Boss - AF 7
နောက်ဆုံးသောအရှင်မ
Afterstory Chapter 7-
အနှိုင်းမဲ့စွမ်းရည်တွေက အခု သိပ်လွန်သွားပြီ
ဘာသာပြန်- သော်လွင်ကိုကို
"တွေးကြည့်မှ ငါ့မှာ အနှိုင်းမဲ့စွမ်းရည်
တစ်ခုမှ မရှိဘူးပဲ။"
တစ်နေ့မှာတော့ Ruphasက ရုတ်တရက်ကြီး ဒီလိုလွန်ကဲ့တဲ့စကားကို
ပြောလိုက်ပါတယ်။
သူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့
တော်ဝင်လမ်းစဥ် ကောင်းကင်ဘုံကြယ်စင်တွေမှာ သူတို့ကိုယ်ပိုင် အနှိုင်းမဲ့စွမ်းရည်တွေ ရှိကြပါတယ်။ သိဟ်ရာသီနက္ခတ် Leonက လွဲလို့ပေါ့။
မိဿရာသီနက္ခတ် Ariesမှာဆိုရင်
ရာနှုန်းအလိုက် အသက်အမှတ်လျော့စေတဲ့ 'Mesaltim' ရှိပါတယ်။
ဒါက ထိတွေ့ပြီးမှသုံးလို့ရတဲ့ စွမ်းရည်တစ်ခုဆိုပေမဲ့ မီးဘောလုံးတွေနဲ့မီးတောက်ရောင်ခြည်တန်းတွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အဆင့်တစ်ထောင် ပွင့်သွားမယ်ဆိုရင်တော့ သူ့မှာ 'hamal'လို့ခေါ်တဲ့ ဝှက်ဖဲ
တစ်ခုကို ရရှိလာမှာဖြစ်ပြီးတော့ ဒါက
ရန်သူရဲ့အသက်အမှတ် တစ်ဝက်တိတိကို
လျော့ကျစေမှာ ဖြစ်ပါတယ်။
တူရာသီနက္ခတ် Libraမှာတော့
ခုခံနိုင်စွမ်းကို လစ်လျူရှုပြီး အဖျက်စွမ်းအား ပုံသေသက်ရောက်စေတဲ့ 'Brachium' ရှိပါတယ်။
ပြီးတော့ Libra GA အဖြစ်ကို ပြောင်းလဲ
လိုက်မယ်ဆိုရင် 'Brachium Overflow'ကို သုံးနိုင်မှာဖြစ်ပြီးတော့
အဖျက်စွမ်းအား ကိန်းဂဏန်းလည်း
တိုးလာမှာ ဖြစ်ပါတယ်။
မကာရနက္ခတ် Aigokerosမှာတော့
'Deneb Argedi'လို့ခေါ်တဲ့ ပြန်လည်
ကုစားလို့မရနိုင်တဲ့ အဖျက်စွမ်းအားကို
ပေးနိုင်တဲ့ စွမ်းရည်အပြင် အဆင့်တစ်ထောင်ကိုရောက်ရင် သုံးနိုင်တဲ့ မှော်စွမ်းအင်အများကြီးကို စုပ်ယူနိုင်တဲ့
ဝှက်ဖဲရှိပါတယ်။
အဲဒီဧရာမပုံစံရဲ့နာမည်ကို အရင်တိုက်ပွဲတွေမှာ ဖော်ပြမထားပေမဲ့ 'သတ်ဖြတ်သူ
Archat' ဖြစ်ပါတယ်။
Scorpiusမှာတော့ 'shaula' ထာဝရ
အဆိပ်ရှိတယ်။ Vidgoမှာတော့ မှော်စွမ်းအားပယ်ဖျက်တဲ့ 'Vindemiatrix'
ရှိပါတယ်။
Taurusမှာတော့ စွမ်းရည်ပယ်ဖျက်တဲ့
'Aldebaran'။ Karkinos မှာတော့
'Acubens'လို့ခေါ်တဲ့ နှစ်ဆတန်ပြန်
စွမ်းရည်ရှိတယ်။
Polluxကတော့ 'Argonautai'ဆိုတဲ့
မဟာအဆင့် လှည့်စားစွမ်းရည်ရှိတာ
ကြောင့် ကျော်ကြားပါတယ်။
ဒါက သေပြီးသားလူတွေကို သူတို့ရဲ့
ယခင်ရှိပြီးသား စွမ်းအားအတိုင်း ပြန်လည်ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်တစ်မျိုးပါ။
Ormမှာကတော့ 'မြွေနဂါး' အချိန်နောက်ပြန်ရစ်ခြင်း စွမ်းရည်ရှိပြီးတော့
Dinaမှာတော့ အနှိုင်းမဲ့စွမ်းရည် အများအပြားရှိနေပါတယ်။
ထပ်ပြောရရင် Sagittarius ရဲ့ပစ်တာနဲ့
ထိတဲ့စွမ်းရည်၊ Aqauriusရဲ့အလုံးစုံ
ရှောင်ရှားခြင်းစွမ်းရည်၊ Piscesရဲ့
ဝင်ပူးတဲ့စွမ်းရည် စသည်ဖြင့် လှည့်စား
ခြင်းအဆင့် စွမ်းရည်တွေ ရှိနေပါသေးတယ်။
ဒါပေမဲ့ သူတို့အားလုံးရဲ့အထက်မှာ
ရပ်နေတဲ့ Ruphasမှာတော့ Ruphas
တစ်ကိုယ်တည်းသာ အသုံးပြုနိုင်တဲ့
စွမ်းရည်မျိုး မရှိပါဘူး။
အဲဒီလိုစွမ်းရည်နဲ့ နီးစပ်တဲ့ စွမ်းအားမျိုး
မရှိတာတော့ မဟုတ်ပါဘူး။
ဥပမာအနေနဲ့ အဂ္ဂိရတ်စွမ်းရည်တွေ
ဖြစ်ကြတဲ့ 'မြေကမ္ဘာရိတ်သိမ်းသူ။'နဲ့
'တစ်ဖက်ကန်း သူရဲကောင်း' တို့ဟာ
မှော်စွမ်းအင်နဲ့ပေါင်းစပ်ထားတဲ့
မူလနည်းစနစ်တွေ ဖြစ်ပြီးတော့
Ruphas တစ်ဦးတည်းသာ အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ဒီနည်းစနစ်တွေက အဆင့်
မြင့်အဂ္ဂိရတ်ပညာရှင်တိုင်းလုပ်နိုင်တဲ့
မှော်စွမ်းအင်ကိုသုံးပြီး အဂ္ဂိရတ်ပညာနဲ့ဖန်တီးတဲ့ အခြေခံသဘောတရားကို သုံးထားတာပါ။
တကယ်လို့ သင့်မှာ ဟင်းချက်စွမ်းရည်
ရှိပြီးတော့ ထရိုလူး(1)အသားကို သုံးပြီး
မဆလာဟင်းချက်မယ် ဆိုပါတော့။
အဲဒီမဆလာဟင်းကို ချက်တဲ့နည်းက
Ruphas ဖော်ထုတ်ထားတာ ဖြစ်ပေမဲ့
ဟင်းချက်ပညာ တတ်မြောက်သူတိုင်း
ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ အခုလည်း
ဒီသဘောတရားပါပဲ။
အဆင့်အကန့်အသတ်ကို ချိုးဖျက်တဲ့
'Alkaid'ကို Benetnashလည်း အသုံးပြုနိုင်တဲ့အတွက် အဲဒါက အနှိုင်းမဲ့စွမ်းရည် မဟုတ်တော့ပါဘူး။
အစကတည်းက ဒါဟာ အဆင့်အကန့်အသတ်ကို ချိုးဖျက်တာသာဖြစ်ပြီး
စွမ်းရည်တစ်ခု မဟုတ်ဘူးလေ။
'နေမီးတောက်'က မှော်ပညာတစ်ခုပါပဲ။
အလားတူပဲ 'ဆောင်းရာသီဓား'နဲ့'ဥက္ကာပျံ
ခြေထောက်'ကလည်း အဆင့်မြင့်စွမ်းရည်တွေပါပဲ။
သူ့ရဲ့လက်အောက်ငယ်သားတွေမှာ
အစွမ်းထက်တဲ့ စွမ်းရည်တွေရှိနေပြီး
သူ့မှာမရှိဘူး ဖြစ်နေတယ်မဟုတ်လား။
ဒါကြောင့် Ruphasက ဒီလိုတွေးခဲ့မိတာပါ။
ဒီကိစ္စက အခုတကယ့်ကို ဒုက္ခပေးပါတယ်။
ဒါကြောင့် Ruphasက သူ့ရဲ့အားကိုးရတဲ့
အမှုထမ်း Dinaနဲ့ တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"သခင်မအတွက် မလိုအပ်ဘူး
မဟုတ်လား။"
ရလာဒ်ကတော့ ဒီအတိုင်းပါပဲ။
Dinaက Ruphasကို နားမလည်နိုင်စွာ
ကြည့်လိုက်ပြီး "သခင်မ ဘာတွေပြောနေတာလဲ။"
သူ့ရဲ့မျက်နှာထားက ဘယ်အနှိုင်းမဲ့
မှော်ပညာမှ သုံးဖို့မလိုဘူးလို့ ပြောနေသလိုပဲ။
"သခင်မ Ruphasက အဲဒါတွေမသုံးဘဲ
သာမန်အတိုင်းတိုက်ခိုက်ရင်တောင်
မြန်ဆန်ပြီး အစွမ်းထက်တယ် မဟုတ်လား။"
"မလိုဘူး၊ အဲဒါ အမှန်ပဲ။"
ကိုယ်သာ အစွမ်းထက်နေမယ်ဆိုရင်
စွမ်းရည်တွေကို လိုအပ်မှာ မဟုတ်ဘူး။
ဒီစကားက Leonအမြဲပြောနေကျ ဖြစ်ပေမဲ့ အဲဒီ ကြွက်သားဦးနောက် သဘောတရားကို Ruphasထက်ပိုပြီး
အသုံးချသူမရှိပါဘူး။
Ruphasရဲ့သာမန်တိုက်ခိုက်မှုကတင်
မြန်လွန်းလို့ အလုံးစုံထိစေတဲ့ စွမ်းရည်အလား ထင်ရပါတယ်။ ပြိုင်ဖက်က အလုံးစုံရှောင်ရှားခြင်းတို့ အလုံးစုံခုခံခြင်းတို့လို စွမ်းရည်တွေသုံးထားရင်တောင်
သင့်တော်တဲ့ ပယ်ဖျက်စွမ်းရည်တစ်ခုကို
သုံးပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိုးဖောက်နိုင်ပါတယ်။
လက်သီးတစ်ချက်ကတင် 'Brachium Overflow'ထက် ပိုအဖျက်စွမ်းအားကြီးမားပြီး တိုင်းတာလို့မရတဲ့ အမြန်နှုန်းနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် Ruphasရဲ့
လက်သီးတစ်ချက်က ကြယ်စင် ၁၃ ဖော်လုံးရဲ့ အနှိုင်းမဲ့စွမ်းရည်တွေ အားလုံးပေါင်းတာထက် ပိုအစွမ်းထက်ပါတယ်။
"သခင်မ Ruphas ကိုယ်တိုင်လည်း
အစွမ်းထက်တဲ့စွမ်းရည်တွေကို
သုံးတာထက် ရိုးရှင်းတာက ပိုကောင်းတယ်လို့ ပြောဖူးတယ်မဟုတ်လား။"
"အင်း.... ငါပြောခဲ့တာ သေချာပါတယ်။
တကယ်တော့ လှည့်ကွက်တွေသုံး
နေတာထက် တိုက်ရိုက်ထိုးနှက်တိုက်ခိုက်တာက ပိုအစွမ်းထက်တယ်လေ။ ဒါပေမဲ့
အနှိုင်းမဲ့ပြီး ထူးခြားတဲ့စွမ်းရည်တစ်ခု
ပိုင်ဆိုင်ထားရင် မိုက်တယ်မဟုတ်လား။
ငါက စိတ်ကူးယဥ်ဆန်တဲ့ စွမ်းရည်တစ်ခု
ရချင်လို့ ပြောတာပါ။ နင့်ကိုရော ဘယ်လိုအရာမျိုးက စိတ်လှုပ်ရှားစေလဲ။ လက်သီးနဲ့ပဲ တိုက်ခိုက်တာက စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းဖြစ်မလား။"
"အဓိကဇာတ်လမ်းရဲ့ အပိုင်းပေါင်း ၁၉၀
ကိုဖြတ်ကျော်ပြီးသွားတဲ့အခါမှ ဘာလို့
ဒီအကြောင်းကို လာပြောနေတာလဲ။"
Dinaရဲ့စကားတွေက ကြမ်းတမ်းပေမဲ့
မှန်ပါတယ်။
Ruphasက Ariesကို တားတုန်းကလည်း ဘာမှမလုပ်ဘဲ ရိုက်ရုံပဲရိုက်ခဲ့တာလေ။
Dinaရဲ့ ကြယ်ကြွေစွမ်းအားကိုလည်း
လက်သီးတစ်ချက်တည်းနဲ့ ဖျက်စီးခဲ့
တာဖြစ်ပြီး Scorpiusကိုလည်း သာမန်
အတိုင်းပြေးကန်ပြီး တားဆီးခဲ့တာ ဖြစ်ပါတယ်။
မိစ္ဆာဘုရင်နဲ့နောက်ဆုံးတိုက်ပွဲမှာတောင်မှ ထိုးနှက်တိုက်ခိုက်ခဲ့တာပါ။
သူက စိတ်ကူးယဥ်ဆန်တဲ့ စွမ်းရည်တစ်ခုကို လိုချင်တယ်လို့ပြောရင်တောင်
ရိုးရိုးသားသားပြောရရင် ရင်ဆိုင်ဖို့
ခဲယဥ်းတယ်။
အခြားတစ်ခုအနေနဲ့ Ruphas Mafahl
မကြာခဏအသုံးပြုလေ့ရှိတဲ့ စွမ်းရည်က
'Mineuchi' ဖြစ်ပါတယ်။
"မဟုတ်ဘူး၊ ငါနားလည်တယ်။
ငါနားလည်တယ်။ ဒါက လက်တွေ့
အသုံးဝင်တာ မဝင်တာနဲ့မဆိုင်ဘူး။
စိတ်ကူးယဥ်စွမ်းရည်မလို့ စိတ်ကူးနဲ့ပဲ
ဆိုင်တယ်။ ဒါကို နားမလည်သေးဘူးဆိုရင် နင်က ငါ့ရဲ့အဗာတာအနေနဲ့ မရင့်ကျက်သေးဘူး ဆိုရမယ်။"
"ဇာတ်လမ်းတွေ ရှုပ်ကုန်မှာစိုးလို့
အိမ်ပြန်ပါတော့လား သခင်မ Alovenusရယ်။"
ကောလာဟလတစ်ခုကြားရရင်
အဲဒီနောက်ကွယ်မှာ အရိပ်ရှိလို့ပါပဲ။
ဒါပေမဲ့ ကောလာဟလတွေမရှိတော့ရင်တောင် အရိပ်ကတော့ ရှိနေဦးမှာပါ။
သူတို့တွေးနေချိန်မှာပဲ ဝင်မလာသင့်တဲ့
အမျိုးသမီးက အထဲကိုဝင်လာတယ်။
Alovenusရဲ့ပုံရိပ်က သိတဲ့အတိုင်းပဲ
စကြာဝဠာတစ်ခုလုံးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာအကောင်းဆုံးနတ်ဘုရားမဖြစ်ပြီးတော့ မကောင်းမှုအားလုံးရဲ့
အရင်းအမြစ်လည်း ဖြစ်ပါတယ်။
'ဒါကြောင့် အခုအိမ်ပြန်ခိုင်းလိုက်တာ
ကောင်းမယ်။'
"ကောင်းပြီ၊ Alovenus နင်နားလည်တယ်ပေါ့။"
"ဒါပေါ့၊ စိတ်ကူးယဥ်ဆန်တဲ့ အထူးလှုပ်ရှားမှု မဟုတ်လား။ အားနည်း
လို့ပဲဖြစ်ဖြစ် အသုံးမဝင်တာပဲဖြစ်ဖြစ်
ရှိနေတာ ပိုကောင်းတယ်။ ပြဿနာက
နင့်စိတ်ထဲမှာ ပေါ်လာတာ သာမန်စွမ်းရည်လား ဒါမှမဟုတ် နင့်ရဲ့လက်အောက်ငယ်သားတွေမှာ ရှိပြီးသား
စွမ်းရည်လား။"
သူတို့နှစ်ယောက်က လက်ပိုက်ပြီး
တစ်ယောက်နဲ့တစ်ယောက် မာန်ဖီ
လိုက်ကြတယ်။ အစကတည်းက စိတ်ကူးယဥ်စွမ်းရည်ပါဆိုမှ အားနည်းချက်ကတော့ မရှိမဖြစ် တွဲပါနေမှာပဲ။ တကယ်လို့ စိတ်ကူးယဥ်စွမ်းရည်တစ်ခုက
အားနည်းချက်မရှိဘဲ လုံးဝအစွမ်းထက်
နေရင် သိပ်လွန်သွားပြီလို့ ပြောရမယ်။
အနှိုင်းမဲ့စွမ်းရည်ကိစ္စကနေ စိတ်ကူးယဥ်
စွမ်းရည်ဖက် ပြောင်းသွားပေမဲ့ Dinaက
ဘာမှဝင်မပြောရဲပါဘူး။
ငတုံးနဲ့ကြွက်သားဦးနောက်ကို တန်းညှိပြီး ဝင်ပြောနေလည်း အလကားပဲမဟုတ်လား။
ဒါပေမဲ့ သူတို့နှစ်ယောက်လုံးရဲ့
လက်ရှိပုံစံက အင်မတန်လှပတဲ့မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေတယ်။
လက်ပိုက်ထားတာကြောင့် နေရာတစ်ခုကိုဖိမိပြီး ပိုထင်ရှားလာတဲ့အတွက် ဆွဲဆောင်မှုကို တိုးတက်လာစေတယ် မဟုတ်လား။
ဖြတ်သွားတဲ့ Benetnashကတော့
"ငါနင့်ကို မကြိုက်ဘူး။"လို့ အော်ဟစ်
သွားတယ်။
"ဒီတော့ အကူအညီဖြစ်မယ့် အရာတစ်ခုကို နင်လိုက်မကြည့်ချင်ဘူးလား။"
"ဥပမာအနနေဲ့လား...."
"ငါအမှားတစ်ခု လုပ်ခဲ့မိတယ်....
မဟုတ်ဘူး၊ ဝမ်းနည်းစရာကောင်းတဲ့
မတော်တဆမှုတစ်ခုမှာ ငါလူတစ်ယောက်ကို သတ်မိခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ငါက သူ့ကိုမျှော်လင့်ချက်နည်းနည်းလေး ပေးတဲ့အနေနဲ့ တခြားကမ္ဘာတစ်ခုမှာ ပြန်ဝင်စားစေခဲ့တယ်။
အဲဒီနောက် ပြန်ဝင်စားတဲ့ကိစ္စက
ခေတ်စားလာခဲ့တယ်လေ။ လှည့်စားတဲ့စွမ်းရည်တွေကို လိုချင်နေတဲ့ ဝိညာဥ်တွေ အခုအများကြီးဖြစ်နေပြီ။ ဒါကြောင့် ငါက နင့်အတွက် အကူအညီဖြစ်မလားလို့ ပြောပြတာ။"
"နားလည်ပြီ၊ ငါက ပုံစံသွင်းတာကို
မမုန်းပါဘူး။"
ပုံစံသွင်းတယ်ဆိုတာက များပြားတဲ့လူတွေကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့
နည်းလမ်းမဟုတ်လား။ (*)
ဒါကို မကောင်းတဲ့နည်းလမ်းတစ်ခုအဖြစ်
မှတ်ယူလို့ရပေမဲ့ ကမ္ဘာအနှံပြန့်သွားရင်တော့ မှန်ကန်တဲ့ နည်းလမ်းတစ်ခု
ဖြစ်လာတော့တာပဲလေ။
Ruphasက အဲဒီလိုအရာမျိုးကို
မမုန်းပါဘူး။ သူက တော်ဝင်လမ်းကို
ချစ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ယောက်
မဟုတ်လား။
'အခက်အခဲတွေကြားမှာ ကြီးပြင်းလာပြီး
သူငယ်ချင်းတွေနဲ့အတူ မကောင်းမှုကြီးတွေကို တိုက်ထုတ်တဲ့ သူရဲကောင်းမျိုးကို
ငါကြိုက်တယ်။
ဒါပေမဲ့ မကောင်းမှုတွေကို ဖြစ်အောင်ပြင်ဆင်ပြီး ကမ္ဘာကြီးကို ရှုပ်ထွေးစေတဲ့လူမှာတော့ အပြစ်ရှိတယ်။'
"တခြားကမ္ဘာတစ်ခုကို သွားကြစို့။"
"ဟမ်၊ ငါတော့ စိတ်မလှုပ်ရှားပါဘူး။"
ဒီလိုနဲ့ အရင်က တစ်ယောက်နဲ့တစ်ယောက် ရန်မူခဲ့ကြတဲ့ နှစ်ယောက်က
ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့အတူ
နေရာကနေ ပျောက်ကွယ်သွားကြတယ်။
ဟိုတလောကမှ တစ်ယောက်နဲ့တစ်ယောက် အသေသတ်ဖို့လုပ်ခဲ့တဲ့ကိစ္စကို
မေ့သွားကြပြီလား။
.... သူမေ့သွားတာ ဖြစ်နိုင်တယ်။
မဟာအုပ်ချုပ်သူခေတ်မှာ Ruphasကို
မိစ္ဆာတွေတောင် ကြောက်ရွံမုန်းတီးကြတယ် ဆိုပေမဲ့ သူက သူနဲ့ရင်းနှီးတဲ့
လူတွေအပေါ်မှာတော့ အင်မတန် ကြင်နာတတ်ပါတယ်။
နဂိုကတည်းက ရန်သူဖြစ်နေပါစေ၊
သစ္စာဖောက်သွားပါစေ၊ နောက်ကျောကို ဓားနဲ့ထိုးပါစေ၊ သူနဲ့ရင်းနှီးတဲ့လူ
ဖြစ်ရင် ရယ်မောပြီးတော့ ခွင့်လွှတ်ပေးတတ်သူပါ။
သစ္စာဖောက်ခံရပြီး နှစ်ပေါင်းနှစ်ရာလောက် ချိပ်ပိတ်ခံခဲ့ရတာတောင်မှ
ဒေါသမထွက်ခဲ့ဘူး မဟုတ်လား။
အခုဆိုရင် Alovenusက သူ့ရဲ့မိတ်ဆွေတစ်ယောက် ဖြစ်နေပြီဆိုတော့ Ruphasက အတိတ်က ကိစ္စတွေကို
ဂရုမစိုက်တော့တာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သင့်အနေနဲ့ သူ့ရဲ့မိတ်ဆွေ
တစ်ယောက်ကို ထိမိသွားမယ်ဆိုရင်တော့ Ruphasရဲ့ဒေါသမီတာက
အဆုံးအစွန်ထိ ရောက်သွားမှာဖြစ်ပြီး
သင့်ရဲ့အဝတ်အစားတွေကို စုတ်ဖြဲပြီးတော့ သင့်အလောင်းကိုသင့်အတွင်းခံထဲ
ထုပ်ပိုးပြီး ထည့်ပစ်လောက်ပါတယ်။
ဒါက ရူးကြောင်ကြောင်ကိစ္စတစ်ခု
ဆိုတော့ Alovenus ကိုရှင်းပြစရာ
လိုမယ်မထင်ဘူး။ သူကလည်း
အတိတ်အကြောင်းကို ဂရုစိုက်ပုံ
မရဘူးလေ။
"အဲဒီလိုမဖြစ်ဖို့ မျှော်လင့်ပါတယ်။"
'ထူးဆန်းနေတာ သေချာသလောက်ပဲ။'
ဒီလိုတွေးလိုက်ရင်း Dinaက ကောင်းကင်ကြီးကို ပင်ပန်းစွာနဲ့ မော့ကြည့်လိုက်တယ်။
*
Ruphasက ဘာမှမရှိတဲ့ လေဟာနယ်
တစ်နေရာကို ခေါ်လာခြင်းခံရတယ်။
ဒီနေရာက Ruphasတစ်ခါက ချိပ်ပိတ်ခံရဖူးတဲ့နေရာနဲ့ နည်းနည်းလှမ်းပါတယ်။
"ဒါက စကြာဝဠာအဆုံးမှတ် မဟုတ်ဘူးလား။"
"ငါ့အဗာတာက ဒီကိုရောက်နေတော့
လောကကြီးကို စီမံနိုင်တဲ့ လေဟာနယ်ဘုံအသစ်တစ်ခုကို ဖန်တီးခဲ့တာလေ။ ဒီကနေဆို အရင်ကထက် အသေးစိတ်ပိုပြီး
မြင်ရတယ်။"
Alovenusအတွက် ကမ္ဘာက သိပ်ကိုကျဥ်းမြောင်းတယ်။ ဒါကြောင့် သူက
အတိတ်အကြောင်း အသေးစိတ် ဂရုစိုက်မနေတော့ပါဘူး။ အဲဒီအစား လူအရွယ်
အဗာတာနဲ့က ပိုပြီးလှုပ်ရှားရလွတ်လပ်တယ်လို့ ထင်နေပါတယ်။
အဲဒီကိစ္စနဲ့တစ်ပါတည်းပဲ ကမ္ဘာသစ်ပေါင်းများစွာကို မြင်နိုင်တဲ့ လေဟာနယ်
ဟင်းလင်းပြင်တစ်ခုကို လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် သူက ဒီနေရာကို
ဖန်ဆင်းခဲ့တာပါ။
"အိုး၊ ဝိညာဥ်အသစ်တစ်ခု ရောက်လာပြီပဲ။"
Alovenusက ပြောလိုက်တယ်။
အသက်သုံးဆယ်အလယ်ပိုင်းလောက်
ရှိပြီဖြစ်ပုံရတဲ့ အမျိုးသားတစ်ယောက်
Ruphasတို့ရှေ့မှာ ပေါ်လာတယ်။
Alovenusက သူသေသွားရတဲ့
အကြောင်းအရင်းနဲ့ တခြားကမ္ဘာတစ်ခုမှာ ပြန်လည်ဝင်စားခွင့်ရမယ့်အကြောင်း
ပြောပြလိုက်ပါတယ်။
စကားမစပ်၊ သူသေရတဲ့အကြောင်းအရင်းက ပြန်ရောင်းဖို့အတွက် ဝယ်လာတဲ့ တိရစ္ဆာန်လေးတွေကို သယ်လာရင်းအိမ်လှေကားအတက်မှာ ပြုတ်ကျသေတာ ဖြစ်ပါတယ်။
"လှည့်စားစွမ်းရည်တွေထဲက
မင်းလိုချင်တဲ့ စွမ်းရည်တစ်ခုကို
ရွေးပါ။"
"ဒါဆိုရင် ကျွန်တော့်ကို အဆင့် SSS
ရှိတဲ့ မှော်စွမ်းအားတစ်ခုပေးပါ။"
"ကောင်းပြီ။ တခြားကမ္ဘာမှာ
အကောင်းဆုံးကြိုးစားပါနော်။"
လူငယ် ထွက်ခွာသွားပြီးနောက်မှာ
အဲဒီစွမ်းအားက အသုံးမဝင်ဘူးလို့
Ruphasတွေးမိလိုက်တယ်။
'ရမယ့်စွမ်းအားနဲ့ပတ်သက်တဲ့ အရိပ်အမြွက်လေးတော့ သိပါရစေလား။
တလွဲဖြစ်နေတဲ့ စွမ်းအားကြီးဆိုရင်
အဆင့် SSS ဖြစ်တော့ရော အသုံးဝင်မှာမလို့လား။'
"သူဝင်စားမယ့်ကမ္ဘာမှာက မှော်ပညာစွမ်းအားအဆင့်ကို အက္ခရာအစဥ်အတိုင်း သတ်မှတ်တာ။ ဒါကြောင့် SSSဆိုတာက ပွဲတောင်မဝင်တဲ့ ရေချိုငါးအဆင့်ပဲ။"
"သူ့ကို အရင်ဆုံး ပြောပြလိုက်ပါလား။"
သူ့ဆန္ဒတွေက တကယ်ဖြစ်လာမှာတော့
ကျိန်းသေတယ်။ ဒါပေမဲ့ နတ်ဘုရားမက
SSSဆိုတာ အမြင့်ဆုံးအဆင့်မဟုတ်ကြောင်း မပြောခဲ့ဘူးလေ။
အဲဒီဝိညာဥ်ရဲ့ အတည်ပြုဖို့လစ်ဟင်းတဲ့
အချက်က အပြစ်လား၊ Alovenusက
သေချာပြောမပြတာ အပြစ်လားတော့
ပြောဖို့ခက်တယ်။
သိပ်မကြာခင်မှာပဲ နောက်ဝိညာဥ်
ရောက်လာတယ်။
ဒီတစ်ခါ ရောက်လာတဲ့ဝိညာဥ်က
မုတ်ဆိတ်မွှေး တိုပြတ်ပြတ်နဲ့ အပြင်
ထွက်ရတာ ကြိုက်ပုံမရတဲ့သူပါ။
နောက်တစ်ခါ ရှင်းပြပြီးနောက်
အဲဒီလူက ဆုတစ်ခုတောင်းလိုက်တယ်။
"အဲဒီကမ္ဘာက မှော်ပညာရပ်တိုင်းကို
အသုံးပြုလို့ရချင်တယ်။"
"အဲဒီဆန္ဒကို တကယ်ဖြစ်လာအောင်
လုပ်ပေးမယ်။"
Alovenusက ပြုံးလိုက်ပြီး
အဲဒီလူကို တခြားကမ္ဘာပို့လိုက်တယ်။
ဒါပေမဲ့ သူထွက်သွားပြီးတဲ့နောက်
Alovenusက သူ့ဘာသာ ရေရွတ်
လိုက်တယ်။
"အင်း၊ သူအသုံးပြုနိုင်တဲ့ မှော်စွမ်းအားပမာဏက နိမ့်ကျသွားမှာမလို့ သူ့စွမ်းအားရဲ့ ၁၀% ကိုပဲ ထုတ်နိုင်လိမ့်မယ်။"
"ဘာလို့ သူ့ကို အစကတည်းက ပြောမပြတာလဲ။"
အဲဒီနောက်တော့ Alovenusရဲ့
ညံ့ဖျင်းတဲ့ ရှင်းပြချက်ကြီးက ဆက်သွားနေတယ်။
Animeတွေထဲမှာပါတဲ့ စက်ရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ပြီး ချမ်းသာတဲ့လူ ဖြစ်ချင်တဲ့
ပြန်လည်ဝင်စားသူတစ်ယောက်ရှိတယ်။
ဒါပေမဲ့ သူရတဲ့စက်ရုပ်က သတ္တိရှိတဲ့လူတွေပဲ မောင်းရတာမလို့ အရုပ်သာသာပဲ
ဖြစ်သွားတယ်။
ဂိမ်းထဲက သူရဲကောင်းတစ်ယောက် ရှာဖွေခဲ့တဲ့ ခပ်မိုက်မိုက်စွမ်းအားတစ်ခုကို
ယူချင်တဲ့ လူဝင်စားတစ်ယောက်လဲရှိတယ်။ ဒါပေမဲ့ အဲဒီစွမ်းရည်က သူရဲကောင်းရဲ့စိတ်အခြေအနေနဲ့ ဆက်နွယ်နေတာမလို့ နည်းစနစ်ကို
သင်လို့မရတော့ဘူး။
ဂိမ်းထဲက နောက်ဆုံးဆရာကြီးရဲ့
စွမ်းအားကို ရချင်တဲ့လူတစ်ယောက်လည်းရှိတယ်။ ဒါပေမဲ့ နည်းစနစ်က
အဲဒီနောက်ဆုံးဆရာကြီးရဲ့ ရတနာတွေ
ရှိမနေရင် အလကားပဲဖြစ်နေတယ်။
အထူးစွမ်းအားတွေရှိတဲ့ ဧရာမသူရဲကောင်းတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တဲ့ မှော်ပစ္စည်းကို လိုချင်တဲ့လူတစ်ယောက်လည်းရှိတယ်။ ဒါပေမဲ့
အဲဒီမှော်ပစ္စည်းက အဓိကဇာတ်ကောင်နဲ့
ပေါင်းစပ်ထားတာမလို့ ခလုတ်သာသာ
ဖြစ်သွားပြီး ပြောင်းလို့မရဘူး။
ဝတ္တုထဲက ဇာတ်လိုက်ရဲ့စွမ်းရည်အားလုံးကို လိုချင်တဲ့ လူဝင်စား တစ်ယောက်လည်းရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က အဲဒီစွမ်းရည်တွေကို လိုက်မမီဘူး ဖြစ်နေတယ်။
"ဘယ်လိုလဲ၊ သဘောကျတာတစ်ခုခု
ရှာတွေ့လား။"
"ဟင့်အင်း၊ တခြားဘာမှ မရှိတော့ဘူးလား။"
အခုအချိန်ထိ သူတို့တွေထဲက ဘယ်သူ့
စွမ်းအားကိုမှ ကိုးကားပြီးသုံးလို့မရဘူး
ဖြစ်နေတယ်။
သူမြင်သမျှ အကုန်လုံးက မအောင်မြင်
တဲ့စွမ်းအားတွေချည်းပဲ။ မကိုးကားခင် အဲဒီပြဿနာက ရှိနေသေးတယ်။
နည်းနည်းစိတ်ဝင်စားဖို့ကောင်းမယ့်
တခြားလူမရှိဘူးလား... သူတွေးလိုက်
ချိန်မှာပဲ သိပ်ပြီး ကျော်ကြားပုံမရတဲ့
လူတစ်ယောက် ပြေးလာတယ်။
"ငတုံးနတ်ဘုရားမရေ။ ကောင်မလေးက
မွှေးပြောင်နဲ့ချစ်မိသွားတာနဲ့ မျောက်မကြီး ဖြစ်သွားတယ်ဗျ။ ဘယ်လိုဖြစ်တာတုန်း။"
"အာ၊ နင်ဘာပြောလိုက်တာလဲ။
နင်ဆိုလိုတာက ကောင်မလေးက
ဇာတ်လိုက်နဲ့ ချစ်ကျွမ်းဝင်ပြီးတဲ့နောက်
မျောက်တစ်ကောင်လောက်ပဲ ဉာဏ်ရည်
ရှိတော့တာလား။"
"မျောက်ဦးနောက်လောက်ပဲ ရှိတော့တာ
မဟုတ်ဘူး။ လူကိုယ်တိုင် မျောက်မကြီး
ဖြစ်သွားတာ။ ကျုပ်ဘယ်လိုလုပ်ပေးရမလဲ။"
"ကံကောင်းပါစေ။"
"ခွေးမကြီး။"
သနားစရာလူခင်ဗျာ Alovenus
နောက်တစ်ခါ စေလွတ်တာခံရလို့ တခြားနေရာတစ်ခုကို ပြန်ပြေးသွားတယ်။
Ruphasက ဒါကိုကြည့်ရင်း
နားမလည်နိုင်အောင် ဖြစ်သွားတယ်။
သိပ်မကြာခင်မှာပဲ သူက Alovenus
ကို ကြည့်လိုက်တယ်။
"အခု ဘာဖြစ်နေတာလဲ။"
"သူက ငါအသစ်ဖန်တီးထားတဲ့ကမ္ဘာရဲ့
ဟန်ချက်ကို ထိန်းညှိဖို့ စေလွှတ်ထားတဲ့
ပြန်လည်ဝင်စားသူတစ်ယောက်လေ။
ပြောရမယ်ဆိုရင်တော့ Test player
သဘောမျိုးပေါ့။ ငါက သူ့ကို 'အငြိုးအတေးစုဆောင်းသူ' ဆိုတဲ့စွမ်းအားကို ပေးထားတယ်။ ရန်သူရဲ့တိုက်ခိုက်မှုကို ခံယူပြီးတာနဲ့ အဆုံးမရှိတဲ့ အသက်အပိုတွေနဲ့ ဘယ်နှစ်ကြိမ်သေသေ ပြန်ရှင်သန်နိုင်စွမ်းရှိတယ်။"
"ဒါဆိုရင် သူက Karkinosထက်တောင်
ပိုကောင်းတဲ့ တံတိုင်းကြီးပေါ့။"
"ဒါပေမဲ့ ခုခံနိုင်စွမ်းအားလုံး သုညပဲရှိတာမလို့ ခဏခဏသေတယ်။"
"ဒါဆို ထပ်တလဲလဲ အသတ်ခံနေရတဲ့
သဘောပဲပေါ့။"
'ဒါဆို Alovenusက လောကကို
အုပ်ချုပ်နေတုန်းပဲပေါ့။ ဒါတွေမြင်ပြီးမှပဲ
Midgardက လက်ခံနိုင်စရာ ရှိသေးတယ်လို့ တွေးမိတယ်။ ဒါပေမဲ့ ငါအခု
အကြံတစ်ခုတော့ရပြီ။ Alovenus
အခုလုပ်နေတာက ကမ္ဘာဖန်တီးခြင်း
မဟုတ်လား။ ဒါက ငါရှာဖွေနေတဲ့
စိတ်ကူးယဥ်စွမ်းအားမဟုတ်လား။
ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုကို
တိုးတက်အောင်လုပ်မယ်၊ ပြီးရင်
နိယာမတွေအားလုံးကို ပြောင်းလဲပစ်မယ်။ ဒါပေမဲ့ ဒါက ခဏပဲလို့ငါထင်တယ်။ ဘယ်သူမှ ဒီစွမ်းရည်ကို မသုံးလောက်သေးဘူး မဟုတ်လား။'
Ruphasက ဒီကိစ္စကို လေးလေးနက်နက် တွေးတောလိုက်တယ်။ ဒါက
စိတ်ကူးယဥ်စွမ်းအားလို့ ခေါ်တဲ့အရာ
အတိအကပွဲ။
သူရှာနေတာကို တွေ့ပြီးတဲ့နောက် Ruphasက စိတ်ကောင်းဝင်သွားပြီး
မူလကမ္ဘာကိုပြန်ကာ Dinaကို ချက်ချင်း
ပြောလိုက်တယ်။
ရလာဒ်ကတော့...
"ဒီတော့ သခင်မက ဒီစွမ်းရည်ကို
ဘယ်သူ့အတွက် သုံးမလို့လဲ။"
Ruphas တိတ်ဆိတ်သွားတယ်။
Alovenus လည်း တိတ်ဆိတ်သွားတယ်။
ဟုတ်တယ်။ ဘယ်လိုနည်းစနစ်တွေပဲ
ရှိနေရှိနေ နောက်ရန်သူမှ မရှိတော့တာ။
အဓိကဇာတ်လမ်းကြီးကလည်း ပြီးသွားပြီ။ အခုက အဓိကဇာတ်လမ်းပြီးနောက် လာတဲ့ နောက်ဆက်တွဲတွေကိုရောက်
နေပါပြီ။
အခု ဒီစွမ်းရည်ကို သုံးပြီးတိုက်ရမယ့်
ရန်သူမရှိတာကြောင့် နည်းစနစ်တွေကို
အဆင့်မြှင့်နေလည်း အလကားပဲ
မဟုတ်လား။
အဲဒီနေ့က Ruphas စိတ်ပျက်လက်ပျက်နဲ့ အိပ်ပျော်သွားတယ်။
စာရေးသူ၏မှတ်စု:
Ruphas:"ငါ့မှာ ဘာအနှိုင်းမဲ့စွမ်းအားမှမရှိဘူး။"
ရွှေပန်းသီး:"ငါဒေါသထွက်လို့ ဘယ်သွားထိုးရမလဲ။"
ဒီနေ့ အောက်တိုဘာလ ၁၆ ရက်မှာ
A wild Last Boss Appearedရဲ့
အတွဲ ၈ ကို စတင်ရောင်းချနေပါပြီ။ Activity Report(2) မှာ စာအုပ်အဖုံးကို တင်ပေးထားပါတယ်။ ဒါကြောင့် ကြည့်ကြည့်ပါဦး။ ဒီတစ်ခါမှာတော့ နဂါးတွေနဲ့တိုက်ခိုက်မှာပါ။
ကျွန်တော့်ရဲ့လက်ရာသစ် "Mercedes
of the missing moon- I reincarnated as a vampire aristocrat,but I'm about to trown
away,so I will conquer the Dungeon"ကိုလည်း တစ်ချက်ကြည့်ပေးကြပါဦး။
ဘာသာပြန်၏မှတ်စု။
၁။ ထရိုလူး (ထို့လူး။) Toulouse
ပြင်သစ် Occitanie တိုင်းဒေသကြီး၏
မြို့တော်ဖြစ်သည်။ အနုပညာ၊ သမိုင်းနှင့်
ယဥ်ကျေးမှုနယ်ပယ်များတွင် များစွာ
ကျော်ကြားသည့် ခေတ်သစ်မြို့ကြီးတစ်မြို့ ဖြစ်သည်။ Toulouseမြို့ထွက်
ဝက်အူချောင်းမှာ နာမည်ကြီးသည်။
၂။ Activity report
Syosetu တွင် စာရေးသူများ၏
လှုပ်ရှားမှုများ၊ စာအုပ်ထွက်ရှိသည့်သတင်းနှင့်စာအုပ်ကြော်ငြာများကို စုစည်းတင်သောနေရာ။
၃။ နတ်ဘုရားမကို ကျိန်ဆဲသွားတဲ့
တစ်ယောက်က Fireheadရဲ့
တခြားလက်ရာတစ်ခုဖြစ်တဲ့ "I'm
Sorry,My Adventure is over here!"က ဇာတ်လိုက်ပါ။ ဒီဝတ္တုက R-15 နဲ့ လာတာဖြစ်ပြီး အသတ်အဖြတ်ကြမ်းတယ်ဗျ။ ၉ ပိုင်းထဲပါပေမဲ့ အပိုင်းတွေက တော်တော်ရှည်ပါတယ်။
၄။ Mercedes of the Missing
Moon ကတော့ သူလက်ရှိရေးနေဆဲ
Omgoing ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်
၂၀၂၁ မှာ အပိုင်းသစ်တင်ထားပါတယ်။
R 15 ဖြစ်ပြီးတော့ ဖတ်လို့ကောင်းတဲ့
အထဲမှာပါပါတယ်။ English translation ကတော့ တော်တော်အပျင်းတစ်နေလို့ အပိုင်းသိပ်မရောက်သေးပါဘူး။