြိုက်ပါဘူး။


ပြီးတော့ သူက ဒူးရင်းသီးအနံကို မကြိုက်ပါဘူး။ မွေးကတည်းက

တစ်ခါမှ ဒူးရင်းသီး မစားဖူးပါဘူး။

သူ့အဗာတာက စားဖူးတယ်ဆိုရင် အရသာကိုသိနေမှာ ဖြစ်ပေမဲ့......

သူတစ်ယောက်တည်းသာ သိနိုင်တဲ့

အချက်အလက်တွေ အများကြီးရှိနေတာတော့ အံ့အားသင့်စရာပါ။


လက်တလော ကြယ်စင် ၁၃ ဖော်ကြားမှာ

ပျံနှံနေတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။


- Ruphas ခေါင်းပေါ်က သင်းကျစ်(1)

က ဘာလဲ။


Ruphasမှာ စိန်သဏ္ဍာန် အနီရောင်ကျောက်မျက်သုံးခုနဲ့ တန်ဆာဆင်ထားတဲ့ သင်းကျစ်တစ်ခု ရှိပါတယ်။ 


သာမန်အတိုင်းတွေးမယ်ဆိုရင် ဒါက

အဆင်တန်ဆာတစ်ခု သက်သက်ပါပဲ။

ဒါပေမဲ့ Ruphasရဲ့အဆင်တန်ဆာပြ

ဇယားကို ကြည့်ကြည့်ပါဦး။


[အဆင်တန်ဆာ]


ခေါင်း....

ညာလက်....

ဘယ်လက်....


ခန္ဓာ- ကောင်းကင်ဘုံဧကရီဝတ်ရုံ

- မကောင်းကျိုး သက်ရောက်မှုအားလုံးကို ဖယ်ရှားနိုင်စွမ်း

- အသက်အမှတ် အလိုလျောက် ပြန်ဖြည့်တင်းပေးနိုင်စွမ်း


ခြေ- အလှမ်းကျယ်ဖိနပ်

- မြန်နှုန်းကို တိုးတက်လာစေခြင်း။

အခြား- ၇ရက် ခြုံလွှာ 

- အဖျက်စွမ်းအား သက်ရောက်မှုအားလုံးကို တစ်ဝက်လျော့ကျစေခြင်း။


နားလည်ရဲ့လား။

Ruphasရဲ့ခေါင်းမှာ ဘာမှရှိမနေသလို

ထင်ရတယ်။


သူ့လက်မှာ ဘာမှရှိမနေတာကို တွေ့ရလိမ့်မယ်။ အခြေခံအားဖြင့် သူကလက်ဗလာပဲ တိုက်ခိုက်လေ့ရှိတယ်။


မှတ်မိသလောက် သူက လက်နက်အသုံးပြုတတ်ပေမဲ့ အရေးကြီးတဲ့

အချိန်တွေဆိုရင် ထိုးနှက်တိုက်ခိုက်ရင်းပဲ

ပြီးသွားတာ။


ကမ္ဘာရဲ့အထွတ်အထိပ်မှာရှိနေတဲ့ ဓားသမားတစ်ယောက်နေနဲ့ ဘယ်လိုအရာမျိုးကိုမဆို လက်နက်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျူးချဲ့ကားပြောရရင် Ruphasက လက်ထဲမှာ

အစိမ်းရောင်ကြက်သွန်မြိတ်ကို ကိုင်ထားရင်တောင် အစွမ်းထက်နေမှာပါ။


ဆရာသခင် အစစ်အမှန်ဆိုတာ လက်နက်မရွေးဘူး။ ဒါမှမဟုတ်

အဲဒီအဆင့်မှာတောင် ရှိမနေတော့တာများလား။


Ruphasက ဒဏ္ဍာရီလာလက်နက်ကို

ကြက်သွန်မြိတ်နဲ့ အနိုင်ယူနိုင်တယ်ဆိုတာ ဟာသမဟုတ်ပါဘူး။ 


လက်နက်အရောင်းဆိုင်ဖက်က ကြည့်မယ်ဆိုရင်တော့ ဒီလောက်ပျင်းစရာကောင်းတဲ့ ဝယ်သူမျိုး နောက်တစ်ယောက် ရှိမယ်မထင်ဘူး။


ဆန့်ကျင်ဖက်အနေနဲ့ Mizar အဆင့်

စိတ်ဓာတ်မျိုးနဲ့ 'Ruphasကို ကျေနပ်စေမယ့် ကမ္ဘာ့အစွမ်းအထက်ဆုံးဓားကို ငါသွန်းလုပ်မယ်။' ဆိုပြီး လုပ်ရင်တောင်မှ

Ruphasက 'လက်ဗလာနဲ့ တိုက်လို့ရတာပဲလေ။'လို့ ပြောမှာပါ။


ဒါကြောင့် သူက သာမန်အားဖြင့်

လက်နက်တွေကို သယ်ဆောင်သွားလေ့

မရှိပါဘူး။


ဒါပေမဲ့ သူ့ခေါင်းပေါ်က သင်းကျစ်ကရော။


တစ်ခုခုဝတ်ထားတယ်ဆိုတာတော့

အသိအသာပဲမဟုတ်လား။ ထင်ရှားပေါ်လွင်နေတဲ့ အဆင်တန်ဆာ သင်းကျစ်တစ်ခု ရှိနေတုန်းပဲ မဟုတ်လား။


အကြောင်းတချို့ကြောင့် အဲဒီသင်းကျစ်က သံသယတွေကို တဖြည်းဖြည်း ကြီးထွားလာစေပါတယ်။


ခေါင်းမှာ အဆင်တန်ဆာမရှိဘူးလို့ ဖော်ပြထားတာ ဘာကြောင့်လဲ။


ဒါကြောင့် ကြယ်စင် ၁၃ ဖော်ကြားမှာ

'အဲဒါက ဘာလဲ။'ဆိုတဲ့ မေးခွန်းက စတင်ပျံနှံလာပါတယ်။


[သီအိုရီ တစ်၊ အဆင်တန်ဆာ သီအိုရီ။]


"အဲဒါက အဆင်တန်ဆာတစ်ခုလို့ထင်တယ်။"


Libraက ပြောလိုက်တယ်။

ကောင်းကင်ဘုံကြယ်စင်တွေက

အခု အစည်းအဝေးခန်းလိုနေရာတစ်ခုက စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးနေပါတယ်။


ဒါက တကယ်အတည်ဆွေးနွေးနေတာမျိုး မဟုတ်ပေမဲ့ လေထုက အဲဒီလိုအငွေ့အသက်မျိုး ရှိနေတယ်။


စကားမစပ်၊ Alovenus တော့

ဒီမှာရှိမနေပါဘူး။


ငတုံးမကို ချန်ထားခဲ့ရတယ်။

ဒီလို စဥ်းစားဆွေးနွေးရတဲ့ ကိစ္စတွေမှာ

သူလိုက်နိုင်မှာ မဟုတ်ဘူး။


"သခင်မ Ruphasက တိုက်ပွဲတွေကို

ရူးသွပ်တဲ့သူပဲ။ တိုက်ခိုက်မှုပုံစံရွေးတာနဲ့

စွမ်းရည်ရယူတဲ့ နေရာတွေမှာရောပေါ့။

ပြီးတော့ အဆင်တန်ဆာဆိုတာမျိုးက

ခွန်အားကို သက်ရောက်မှုရှိနိုင်တဲ့

အရေးကြီးပစ္စည်းမျိုးလေ။ ဒါကြောင့်

သင်းကျစ်ကို ဖြုတ်မပစ်တာပဲ။ စွမ်းရည်ပြအမှတ်တွေကတော့ ဘယ်အဆင်တန်ဆာရဲ့ စွမ်းရည်အမှတ်မဆို သခင်မအတွက် အပိုပဲ ဖြစ်နေမှာ။ ဒါပေမဲ့ သက်ရောက်မှုတစ်ခုခုရှိတဲ့အဆင်တန်ဆာဆိုရင်တော့ တပ်ထားဖို့

သင့်တော်တယ်။ ဒါကြောင့် ဒီအဆင်တန်ဆာရဲ့ သက်ရောက်နိုင်စွမ်းကို ဖုံးကွယ်ထားဖို့ တပ်ဆင်မထားပါလို့

ပြသထားတယ်လို့ ကျွန်မယူဆတယ်။"


Libraရဲ့ခန့်မှန်းချက်က အံ့အားသင့်စရာကောင်းလောက်အောင် ကျိုးကြောင်းသင့်လျော်တယ်။


Ruphasရဲ့စွမ်းရည်မှတ်တွေက မြင့်မားလွန်းတော့ အဲဒီလိုထူးဆန်းတဲ့အဆင်တန်ဆာက အရေးမပါတော့ဘူး။


သောင်းနဲ့ချီနေတဲ့ စွမ်းရည်မှတ်တွေ

ရှိနေတဲ့ Ruphasက 'ခုခံနိုင်စွမ်း + ၁၀၀၀'လို့ပြတဲ့ အဆင်တန်ဆာမျိုးကို

ဝတ်ထားမယ်ဆိုရင် တစ်ခုခုမှားနေလို့ပဲနေမှာ။


တကယ်လည်း လက်ရှိRuphasရဲ့

အဆင်တန်ဆာအားလုံးက စွမ်းရည်မှတ်

တိုးစေတာမဟုတ်ဘဲ အထူးသက်ရောက်မှုတွေ ရှိနေပါတယ်။


"နေဦး။"


ဒါပေမဲ့ Taurus က သဘောမတူဘူး။


သူ့အတွေးက Libraနဲ့ ကွဲပြားတယ်။


သီအိုရီ ၂၊ အလှဆင်ပစ္စည်း သက်သက်ပဲ။


"ဒါက သခင်မ Ruphas မရင့်ကျက်သေးတဲ့ စွန့်စားသူဘဝမှာပဲ အသုံးဝင်မှာပေါ့။

ဒါပေမဲ့ အဆင့်ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ စွမ်းရည်တွေအများကြီးရှိနေပြီ မဟုတ်ဘူးလား။"


Ruphasက အဆင့် တစ်ထောင်ရောက်တဲ့အထိ ပေါင်းစပ်ဖွဲ့စည်းရမယ့် စွမ်းရည်

တွေကို လေးလေးနက်နက် စဥ်းစားပြီးမှ ရွေးယူခဲ့တာပါ။


ဥပမာအနေနဲ့ အလိုလျောက်အသုံးပြုတဲ့

စွမ်းရည်တွေမှာ သာမန်မဟုတ်တဲ့ သက်ရောက်မှုတွေကို ပယ်ဖျက်နိုင်တဲ့

စွမ်းရည်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းရည်တွေအားလုံးကို ယူလိုက်မယ်ဆိုရင်

စွမ်းရည်နေရာလွတ်များစွာကို အသုံးပြုရမှာပါ။


Ruphasက အဲဒီလိုဖြစ်မှာ မကြိုက်တဲ့

အတွက်ကြောင့် သာမန်မဟုတ်တဲ့ သက်ရောက်မှုတွေကို ဖယ်ရှားနိုင်တဲ့

စွမ်းရည်တွေကို မယူခဲ့ပါဘူး။ အဲဒီအစား

သူ့ရဲ့အားနည်းချက်ကို အစားထိုးဖို့အတွက် ကောင်းကင်ဘုံဧကရီဝတ်ရုံရဲ့

သက်ရောက်မှုကို အသုံးချခဲ့ပါတယ်။


ဒါပေမဲ့ ဒီကိစ္စတွေက အဆင့်ကန့်သတ်ချက်ကို မချိုးဖျက်ခင်ကပါ။


အခုဆိုရင် သူ့ရဲ့အဆင့်က ၄၂၀၀ ကို

ကျော်လွန်ပြီး ၅၀၀၀ အထိရောက်နေပါပြီ။ ဒါကြောင့် စွမ်းရည်နေရာလွတ်တွေ ပိုလျှံနေပြီး သာမန်မဟုတ်တဲ့သက်ရောက်မှုတွေကို ပယ်ဖျက်နိုင်တဲ့ စွမ်းရည်တွေကိုယူဖို့ အချိန်ကောင်းပါပဲ။ 


တစ်နည်းအားဖြင့် ကောင်းကင်ဘုံဧကရီ

ဝတ်ရုံမှာ အလိုလျောက်ကုသနိုင်စွမ်း

တစ်ခုပဲရှိတော့တယ်။


ဒါပေမဲ့ သူက ဒီဇိုင်းကြိုက်တဲ့အတွက်

ဆက်ဝတ်ထားပါတယ်။


"ဒါကြောင့် ငါက အသုံးမဝင်တဲ့

အလှဆင်ပစ္စည်းသက်သက်လို့

တွေးမိတာ။"


Ruphasနဲ့ ဒုတိယအရှည်ဆုံး ဆက်ဆံရေးကာလရှိတဲ့ Taurusရဲ့စကားက ယုံကြည်လက်ခံနိုင်စရာ ရှိပါတယ်။


Polluxက စပြီးတော့ မေးခွန်းမေးလိုက်တယ်။


"ဒါဆိုရင် နင်က သခင်မကို ဒီလောက်အကြာကြီးသိလာတာတောင် အဲဒါဘာမှန်း

မသိဘူးလား။"


"ငါမသိဘူး။ ငါသူနဲ့မသိခင်ကတည်းက

အဲဒါကို ဝတ်ထားတာ။"


"ဟမ်။"


Polluxအတွက်ကတော့ ဒီကိစ္စက

ပြဿနာမရှိပါဘူး။ သူ့အတွက်က ရေဆုံးမြေဆုံး လိုက်စရာမလိုပဲ Taurus ရဲ့

အဖြေနဲ့တင် နောက်ဆုတ်ဖို့ လုံလောက်ပါတယ်။


"Taurus ပြောသလိုပဲ သာမန်

အလှဆင်ပစ္စည်းမျိုး မဟုတ်ဘူးလား။

သခင်မRuphasက တောက်ပတဲ့

ပစ္စည်းတွေကို စုဆောင်းတတ်တဲ့

အကျင့်ရှိတယ်မဟုတ်လား။"


"ငှက်မဟုတ်ပေမဲ့.... အဲဒီလိုအကျင့်မျိုးရှိတယ်။"


ယခင်က မြင့်မားတဲ့စွမ်းဆောင်ရည်

ရှိခဲ့တဲ့ Parthenosက အပျိုစင်အဖြစ်ကနေ အနားယူပြီး ဒုတိယမျိုးဆက်ကို

လွဲပြောင်းပေးအပ်ပြီး နောက်မှာတော့

Polluxကို ယုံကြည်ကာ သခင်ကို ငှက်နဲ့

နှိုင်းပြောလိုက်တယ်။


သူ့အမြင်ကလည်း Taurus နဲ့အတူတူပါပဲ။ 'အလှဆင်ပစ္စည်း'တစ်ခုအဖြစ်မြင်တယ်။


Ruphasက အကြောင်းတချို့ကြောင့်

တောက်ပတဲ့ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ အကျင့်မျိုး နဂိုကတည်းက

ရှိပါတယ်။ ဒါကြောင့် သင်းကျစ်က

နက်ရှိုင်းတဲ့အဓိပ္ပါယ်မရှိဘဲ သူ့အကြိုက်

ပစ္စည်းတစ်ခု ဖြစ်နေနိုင်တယ်လေ။


ဒါကြောင့် တွေးကြည့်ရင် မထူးဆန်းပါဘူး။


[သီအိုရီ ၃- တကယ်တော့ အဲဒါက

လက်နက်တစ်ခု။]


ဝါရင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့

Dinaကတော့ နည်းနည်းကွဲပြားတဲ့

အမြင်တစ်ခုကို ပေးလိုက်တယ်။


သူ့မျက်နှာက Alovenusနဲ့တူပေမဲ့

နတ်ဘုရားမနဲ့မတူတာက သူကထက်မြက်ပါတယ်။ 


အကြောင်းတချို့ကြောင့် သူက အရင်တိုက်ပွဲမှာ အားလုံးကို လှည့်စားနိုင်ခဲ့ပြီး

Ruphasကို အောင်ပွဲဆောင်ကျဥ်းပေး

နိုင်ခဲ့တာကြောင့် ကြယ်စင်၁၃ ဖော်ထဲမှာ

ဂုဏ်သိက္ခာမြင့်မားသူအဖြစ် သတ်မှတ်ခံထားရပါတယ်။


စွမ်းအားအရာမှာ အသန်မာဆုံး မဖြစ်နိုင်ပေမဲ့ အတော်ဆုံး အစေခံဖြစ်နေတယ်လေ။ အားလုံးက Dinaရဲ့စကားကို နားထောင်လိုက်ကြတယ်။


"သခင်မ Ruphasက လက်နက်တွေကို

အမြဲတမ်း X-gateကနေတစ်ဆင့် ထုတ်ယူတတ်တယ်။ ဒါပေမဲ့ အချိန်ကုန်တယ်မဟုတ်လား။ အမြဲတမ်း

ယူသွားလို့ရမယ့်နေရာမှာ လက်နက်တစ်ခုဆောင်ထားမယ်ဆိုရင်တော့ မတူတော့ဘူး။ ဒါကြောင့် အဲဒီဟာက

ဓားစကြာလိုမျိုး ပစ်လို့ရမယ်ဆိုရင်

ကျွန်မနည်းနည်း အံ့သြမိလိမ့်မယ်။

ဒါမှမဟုတ် ပစ်လိုက်ရင် ပေါက်ကွဲသွားတာမျိုးပေါ့။"


"အဲဒါက မမှန်ရင်တောင် အကြံကောင်းတစ်ခုပဲ။" 


Castorက Dinaရဲ့အမြင်ကြောင့်

ခါးသက်စွာပြုံးပြီး ဖြေလိုက်တယ်။


ဒါက အကြံသစ်ဖြစ်ပေမဲ့ ကစားစရာထက်တော့ ပိုပါတယ်။


တစ်ဖက်မှာတော့ သူက ယောက်ဖတော်

Ormကို လက်ဆောင်အဖြစ်နဲ့ ကျောက်မျက်အသွင်ဗုံးတစ်လုံးပေးပြီး ဖောက်ခွဲ

ပစ်ဖို့ စဥ်းစားနေမိပါတယ်။


[သီအိုရီ ၄၊ ကောင်းကင်ဘုံဧကရီ

ဝတ်ရုံရဲ့ တစ်စိတ်တစ်ပိုင်း။]


"အဲဒါက ကောင်းကင်ဘုံဧကရီဝတ်စုံရဲ့

အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်တယ်လို့

မီတွေးမိတယ်။ ကောင်းကင်ဘုံ

ဧကရီဝတ်စုံမှာက သက်ရောက်မှု

နှစ်ခုရှိတယ်လေ။ သင်းကျစ်က ပြန်လည်ကုသနိုင်စွမ်းကို ကိုယ်စားပြုတာများလား။"


Karkinosက အံ့အားစရာကောင်း

စွာနဲ့ လက်ခံနိုင်စရာရှိတဲ့ အဆိုတစ်ခုကို

တင်သွင်းလိုက်တယ်။ 


ကောင်းကင်ဘုံဧကရီဝတ်စုံမှာ

သက်ရောက်မှုနှစ်ခုရှိတာ အသေအချာပဲ။

ဒါကြောင့် သင်းကျစ်က ဂါဝန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတာ မမှားဘူးလေ။ 


ကောင်းကင်ဘုံဧကရီဝတ်စုံမှာ သင်းကျစ်ပါမယ်ဆိုရင် လွှမ်းမိုးနိုင်စွမ်းအရှိဆုံး

ဖြစ်သွားတော့မှာပါ။


"ခေါင်းပေါ်မှာ ကျောက်မျက်ရတနာ

ရှိမနေရင် ထူးဆန်းတာ အမှန်ပဲ။

ဒါကို တစ်စုံတည်းလို့တွေးကြည့်တာ

တကယ့်ကိုကောင်းတယ်။"


အဝတ်အစားတွေ အကုန်လုံးကို

အစိတ်အပိုင်းတစ်ခုစီနဲ့ လုပ်ထားတာ

မဟုတ်ပါဘူး။ ပေါင်းစပ်ပြီးလာတတ်လို့

အစုံလိုက်ဆိုတဲ့စကားမျိုး ဖြစ်လာတာပေါ့။


လည်စည်း နက်ကတိုင်နဲ့အတူလာတဲ့

အနောက်တိုင်းဝတ်စုံဆိုတာ မရှားသလို

ဘေ့စ်ဘောအားကစားဝတ်စုံမှာ ဆိုရင်လည်း ဝတ်စုံနဲ့ဦးထုပ်က တစ်စုံတည်း

မဟုတ်လား။


လက်ဝှေ့သမားတွေအတွက်လည်း

လက်အိတ်၊ ဘောင်းဘီနဲ့ဖိနပ်က

တစ်စုံတည်း ဖြစ်ပါတယ်။ ဘောင်းဘီ

မပါဘဲနဲ့ ဘယ်ကစားသမားမှ ကြိုးဝိုင်းထဲ ဝင်လို့မရဘူးလေ။


ဟမ်ဘာဂါပွဲနဲ့အတူ တွဲပါလာတတ်တဲ့

လက်ဆောင်အရုပ်တွေလိုပါပဲ။


"ဟမ်....ဒါဆိုရင် ငါမေးချင်တာ

ရှိတယ်။ ဘာလို့ ခေါင်းမှာ အဆင်တန်ဆာသက်သက် ဝတ်လို့မရရမှာလဲ။"


"ဒါက ဒီဇိုင်းကြောင့်လေ။ ခေါင်းပေါ်မှာ

ကျောက်မျက်တစ်ခုရှိနေပြီးမှတော့

ဘာလို့ အပိုအလှဆင်ပစ္စည်းတွေ ထပ်တပ်နေတော့မှာလဲ။"


Karkinosက Aigokeros ရဲ့မေးခွန်းကို

ယုံကြည်မှုအပြည့်နဲ့ ဖြေလိုက်တယ်။ အားလုံးက ဒီအဖြေကြောင့် စိတ်လှုပ်ရှားသွားတယ်။


ဒါက သူတို့ကို ရှင်းလင်းတဲ့ ရွေးစရာတစ်ခုကိုပေးတယ်။ အဖြေက တစ်ခုပဲရှိတယ်။


လူတိုင်းက Ariesကို ကြည့်လိုက်ကြတယ်။ သူက ခေါင်းငြိမ့်ပြီး အစည်းအဝေးခန်းထဲကနေ ထွက်သွားတယ်။


ဒီလိုအကြောင်းအရာမျိုးကို တိုက်ရိုက်

ကြားသိချင်ရင် Ariesလိုမျိုး အရှည်ကြာဆုံး ဆက်ဆံရေးကာလ ရှိတဲ့လူက လူမှန်နေရာမှန်ပါပဲ။


သူက Ruphasကိုတွေ့တော့ ပြေးသွား

ပြီး မေးလိုက်တယ်။


ဒါက သူတို့ အစကတည်းက လုပ်သင့်တဲ့အရာမဟုတ်လား။


"သခင်မ Ruphas.... သခင်မခေါင်းပေါ်က သင်းကျစ်က ဘာလဲဟင်။"


"အင်း...ဒါကလား...။"


နောက်ဆုံးတော့ Ruphasရဲ့ပါးစပ်ကနေ

အဖြေထွက်လာတော့မယ်။ 


ကောင်းကင်ဘုံကြယ်စင်တွေက

တံခါးနားမှာ စုစည်းနေပြီး Ruphas

နောက်ပြောမယ့်စကားကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတယ်။


Orm,Leonနဲ့Taurusတို့က သူတို့လို

လိုက်မလုပ်ကြပေမဲ့ စိုးရိမ်တကြီးနဲ့

နားထောင်နေကြတယ်။


လူတိုင်း အဖြေကို မျှော်လင့်နေကြချိန်မှာပဲ Ruphasက လက်နှစ်ဖက်လုံးက

လက်ညိုးနဲ့လက်ခလယ်တွေကို မြောက်လိုက်ပြီး သူနဖူးကို ချိန်လိုက်တယ်။


အဲဒီနောက် နဖူးက ကျောက်မျက်ကနေ

ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာပြီး

အဝေးတစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု

ဖြစ်သွားစေတယ်။


"အလင်းတန်းတစ်ခု ထွက်လာပါလား။

အံ့သှစရာပါလား။"


"ဟုတ်တယ်၊ အံ့သြစရာပဲ။"


Ariesကလွဲလို့ အားလုံးအရူးအမူး

ဖြစ်ကုန်ကြတယ်။


အာ... အဲဒီလိုအရာမျိုးလား။

အဲဒါနဲ့အလင်းတန်း ပစ်လို့ရတာလား။

ဘာလို့ အရင်တိုက်ပွဲတွေမှာ မသုံးခဲ့တာလဲ။ သူတို့တွေအားလုံးရဲ့ စိတ်ထဲမှာ

အဲဒီခံစားချက်တွေနဲ့ ပြည့်နှက်လာတယ်။


[အဖြေ၊ ရောင်ခြည်ပစ်လို့ရတယ်။]


"ဒါက ကောင်းကောင်းအလုပ်လုပ်တဲ့

ပစ္စည်းတစ်ခုပဲ။ အကြိမ်အကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့အတွက်ကြောင့် အားနည်းတဲ့ စွန့်စားသူတွေအတွက် အသုံးဝင်တယ်။ ဒါပေမဲ့ ငါ့ဘာသာငါ

တိုက်ရင် ပိုပြီးသန်မာတော့ အသုံးမဝင်ဘူးလေ။


ဒီရောင်ခြည်က အသံထက်

လေးငါးဆပဲ မြန်တာ။ ကိုယ့်ဘာသာ

ပုံမှန်အတိုင်း ရန်သူဆီကို ချဥ်းကပ်တာက ပိုမြန်တယ်လေ။ ဒါကြောင့် အခုအချိန်မတိုင်မီအထိ ဒါကိုဘယ်လိုသုံးရမလဲဆိုတာကိုပါ မေ့နေခဲ့ပြီးတော့ ဂါဝန်ရဲ့

အစိတ်အပိုင်းတစ်ခုလို့ ထင်နေခဲ့တာ။

ပြီးတော့ ဒါကို ငါက ဒီဇိုင်းကြိုက်လို့

ဝတ်ထားခဲ့တာလေ။ ဒါကြောင့် ဒီပစ္စည်းရဲ့သက်ရောက်မှုက အပိုဖြစ်နေတယ်။

ဒါကြောင့် အလှဆင်ထားရုံ သက်သက်ပဲ။"


ဒီတော့ သူတို့အားလုံးရဲ့အမြင်က

မမှားဘဲ အကုန်လုံးမှန်နေတယ်ပေါ့။


ဒီတော့ အဆင်တန်ဆာတစ်ခုလည်းဖြစ်သလို တိုက်ခိုက်လို့ရတဲ့ လက်နက်တစ်ခုလည်းဖြစ်တယ်။


Ruphasကိုယ်တိုင်ကလည်း ဒါကို

ဂါဝန်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆ

နေခဲ့ပြီးတော့ Karkinosရဲ့သီအိုရီ လည်း မမှားတော့ဘူး။


နောက်ဆုံးမှာတော့ အလှဆင်ပစ္စည်းတစ်ခုအဖြစ် အဆုံးသတ်သွားတယ်။ ဒါကြောင့် Taurus နဲ့ Parthenosရဲ့အဖြေလည်းမှန်တယ်။ 


Ruphasက ထင်မှတ်မထားတဲ့

အဖြေကိုပေးခဲ့ပြီး တံခါးတစ်ဖက်က

ကောင်းကင်ဘုံကြယ်စင်တွေကို ထားခဲ့ကာ Ariesနဲ့အတူ ထွက်သွားတယ်။


Midgardက ဒီနေ့မှာလည်း ငြိမ်းချမ်း

နေခဲ့တယ်။

Recommendation

Discussion